Monday, June 4, 2012

တောင်ကြီးမြို့ နယ် တောင်နီစံပြကျေးရွာမှာ ဈေးသူဈေးသားများ ဈေးဖွင့်ပေးဖို့ ဆန္ဒပြပွဲ

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ နယ် တောင်နီစံပြကျေးရွာမှာ၀၂-၀၆-၂၀၁၂ နံနံက် ၇း၀၀ နာရီမှစပြီး ကျေးရွာသူ၊သားများ၊ဈေးသူ၊သားများစုပေါင်းရ်ျဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခဲပါတယ်။

ဆန္ဒပြပွဲစစဉ်မှာ လူအင်အား(၂၀၀) ခန့် ပါဝင်ခဲ့ ပီး နောက်ပိုင်းလူအင်အား (၅၀၀)ခန့် အထိရှိခဲ တယ်။
ဖြစ်ပွားပုံကတော့ ဇွန်(၁)ရက် ၂၀၁၂ နေ့  ညနေ ၅ နာရီ ၄၀ ခန့် အချိန်မှာတောင်နီစံပြကျေးရွာဈေး တွင် ကျေးရွာဥက္ကဌဦးလှသော်နှင့် မြိုနယ်စည်ပင်မှ ပြည်နယ်ရဲအယောက်(၃၀) ခန့် ခေါ်ပြီးဈေးဆိုင်ခန်းများ အားလုံးပိတ်ပစ်ခဲ့ ရာက စခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်မြို့ နယ်အုပ်ချုပ်ရေးမှူးဦးကျော်ခေါင်မှ ပုဒ်မ(၁၈၈) ထုတ်ပြန်ကာ ဈေးအားကန်သတ်နယ်မြေအဖြစ် ဆိုင်းဘုတ်များချိတ်ဆွဲခဲ့ ပြီး ဈေးသစ်ကို ပြောင်းရွှေ့ ရန်အဓမ္မအမိန့် ပေးစေခိုင်းခဲ့ တယ်။

ဈေးသားတဦးကတော့ "ကျနော်တို့ ကဈေးဟောင်းမှာပဲ ရောင်းချင်တာ၊ မရွေ့ ချင်ဘူး။ အခုတော့ ဖောက် သယ်တွေလဲ ပျက်ကုန်တယ်။ ဈေးပိတ်ထားတော့ ကျနော်တို့တွေ ဘာလုပ်စားရမှာ လဲဗျာ´ဟုဈေးသားတဦးမှ ရင်ဖွင့်ပြောကြာခဲ့ ပါသည်။

နောက်ဈေးသူ တဦးကလည်း `ကျမတို့ ဒီဈေးဟာဘိုးဘွားပိုင်ဈေးပါ။ သူတို့ (အာဏာပိုင်)တွေ ဈေးပြန်ဖွင့် မပေး မချင်း ကျမတို့ ကတော့ဆက်လက်ဆန္ဒဖော်ထုတ်သွားမှာပဲ။ ဈေးသစ်က ဆိုင်ခန်းတွေကိုလဲကျမတို့ မ၀ယ်နိင် ဘူးလေ။ ဟု ဈေးသူတဦးမှပြောကြားခဲ့ တယ်"

အမိန်ကြော်ငြာစာအရ ဈေးပိတ်ထားပီး ဈေးသားများဈေးဟောင်းတွင် မရောင်းရဟုဆိုသော်လည်းဈေး ပတ်ပတ်လည်တွင် စည်ပင်သာယာဈေးဆိုင်ခန်းများမှာမူ ဖွင့်လှစ်ရောင်းချခွင့် ရကြောင်း၊ ဈေး သူဈေးသားအချင်းချင်းတန်းတူညီမျှ အခွင့်အရေးမရှိဖြစ်နေကြောင်းလည်း ဈေးသူဈေးသားများက ပြောပါတယ်။

ပေးပို့ သူ.... ဝေယံ(တောင်ကြီး)







0 comments :

Post a Comment