Tuesday, December 11, 2012

ဆရာမျိုးဟန်ကို - 2012, Decembre လ အတွက် ဗေဒင် ဟောစတမ်း



ဆရာမျိုးဟန်ကို - 2012, Decembre လ အတွက် ဗေဒင် ဟောစတမ်း

၁။ တနင်္ဂနွေ သားသမီးများ အတွက် 

ယခုလ အတွင်း အလုပ်အကိုင် ကိစ္စများ အဆင်  မပြေဘဲဖြစ်မည်။ နေရာ ထိုင်ခင်း ပြောင်းလဲ ပြောင်းရွေ့ရမည်။              ငွေကြေးကိစ္စများ ရသလောက် ကုန်ကျမှုများ နေမည်။ လူလိမ်ခံရမည်။ မိမိထက် ကြီးကဲ သူများနှင့် စကားများရမည်။ ယခုလအတွင်း ဆုံးဖြတ်ရ ခက်သော ကိစ္စများ ဖြစ်ပေါ်နေမည်။ လူဝင်မည် ရွှေဝင်မည်။ ဘာသာရေးကိစ္စများ အလှူအတန်း ကိစ္စများ ပြုလုပ်ရမည်။ ပညာရေး ကံညံ့နေမည်။ ခရီးယာယီ သွားလာရမည်။ လက်ဆောင်ပစ္စည်းများ ဝင်မည်။ အချစ်ရေး ကိစ္စများ ချစ်သူနှင့် အထင်လွဲမှုများ စကားများမှုများ ဖြစ်မည်။ အိမ်ထောင်ရေး ကိစ္စများ အဆင်ပြေလာမည်။ ကျန်းမာရေး မျက်စိအားနည်း ၊ ကိုယ်ခန္ဒာ ညောင်းညာခြင်း ဖြစ်မည်။ 

ယတြာ = ကံကောင်းစေရန်အတွက် တနင်္ဂနွေနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် အုန်းနို့ဆွမ်း ၅ ပွဲကို နေအိမ်ဘုရားတွင် လှူ၍ ဆုတောင်းလိုက်ပါ။ အကျိုးပေး သောဂဏန်းများ ။ ။ ၉၈၀၇၇ 

၂။ တနင်္လာ သားသမီးများ အတွက် 

ယခုလအတွင်း ဆုံးဖြတ်ချက် မှားတာတွေ ဖြစ်နေမည်။ အလုပ်အကိုင် ကိစ္စများ စိတ်တိုင်းမကျပဲ ဖြစ်နေမည်။ အလုပ်နှင့် ပက်သက်၍ ခရီးထွက် ရမည်။ ငွေဝင် သော်လည်း ငွေကြေးကိစ္စများ ကုန်ကျမှု များနေမည်။ ငွေရေးကြေးရေး အဆင်ပြေလာမည်။ ခရီးဝေး ထွက်ရမည်။ မိမိလက်အောက် ငယ်သားများနှင့် စကားများရမည်။ မိတ်ဆွေများနှင့် ပြန်လည် ဆုံတွေ့ရမည်။ အဝတ် အထည်ဝင်မည်။ ကြွေးတင်မည်။ ကြာသပေးတေးနံ ထွက်မည်။ ပညာရေး တိုးတက်လာမည်။ အချစ်ရေးကိစ္စများ ယခုအချိန်တွင် အဆင်မပြေ သေးပါ။ အိမ်ထောင်ရေး စိတ်နေ သဘောထား စကားများနေရမည်။ ကျန်းမာရေး အိပ်ရေးပျက် ၊ ခေါင်းမူးခြင်း ကိစ္စများ ၊ ဖြစ်မည်။ 

ယတြာ = ကံကောင်းစေရန်အတွက် တနင်္လာနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် ကိတ်မုန့် ၅ ချပ်ကို နေအိမ်ဘုရားတွင် ကပ်လှူ၍ ဆုတောင်းလိုက်ပါ။ အကျိုးပေးသော ဂဏန်းများ ။ ။ ၄ ၀ ၅ ၃ 

၃။ အင်္ဂါ သားသမီးများ အတွက် 

ယခုလ အတွင်း မိမိရည်ရွယ်နေသာ စိတ်ကူးများ အဆင်မပြေသေးပါဘူး။ ဖြစ်ချင်တဲ့ စိတ်ဆန္ဒတွေကို နည်းနည်းလေး စောင့်ရဦးမှာပါ။ ယခု အချိန်မှာ စမ်တူကိစ္စများကို စနစ်တကျ ပြုလုပ်ဆောင်ရွက်ပါ။ မမျှော်လင့်ပဲ အဖက်ဖက် ကူညီသူပေါ်မည်။ စီးပွားရေးတိုးတက်လာမဲ့ လမ်းစပေါ်မည်။ ငွေကြေးကိစ္စများ အဆင်ပြေနေသာ လာမည်။ အဖမ်းအဆီး အစစ်အဆေး ကိစ္စများ ကြုံမည်။ မိသားစု ကိစ္စများ အတွက်နဲ့ စိတ်ညစ်နေရမည်။ ခရီးကိစ္စများ ပုံမှန်လေး အဆင်ပြေပါသည်။ ပညာရေး ကြိုးစားမှု နည်းနေမည်။ အချစ်ရေးမှာ အဆင်ပြေသော ချစ်သူ ရရှိမည်။ အိမ်ထောင်ရေးကိစ္စများယာယီခွဲနေရမည်။ ကျန်းမာရေးကိစ္စများ သွေးသားနဲ့ ပက်သက်သော ကျန်းမာရေးညံ့မည်။ 

ယတြာ = ကံကောင်းစေရန်အတွက် အင်္ဂါနေ့ နံနက် ၉ နာရီ ၄၅ မီနစ် မိမိနေအိမ် ဘုရားတွင် ဆီထမင်း ၃ပွဲ ကပ်လှူ၍ ဆုတောင်းလိုက်ပါ။ အကျိုးပေးသော ဂဏန်းများ ။ ။ ၂ ၇ ၀ ၈ 

၎။ ဗုဒ္ဓ္ဓဟူး သားသမီးများ အတွက် 

ယခုလအတွင်း အလုပ်အကိုင်များ ပုံမှန် အနေအထား လေးမှာ တည်ရှိနေမည်။ မိမိက ကြိုးစားသော်လည်း ပတ်ဝန်းကျင် အနှောင့် အယှက် ရှိနေပါသည်။ ပေါင်းသင်း ဆက်ဆံရေးတွင် ယုံကြည်မှု အလွဲသုံးစားခံရခြင်း နှင့်အတူ အတိုက်အခံများ ရှိနေသောလည်း အောင်မြင်မည်။ ငွေကြေးကိစ္စများ အဆင်ပြေပါသည်။ ထီကံစမ်းပေးပါ။ ငွေကြေးကိစ္စများ အနည်းငယ် ကူညီမည့်သူ ရှိနေမည်။ မိမိ မိသားစုအတွင်း ပြသာနာများ အတွက် စိတ်ညစ်နေရမည်။ မိသားစု နှစ်ဖက်စလုံး ဖြေရှင်းရမည်။ ပညာရေး ကံကောင်းပါသည်။ အချစ်ရေးကိစ္စများ ချစ်သူနှင့် အဆင်ပြေနေသော် မလိုအပ်သော ကိစ္စများ ပြသာနာများကို ချစ်သူ နှင့် အတူ ဖြေရှင်းနေရမည်။ အိမ်ထောင်ရေးမှာ စိတ်ပျော်နေသော အချိန်လေးပါ။ မိသားစုအတွင်း စိတ်ညစ်မှု ပျော်ရွှင်မှု ပေးနိုင်သော အချိန်ဖြစ်သည်။ ယခုလ ကျန်းမာရေးမှာ လေရောဂါ ၊ စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်မည်။ 

ယတြာ = ကံကောင်းစေရန်အတွက် ဗုဒ္ဓ္ဓဟူးနေ့ နံနက် ၉ နာရီ ၄၅ မီနစ် မိမိနေအိမ် ဘုရားတွင် ရေခဲမုန့် ၃ခွက် ကပ်လှူ၍ လိုရာ ဆုတောင်းလိုက်ပါ။ အကျိုးပေးသောဂဏန်း ။ ။ ၇ ၉ ၀ ၄ 

 ၅။ ကြာသပတေး သားသမီးများ အတွက် 

ယခုလအတွင်း အလုပ်အကိုင်ကိစ္စများ ကြိုးစားလုပ်ဆောင် နေရမည်။ စိတ်ပင်ပန်း ကိုယ်ပန်းဖြစ်နေ သော်လည်း အောင်မြင်နေသော အချိန်လေးပါ။ ယခုလအတွင်း ကြာသပတေး သားသမီးများ အနေဖြင့် အခွင့်လမ်းကောင်းကြုံတွေ့နိုင်မှုနှင့် အတူ နာမည်ကြီးခြင်း နာမည် ကောင်းရခြင်းများ ကြုံမည်။ ငွေကြေးကိစ္စများ ငွေဝင် ကိန်းရှိပါသည်။ ငွေကြေးကိစ္စများနှင့် ပက်သက်၍ ကူညီပေးသူ ပေါ်မည်။ မိတ်ဆွေများ သူငယ်ချင်းများ အတွက်နဲ့ အနည်းငယ် စိတ်ညစ်ရမည်။ ပညာရေကိစ္စများ ကြိုးစား လုပ်ဆောင် ရမည်။ ခရီးကိစ္စများ သွားလာမှု ကိစ္စများ နေမည်။ အချစ်ရေးမှာ အဆက်အသွယ်များ ရရှိလာမည်။ လွမ်းနေရသော်လည်း ပျော်စရာ ကောင်းနေသော အချိန်လေး ဖြစ်ပါသည်။ ဒီလအတွင်း အိမ်ထောင်ရေး ကိစ္စများရန်ဖြစ်လိုက် ပြန်ချစ် လိုက်နဲ့ ပျော်စရာ ကောင်းသော နေ့ရက်လေးကို ဖြတ်သန်းနေရမည်။ ကျန်းမာရေးမှာ ခါးနာ ၊ ခြေထောက်နာ ဖြစ်မည်။ 

ယတြာ = ကံကောင်းစေရန်အတွက် ကြာသပတေးနေ့ ၉ နာရီ ၄၅ မီနစ် မိမိနေအိမ်ရှိ ဘုရားတွင် ပြောင်းဖူး ၃လုံး ကပ်လှူ၍ လိုရာဆုတောင်းလိုက်ပါ။ အကျိုးပေးသောဂဏန်းများ ။ ။ ၇ ၆ ၅ ၄ 

၆။ သောကြာ သားသမီးများ အတွက် 

ယခုလအတွင်း အလုပ်အကိုင်ကိစ္စများ အဆင်ပြေလာမည်။ အကူအညီပေးသူ ပေါ်မည်။ လုပ်ငန်းကိစ္စများ အားလုံး အဆင်မပြေပေမဲ့ စိတ်ပူစရာ မရှိပါ။ အဆင်ပြေလာမည်။ လုပ်ငန်းကိစ္စများ နေရာတိုင်ခင်းကိစ္စများ ပြောင်းရွေ့မှု ရှိသော်လည်း အဆင်ပြေလာမည်။ မိမိထက်ကြီးသူ မိမိကို ကူညီသော်လည်း မိမိအား စိတ်တိုင်းမကျပဲ ဖြစ်နေမည်။ စကားများရကိန်း မရှိပေမဲ့ အနည်းတော့ စိတ်ညစ်နေမည်။ ယခုလအတွင်း ငွေကြေးများ ရသလောက် ကုန်နေမည်။ ငွေကြေး ကူညီပေးသူရှိပါသည်။ အဖတ်မတင်ပါ။ ရသလောက် ကုန်ကျမှုများ ရှိသည်။ ခရီးယာယီကိစ္စများ အမြဲသွားလာနေရမည်။ ပညာရေးမှာ ကံညံ့နေသော အချိန်လေးပါ။ အချစ်ရေးကိစ္စများ စိတ်တိုင်းမကျပဲ ဖြစ်နေမည်။ ပြသာနာ ကြီးကြီးမားမား မရှိပေမဲ့ စကားများရနေမည်။ ခဏ ယာယီ ခွဲခွာရမည်။ အိမ်ထောင်ရေးမှာ အဆင်ပြေပါသည်။ စကားပြောဆိုမှုများလည်း အောင်မြင်ပါသည်။ ဒီလအတွက် ကျန်းမာရေးမှာ သွားနာခြင်း ၊ အအေးမိခြင်း ဖြစ်မည်။ 

ယတြာ = သောကြာနေ့ နံနက် ၉ နာရီ ၄၅ မိနစ် နေအိမ်ဘုရားတွင် သံပရာရည် ၁ခွက် ကပ်လှူ၍ ကံကောင်းလာစေရန်အတွက် ဆုတောင်းပါ။ အကျိုးပေးသော ဂဏန်းများ ။ ။ ၆ ၅ ၈ ၇ 

၇။ စနေသား သမီးများ အတွက် 

ယခုလအတွင်း အလုပ် အကိုင်ကိစ္စများ မိမိ လုပ်ဆောင်နေသော ကိစ္စများ အဆင်ပြေလာမည်။ မိမိနှင့် ဆက်ဆံ နေရသူများက မိမိအား ငြိုငြင်နေမည်။ ဂရုစိုက်၍ ပေါင်းသင်းပါ။ ငွေကြေး အဆင်ပြေသေးပါ။ မှန်းချက်နှင့် နှမ်းထွက်မကိုက် ဆိုသလို ဖြစ်နေမည်။ ငွေကြေးများ ကူညီသူ ရှိသော်လည်း စိတ်ညစ်မှုများ ရှိနေပါသည်။ ငွေဝင်ကိန်း ရှိပါသည်။ အဝတ်အထည် အသစ်ဝင်မည်။ ခရီးကိစ္စများ မမျှော်လင့်ပဲ သွားရမည်။ စက်ပစ္စည်းဝင်မည်။ ပညာရေးကိစ္စများ တိုးတက်လာမည်။ စနေနံပစ္စည်းများ ဝင်မည်။ ဘာသာရေးကိစ္စများ ပါဝင်ကူညီလုပ်ဆောင်ရမည်။ ကျန်းမာရေး ထိမိခိုက်မိ မကြာခဏဖြစ်ပေါ်မည်။ အချစ်ရေးကိစ္စများ ကံကောင်းပါသည်။ ရည်ရွှယ်သူနှင့် ဖူးစာဆုံရမည်။ အိမ်ထောင်ရေး ကိစ္စများ အဆင်ပြေပါသည်။ 

ယတြာ = စနေနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ဒူရင်းသီးကို မိမိ နေအိမ်ဘုရားတွင် တင်လှူ၍ ကံကောင်းလာစေရန်အတွက် ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုး ပေးသောဂဏန်းများမှာ ။ ။ ၃ ၇ ၅ ၁ 

(အဘ ဆရာကြီး မင်းသိင်္ခ ၏ တပည့် - ဆရာမျိုးဟန်ကို - ကေအယ် ၊ ကိုတာရာယာ ၊ ဖုန်း- ၀၁၇ ၂၂၆၀ ၇၁၅ ) ယခုလလေးတွင် မိမိရဲ့ဘဝလေး များလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။ 

အဘ ဆရာကြီး မင်းသိင်္ခ ၏ တပည့် - ဆရာမျိုးဟန်ကို - Kuala Lumpur Malaysia - Website : http://myohanko1.blogspot.com/ - E-mail : myohankonew@gmail.com - Ph; 017, 226 0715 - စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ။

Posted By ကဏ္ဍစုံလင်ရသလွင်ပြင်မီဒီယာ 8:05 AM

ချင်းပြည်နယ်နေ့ နှင့် ချင်းအမျိုးသားနေ့ ပြန်လည်သတ်မှတ်ရေး အစိုးရ သဘောတူ


အစိုးရငြိမ်းချမ်းရေး အဖွဲ့   နှင့် CNF ရန်ကုန်မြို့ ငြိမ်းချမ်းရေး
 စင်တာ၌ ဒီဇင်ဘာ ၇ ရက်က စတင် ဆွေးနွေးစဉ်(ဓာတ်ပုံ - နန်းသီရိလွင်/ဧရာဝတီ)
အစိုးရငြိမ်းချမ်းရေး အဖွဲ့ နှင့် CNF ရန်ကုန်မြို့ငြိမ်းချမ်းရေး စင်တာ၌ ဒီဇင်ဘာ ၇ ရက်က စတင် ဆွေးနွေးစဉ်(ဓာတ်ပုံ – နန်းသီရိလွင်/ဧရာဝတီ)
ချင်းအမျိုးသား တပ်ဦး(CNF)နှင့် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့၏ ရန်ကုန်မြို့ ဆွေးနွေးပွဲတွင် ချင်း ပြည်နယ်နေ့ နှင့် ချင်း အမျိုးသားနေ့ သတ်မှတ်ရေး တို့ကို သဘောတူညီမှု ရရှိခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာတွင် ဒီဇင်ဘာလ ၇ ရက်နေ့မှ စ၍ ၂ ရက်ကြာ ကျင်းပခဲ့သည့် ဆွေးနွေးပွဲ၌ ယင်းသို့ သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။
နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဖေဖော်ဝါရီ ၂၀ ရက် ချင်းပြည်နယ်နေ့ကို ချင်းအမျိုးသားနေ့ အဖြစ် လည်းကောင်း၊ ၁၉၇၄ ခုနစ် အခြေခံ ဥပဒေအရ ချင်းဝိသေသတိုင်းကို ချင်းပြည်နယ် အဖြစ် သတ်မှတ်ခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့ကို ချင်းပြည်နယ်နေ့ အဖြစ် လည်း ကောင်း သတ်မှတ်ရန် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။
“ချင်းပြည်နယ်နေ့နဲ့ ချင်းအမျိုးသားနေ့ကို တရားဝင် ကျင်းပခွင့်ရဖို့၊ တရားဝင် သတ်မှတ်ဖို့က ချင်းပြည်နယ် လွှတ်တော်က ဆုံးဖြတ် အတည်ပြုရဦးမယ်။ ဒီနှစ် မကုန်ခင်မှာ ဒါတွေက ဖြစ်လာမှာပါ။ ချင်းပြည်နယ်နေ့နဲ့ ချင်းအမျိုးသားနေ့တွေဟာ ချင်းပြည်နယ်ရဲ့ အစိုးရ ရုံးပိတ်ရက်တွေ ဖြစ်လာမှာပါ”ဟု CNF လက်ထောက် အတွင်းရေးမှူးချုပ် ၂ ဒေါက်တာ ရွှေခါးက ပြောသည်။
ချင်းပြည်နယ်နေ့အဖြစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် ပြောင်းလဲ သတ်မှတ်ပေးရန် ပြည်နယ်လွှတ်တော် တွင် အဆိုပြု တင်သွင်းမှုများ ရှိခဲ့သော်လည်း ဆွေးနွေးခွင့်မပြုခြင်း၊ အဆိုပယ်ချခံရခြင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ခွင့်ပြုချက် မရရှိခြင်း တို့ကြောင့် အောင်မြင်မှု မရှိခဲ့ကြောင်း သိရသည်။
“ဒီလ ၁၇ ရက်နေ့ ပြည်နယ် လွှတ်တော်မှာ ဒါကို အပြီးသတ် ဆွေးနွေးမှာ ဖြစ်ပါတယ်။ ချင်းအမျိုးသားနေ့နဲ့ ချင်းပြည်နယ်နေ့ကို ရှင်း ရှင်းလင်းလင်း ဖော်ထုတ်ခွင့် ရတဲ့အတွက် နားလည်ပေးတဲ့ ပြည်ထောင်စု အစိုးရကိုလည်း ကျေးဇူးတင်ပါတယ်။ လာမယ့်၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၀ မှာ ချင်းအမျိုးသားနေ့ အောင်ပွဲ ကျင်းပနိုင်အောင် ကျနော်တို့ ကြိုးစားမှာ ဖြစ်ပါတယ်”ဟု ချင်း အမျိုးသား ပါတီ ဥက္ကဌ ချင်းပြည်နယ် လွှတ်တော်အမတ် ဦးဇိုဇမ်က ပြောသည်။
ချင်းပြည်နယ်တွင် ပဒေသရာဇ် အုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းပြီး ဒီမိုကရေစီ စနစ်ဖြင့် အစားထိုးရန် ဆုံးဖြတ်ခဲ့သော ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် ၁၉၅၀ ပြည့်နှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ချင်းရေးရာ ကောင်စီမှ ဆုံးဖြတ်ခဲ့ပြီး ပထမဆုံး ချင်းအမျိုးသားနေ့ ဖြစ်သည့် ၁၉၅၁ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ကန်ပက်လက်မြို့တွင် ကျင်းပခဲ့ရာ ၀န်ကြီးချုပ် ဦးနုကိုယ်တိုင် တက်ရောက်ခဲ့ကြောင်း သိရသည်။
၁၉၅၁ ခုနှစ်မှစ၍ နှစ်စဉ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် ကျင်းပခဲ့ရာ ၁၉၇၄ ခုနှစ် ပြည်ထောင်စု ဆိုရှယ် လစ် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းပြီးနောက် ချင်းဝိသေသတိုင်းကို ချင်းပြည်နယ်အဖြစ် သတ်မှတ်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းပြည်နယ်နေ့ အဖြစ် ကျင်းပခဲ့ကြောင်း သိရသည်။
CNF နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့၏ ပြည်ထောင်စုအဆင့် အကြို ဆွေးနွေးပွဲတွင် CNF ဘက်မှ ၃၁ ချက်တင်ပြ ဆွေးနွေးခဲ့ပြီး ၂၇ ချက် သဘောတူညီမှု ရရှိခဲ့သည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၆ ရက်တွင် ချင်းပြည်နယ် ဟားခါးမြို့၌ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ပဏာမ သဘော တူ ညီချက် ၉ ချက်ကို လည်းကောင်း၊ မေလ ၇ ရက် က ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ဟားခါးမြို့၌ တွေ့ဆုံ၍ အပစ်အခတ်ရပ်စဲရေး ပဏာမ သဘော တူညီချက် ၁၅ ချက်ကို လည်းကောင်း သဘောတူ လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ် သည်။
CNF သည် အိန္ဒိယ-မြန်မာ နယ်စပ် အခြေစိုက် လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်သည်။

Posted By ကဏ္ဍစုံလင်ရသလွင်ပြင်မီဒီယာ 6:06 AM

မိုဘိုင်းအင်တာနက် သုံးစွဲခများ ပြင်ဖွယ်မရှိသေးဟုဆို

ရန်ကုန်မြို့ရှိ မိုဘိုင်းအင်တာနက် သုံးစွဲနေသူ တဦး (ဓာတ်ပုံ - 
နန်းသီရိလွင် / ဧရာဝတီ)
ရန်ကုန်မြို့ရှိ မိုဘိုင်းအင်တာနက် သုံးစွဲနေသူ တဦး (ဓာတ်ပုံ – နန်းသီရိလွင် / ဧရာဝတီ)
သုံးစွဲသူအများစုက ကန့်ကွက်ခဲ့ကြသည့် မိုဘိုင်း အင်တာနက်အသုံးပြုခများကို Data Volume စနစ်ဖြင့် ကောက်ခံမည့် အစီအစဉ် ပြောင်းလဲကျင့်သုံးရန် ဖြစ်နိုင်ခြေ နည်းပါးသွားပြီဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောဆိုလိုက်သည်။
ယခုနှစ်ကုန်တွင် မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဌာနက စီစဉ်ထားသကဲ့သို့ ဖြစ်ပေါ်လာမည်မဟုတ်ဘဲ ယခုလက်ရှိ အသုံးပြု နေသည့် သုံးစွဲသူများ လက်ခံသော မိနစ်အလိုက် ဖြတ်တောက်ကောက်ခံသည့် စနစ်ကိုသာ ဆက်လက် ကျင့်သုံးသွားဖွယ် ရှိနေကြောင်း ၎င်းက ဆိုသည်။
“အခုပြောင်းမယ့်စနစ်ကို ကန့်ကွက်တဲ့သူတွေက များနေပါတယ်။ ယတိပြတ်တော့ မဆုံးဖြတ်ရသေးဘူး။ ဒေတာ အလိုက် ကောက်မယ် ဆိုရင်လည်း ဘယ်နှုန်းထားဆို အသင့်တော်ဆုံး ဖြစ်မလဲဆိုတာတွေကိုပါ တပြိုင်တည်း ထည့်သွင်းစဉ်းစားပြီး နှိုင်းယှဉ်နေပါတယ်။ သေချာတာကတော့ ကျတော်တို့ကလည်း သုံးစွဲသူတွေအ ဆင် ပြေမယ့်နည်းလမ်း၊ သူတို့ လက်ခံတဲ့ မိနစ်အလိုက် အသုံးပြုခတွေကို ဖြတ်တောက်တဲ့ စနစ်ကိုပဲ ဆက်လက် ကျင့်သုံးသွားနိုင်ပါတယ်” ဟု အထက်ပါ တာဝန်ရှိ ပုဂ္ဂိုလ်က ဧရာဝတီသို့ ပြောသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် မိုဘိုင်းအင်တာနက်အသုံးပြုခများကို အသုံးပြုသည့် အချက်အလက် ပမာဏ အလိုက် ကောက်ခံမည်ဆိုသည့် အစီအစဉ်ကို ပြီးခဲ့သည့်ရက်သတ္တပတ်က တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ၎င်းအစီအစဉ်ကို သုံးစွဲသူများ ကန့်ကွက်နေသည့် ကြားမှပင် ဆက်လက် ဆောင်ရွက်မည်ဟုလည်း မီဒီယာသို့ သတင်းစာရှင်းလင်းပွဲလုပ်ကာ တရားဝင်ပြောဆိုခဲ့သည်။
အဆိုပါ ဒေတာအလိုက် ကောက်ခံမည့်စနစ်ကို မကျေပ်နပ်ကြသူများက ကန့်ကွက်ဆန္ဒ ပြခြင်းများ ပြုလုပ်မည် ဆိုပါကလည်း ပြုလုပ်နိုင်ကြောင်းနှင့် ယင်းအတွက် ဆက်သွယ်ရေးဘက်က မည်သို့မျှ ပြင်ဆင်မှု ရှိမည်မဟုတ်ကြောင်း မီဒီယာသို့ ပြောကြား ခဲ့သော်လည်း ကန့်ကွက်ဝေဖန်ထောက်ပြမှုများမှာ အင်တာနက် လူမှုကွန်ယက် စာမျက်နှာ များပေါ်တွင် ဆက်တိုက် တက်ရောက် လာခဲ့ခြင်းကြောင့် မူလစီစဉ်ထားသည့်အတိုင်း ရှေ့ဆက်မတိုးနိုင်ခြင်း ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ တခြား ဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူများသည် အများပြည်သူက ကန့်ကွက်နေသည့် ဒေတာအလိုက် မိုဘိုင်း အင်တာနက် သုံးစွဲခ ကောက်ခံမည့်စနစ်ကို ၎င်းတို့၏ ဆုံးဖြတ်ချက်အတိုင်း မဆောင်ရွက်တော့ရန် ယတိပြတ် ဆုံးဖြတ်ချက် မချမှတ်ရ သေးသော်လည်း သုံးစွဲသူများအားလုံး လက်ခံမည့် နည်းလမ်းကို ရွေးချယ်နေကြသည်ဟု စုံစမ်းသိရှိရသည်။
မြန်မာ့ဆက်သွယ်ရေးက ပြောင်းလဲမည်ဟု ထုတ်ပြန်ကြေညာခဲ့သည့် ဒေတာအလိုက် ကောက်ခံမှုစနစ်နှင့် ပတ်သက်ပြီး မိုဘိုင်းဖုန်းဖြင့် အင်တာနက် သုံးစွဲသူ အမျိုးသားတဦးက “အစကတည်းက မိနစ်အလိုက် ကောက်တဲ့ စနစ်ကိုပဲ လုပ်သင့်တယ်။ ဒေတာအလိုက် စနစ်က သုံးစွဲသူတွေ အားလုံးအတွက် အဆင်မပြေနိုင်ဘူး။ ဒီလိုမျိုး စနစ်တခုကို လုပ်လိုက်၊ မလုပ်လိုက်နဲ့ ဆိုတာ မကောင်းဘူး။ တခါတည်း သုံးစွဲသူအားလုံး အဆင်ပြေမယ့်နည်းလမ်းကို အစကတည်းက ရွေးချယ်သင့်တယ်” ဟု သုံးသပ်သည်။
ဝန်ကြီးဌာနတွင်း ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက်ပြုလုပ်နေသည် ဆိုသည့် ယခုအချိန်တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် သုံးစွဲသူများ၏ ဝေဖန်မှုများ၊ ကန့်ကွက်မှုများကို ဆက်တိုက် ရင်ဆိုင်နေရသည်။
“လူတွေက ခဏခဏ ဝေဖန်နေရင် ဒါဟာ သူတို့ရဲ့ ဝန်ဆောင်မှု မကောင်းဘူးဆိုတာ ပြသနေတာ ဖြစ်တယ်” ဟု စင်ကာပူ နိုင်ငံတွင် နေထိုင်သူ မြန်မာနိုင်ငံသား ကွန်ပျူတာပညာရှင် လူငယ်တဦးက ထောက်ပြပြောဆိုသည်။
ယခုလက်ရှိ အစိုးရသက်တမ်းအတွင်း ၎င်းတို့၏ ဆက်သွယ်ရေး ဝန်ဆောင်မှုများကို အများပြည်သူနှင့် အံဝင်ခွင်ကျ နှုန်းထားများဖြစ်စေရန် ဆောင်ရွက်ပေးမည်ဟု ပြောဆိုမှုများ မကြာခဏ ရှိခဲ့သော်လည်း လက်ရှိအချိန်အထိတွင်မူ ပြည်တွင်း၏ မိုဘိုင်းဖုန်းကဏ္ဍ၊ အင်တာနက် ဆက်သွယ်မှု ကဏ္ဍများသည် အခြေခံလူတန်းစား အားလုံးနှင့် တထပ်တည်း မကျသေးဟု ပြည်တွင်း၊ ပြည်ပရှိ ကွန်ပျူတာ ပညာရှင်တချို့က သုံးသပ် ပြောကြားသည်။

Posted By ကဏ္ဍစုံလင်ရသလွင်ပြင်မီဒီယာ 6:04 AM

ရန်ကုန်နှင့် ဆန်ဖရန်စစ္စကို ညီအစ်မမြို့တော်ဖြစ်ရေး ဆောင်ရွက်မည်ဟုဆို

ဆန်ဖရန်စစ္စကို မြို့တွင်း မြင်ကွင်းတခု
ဆန်ဖရန်စစ္စကို မြို့တွင်း မြင်ကွင်းတခု
ရန်ကုန်နှင့် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကို မြို့တို့ကို ညီအစ်မ မြို့တော်အဖြစ် ပူးပေါင်းနိုင်ရန် ညှိနှိုင်းနေပြီဖြစ်ကြောင်း  သိရသည်။
မြန်မာပြည်သို့ ခေတ္တရောက်ရှိနေသည့် အမေရိကန်နိုင်ငံ ဆန်ဖရန် စစ္စကိုမြို့ အခြေစိုက် အမေရိကန်မြန်မာ ကုန်သည်ကြီးများ အသင်း (USA Myanmar Chamber of Commerce) ၏ အဖွဲ့ဝင်တဦးဖြစ်သူ ဦးဖိလစ်မောင်က ရန်ကုန်မြို့ တော်ဝင်နှင်း ဆီခန်းမတွင် ဒီဇင်ဘာ ၉ ရက်နေ့က ကျင်းပသော “လူငယ်နှင့် စွန့်ဦးတီထွင်ခြင်း” ဟောပြောပွဲ၌ အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ရန်ကုန် မြို့တော်ဝန်ကတော့ မဆုံးဖြတ်ရဲဘူး။ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်နဲ့တော့ မူအားဖြင့် သဘောတူထားပြီးပြီ။ ဒါပေမယ့် အစိုးရအဖွဲ့အစည်းတွေ ကြားမှာ ဗျူရိုကရက် ဆန်တာတွေက ရှိနေတုန်းပဲဖြစ်နေတယ်။ ဆုံးဖြတ်ချက်မှားမှာ ကြောက်နေတာလားတော့ မသိဘူး” ဟု ၎င်းက အထက်ပါ ဟောပြောပွဲ အပြီးတွင် ဧရာဝတီသို့ ပြောသည်။
ညီအစ်မမြို့တော် အဖြစ် ပူးပေါင်းနိုင်ရေး စီမံကိန်းတွင် ရန်ကုန်မြို့နှင့် ဆန်ဖရန်စစ္စကို မြို့ရှိ ရှေးဟောင်း အဆောက် အအုံများသည် တည်ဆောက်ပုံခြင်း နီးစပ်သောကြောင့် ယင်းတို့ကို ထိန်းသိမ်းသွားနိုင်ရန်၊ ရန်ကုန်ရှိ ကားလမ်း ပိတ်ဆို့မှု များကို ဖြေရှင်းပေးနိုင်မည့် စနစ်များ၊ မြောင်းပိတ်ဆို့မှုကို ဖြေရှင်းပေးနိုင်မည့် စနစ်များ၊ ငလျင်ဒဏ်ခံ အဆောက်အဦး တည်ဆောက်နိုင်ရန်၊ ကျန်းမာရေးနှင့် ပညာရေး ဗဟုသုတပေးနိုင်ရန် စသည့် အစီအစဉ်များ ပါဝင် ရေးဆွဲထားကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ဈေးသည်များအား နေရာအတည်တကျ ချထားပေးခြင်း မရှိသည့်အတွက် လမ်းများပေါ်တွင် ရောင်းချသည်ကို တွေ့နေရကြောင်း၊ မော်တော်ယာဉ်များ များပြားလာသော်လည်း လမ်းစနစ်များ သေချာစွာ ရေးဆွဲထားခြင်း မရှိသည့် အတွက် လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း၊ မြောင်းပိတ်ဆို့မှုများကိုလည်း တွေ့နေရကြောင်း၊ ငလျင်ဒဏ်ခံ အဆောက်အဦး များလည်း မရှိသည့်အတွက် အကြောင်းအရင်း ရှိလာပါက အချိန်မရွေး ပျက်စီးဆုံးရှုံးမှုများ ဖြစ်လာနိုင်ကြောင်း၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ ဗဟုသုတများလည်း နည်းပါးနေကြောင်း ဦးဖိလစ်မောင်က သုံးသပ်သည်။
“Sister City လုပ်မယ်ဆိုရင် ဆန်ဖရန်စ္စကိုမြို့ တမြို့လုံးကို တည်ဆောက်ခဲ့တဲ့ ပညာရှင်တွေလည်း ပါဝင်ဆောင်ရွက်မှာပါ၊ ယဉ်ကျေးမှု ဆိုင်ရာတွေလည်း ဖလှယ်နိုင်မယ်” ဟု သူက ဆိုသည်။
ရန်ကုန်နှင့် ဆန်ဖရန်စစ္စကိုမြို့ကို ညီအစ်မ မြို့တော်အဖြစ် အကောင်အထည် ဖော်နိုင်ရန် ဒီဇင်ဘာ ပထမပတ် အတွင်း ဆန်ဖရန်စစ္စကို မြို့တော်ဝန်၏ဇနီးနှင့် မြို့တော် တည်ဆောက်စဉ်က ပါဝင်ခဲ့သည့် အတတ်ပညာရှင်များ၊ အမေရိကန် အခြေစိုက် အမေရိကန်မြန်မာ ကုန်သည်ကြီးများ အသင်း၏ တာဝန်ရှိသူတို့က ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တခြား အစိုးရ အဖွဲ့အစည်းများသို့ ညှိနှိုင်းထားပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းကို လာမည့် ၆ လ အတွင်း စတင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖွယ် ရှိပြီး စီမံကိန်း စတင်ပါက ဆန်ဖရန်စစ္စကိုမြို့တော်ဝန်က ရန်ကုန်မြို့သို့ လာရောက်မည်ဖြစ်ကြောင်းလည်း ဦးဖိလစ်မောင်က ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ဖြေကြားခြင်းမရှိပေ။
ဆန်ဖရန်စစ္စကိုမြို့သည် အီတလီ၊ အိန္ဒိယ၊ စပိန်၊ ဗီယက်နမ်၊ ပိုလန်၊ ဖိလစ်ပိုင်၊ ပြင်သစ်၊ တောင်ကိုရီးယား၊ တရုတ်၊ ဂျပန်၊ သြစတြေးလျ၊ ထိုင်ဝမ်၊ ဂရိနှင့် ဆွစ်ဇာလန် နိုင်ငံ အစရှိသည့် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ မြို့ ၂၁ မြို့နှင့် ညီအစ်မ မြို့တော်အဖြစ် ဆက်သွယ်ထားပြီး ဖြစ်ကြောင်း သိရသည်။

Posted By ကဏ္ဍစုံလင်ရသလွင်ပြင်မီဒီယာ 6:03 AM

လူ့အခွင့်အရေးနေ့တွင် ဦးအောင်မင်း လက်ရှိအခြေအနေ ရှင်းပြ

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားသို့ တက်ရောက်လာသော သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း က လက်ရှိ ဖြစ်ပေါ်တိုးတက်လျက်ရှိသော ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ကို ရှင်းလင်းပြောဆိုသွားခဲ့သည်။

တနင်္လာနေ့က ရန်ကုန်မြို့၊ အင်းလျားလိတ် ဟိုတယ်၌ ကုလသမဂ္ဂ အဖွဲ့အစည်းများက ဦးဆောင် ကျင်းပသည့် လူ့အခွင့်အရေးနေ့ အခမ်းအနားတွင် ၎င်းတို့ အစိုးရအနေဖြင့် “ပြည်သူများ ဂုဏ်သရေရှိစွာ နေထိုင်နိုင်ရေးအတွက်
ပြုပြင်ပြောင်းလဲမှုတွေ အများကြီး ပြုလုပ်ခဲ့တယ်ဆိုတာကို ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားလိုပါတယ်” ဟု နိဒါန်းပျိုးကာ
နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းခွင့်ပြုခြင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပေးခြင်းနှင့် မီဒီယာလွတ်လပ်ခွင့်များ တိုးမြှင့်ပေးခဲ့ခြင်းများကို ထည့်သွင်း ဖော်ပြသွားသည်။
aungmin
ထို့ပြင် ကြုံတွေ့နေရဆဲဖြစ်သော အလုပ်သမား တောင်းဆိုချက်များ၊ လယ်ယာမြေ အသိမ်းခံရမှုများ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စများကိုလည်း “အစိုးရနှင့် ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပပြီး ပွင့်လင်းစွာ အဖြေရှာမှုများ ပြုလုပ်နေပြီ ဖြစ်ပါတယ်” ဟု ပြောဆိုသွားသည်။

ဦးအောင်မင်း ကိုယ်တိုင် ဦးဆောင်ပါဝင်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးနိုင်ခဲ့သော်လည်း ကချင်ပြည်နယ် “ပဋိပက္ခတွေ ပြန်လည်
ပြင်းထန်လာတာနဲ့ အမျှ ယခင်က ၁၇ နှစ်လုံး ရှိခဲ့တဲ့ နှစ်ဦးနှစ်ဖက်ယုံကြည်မှုတွေ ပျောက်ကွယ်သွားစေခဲ့ပါတယ်။ အပစ်အခတ် ရပ်စဲမှုများကို ပြုလုပ်ရုံနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး မရရှိနိုင်ဘူးဆိုတာ ကျနော်တို့ နားလည် သဘောပေါက်ပါတယ်” ဟု ဆိုသည်။

“နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ပြသနာများဟာ အပစ်အခတ်ရပ်စဲရေးဆိုတဲ့ အကြောင်းအရာထက် ပိုမိုရှုပ်ထွေးပြီး သိမ်မွေ့နက်နဲမှာများ ရှိတယ်ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ အာဏာခွဲဝေမှုနဲ့ အရင်းအမြစ် ခွဲဝေသုံးစွဲမှုတွေကိုလည်း တိုင်းပြည်အတွင်းမှာ ရှိတဲ့ တိုင်းရင်းသားအားလုံး အကျိုးကျေးဇူး ရရှိစေရေးအတွက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်” ဟု ဦးအောင်မင်း က ထည့်သွင်းပြောဆိုသွားသည်။

အခမ်းအနားသို့ ကုလ လူသားချင်း စာနာမှုဆိုင်ရာ ဌာနေကိုယ်စားလှယ် MR. Ashok Nigam ၊ ကုလ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး(OHCHR) မှ Ms. Matilda Bonger ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ တို့လည်း တက်ရောက် အမှာစကားပြောကြားခဲ့ကြသည်။

ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကလည်း လူ့အခွင့်အရေးကို မြှင့်တင်ရာတွင် ပညာရေးကို အခြေခံပြီး ဖော်ဆောင်သင့်ကြောင်း ပြောဆိုသွားသည်။

“မတူတဲ့ နေရာတွေကနေပြီး ထွက်လာတဲ့ အသံတွေကို နားထောင်ရပါမယ်။ အသံတွေက ဘာကြောင့် ထွက်လာရ တာလဲ ဆိုတာကို နားထောင်ရပါမယ်။ ဒီမိုကရေစီ ဖော်ဆောင်တဲ့လမ်းမှာ ပြည်သူလူထုတွေရဲ့ လူ့အခွင့်အရေးတွေကို သိရှိဖို့ ပညာရေးက အရေးကြီးပါတယ်။ ဒီမိုကရေစီ ဖော်ဆောင်တာ အပေါ်ကနေ ပြုလုပ်လို့မရပါဘူး။ အောက်ခြေ
ပြည်သူလူထုကနေ စတင်ရမှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။

လူ့အခွင့်အရေးတွင် စာနယ်ဇင်းလွတ်လပ်ခွင့်မှ အလွန်အရေးပါကြောင်း မြန်မာ ဂျာနယ်လစ်အဖွဲ့ MJA မှ ဦးကိုကို က ပြောဆိုသွားသည်။

“လွတ်လပ်စွာ ပုံနှိပ်ဖော်ပြခွင့် ရခြင်းဟာ လူ့အခွင့်အရေးရဲ့ အုတ်မြစ် အခြေခံ ဖြစ်တယ်။ လူ့အဖွဲ့အစည်းမှာ လူ့အခွင့် အရေးကို မှန်ကန်စွာ ပါဝင်ပတ်သက် တောင်းဆိုခြင်းဟာ ဒီမိုကရေစီ လမ်းစဉ်ကို သွားတဲ့ အထောက်အကူ ဖြစ်ပါ တယ်” ဟု ဆိုသည်။

နေ့လည် ၂ နာရီက စတင်ကျင်းပသော အခမ်းအနားတွင် တက်ရောက်လာသူ တချို့က လူ့အခွင့်အရေးနှင့် ပတ်သက် ပြီး အောက်ခြေ ပြည်သူလူထုအထိ တိုက်ရိုက် ဗဟုသုတ ရရှိစေနိုင်ရန်အတွက် ယခုထက်ပို မိုဆောင်ရွက်နို်င်ရန် ကြိုးပမ်းသင့်ကြောင်းကို အကြံပြု ဆွေးနွေးခဲ့ကြသည်။

Posted By ကဏ္ဍစုံလင်ရသလွင်ပြင်မီဒီယာ 5:59 AM

Thursday, November 22, 2012

သမိုင်းဝင် အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာပြည်ခရီးစဉ်


obama inside banner
အမေရိကန် သမ္မတ အိုဘားမားနှင့် အဖွဲ့သည် ညနေ ၃ နာရီ ၄၀ မိနစ်ဝန်းကျင်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။
“ကျေးဇူးတင်ပါတယ်” ဟု မြန်မာဘာသာဖြင့် ပြောဆိုပြီး မွန်းလွဲ ၃ နာရီ ၀၉ မိနစ်တွင် အမေရိကန် သမ္မတ အိုဘားမား က ၎င်း၏ နာရီဝက်ကြာ မိန့်ခွန်းကို အဆုံးသတ်။

“မြန်မာနိုင်ငံ မင်္ဂလာပါ” ဟု မြန်မာဘာသာဖြင့် အမေရိကန် သမ္မတ အိုဘားမား က နှုတ်ခွန်းဆက်ပြီး မွန်းလွဲ ၂ နာရီ ၃၉ မိနစ်တွင် မိန့်ခွန်းကို စတင်။

အမေရိကန် သမ္မတ ဘားရက် အိုဘားမား သည် မိန့်ခွန်းပြောကြားရန်အတွက် မွန်းလွဲ ၂ နာရီ ၃ဝ မိနစ် ဝန်းကျင်တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမအတွင်းသို့ ရောက်ရှိလာသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် သမ္မတ အိုဘားမား၏ မိန့်ခွန်းကို နားထောင်ရန် ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမသို့ မွန်းလွဲ ၁ နာရီ မိနစ် ၃ဝ တွင် ရောက်ရှိလာသည်။
အမေရိကန် သမ္မတနှင့် တွေ့ဆုံမှုအပြီး ဒေါ်အောင်ဆန်းစုကြည် ပြောစကား
“သမ္မတ အိုဘားမားကို ကျမတို့ နိုင်ငံနဲ့ ကျမအိမ်မှာ လက်ခံတွေ့ဆုံရတာကို ပျော်ရွှင်ဝမ်းမြောက်မိကြောင်း ကျမ အနေနဲ့ ပြောချင်ပါတယ်။ တကယ်တော့ နှစ်နိုင်ငံအကြား ဆက်ဆံရေးဟာ ဟိုးအရင်ကတည်းက ရှိခဲ့ပြီး ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုကို အားတက်သရော ကူညီထောက်ပံ့ခဲ့ တဲ့ နိုင်ငံ ဖြစ်ပါတယ်။ အမေရိကန် အနေနဲ့ ကူညီထောက်ပံမှုတွေကို ခက်ခဲတဲ့ အချိန်တွေမှာလည်း ဆက်လက်
ပြုလုပ်လိမ့်မယ်လို့ ကျမတို့ ယုံကြည်ပါတယ် ” ဟု ဒေါ်အောင်ဆန်းစုကြည်က သူ၏ နေအိမ်တွင် ပြုလုပ်ခဲ့သည့် သမ္မတအိုဘားမားနှင့် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။


သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီးနောက် အမေရိကန် သမ္မတ အိုဘားမား သည် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှ ပြန်လည်ထွက်ခွာသွားသည်။
အိုဘားမားနှင့် ဒေါ်စု သတင်းစာရှင်းလင်းပွဲ ပြီး
အမေရိကန် သမ္မတ ဘားရက် အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏  သတင်းစာ ရှင်းလင်းပွဲကို မွန်းလွဲ ၁ နာရီ ၁၁ မိနစ်တွင် ပြီးဆုံးသွားသည်။
အိုဘားမားနှင့် ဒေါ်စု သတင်းစာရှင်းလင်းပွဲ စ
အမေရိကန် သမ္မတ ဘားရက် အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နာရီဝက်ကြာ ဒုတိယအကြိမ် တွေ့ဆုံမှု အပြီးတွင် သတင်းထောက်များနှင့် တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲကို မွန်းလွဲ ၁ နာရီ ၇ မိနစ်တွင် စတင်နေပြီ
ဖြစ်သည်။
အမေရိကန် သမ္မတနှင့် ဒေါ်စု တွေ့ဆုံနေ
အမေရိကန် သမ္မတ ဘားရက် အိုဘားမားသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် နေရလည် ၁၂ နာရီ မိနစ် ၂ဝ ခန့်က တွေ့ဆုံဆွေးနေရာ ပြည်တွင်း ပြည်ပ သတင်းထောက်များ သတင်းယူရန် စောင့်ဆိုင်းနေကြသည်။
အမေရိကန်သမ္မတ အိုဘားမားသည် မွန်းလွဲ ၁၂ နာရီ ၁၇ မိနစ်တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့
ရောက်ရှိသည်။
သမ္မတ မိန့်ခွန်း နားထောင်ရန် တန်းစီနေကြ
အမေရိကန်နှင့် မြန်မာ သမ္မတတို့၏ မိန့်ခွန်းများကို နားထောင်ရန်အတွက် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမသို့ ဝင်ရောက်နိုင်ရေး လူအများ တန်းစီလျက်ရှိနေကြသည်။

“လုံခြုံရေး စစ်ဆေးမှုအတွက် တန်းစီနေကြပါတယ်။ လူ တထောင် ကျော်ပါလိမ့်မယ်” ဟု ထိုနေရာသို့ ရောက်ရှိနေ
သော သတင်းထောက်တဦးက ပြောသည်။
သမ္မတ ဦးသိန်းစိန်ကို သမ္မတ အိုဘားမား ပြောကြားချက်
သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် အမေရိကန် သမ္မတ အိုဘားမားက ယခုကဲ့သို့ အပြုသဘောဆောင်သည့်
တွေ့ဆုံမှုသည် အမေရိကန်-မြန်မာ နှစ်နိုင်ငံ ရေရှည် ဆက်ဆံရေးအတွက် ပထမဆုံး ခြေလှမ်း ဖြစ်ကြောင်း၊
နိုင်ငံတော် သမ္မတ၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုသည် မြန်မာနိုင်ငံအား တိုးတက်မှုကို ဖြစ်ပေါ်စေကြောင်း၊ အမေရိကန်-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် အမေရိကန်နှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံအတွက်သာမက အရှေ့တောင်အာရှအပြင် တကမ္ဘာလုံး တိုးတက်မှုအတွက် အထောက်အကူပြုနိုင်ကြောင်း နိုင်ငံတော် သမ္မတကြီး၏ ကလေးစစ်သားဆိုင်ရာ ဆောင်ရွက်မှုများနှင့် လက်နက်ကြီး တပ်ဆင်မှု ထိန်းချုပ်မှုဆိုင်ရာ ဆောင်ရွက်မှုများသည်
ကောင်းမွန်ကြောင်း၊ မြန်မာနိုင်ငံသို့ နောင်တွင်လည်း ထပ်မံလာရောက်နိင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့ သည်။
သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံပြီးစီးသွားပြီးနောက် အမေရိကန်သမ္မတ အိုဘားမားနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းတို့ တွေ့ဆုံဆွေးနွေးတော့မှာ ဖြစ်သည်။
ရှေ့သို့ သွားနေသည်ဟုဆို
သမ္မတ ဦးသိန်းစိန်က သမ္မတ အိုဘားမားကို နှုတ်ဆက်စကားဆိုရာတွင် ‎“သမ္မတကြီး(သမ္မတအိုဘားမား)ရဲ့ စကားအတိုင်းပါပဲ ကျနော်တို့လည်း Move Forward သွားနေပါတယ်။” ဟု ထည့်သွင်းပြောကြားသည်။
သမ္မတအိုဘားမား မိန့်ခွန်းအကြို ကောက်နုတ်ချက်များ
(အိမ်ဖြူတော်သတင်းဌာနမှ ထုတ်ပြန်သည်)
အမေရိကန် ပြည်ထောင်စုအနေနဲ့ လူသားတွေရဲ့ ဂုဏ်သိက္ခာကို ယုံကြည်တဲ့အတွက် ကျနော်ဒီကိုလာခဲ့တာလို့ပဲ
ပြောပါရစေ။ ပြီးခဲ့တဲ့ ဆယ်စုနှစ် တော်တော်များများမှာ၊ ကျနော်တို့ ၂ နိုင်ငံဟာ သူစိမ်းပြင်ပြင် ဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာ
တော့၊ ဒီနိုင်ငံရဲ့ ပြည်သူတွေဖြစ်တဲ့ ခင်ဗျားတို့ အားလုံးကို ကျနော်တို့ အမြဲ ယုံကြည် မျှော်လင့်နေခဲ့တာပါဆိုတာကို ကျနော်ပြောနိုင်ပါပြီ။ ကျနော်တို့အတွက် မျှော်လင့်ချက်တွေပေးသလို၊ ခင်ဗျားတို့အားလုံးရဲ့ သတ္တိတွေကိုလည်း ကျနော်တို့ မျက်ဝါးထင်ထင် မြင်ခဲ့ရပြီးပါပြီ။ အပြည့်အစုံကို ဆက်လက်ဖတ်ရှုရန်
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် မြန်မာသမ္မတ ဦးသိန်းစိန်က အမေရိကန်သမ္မတ အိုဘားမားကို ကြိုဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ သမ္မတ အိုဘားမား ရောက်ရှိ
သမ္မတ အိုဘားမား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ ရောက်ရှိပါပြီ။ လွှတ်တော်တွင် မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမည်။
လူကုန်ကူးမှုနှင့် ပတ်သက်၍ မြန်မာနှင့် အမေရိကန်တို့ သဘောတူညီချက်
လူကုန်ကူးမှု ကျူးလွန်မှုများကို ရှာဖွေဖော်ထုတ်ခြင်း၊ လူကုန်ကူးမှု ကျူးလွန်သူများကို စစ်ဆေးခြင်းနှင့် ရုံးတင် တရားစွဲဆိုခြင်း၊ လူကုန်ကူးခြင်းခံရသူများကို နိုင်ငံတကာ လမ်းညွှန်ချက်များနှင့် အညီ ဝန်ဆောင်မှုများပေးခြင်း၊
မြန်မာနိုင်ငံသားများအား တိုင်းပြည်အတွင်း၌သော်လည်းကောင်း တိုင်းပြည်ပြင်ပ၌သော်လည်းကောင်း လိင်ကျွန်ပြုခံရခြင်းမှ ကာကွယ်ရေး သို့မဟုတ် အဓမ္မလုပ်အားပေး ခိုင်းစေခြင်းမှ ကာကွယ်ရေးတို့ ဖြစ်ကြသည်။

(က) အိုင်အယ်လ်အို လုပ်ငန်းအစီအစဉ် (ILO Action Plan) နှင့် ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများအုပ်ချုပ်မှု ဥပဒေ အသစ်ပါ ပြဌာန်းချက်များကို အကောင်အထည်ဖော်ပြီး တိုးများလာသော အဓမ္မလုပ်အားပေးခံရခြင်း စွပ်စွဲခံရခြင်းများ ကို အိုင်အယ်လ်အိုတွင် တိုင်ကြားနိုင်သော ယန္တရားများမှ တဆင့်လည်းကောင်း၊ မြန်မာအာဏာပိုင်များထံမှ တဆင့်သော်လည်းကောင်း မြန်မာအစိုးရ အာဏာပိုင်များထံ တိုင်ကြားအရေးယူနိုင်ရေး

(ခ) လူကုန်ကူးမှုပြဿနာများအပေါ် CBTIP အရာရှိများ၏ တာဝန်ရှိမှုများကို တိုးချဲ့ရေး။ အဓမ္မလုပ်အားခိုင်းစေခြင်း
နှင့် ကလေးစစ်သား စုဆောင်းခိုင်းစေခြင်း အပါအဝင် လူကုန်ကူးမှုပုံစံမျိုးစုံကို ကျူးလွန်သည်ဟု စွပ်စွဲခံရသူများအား ရာဇဝတ်ကြောင်းအရ စစ်ဆေးပြီး ရုံးတင်တရားစွဲဆိုခြင်း တို့ကိုပြုလုပ်ရာ၌ တိုးမြှင့်ပြုလုပ်ခြင်းတွင် တိုးတက်မှု ရှိကြောင်း ပြသရန်

(ဂ) မြန်အာဏာပိုင်များ (ဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့် လူမှုရေးလုပ်ငန်းလုပ်ကိုင် သည့်အဖွဲ့အစည်းများ) နှင့် ကျယ်ပြန့်သော လူထုအခြေပြု အဖွဲ့အစည်းများ၊ ဘာသာရေး အဖွဲ့အစည်းများအကြား စနစ်တကျ ဖွဲ့စည်း တည်ဆောက်ထားသော လက်တွဲလုပ်ဆောင်မှု အစီအစဉ်များနှင့် ပိုမိုကြံ့ခိုင်တောင့်တင်းသော ပုံစံဖြင့် မူဝါဒချမှတ်
ခြင်းနှင့် လုပ်ငန်းဆောင်ရွက်ခြင်း အဆင့်များအားလုံး၌ နိုင်ငံတဝှမ်း လူကုန်ကူးမှု ကာကွယ်တားဆီးရေး ကြိုးပမ်းမှု များတွင် လူထုအခြေပြုအဖွဲ့အစည်းများ ပိုမိုပါဝင်နိုင်ရေးကိုအားပေး ဆောင်ရွက်ရန်

(ဃ) နည်းပညာ အကူအညီပေးခြင်း၊ လေ့ကျင့် သင်ကြားပေးခြင်း၊ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ၏ စုံစမ်း စစ်ဆေးခြင်း လုပ်ငန်းများ၊ လူကုန်ကူးခံရသူများ သက်သေများအား တွေ့ဆုံမေးမြန်းခြင်းများ၊ လူကုန်ကူးခံရသူများ အား အကူအညီပေးအပ်ခြင်းများ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ငန်းများ၊ တို့ကို ပူးပေါင်းဆောင်ရွက်ရာ တွင် အစွမ်းကုန် ထိရောက်နိုင်သမျှ ထိရောက်စေရန်အတွက် အမေရိကန်အစိုးရက ငွေကြေး ထောက်ပံ့ထားသော အစီအစဉ်များနှင့် မြန်မာအစိုးရ၏ မိတ်ဖက် အဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကိုပြုလုပ်ရန်
သမ္မတ အိုဘားမားနှင့် အတူ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်လည်း လိုက်ပါလာသည်။
လေယာဉ်ပေါ်မှ ဆင်းလာသော သမ္မတ အိုဘားမားကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ကြိုဆိုလာသည်။
အင်တာနက်မှ တိုက်ရိုက်ကြည့်ရှုရန်
သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်သည့် သတင်းကို တိုက်ရိုက်ကြည့်ရှု့ရန်အတွက်
အောက်ပါ လင့်တွင် ဒေါင်းလုပ်ချပြီး Sky Net မှတစ်ဆင့် ကြည့်နိုင်ပါသည်။ ကြည့်နိုင်ပါသည်။ Channel No: 99221 ကိုရွေးရန်လိုအပ်သည်။
http://pages.tvunetworks.com/downloads/player.html
Air Force One လေယာဉ်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်လာပါပြီ။
usairforce1arrive
သမ္မတ အိုဘားမား လိုက်ပါလာသော Air Force One ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆင်းသက်လာစဉ်။
usairforce1arrive1
သမ္မတ အိုဘားမား လေယာဉ်ပေါ်မှ အဆင်းကို ကြိုဆိုနှုတ်ဆက်သူများ။
usairforce1arrive2
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်လာ Air Force One လေယာဉ် (ဓါတ်ပုံ မဇ္ဈိမ)
အမေရိကန် သမ္မတ ဘားရက် အိုဘားမား၏ ခရီးစဉ်အတွက် လိုက်ပါလာသော စစ်ရေယာဉ်
USS-Bonhomme-RichardUSS Bonhomme Richard (LHD-6) သည် မြန်မာ့ရေပိုင်နက် အနီးတွင် စောင့်ကြပ်လျှက် ရှိသည်ကို တွေ့ရစဉ်။
မြန်မာ့ တပ်မတော် (ရေ) သတင်းရပ်ကွက်များအရ မြန်မာ့တပ်မတော် (ရေ) ၏ ဖရီးဂိတ် စစ်ရေယာဉ် နှစ်စီးမှ အရာရှိ စစ်သည်များက နိုဝင်ဘာ ၁၈ ရက်နေ့တွင် အမေရိကန် စစ်သင်္ဘောပေါ်သို့ သွားရောက် လည်ပတ်ပြီး အမေရိကန် အရာရှိများနှင့် နေ့လည်စာ အတူစားသုံးခဲ့သည်ဟု ဆိုသည်။
အမေရိကန် သမ္မတ ခရီးစဉ်အတွင်း ရန်ကုန်မြို့တွင်း လမ်းအချို့ ခေတ္တပိတ်မည်
အမေရိကန် သမ္မတ လာရောက်မည်ဖြစ်သော ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်လမ်း၊ ၁၀ မိုင် လမ်းဆုံ၊ လေဆိပ်လမ်းနှင့် ပြည်လည်းဆုံ၊ ပြည်လည်းနှင့် တော်ဝင်လမ်းဆုံ၊ ရှစ်မိုင်လမ်းဆုံ၊ အေဒီ မီးပွိုင့်၊ ပြင်လည်း လမ်းဆုံ၊ မြေနီကုန်းမီးပွိုင့်၊ ရန်ကုန် လွှတ်တော်ရှေ့ တို့တွင် ယနေ့ သမ္မတ အိုဘားမားကို ရည်ညွှန်းသည့် အရေးကြီး ပုဂ္ဂိုလ် ယာဉ်တန်း ဖြတ်သန်းမည် ဖြစ်သည်ဖြင့် မိနစ် ၂၀ ခန့် ကြိုတင် ခေတ္တ ပိတ်ထားမည်ဖြစ်ပြီး လမ်းလွှဲမှ သွားလာနိုင်ရန် လမ်းညွှန်ပေးမည်ဟု နိုင်ငံပိုင် သတင်းစာများတွင် ရေးသားထားသည်။
သမ္မတ နှစ်ဦး၏ မိန့်ခွန်းများ တိုက်ရိုက် ထုတ်လွှင့်မည်
ရန်ကုန်တက္ကသိုလ်တွင် ဟောပြောကြမည့် အမေရိကန်သမ္မတနှင့်  မြန်မာသမ္မတတို့၏ မိန့်ခွန်းများကို Myanmar International ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့် ပြသပေးမည်ဟု ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က သူ၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။
မြန်မာကို ဒေါ်လာ သန်း ၁၇၀ ပေးမည့်အကြောင်း အိုဘားမား ပြောမည်
မြန်မာနိုင်ငံ ပညာရေး မြှင့်တင်ရန်နှင့် ဒီမိုကကရက်တစ် အဖွဲ့အစည်းများ တည်ထောင်ရေးတွင် အရပ်ဖွဲ့ လူ့အဖွဲ့အစည်းကို ကူညီရန် ၂၀၁၂, ၂၀၁၃ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၇၀ ကူညီထောက်ပံ့မည့် အကြောင်း အမေရိက သမ္မတက သူ၏ မြန်မာပြည် ခရီးစဉ်အတွင်း ကြေညာရန် ရှိသည်ဟု AFP သတင်းတစ်ရပ် တွင် ဖေါ်ပြထားသည်။
ကျောင်းသား ကျောင်းသူများဖြင့် ကြိုဆို
သမ္မတ အိုဘားမားကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အထွက်တွင် အစိုးရက စီစဉ်မှုဖြင့် လာရောက် ကြိုဆိုသူများတွင် အလယ်တန်းနှင့် အထက်တန်း ကျောင်းသူ ကျောင်းသား အများဆုံးဖြစ်ပြီး သုံးထောင်ကျော်ခန့်
စောင့်ဆိုင်းနေကြသည်။ အရပ်သား အနည်းငယ်ကိုသာ တွေ့ရပြီး ကျောင်းသား ကျောင်းသူများမှာ နံနက် ၇ နာရီခန့် ကတည်းက ရောက်နေကြခြင်းဖြစ်သည်။ ပြည်တွင်း ပြည်ပသတင်းထောက် ၂၀၀ ခန့်လည်း စောင့်ဆိုင်းနေကြသည်။
usairforce1arrive4
usairforce1arrive3
IAEA နောက်တိုး အချက်အလက်များ လက်မှတ် ထိုးမည်ဟု မြန်မာပြော
မြန်မာအနေဖြင့် ” နိုင်ငံတကာ အဏုမြူ စွမ်းအင်အေဂျင်စီ International Atomic Energy Agency ၏  နောက်တိုး လိုက်နာရန် အချက်အလက်များ (Additional Protocol) ကို လက်မှတ်ရေးထိုးနိုင်ရန်နှင့် ၁၉၉၅ ခု Small Quantities Protocol ၏ ထပ်မံပြင်ဆင်ချက်ကို လက်ခံနိုင်ရန် နိုင်ငံတော် သမ္မတကြီးက အတည်ပြုပြီးဖြစ်ရာ လွှတ်တော်သို့ တင်ပြ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။” ဟု အစိုးရ သတင်း ထုတ်ပြန်ရေးအဖွဲ့က ကြေညာသည်။
မြန်မာပြည်ခရီးစဉ်အပေါ် အိုဘားမားကာကွယ်ပြောကြား
အချိန်မကျသေးဘဲ မြန်မာပြည် သွားရောက်လည်ပတ်တာလို့ ဝေဖန်နေတာတွေအပေါ် အိုဘားမားက သူ့ခရီးစဉ်ဟာ ဘိသိက်သွန်းတာ မဟုတ်တဲ့အကြောင်း ခုခံပြောဆိုလိုက်ပါတယ်။

“မြန်မာဟာ သူတို့ရှိသင့်တဲ့နေရာမှာ ရှိနေပြီလို့ ဘယ်သူမှ ထင်ယောင်ထင်မှား ဖြစ်မယ်မထင်ပါဘူး” ဟု အိုဘားမား က ထိုင်းဝန်ကြီးချုပ် ယင်းလတ်ခ် ရှင်နာဝပ်ထရာနှင့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

“တဖက်မှာလည်း ပြည့်စုံတဲ့ ဒီမိုကရေစီရတဲ့အထိအောင် ကျွန်တော်တို့စောင့်ပြီးမှ ထိတွေ့ဆက်ဆံရမယ်ဆိုရင် အကြာကြီးကိုပဲ စောင့်ရလိမ့်မယ်လို့ ကျွန်တော်တော့ သင်္ကာမကင်း ဖြစ်မိတယ်”

“ဒီခရီးစဉ်ရဲ့ ရည်မှန်းချက်တစ်ခုမှာ တိုးတက်မှုတွေကို မီးမောင်းထိုးပြဖို့ ဖြစ်ပေမယ့် အနာဂတ်မှာ ဒီထက်အများကြီး ပိုတိုးတက်အောင် လုပ်သင့်တဲ့ဟာတွေကိုလည်း ပြောဖို့ဖြစ်တယ်” ဟု သူက ပြောသည်။

(ကိုးကား : အေဘီစီ)
နိုဘယ်လ်ဆုရှင် အမျိုးသမီးများ အိတ်ဖွင့်ပေးစာ
ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် အမျိုးသမီးငါးဦးက သမ္မတအိုဘားမားနှင့် သမ္မတ ဦးသိန်းစိန်တို့ကို အိတ်ဖွင့်ပေးစာ တစ်စောင်ရေးသားပေးပို့ရာတွင် ရခိုင်ပြည်နယ်အတွင်း စနစ်တကျအကြမ်းဖက်လုပ်ဆောင်မှုများ အဆုံးသတ်ရေး လုပ်ဆောင်ရန် တိုက်တွန်းလိုက်သည်။

“လူ ၁၇ဝ သေဆုံးပြီး လူပေါင်း ၁၁၀၀၀၀ အထိအောင် သူတို့နေအိမ်တွေကနေ ရွှေ့ပြောင်းခဲ့ရတယ်ဆိုတဲ့ သတင်း
တွေသိရတဲ့အတွက် ကျွန်မတို့ နက်နက်ရှိုင်းရှိုင်းကိုပဲ စိတ်မကောင်းဖြစ်မိပါတယ်။ လူသားချင်း ဆိုင်ရာ အထောက် အကူပေးတာတွေအပေါ် ကန့်သတ်တာတွေ နဲ့ ကလေးတွေနဲ့ အမျိုးသမီးတွေ အပါအဝင် အကြမ်းဖက်မှုတွေကြောင့် အသက်မသေကျန်ရစ်သူတွေကို အရမ်းလိုအပ်နေတဲ့ ကျန်းမာရေး၊ အစားအသောက် နဲ့ နေစရာတွေ မရအောင် တားမြစ်တာတွေ အဆုံးသတ်ဖို့ကိုလည်း ကျွန်မတို့ တိုက်တွန်းပါတယ်” ဟုလည်း ကြေညာချက်တွင် ပါရှိသည်။
အိုဘားမား အဖိုးလည်း မြန်မာပြည် ရောက်ဖူး
အမေရိကန် သမ္မတ၏ ကင်ညာလူမျိုးအဖိုး ဟူစိန် အွန်ယန်ဂို အိုဘားမား (Hussein Onyango Obama) က ဒုတိယ ကမ္ဘာစစ် ကာလအတွင်းက မြန်မာနိုင်ငံသို့ အင်္ဂလိပ် စစ်တပ်၏ ဗိုလ်ကြီးတဦးအတွက် ထမင်းချက်အဖြစ် ရောက်ရှိ လာခဲ့ဖူးသည်။ သို့သော် အိုဘားမားသည် အဖိုးဖြစ်သူကို မမြင်ဖူးလိုက်ပါ။

အိုယန်ဂို အိုဘားမား (Onyango Obama) က ၁၈၉၅ ခုနှစ်တွင် မွေးဖွားခဲ့သည်ဟု ယုံကြည်ရသည်။ လူအို မျိုးနွယ်စု (Luo tribe) ဝင် တဦးဖြစ်ပြီး၊ ကင်ညာနိုင်ငံရှိ ကိုလိုနီ အရာရှိများထံတွင် အစေခံအဖြစ် နှစ်များစွာ အလုပ်လုပ်ကိုင် ခဲ့သည်။ သူ၏ သား ပထမ ဘားရက် ဟူစိန် အိုဘားမားက နောက်ပိုင်းတွင် သမ္မတဖြစ်လာမည့် အိုဘားမား၏ ဖခင်ဖြစ်သည်။ စစ်အတွင်းက မြန်မာနိုင်ငံတွင် ကင်ညာလူမျိုး ၇၅,၀၀၀ ခန့် တာဝန် ထမ်းဆောင်ခဲ့ကြသည်။

(ကိုးကား။ ။ နယူးယော့တိုင်းမ်)
ဦးသိန်းစိန် ရန်ကုန်ပြန်လာ
မနက်ဖြန်တွင် ရောက်ရှိလာမည့် သမ္မတ အိုဘားမားနှင့် တွေ့ဆုံရန် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် အာဆီယံ ထိပ်သီး အစည်းအဝေး တက်နေသော မြန်မာ သမ္မတ ဦးသိန်းစိန်သည် ယနေ့ (တနင်္ဂနွေနေ့ည)တွင် ရန်ကုန်မြို့ သို့ ပြန်လာမည် ဖြစ်သည်။

သမ္မတ အိုဘားမားသည် သူ၏ ခြောက်နာရီကြာ ရန်ကုန်မြို့ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ နယ်ပယ် အသီးသီးမှ ဖိတ်ကြားထားသော ပုဂ္ဂိုလ်များ၊ ရန်ကုန်ရှိ အမေရိကန် သံရုံး ဝန်ထမ်းများနှင့် တွေ့ဆုံမည် ဖြစ်သည်။

ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် သမ္မတ အိုဘားမားက နယ်ပယ် အသီးသီးမှ ဖိတ်ကြားထားသော ပုဂ္ဂိုလ်များကို ဟောပြောမည် ဖြစ်သည်။

နေ့လည်စာကို အမေရိကန် သံရုံးတွင်ပင် စားသုံးမည် ဖြစ်သည်။
အကျဉ်းသား ၆၆ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရ
သမ္မတ ဘားရက်အိုဘားမား လာရောက်မည့် ခရီးစဉ် အကြိုညတွင် မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အကျဉ်းသား ၆၆ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သည်ဟု နိုင်ငံပိုင် မီဒီယာက ထုတ်ပြန်သည်။

လွှတ်ပေးရမည့် သူများနှင့် ပတ်သက်၍ နိုဝင်ဘာ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တွင် စိစစ်ခဲ့ခြင်း ဖြစ်သည်ဟု
ကြေညာချက်တွင် ပါရှိသည်။

ယခု လွှတ်ပေးမှုတွင် နိုင်ငံရေး အကျဉ်းသားများ ပါရှိလိမ့်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။
ရန်ကုန်လေဆိပ် လေယာဉ် ခရီးစဉ်များ ရွှေ့ဆိုင်း
သမ္မတ အိုဘားမားခရီးစဉ်ကြောင့် ရန်ကုန် မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေယာဉ် ခရီးစဉ်များခေတ္တ ဆိုင်းငံ့ထားမှာ ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီး ဌာနက ထုတ်ပြန်သည်။

တနင်္လာနေ့ နံနက် ၉  နာရီမှ ၁၀ နာရီအတွင်းနှင့် ညနေ ၃ နာရီမှ ၄ နာရီအတွင်း ပုံမှန် လေယာဉ် ခရီးစဉ်များကို
နောက်သို့ ရွှေ့လိုက်ခြင်း ဖြစ်သည်။

နံနက်ပိုင်း အချိန်တိုက်နေသော လေယာဉ်များကို နံနက် ၁၀ နာရီ နောက်ပိုင်းနှင့် ညနေပိုင်း လေယာဉ်များကို ညနေ ၄ နာရီနောက်ပိုင်း ပြောင်းရွှေ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
Obama-Invitation-letter
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ဟောပြောမည့် အမေရိကန်သမ္မတ အိုဘားမား၏ ပွဲသို့ ဖိတ်ကြားသူများအတွက် ဖိတ်ကြားစာ
Obama-Graffiti1
Obama-Graffiti2
အိုဘားမားကို ကြိုဆိုဂုဏ်ပြုသောအာားဖြင့် Art Entertainment မှ လူငယ်တစ်စုက ဂရပ်ဖတီတစ်ခုကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ SSS ကားအရောင်းစင်တာအနီး အုတ်နံရံပေါ်တွင် ရေးဆွဲနေစဉ်။ ထိုအဖွဲ့က နိုဝင်ဘာ ၁၁ ရက်နေ့က အိုဘားမားပုံတူ ဂရပ်ဖတီကို ကန်တော်ကြီးတာဝါတွင် ရေးဆွဲရာ နာရီအနည်းငယ်အကြာတွင်ပင် အမည်မသိလူတစ်ချို့၏ ဖျက်ဆီးခြင်းခံခဲ့ရသည်။
obama-security-team-arrive-ygn-airportရက်အတန်ကြာက ရိုက်ကူးထားသော ပုံဖြစ်ပါသည်။ သမိုင်းတွင် အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်ရန် အမေရိကန် လုံခြုံရေး အဖွဲ့များက ပစ္စည်းများ သယ်ယူလာသော လေယာဉ် ရန်ကုန် မင်္ဂလာဒုံလေဆိပ်တွင် တွေ့ရစဉ်။ ဓာတ်ပုံ S Nay Win Tun။ အိုဘားမားသည် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့
နိုဝင်ဘာ ၁၉  ရက်နေ့တွင် ခြောက်နာရီကြာ လာရောက် လည်ပတ်မှာဖြစ်ရာ မြန်မာ့သမိုင်းတွင် အမေရိကန် သမ္မတ၏  ပထမဆုံး ခရီးစဉ်ဖြစ်လာပါမည်။

Posted By Online News Media Group 7:00 AM

မူတူးဆေးဖိုး KNU စစ်ဦးစီးချုပ်အဖြစ် ဆက်လက်တာဝန်ယူဦးမည်

ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ထုတ်ပယ်ခြင်း ခံရသည်ဟု ကြေညာထားသည့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး အပါအဝင် ကြီးသုံးကြီးအား ရာထူးမှ ရပ်စဲခဲ့ခြင်းမှာ ကွန်ဂရက် ကသာ အဆုံးအဖြတ် ပေးနိုင်မည်ဟု ပုံမှန် ဗဟိုကော်မီတီ အစည်းအဝေးတွင် ချမှတ်ခဲ့ကြောင်း တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁)ဗဒိုစောလှငွေ  ပြောသည်။

ဗဟိုကော်မတီ ၄ဝ တက်ရောက်သည့် အဆိုပါ အစည်းအဝေးကို KNU ထိန်းချုပ် နယ်မြေတွင်းရှိ ဘားအံခရိုင်၊ လေးဝါး စခန်း၌ အောက်တိုဘာလ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၂ဝ ရက်နေ့ထိ ကျင်းပခဲ့ခြင်း ဖြစ်သည်။

“CEC (ဗဟိုအလုပ်အမှုဆောင်ကော်မတီ) က ဆုံးဖြတ်ချက် ချတာကို ဗဟိုကော်မီတီက သဘောမတူတော့ အရေးယူ
ဆောင်ရွက်ဖို့ အခက်အခဲ ရှိတယ်။ အရေးယူ ဆောင်ရွက်မယ် ဆိုရင်လည်းပဲ ဗဟိုကော်မီတီ ပုံမှန်နဲ့ ကွန်ဂရက် ဆက်လက် ကျင်းပဖို့အတွက် အနှောင့်အယှက် ရှိတဲ့ အတွက်ကြောင့် ကွန်ဂရက်ရဲ့ မူလ အခွင့်အရေး ဖြစ်တဲ့ ကွန်ဂရက်ရှေ့မှာ သဘောတူညီချက်အရ အသိအမှတ် ပြုထားတဲ့ ပုဂ္ဂိုလ်တွေကို ကွန်ဂရက်အထိ ပြန်ပါသွားနိုင်ခွင့် ရှိတယ်ဆိုတဲ့ မူလ Zero level ကို ပြန်သွားခဲ့ကြတယ်” ဟု ဗဒို စောလှငွေ က မဇ္ဈိမကို ပြောသည်။

ထို့ကြောင့် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးမှာ KNU ၏ တရားဝင် စစ်ဦးချုပ်အဖြစ် ကွန်ဂရက် ခေါ်ချိန်အထိ ဆက်လက်၍ တာဝန်ယူသွားမည် ဖြစ်ပြီး ယခင် ကြီးသုံးကြီးကို ထုတ်ပြီး နောက်ပိုင်း တင်ခဲ့သည့် ယာယီ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်
ဘောကျော်ဟဲမှာ တာဝန်မှ အလိုအလျောက် ပျက်ပျယ်သွားပြီ ဖြစ်သည်။

“အဓိက ညှိတာက လေးနှစ် တကြိမ် ချထားတဲ့ နိုင်ငံရေးလမ်းစဉ်၊ နိုင်ငံရေးနဲ့ ဆိုင်တဲ့ ရှေ့လုပ်ငန်းစဉ်ကို ညှိကြတာ။ ကွဲလွဲမှု မရှိပါဘူး။ ကြိုတင် တိုင်ပင်ပြီးမှ လုပ်ရမယ့် အလုပ်ကို လုပ်ပြီးမှ ပြန်တင်ပြတော့ ပြဿနာ ဖြစ်ခဲ့တာအပေါ်
ပြန်လည် သုံးသပ်ပြီး လုပ်ထုံးလုပ်နည်းနဲ့ သေသေချာချာ လုပ်ငန်းပိုင်းဆိုင်ရာ အဓိပ္ပါယ် ဖွင့်ဆို၊ အစီအစဉ်တွေ အားလုံး ချမှတ်ပြီးတော့မှ အစီအစဉ်အတိုင်း လုပ်ကြဖို့ကို ကျနော်တို့ သဘောတူညီမှု ပြန်ယူခဲ့ကြတယ်” ဟု ဗဒိုလှငွေ က ဆက်ပြောသည်။

ထိုသို့ ပြန်လည် သုံးသပ်ချက်အရ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၏ မြဝတီမြို့ရှိ ဆက်ဆံရေးရုံး သွားရောက် ဖွင့်လှစ်ခဲ့ သည့် လုပ်ရပ်မှာ လုပ်ဟန် အမှားသဘော သက်ရောက်နေသည်ဟု ဆိုနိုင်သည်။

“သူတို့ ကိုယ်၌ကလည်း စေတနာ အရင်းခံနဲ့။ အခြေခံမူတွေ အပေါ်မှာ ဖောက်လွှဲ ဖောက်ပြန် လုပ်တာ မဟုတ်ဘူး။ သို့သော်လည်းပဲ ဒီလိုမျိုး အလျှင်အမြန် လုပ်ရမယ်၊ လုပ်ဖို့ လိုအပ်တယ်လို့ ယူဆပြီး လုပ်တော့ လုပ်ထုံးလုပ်နည်း
တွေနဲ့ သူတို့ လုပ်ပုံလုပ်နည်းတွေက အားနည်းမှု ရှိတယ်ဆိုတာ သူတို့ကိုယ်တိုင် ဝန်ခံတာတွေ ရှိပါတယ်” ဟု ဗဒို စောလှငွေ က ဆက်ပြောသည်။

မူတူးဆေးဖိုး၊ လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒိုရောဂျာခင်နှင့် တွဲဖက် အတွင်းရေးမှူး (၂) လည်းဖြစ် ဗဟို တရားရေးဌာန တာဝန်ခံ ဗဒိုဒေးဗစ်ထော တို့အား ရာထူးမှ ရပ်ဆိုင်းရေး CEC ဆုံးဖြတ်ချက် ချရာတွင် ပါဝင်ခဲ့ သည့် KNU အထွေထွေ အတွင်းရေးမှူး နော်စီ ဖိုးရာစိန် က “ကျမတို့ စည်းလုံးညီညွတ်ရေး ဖော်ဆောင်ပြီးတော့ ကရင် တမျိုးသားလုံးအတွက် KNU က ချမှတ်ထားတဲ့ မူအတိုင်းက အားလုံးက လိုက်နာနိုင်မယ်ဆိုရင် ကျမတို့ ဆက်ပြီး သွားနိုင်မယ့် အပိုင်း၊ သွားလို့ ရပါတယ်” ဟု မဇ္ဈိမအား မှတ်ချက်ပြု၍ ပြောကြားခဲ့သည်။

အစည်းအဝေး အတွင်း၌ စစ်ဦးစီးချုပ်တို့ဘက်မှ တင်းတင်းမာမာ တုန့်ပြန်ပြောဆိုမှု မရှိဘဲ ညီညီ ညွှတ်ညွှတ်နှင့် ချမှတ် ထားသည့် မူအတိုင်း ရှေ့ဆက် လုပ်ဆောင်သွားကြရန် သဘောတူညီမှု ရရှိခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတော် အစိုးရနှင့် ဆက်လက် ဆောင်ရွက် သွားရန်ကိုလည်း အစည်းအဝေးတွင် တညီတညွှတ်တည်း သဘောထားပြုခဲ့ကြသည်။

ရရှိထားသည့် အပစ်အခတ် ရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းသွားကာ နိုင်ငံရေး ပြဿနာကိုလည်း ဆက်လက်
ဆွေးနွေး ဖြေရှင်းသွားမည်ဟု ဆိုသည်။

KNU ၏ ၁၅ ကြိမ်မြောက် ကွန်ဂရက်ကို ယခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ခန့်မှ စတင်ကာ ဒီဇင်ဘာ လလယ်ခန့်ထိ
ခေါ်ဆိုကျင်းပနိုင်ရန် ရည်ရွယ်ထားသည်ဟု သိရှိရသည်။

Posted By Online News Media Group 6:54 AM

ရွာပြောင်းခြင်းကိစ္စ ITD လုပ်ကြံပြောကြောင်း ထားဝယ်အဖွဲ့ဆို

 ထားဝယ် စီမံကိန်း နယ်မြေအတွင်းရှိ ကျေးရွာများမှ ဒေသခံများကို ထိုနယ်မြေမှပြောင်းရွှေ့ပြီးလုပြီဟု အီတာလျံ-ထိုင်း ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ (ITD) ၏ ပြောဆိုမှုသည် မဟုတ်မှန်ကြောင်းနှင့် ၎င်းသည် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်လိုခြင်းသာ ဖြစ်ကြောင်း ထားဝယ် လူထုအခြေပြုအဖွဲ့တခုက ဗုဒ္ဓဟူးနေ့တွင် ပြောဆိုလိုက်သည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာနှင့် အင်တာဗျူးတခုတွင် ITD ၏ အုပ်ချုပ်မှု ဒါရိုက်တာ Mr Premchai က ထိုကဲ့သို့ ပြောဆိုမှုနှင့် ပတ်သက်ပြီး ထားဝယ်ဒေသအတွင်း လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်လာစေရန်
နှင့် ကာကွယ် စောင့်ရှောက်ရန်အတွက် သတင်းအချက်အလက်များ ဖြန့်ဖြူးနေသည့် ထားဝယ် လူထုအသံ (Tavoyan Voice) က တုံ့ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
Daweiproject
“ရွာပြောင်းဖို့ အောက်ခြေမှာ ဆွေးနွေးထားတာ ဘာမှ မရှိသေးဘူး။ အဲဒါကြောင့် သူတို့ ပြောတာ မမှန်ဘူး။ သူတို့က
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာအောင် လုပ်ပြီး ပြောတာပဲ ဖြစ်မယ်လို့ ကျမတို့ သုံးသပ်ပါတယ်” ဟု Tavoyan Voice ၏ ပြောရေးဆိုခွင့် ရှိသူ မလွင်လွင် က မဇ္ဈိမကို ပြောသည်။

ထို့ပြင် “ITD မှ လျော်ကြေးငွေ ပေးချေခြင်းနှင့် ပက်သက်၍ ညှိနှိုင်းဆွေးနွေးမှုများကို ဒေသခံရွာသားများနှင့် ဆက်လက်ပြုလုပ်နေသော်လည်း ရွှေ့ပြောင်းပေးရေးနှင့် ပတ်သက်၍ ရွာသားအများစုကို စည်းရုံးသိမ်းသွင်းရာတွင်
အောင်မြင်နိုင်ခြင်း မရှိသေးပေ” ဟုလည်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု ရရှိရန် ရည်ရွယ်သည့် ITD အုပ်ချုပ်မှု ဒါရိုက်တာ၏ လွဲမှားစွာ ထုတ်ဖော်ပြောဆိုမှု သည် ဒေသခံရွာသားများအား တုန်လှုပ်မှု ဖြစ်စေသည် ဟုလည်း ထုတ်ပြန်ချက်က ဆိုသည်။

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ထားဝယ်ခရိုင် ရေဖြူနှင့် လောင်းလုံမြို့နယ်ရှိ ရွာပေါင်း ၁၆ ရွာမှ ဒေသခံ ၃ဝ,ဝဝဝ ကျော် နေရာသစ် ၃ နေရာသို့ ပြောင်းရွှေ့ရမည် ဖြစ်သည်ဟု ထားဝယ် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (DDA) မှ ကိုလေးလွင် က ပြောသည်။

ရေဖြူမြို့နယ်၊ နဘုလယ် ဒေသရှိ မူးဒူး၊ ပရဒပ်၊ လဲရှောင်၊ ဆင်ကြီးနှင့် မယင်းကြီး ၅ ရွာကို ဘဝါမြို့သစ်သို့ လည်းကောင်း၊ မင်းဒပ်၊ ပိန်းရှောင်၊ သစ်တိုထောက်၊ ရလိုင်၊ ပုဂေါဇွန်း၊ သပြေဇွန်း၊ ခမောက်ချောင်း စသည် ၁ဝ ရွာကို ပုဂေါဇွန်းရှိ စက်မှုဇုန်အနီးသို့ လည်းကောင်း၊ လောင်းလုံမြို့နယ်ရှိ ညောင်ပင်ဆိပ်ရွာကို ပန်းတင်အင်းရွာသို့ လည်းကောင်း အသီးသီး ပြောင်းရွှေ့ရမည်ဟု ဆိုသည်။

လက်ရှိတွင် စီမံကိန်း၏ မြောက်ဖက်အခြမ်းတွင် ရှိသည့် ဘဝါမြို့သစ် ပြန်လည် နေရာချထားရေး စခန်းတွင် အိမ်သစ် ၃၄ဝ ကျော်ကို ဆောက်လုပ်ပြီးစီးပြီ ဖြစ်ပြီး မူးဒူးရွာ တရွာကိုသာ ၂ဝ၁၃ ခုနှစ်၊ ဇွန်လ မတိုင်မီ ပြောင်းရွှေ့ရန် စီစဉ်နေသည်ကို သိရှိရကြောင်း ကိုလေးလွင် က ပြောသည်။

မယင်းကြီးကျောင်း ဆရာတော် ဦးသြဘာသ ကလည်း မူးဒူးရွာနှင့် ညောင်ပင်ဆိပ်ရွာ နှစ်ရွာကိုသာ ပြောင်းရွှေ့ရန် ITD က ညှိနှိုင်းဆွေးနွေးခဲ့ပြီး အများစုမှာ မပြောင်းလိုကြကြောင်း မိန့်သည်။

“အခု ပြောင်းဖို့ ပြောထားတဲ့ မူးဒူးရွာက ဆိုရင် ပြောင်းမယ်လို့ ဝန်ခံထားတာ နည်းနည်း။ မပြောင်းဘူးလို့ ငြင်းတာ များများ ဖြစ်နေတယ်။ ညောင်ပင်ဆိပ်မှာ ဆိုရင် သုံးလေးယောက်ပဲ ပြောင်းမယ်လို့ ပြောပြီး ကျန်တဲ့ တရွာလုံးက မပြောင်းဘူးလို့ ပြောနေကြတယ်” ဟု မိန့်ကြားသည်။

ဒေသခံများ မပြောင်းလိုကြသည့် အကြောင်းမှာ မိရိုးဖလာ သက်မွေးဝမ်းကြောင်း လုပ်ငန်း ဖြစ်သည့် လယ်ယာနှင့် ဥယျာဉ်ခြံ စိုက်ပျိုးရေး လုပ်ငန်းများ ပြောင်းရွှေ့ခံရသည့် နေရာသစ်တွင် လုပ်ကိုင်ရန် မဖြစ်နိုင်၍ ဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် ကျေးရွာများ ပြောင်းရွှေ့ခြင်း မရှိသေးသည့်အတွက် အိမ်ခြံမြေ လျော်ကြေး ကိစ္စကို မဆွေးနွေးရသေးဘဲ စီမံကိန်းဒေသအတွင်းရှိ ဥယျာဉ်ခြံမြေကိစ္စကိုသာ ကုမ္ပဏီဘက်က လျော်ကြေးသဘော မပါသည့် လိုက်လံဝယ်ယူမှု များ ပြုလုပ်နေကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

“နောက်တော့ တပြားမှ မရဘဲ ဖြစ်သွားမယ်။ အခုပေးတဲ့ ဈေးဟာ တော်လောက်ပြီ၊ တန်လောက်ပြီ။ မင်းတို့ နဂို
ရေနက်ဆိပ်ကမ်း မရှိခင်တုန်းက တသိန်း နှစ်သိန်း ရတဲ့ခြံဟာ အခု ဆယ်သိန်း ဆယ့်ငါးသိန်း ရရင် တော်လှပြီ။ အခုကတည်းက ရတဲ့ဈေးနဲ့ ရောင်းထားမှ အဆင်ပြေမယ်ပေါ့။ ဒီလိုမျိုးလေးတွေ ပြောပြီးမှ ဝယ်တာပေါ့လေ” ဟု မိန့်သည်။

၎င်းပြင် စီမံကိန်း အစိတ်အပိုင်းတခု ဖြစ်သည့် ရေကာတာ တည်ဆောက်ရေး စီမံကိန်းကြောင့် ရေဖြူမြို့နယ်အတွင်းရှိ အိမ်ထောင်စု ၁၈ဝ ကျော် ရှိသည့် ကလုံးထာ ကျေးရွာမှာလည်း ပြောင်းရွှေ့ခံရဖွယ် ရှိပြီး ရွာသားများက ပြောင်းရွှေ့ရန်
ငြင်းဆန်နေဆဲ ဖြစ်သည်။

ITD အနေဖြင့် မြန်မာနိုင်ငံနှင့် နားလည်မှု စာချွန်လွှာကို ၂ဝဝ၈ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်ပြီး ထားဝယ် စီမံကိန်းကို စတင်ခဲ့သည်။ ထို ၁ဝ နှစ် စီမံကိန်းတွင် ရေနက်ဆိပ်ကမ်းများ၊ စက်ရုံအလုပ်ရုံကြီးများ၊ ရုံးအဆောက်အအုံ များနှင့် စီးပွားရေးနှင့် ကုန်သွယ်မှု ဧရိယာများ ပါဝင်သည်။

ကုမ္ပဏီ အနေဖြင့် စီမံကိန်း အကောင်အထည် ဖော်ရန်အတွက် ကန်ထရိုက် ရရှိခဲ့ခြင်း ဖြစ်ပြီး စီမံကိန်း၏ ပထမအဆင့် တန်ဖိုးမှာ ဒေါ်လာ ၈.၆ ဘီလီယံခန့် ရှိသည်။

အခက်အခဲများ ကြုံတွေ့လာရပြီးနောက် စာချုပ်တွင် ပါရှိသည့် ထားဝယ် အထူး စီးပွားရေးဇုန်အတွင်း စက်မှုဇုန် နယ်မြေ ဧရိယာအား ၂၅ဝ စတုရန်း ကီလိုမီတာမှ ၂ဝဝ စတုရန်း ကီလိုမီတာသို့ လျှော့ချခဲ့ရပြီး စီမံကိန်း၏ အစိတ်အပိုင်းတခု ဖြစ်သည့် ၄,ဝဝဝ မဂ္ဂါဝပ်ထုတ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံကိုလည်း ၄ဝဝ မဂ္ဂါဝပ်သို့ လျှော့ချခဲ့ရသည်။

ထိုစီမံကိန်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် မစ္စယင်လတ် ရှင်နာဝပ်တို့ နိုဝင်ဘာလ ၁၉ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အရေးကြီး ဦးစားပေး စီမံကိန်းများကို ၂ဝ၁၅ ခုနှစ်တွင် အပြီးတည်ဆောက်ရန် သဘောတူညီခဲ့ကြသည်။

Posted By Online News Media Group 6:53 AM

လယ်တီ သပိတ်စခန်းတွင် ရိက္ခာ၊ ဆေးဝါးနှင့် သောက်ရေ ခက်ခဲလာ

ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်စဲရေး ဆန္ဒပြနေသည့် လယ်တီဆရာတော် ဘုရားကြီး သီတင်းသုံးခဲ့တော်မူခဲ့ရာ တောင်ပေါ် အမှတ် ၂ သပိတ်စခန်းတွင် ရိက္ခာ၊
သောက်သုံးရေနှင့် ဆေးဝါး အခက်အခဲ ဖြစ်ပေါ်လာနေကြောင်း ထိုသပိတ်စခန်းမှ တာဝန်ရှိသူတဦး က ပြောသည်။

“ကျနော်က လယ်တီဆရာတော်ဘုရားရဲ့ သိမ်တော်ပေါ်မှာပေါ့။ သပိတ်မှောက် အင်အားစုက ၂ဝဝ လောက် ရှိတယ်။ ရိက္ခာနဲ့ သောက်ရေ ကတော့ တော်တော်လိုတယ်။ ပြီးတော့ ဆေးဝါး။ တောင်ပေါ်မှာက ညပိုင်းဆို အေးတယ်။
နှာစေး၊ ချောင်းဆိုး အဖြစ်များနေပါတယ်။ ရာသီအကူးအပြောင်းမှာ တုတ်ကွေး ဖြစ်လာနိုင်ပါတယ်” ဟု ပြည်သူ့ အကျိုးဆောင် ကွန်ယက်မှ ကိုအောင်စိုး က မဇ္ဈိမကို ပြောသည်။
laepatoungdemo1
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်စဲရေး ဆန္ဒပြနေသည့် အမှတ် ၂ သပိတ်စခန်းတွင် ရိက္ခာ၊ သောက်သုံးရေနှင့် ဆေးဝါး အခက်အခဲ ဖြစ်ပေါ် (ဓါတ်ပုံ - OpenSociety Monywa)

ရိက္ခာကို ကားဖြင့်သယ်ယူခွင့်ပြုရန် အာဏာပိုင်များကို တောင်းဆိုထားသော်လည်း ဆိုင်ကယ်ဖြင့်သာ အနည်းငယ်စီ သယ်ယူ ခွင့်ပြုကြောင်း ၎င်း က ဆက်ပြောသည်။

“တော်တော် ဒုက္ခရောက်ပါတယ်။ ကျနော်တို့ကတော့ တောင်ကြားလမ်းတွေမှာ လူနဲ့ သယ်ချင်သယ်မယ်။ တောင်တွေ
ကျော်ပြီး ခက်ခက်ခဲခဲတော့ သယ်ရမှာပေါ့။ သူတို့ကတော့ အထက်က တားလို့ အထက်က ပိတ်လို့ လို့ ပြောပါတယ်” ဟု ဆိုသည်။

ထိုသပိတ်စခန်းရှိ သပိတ်မှောက်သူများ အင်အားနည်း၊ စိတ်ပျက်ကာ သပိတ်စခန်း ရွှေ့ပြောင်းသွားစေရန် အာဏာပိုင်များက ကြိုးစားနေကြောင်း သူက ဆက်ပြောသည်။

“ညဘက်ပိုင်းမှာ အာဏာပိုင်တွေက လာလာပြီး ဆင်းခိုင်းတာ ရှိတယ်။ လုံးဝ အောက် မဆင်းပါဘူး။ အသေခံပြီး ကာကွယ်သွားမှာပါ။ တောင် ၃၃ လုံးမှာ လုပ်နေတဲ့ လုပ်ငန်း မှန်သမျှကို အပေါ်သပိတ်စခန်းက ချက်ချင်း သွားတားနိုင်တဲ့အတွက် အောက်မှာ ဘယ်လောက်ပဲ ဆန္ဒပြပြ သူတို့က ဂရုမစိုက်ဘဲ အပေါ်မှာ ဆက်လုပ်တယ်။ အပေါ်မှာက စက်တွေ လည်တယ်၊ မိုင်းတွေခွဲတယ်။ ဒါကြောင့် အပေါ်မှာ သပိတ်စခန်း ဖွင့်လိုက်တာ” ဟု ဆိုသည်။

ဒုတိယ လယ်တီဆရာတော် ဘုရားကြီး သိမ်တော်ပေါ်ရှိ သပိတ်စခန်းမှ သပိတ်မှောက် ဆန္ဒပြသူများက ကုမ္ပဏီ၏ စက်ယန္တယားများ မောင်းနှင်လည်ပါတ်မှုကို လိုက်လံ တားမြစ်၍ ယခုအခါ ရပ်နားထားကြောင်း သိရသည်။

“အခု မမောင်းတော့ပါဘူး။ သူတို့ ရပ်နားထားတာ လေးရက်ပဲ ရှိသေးတယ်” ဟုဆိုသည်။

၂ဝ၁၃ မတ်လ ကုန်ပိုင်းအထိ စီမံကိန်းအား ယာယီရပ်ဆိုင်းထားရန်နှင့် ပြည်ထောင်စု အဆင့် ဝန်ကြီးများ ဆွေးနွေးပြီး ချိန်တွင် လွှတ်တော်မှ ထွက်ပေါ်လာမည့် အကောင်းဆုံး အဖြေကို မျှော်လင့်ထားကြောင်း ၎င်း က မဇ္စျိမကို ပြော သည်။

သပိတ်မှောက်သူများတွင် သံဃာတော်များ၊ ဒေသခံကျေးရွာသူ၊ ရွာသားများ၊ အကျိုးဆောင် ကွန်ယက်များ၊ လက်ပံတောင်းတောင် အကျိုးစီးပွားကာကွယ်ရေး ကော်မတီ၊ ဗကသ ကျောင်းသားများ ပါဝင်သည်။

မြန်မာ့စီးပွားရေး ဦးပိုင် လိမိတက်နှင့် တရုတ် ဝမ်ပေါင် ကုမ္ပဏီတို့သည် ထိုကြေးနီ စီမံကိန်းအတွက် ဒေသခံ လယ်သမားများ၏ လယ်ယာမြေ ဧက ၇,၈ဝဝ ကျော် သိမ်းပိုက်လိုက်သဖြင့် လယ်သမားများ မကျေနပ်၍ ဇွန်လမှ စတင်ကာ ဆန္ဒပြပွဲများ၊ သပိတ်မှောက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

ကုမ္ပဏီက စီမံကိန်း ရပ်ဆိုင်းခြင်းဘဲ ဒေသခံများ ကျန်မာရေး ထိခိုက်လာနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီး ဆုံးရှုံးနိုင်ခြင်း၊ ဘာသာရေးအရ လယ်ဒီ ဆရာတော်ကြီး တရားကျင့်ခဲ့ရာ သိမ်နေရာလည်း ပျောက်ပျက်သွားနိုင်သဖြင့် သာသနာ့အမွေအနှစ်တခု ဖြိုချခံရမည်ကို ဒေသခံပြည်သူများက စိုးရိမ်လျက်ရှိသည်။


Posted By Online News Media Group 6:53 AM

လယ်သမားအရေး သတင်း သွားယူခဲ့သူ နှစ်ဦး တရားစွဲခံထားရ

ဧရာဝတီတိုင်း၊ ကျောင်းကုန်မြို့နယ် လယ်သမားများနှင့် အင်းသူကြီးအရေး သတင်းသွားရောက် ယူပြီး အပြန်တွင် Burma VJ မီဒီယာမှ သတင်းထောက် ကိုမျိုးကျော် (ခေါ်) ညီထွေးနှင့် New Day မီဒီယာမှ အလွတ်သတင်းထောက် မကြည်ငြိမ်းသော် တို့ကို ပန်းတနော် ရဲစခန်းတွင် အင်းသူကြီးက ပုဒ်မ ၃ ခုဖြင့် တရားစွဲဆိုထားကြောင်း သိရှိရသည်။

ပိုင်နက် ကျူးကျော်မှု၊ သူတပါး အကျိုးစီးပွား ဖျက်ဆီးမှု၊ အများနှင့် ပူးပေါင်း ကြံစည်မှု ဟူသည့် ပုဒ်မ ၄၄၇၊ ၄၂၇၊ ၃၄ တို့ဖြင့် တရားစွဲသဖြင့် ကိုယ်ပိုင် ခံဝန်ချက်ဖြင့် ပြန်လည် လွှတ်ပေးလိုက်သည်ဟု New Day ဂျာနယ်မှ အလွတ် သတင်းထောက် မကြည်ငြိမ်းသော် က ပြောသည်။

“လယ်သမားတွေနဲ့ အင်းသူကြီးတွေနဲ့ ဖြစ်တဲ့ကိစ္စကို သတင်းသွားယူတာ။ မှတ်တမ်း ဓါတ်ပုံတွေ ရိုက်တယ်။
ပြန်အလာမှာ ကျမတို့ကို စခန်းခဏလိုက်ခဲ့ပါ၊ မြို့နယ် အုပ်ချုပ်ရေးမှူးက စကားပြောချင်တယ်ဆိုလို့ လိုက်သွားတာ။ ည ၅ နာရီခွဲမှာ မေးမြန်းတယ်။ ကျောင်းကုန်းမှာ ဖြစ်တယ်ဆိုပေမယ့် ပန်းတနော်ကပဲ စစ်တယ်။ ၁၂ နာရီ ဝန်းကျင် မှာ ကျောင်းကုန်းက ရဲတွေ ရောက်လာပြီးတော့ ဒီရဲစခန်းမှာ အင်းပိုင် ဦးမှုံ က အမှုဖွင့်ထားတယ်” ဟု မဇ္ဈိမကို
ပြောသည်။

ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် လယ်သမားများ ၅ဝဝ ကျော် မှီတည် လုပ်ကိုင် စားသောက်နေသော ကညွတ်အိုင် အင်းအား အင်းပိုင် ဦးမှုံ က ယင်းတားများဖြင့် တားလိုက်ပြီးနောက် လယ်သမားများက နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ရေလာ ကောင်းစေရန် ထိုယင်းတားများ ဖယ်ရှားလိုက်ကြသည်။ ထိုသတင်းအား သွားရောက်ယူခဲ့ပြီး အပြန်တွင် ၎င်းတို့ နှစ်ဦးအား ကျောင်းကုန်းရဲစခန်းမှ ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားပြီးနောက် ထိုသို့ အင်းပိုင် က တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

မည်သည့်နေ့ တရားရုံးက ဆင့်ခေါ်မည်ကို မသိရသေးပေ။

ပန်းတနော် ရဲစခန်းမှ တာဝန်ရှိသူများက သတင်းထောက် နှစ်ဦး၏ သတင်းများ၊ ဓါတ်ပုံ မှတ်တမ်းများနှင့် အင်တာဗျူးများကို ကြည့်ရှု စစ်ဆေးခဲ့သော်လည်း သိမ်းယူခြင်း မရှိခဲ့ကြောင်း သိရသည်။

မကြည်ငြိမ်းသော် ကမူ သတင်းထောက်များအား ဝတ္တရားနှောက်ယှက်မှု ဖြစ်စေသည်ဟုဆိုကာ ယင်းတို့ဘက်မှ
ပြန်လည် တရားစွဲဆိုသွားမည်ဟု ပြောသည်။

၎င်းတို့ နှစ်ဦးနှင့်အတူ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO နှင့် ဆက်စပ် ဆောင်ရွက်သူများ ကွန်ယက်မှ ဦးသက်ဝေ ကိုလည်း တရားစွဲဆိုထားကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းတည်ငြိမ်ရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်သို့ တင်ပြရန် မှတ်တမ်း သွားရောက် ရိုက်ကူးစဉ် ယခုကဲ့သို့ တရားစွဲဆိုခံရခြင်းဖြစ်သည်ဟု ဦးသက်ဝေ က ပြောသည်။

“အခြေခံလူတန်းစားတွေ တဝမ်းအခါး ငါးရှာ၊ ဖားရှာနေတဲ့ ရေလုပ်သားတွေနဲ့ ပြေစာ ရှိနေတဲ့ လယ်သမားတွေက
ရေငတ်တယ်။ သူတို့ ဆယ်မြောင်းရေ ပြန်ရဖို့ စည်းကမ်းတကျနဲ့ တားထားတဲ့ ယင်းတွေကို ဖျက်ဆီးတာ မဟုတ်ဘူး
နော်၊ စနစ်တကျ ဖယ်ရှားပြီးတော့ ပုံအပ်ခဲ့တာကို အဓိကရုဏ်း လုပ်တယ်ဆိုပြီး ကျနော်တို့ကို တရားစွဲတာ” ဟု ဦးသက်ဝေ က ပြောသည်။

အင်းသူကြီး ဦးမှုံ ၏ ပိုင်နက် ကျူးကျော်မှုဖြင့် စွပ်စွဲခံထားရသည့် သဲခုံရွာမှ လယ်သမား ၅ဝ ဦးအား အင်္ဂါနေ့က
ကျောင်းကုန်း ရဲစခန်းမှ ခေါ်ယူ မေးမြန်းခဲ့ပြီး ဗုဒ္ဓဟူးနေ့တွင် ဆိတ်ဖူးနီရွာမှ လယ်သမားသား ၅ဝ ဦးတို့အား ထပ်မံ
မေးမြန်းခဲ့သည်ဟု ဦးသက်ဝေ က မဇ္ဈိမကို ပြောဆိုသွားသည်။

Posted By Online News Media Group 6:52 AM

ကိုယ်ချင်းစာ 'နာ' ခဲ့ရပါသည်

thn-14-11-12-8
ယူဂန္ဓာနိုင်ငံရှိ မူလတန်းကျောင်းတွင် ပညာသင်ကြားနေစဉ်

(၁)
ဝန်ထမ်းလစာတွေနည်းသည်။ အခြေခံဝန်ထမ်းများ၏ လစာတွေ နည်းသည်။ ဆရာများ၏ လစာနည်းသည်။ မူလတန်းဆရာများ၏ လစာအင်မတန်နည်းသည်။
နိုင်ငံတစ်ခုတည်ဆောက်ဖို့ ပညာရေးသည် အင်မတန်အရေးကြီး သည်။ဒီအတွက် ဆရာကောင်းများလိုသည်။ဆရာကောင်းတွေ ကျောင်းတွေမှာမရှိသလောက် နည်းကုန်ပါပြီ။ကျောင်းတွေမှာ အမျိုးသားဆရာတွေကုန်ပါပြီ။ အမျိုးသားဆရာသည် အိမ်ထောင်ဦးစီးဖြစ်သည်။ဆရာများသည် အိမ်ထောင်ဦး စီးရန် လုံလောက်သောလစာမရ၍ အများစုသည် အလုပ်ထွက်ကုန်ကြသည်။
ဥပဒေသ။ လစာကို ငှက်ပျောသီးပဲပေးရင်တော့ အလုပ်လုပ်ဖို့အတွက် မျောက်တွေကိုသာရမည်။
(၂)
မကြာသေးမီက သတင်းကောင်း များကိုကြားနေရသည်။ဆရာ၊ ဆရာမတွေ လခတိုးမယ်တဲ့။ ဘယ်လောက်တိုးမှာလဲ။မူလတန်းပြဆရာမလစာသည် အထက်တန်းပြဆရာမလစာနှင့် တူတဲ့အထိ တိုးမည်တဲ့။နောက်ဆရာ၊ ဆရာမတွေကို Laptop computer  တွေကို အခမဲ့ပေးမတဲ့။ အင်မတန်ကောင်းသော သတင်းဖြစ်သည်။ ထိုင်းနိုင်ငံတွင် ကျောင်းသားတွေကို Laptop computer တွေကို အခမဲ့ပေးသည်။ ဂိတ်ပေါက်ဝကိုတော့ ရောက်လာပါပြီ။
ဥပဒေသ။ စောစောလာလာ နောက်ကျလာလာ လာဖို့သာ အရေးကြီးသည်။
(၃)
ပြောရဦးမည်။ ကိုကျော်မြင့်တို့မောင်နှမ။ ကိုကျော်မြင့်အစ်မ မူမူမြင့်က စာတော်သည်။ရှစ်တန်းအောင်တော့ မူလတန်းဆရာမ ဖြစ်သွားသည်။ ကိုကျော်မြင့်ကတော့ ရှစ်တန်းကျသည်။ နှစ်နှစ်လောက်ကျတော့ အဖေက သူ့ကို ''မင်းရုံးမှာ ပြာတာ လုပ်ကွာ'' ဟုပြောသည်။ ၉၇ ကျပ်ရသည်။ လယ်လုပ်ရတဲ့ သူထက်တော့သာပါသည်။ပြာတာအလုပ်ဆိုသည်မှာ မဆိုးလှပါ။ ရုံးကိုလာသူတွေက လက်ဖက်ရည်တိုက်သည်။ စာရေးတွေကလည်း မုန့်ကျွေးသည်။တောကလာသူများ အသီးအနှံတွေကို ယူလာပေးသည်။ ဒီလိုနဲ့ သူအဆင်ပြေနေသည်။ အဖေက မင်းကိုးတန်းဖြေပါလားတဲ့။ ထိုအချိန်က ခုနစ်တန်းအောင်ထားလျင် အစိုးရစစ်သည့် ကိုးတန်းစာမေးပွဲဖြေလို့ရသည်။ ပြင်ပဖြေပေါ့။ကျောင်းထွက်လက်မှတ်ရ စာမေးပွဲဟုခေါ်သည်။အစ်မဖြစ်သူ မူမူမြင့်နှင့်အတူ သူစာကျက်ကာဖြေသည်။ ဒီလိုနှင့် သူရောမူမူမြင့်ပါ SLC စာမေးပွဲ အောင်သွားသည်။
သူက စာရေးရာထူး တက်သွားသည်။ မူမူမြင့်က မူလတန်းဆရာမ။
ကျော်မြင့် စာရေးကြီးဖြစ်သွားသည်။မူမူမြင့်က မူလတန်းဆရာမ။
ကျော်မြင့်ရုံးအုပ်ကြီး ဖြစ်သွားသည်။မူမူမြင့်က မူလတန်းဆရာမ။
ဒီလိုနဲ့ ပင်စင်ယူလိုက်ရသည်။ မူမူမြင့်ပင်စင်ယူသွားသည်။ ကိုကျော်မြင့်က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွင် ပါဝင်လာသည်။ လာဘ်လာဘ ပိုရွှင်လာသည်။ ကောင်း၏။
ဥပဒေသ။ အပြောင်းအလဲဆိုတာ ဆရာ၊ ဆရာမတွေအတွက် မရှိတတ်ပါ။
(၄)
ကျွန်တော်တို့ငယ်ငယ်က မူလ တန်းပြဆရာမတွေကို ကျွန်တော်သတိထားမိသည်။ သူတို့တပည့်တွေ စစ်ဗိုလ်ကြီးတွေအင်ဂျင်နီယာကြီးတွေ အရာရှိကြီးဖြစ်သွားကြသည်။သူတို့တော့ ဒီအတိုင်းဒီအတိုင်းပါပဲ။သူတို့ဘ၀သည် ဓားသွေးကျောက်လိုပါပဲ။ ဓားများထက်သွားသည်။ ဓားသွေးကျောက်ကတော့ တုံးကျန်ရစ်သည်။ တဖြည်းဖြည်းပါးသွားသည်။ နောက်တော့ သူတို့ မူလတန်းဆရာဖြင့် ပင်စင်ယူသည်။ သူတို့၏ ပင်စင်လစာသည် လက်ဖက်ရည်တစ်ခွက်ဖိုး ဖြစ်လာချိန်တွင် သူတို့ဘ၀ကို စဉ်းစားကြည့်ပါ။ ကွယ်လွန်သွားသည်အထိ သူတို့ဘယ်လို ရုန်းကန်သွားကြပါသလဲ။ ယနေ့ဝန်ထမ်းတွေ ပင်စင်လစာတိုးသည်။ဝမ်းသာစရာပါပဲ။
ဥပဒေသ။ ကောင်းပါသည်။ ကျောက်ခဲရေပေါ်သည်ဟု ပြောစမှတ်ပြုသည်။
(၅)
လစာငွေတွေကိုSmart card ဖြင့်ထုတ်ရမည်တဲ့။ ''ဓာတ်ဆီထုတ်သည့် Smart card သည် ကျပ် ၅၀၀ ပေးရသော် လည်း သူတို့၏ Smart Card သည် ၃၀၀၀ ပေးရမည်တဲ့။ (ပေးရပါသည်။)ထို Smart card တွေက ဘာတွေများ အသုံးကျသနည်း။ AMT ကတ်လို ဘဏ်တွေက စက်တွေမှာ ငွေထုတ်ရသည် မဟုတ်ပါ။ငွေရှိလျှင် ဘဏ်တိုင်းမှာ Smart card ကို အသာထိုးထုတ်လိုက်ရုံဖြင့် ငွေရနိုင်လျင် ဆရာများသည် Smart card ဖြင့် စမတ်ကျကျထုတ်နိုင်သည်။ ယခုတော့ ဒီ Smart card သည် ဆရာများ ပင်စင်စားများအတွက် ဘယ်လောက်မှ အသုံးမ၀င်သည်ကို သိသာထင်ရှားစွာ သက်သေပြနိုင်ပါသည်။ ပင်စင်စားနှစ်သိန်းအတွက် Smart card လုပ်(စား)သူ (Cronies)  များသည် ကျပ်သိန်းခြောက်ထောင် အသာလေးရသွားလေသည်။
အကယ်၍ ပင်စင်စားနှစ်သန်းရှိပါက သူတို့ကျပ်သိန်းနှစ်သောင်းကို ရသွားပေမည်။ ကျွန်တော်သိချင်တာတွေ အများကြီးပါ။အဆိုပါ Smart card ကို ဘယ်ကရသလဲ။နိုင်ငံခြားကရလျှင် နိုင်ငံခြားက၀ယ်ရသည်။ဘယ်လောက် ကျလဲ။ ဒီမှာ Software တွေရေးရတာ ဘယ်လောက်ကျလဲ။ ကျွန်တော်တို့ဆီမှာမရှိလို့ သူတို့ဆီက၀ယ်ရတာ ကောင်းပါသည်။သို့သော် လိုအပ်လျင်တော့ ကောင်းပါသည်။ ဓာတ်ဆီ Smart card သည် ဓာတ်ဆီဆိုင်က မသမာလုပ်သောကြောင့် ဖြစ်လာသည်။ သူတို့နှင့်အတူ စားသုံးသူအချို့ပေါင်းလုပ်သည်။ ထိုအတွက် နိုင်ငံခြားကို ပိုက်ဆံပေးလိုက်ရသည်။ပင်စင် Smart card က ဘာကြောင့် လုပ်တာလဲ။
ဥပဒေသ။ ရိတ်လို့ရသမျှ အကုန်ရိတ်သည်။
(၆)
စီမံခန့်ခွဲမှုများ မှန်ကန်ပါက ပြည်သူများစိတ်ချမ်းသာပြီး အလေအလွင့်နည်းပါမည်။(Cronies)များဟု ပြောလျင်မခံချင်ကြပါ။ (Cronies) များဆိုသည်မှာ အာဏာရှိသူများ လုပ်ပိုင်ခွင့်ရှိသူများနှင့် ပေါင်းစားသူများဖြစ်သည်။ သူတို့သည် ပြည်သူ့အကျိုးကို အဓိကထားဆောင်ရွက်သူများ မဟုတ်ပါ။ ဥပမာပြပါမည်။ ကျွန်တော်တို့ တိုင်းပြည်တွင် မော်တော်ကားနံပါတ်ကို တစ်ပြေးညီ ဆောင်ရွက်ဖို့ လိုအပ်သည်။ထိုနံပါတ်ကို လုပ်ခွင့်ရသူသည် နံပါတ်တစ်ခုလျင် ငွေတစ်ရာတော့ အမြတ်ရသည်။ ကားတစ်သိန်းဆို လျင်သိန်းတစ်ရာ မြတ်သည်။သူ့လုပ်အားတွေ အကြံဉာဏ်တွေနှင့် ရသင့်ပါသည်။သို့သော် သူ၏နံပါတ်ပြားများ သည် ငါးနှစ်သက်တမ်းအတွင်း ပျက်စီးယိုယွင်းသည်။ယာဉ်စစ်လျင် အကြိမ်ကြိမ်ပြန်ရေးရသည်။ သံချေးတက်သည်။အရောင်လွင့်သည်။
ကျွန်တော် အင်္ဂလန်တွင် ကားဝယ်သည်။ ၁၉၇၆ ခုနှစ်တွင် ၀ယ်ထားသော ထိုကားနံပါတ်ပြား၏ အောက်ခံအရောင်သည် ယနေ့တိုင် မလွင့်မပျက်သေးပါ။ အပေါ်နံပါတ်များလည်း အရောင်မပျက်သေးပါ။အကောင်းပကတိ ဒီအတိုင်းရှိပါသည်။(ထိုကားကို အင်္ဂလန်တွင် ငါးနှစ်စီးထားပြီး ရန်ကုန်ရောက်မှ နံပါတ်ကို ဖြုတ်ယူသိမ်းထားခြင်းဖြစ် သည်။)ကျွန်တော်တို့ ဆင်းရဲပါသည်။အရှေ့တောင်အာရှတွင် အဆင်းရဲဆုံးနိုင်ငံဖြစ်သည်။ ဆင်းရဲသည့်အထဲ အနှိပ်စက်ခံဖြစ်ရတာကိုတော့ ၀မ်းနည်းဖွယ်ကောင်းလှပါသည်။ပြည်သူကိုကြင်နာပါ။
ဥပဒေသ။ ပြည်သူ့ဂုတ်သွေးကို စုပ်ဖို့ ကြိုးစားတာကို သတိထားဆင်ခြင်သင့်သည်။
နိဂုံး
ဝါသနာ၊ စေတနာ၊ အနစ်နာခံသော ဆရာ၊ ဆရာများအတွက် ကိုယ်ချင်းစာ အသည်းနာရပါသည်။

Posted By ကဏ္ဍစုံလင်ရသလွင်ပြင်မီဒီယာ 2:55 AM

အာဆီယံဟာ ဘယ်သူ့အတွက်လဲ .. .

thn-18-11-12-2
(၁)
တစ်ချိန်တုန်းက'' အာဏာရှင် ကလပ်'' လို့ ခေါ်ဆိုသတ်မှတ်ခဲ့ကြတဲ့ အာဆီယံအဖွဲ့ရဲ့ (၂၁) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးတွေကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ နိုဝင်ဘာလ၁၅ရက်နေ့က စတင်လို့ပြုလုပ်နေပါပြီ။
သက်တမ်းရှည် အာဏာရှင်တစ်ပိုင်းဖြစ်နေတဲ့ ၀န်ကြီးချုပ် ဟွမ်ဆန်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့ ကမ္ဘောဒီးယားနိုင်ငံ၊ အောက်တိုဘာလအတွင်းကမှ ကွယ်လွန်သွားတဲ့ ကမ္ဘောဒီးယား ဘုရင်ဟောင်း
သီဟာနုကို လွမ်းဆွတ်နေကြတဲ့ ကမ္ဘောဒီးယား ပြည်သူတွေရဲ့ ခံစားမှုတွေကြားမှာ ဖနွမ်းပင် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ် အစည်းအဝေးတွေကို ပြုလုပ်နေတာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၀ ရက် နေ့အထိ ပြုလုပ်မယ့် ဒီဆွေးနွေးပွဲ မတိုင်ခင်မှာတော့ အာဆီယံဟာဘယ်သူ့အတွက်လဲ ဆိုတဲ့မေးခွန်းထွက်ပေါ်ခဲ့ပါတယ်။
(၂)
နှစ်ပေါင်း ၄၅ နှစ်အလွန်။ သမိုင်းဝင်ခရီးများစွာကို ဖြတ်သန်းပြီးတဲ့နောက် အာဆီယံအဖွဲ့ဆီ မေးခွန်းတွေက ထပ်ရောက်လာခဲ့ပါပြီ။ ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ အာဆီယံအဖွဲ့ကို တည်ထောင်တာ နှစ်ပေါင်း ၄၅ နှစ်ပြည့် မြောက်ခဲ့ပါတယ်။ ၄၅ နှစ်တာကာလတစ်လျှောက်မှာ တစ်ခါမှမကြုံဖူးတဲ့ ဖြစ်ရပ်တစ်ခုကို ဖြစ်ပေါ်ခဲ့ပြီးချိန်မှာ အာဆီယံကို မေးခွန်းထုတ်မှုတွေ ပိုများလာခဲ့ပါ။ ၂၀၁၂ ခုနှစ် ဇူလိုင်လထဲမှာ လုပ်ခဲ့တဲ့ အာဆီယံ ဒေသဆိုင်ရာ ဖိုရမ်မှာ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့အကြား ပူးတွဲကြေညာချက်ကို မထုတ်ပြန်နိုင်ခဲ့တာဟာ အာဆီယံအဖွဲ့အတွက် သမိုင်းဝင် သိက္ခာကျစရာတစ်ခုဖြစ်ခဲ့ပါတယ်။ တောင်တရုတ်ပင်လယ် ကိစ္စရပ်ကို အကြောင်းပြုပြီး အဖွဲ့ဝင်နိုင်ငံတွေအကြား ပူးတွဲကြေညာချက် မထုတ်ပြန်ခဲ့ခြင်းက အာဆီယံနိုင်ငံတွေအကြား စည်းလုံးညီညွတ်မှု ပြိုကွဲခဲ့ပြီဆိုတဲ့ သုံးသပ်ချက်တွေလည်း ထွက်ခဲ့ပါတယ်။ ဒီသုံးသပ်ချက်တွေ နောက်မှာတော့ အာဆီယံဟာ ဘယ်သူ့အတွက်လဲဆိုတဲ့ မေးခွန်းတွေ ဖြစ်လာခဲ့ပါတယ်။
သန်းပေါင်း ၆၂၀ ကျော်ရှိတဲ့ အာဆီယံပြည်သူတွေအတွက် အကျိုးရှိမယ့်အဖွဲ့ဖြစ်စေရမယ်လို့ အာဆီယံ ခေါင်းဆောင်တွေ ကြွေးကြော်ခဲ့တာ ကြာခဲ့ပါပြီ။လက်တွေ့မှာတော့ အာဆီယံ ခေါင်းဆောင်တွေဟာ အာဆီယံ ပြည်သူတွေနဲ့ ဝေးကွာတဲ့အဲကွန်းခန်းထဲမှာ အစည်းအဝေးတွေနဲ့ အလုပ်ရှုပ်နေကြတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်ခဲ့ပြီးပါပြီ။ ဒီနေ့ဒီအချိန်မှာတော့ အာဆီယံ ပြည်သူတွေရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလိုအင်တွေက ပိုများလာခဲ့ပါတယ်။ တစ်ချိန် တည်းမှာပဲ အာဆီယံဟာ အာဆီယံ ပြည်သူတွေအတွက်လား၊ အာဆီယံအဖွဲ့ဝင် တစ်နိုင်ငံချင်းစီရဲ့ အကျိုးစီးပွားအတွက်လား၊အမေရိကန်အတွက်လား၊ တရုတ်အတွက်လားဆိုတဲ့ မေးခွန်းတွေ ဖြစ်ပေါ်လာပါတယ်။
(၃)
၂၀၀၉ ခုနှစ်မှာ အမေရိကန် သမ္မတ အိုဘားမား အရှေ့အာရှရေးရာဆိုင်ရာ မူဝါဒကို ပြောင်းလဲလိုက်ပါတယ်။  ပြောင်းလဲလိုက်တဲ့ မူဝါဒဟာ အရှေ့အာရှကို အာရုံစိုက်ခြင်းဆိုတာထက် အရှေ့တောင်အာရှ တစ်နည်းအားဖြင့် အာဆီယံကို အာရုံစိုက်ခြင်းဆိုတဲ့ ရည်ရွယ်ချက်က ပိုပြီးပေါ်လွင်စေပါတယ်။တရုတ်၊အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားတို့ရဲ့ လက်ဦးမှု ရယူခြင်းကို ခံထားရတဲ့ အာဆီယံဟာ အမေရိကန်အတွက် နောက်ကျတဲ့ နယ်ပယ်တစ်ခုတော့ မဟုတ်သေးပါ ဘူး။အမေရိကန်ရနိုင်တာတွေ အများကြီးရှိနေပါတယ်။ တရုတ်ရဲ့ လက်အောက်ကို လုံးလုံးလျားလျားရောက် မသွားသေးတဲ့ အချိန်မှာပဲ အာဆီယံဘက်ကို အမေရိကန်ခြေဦး လှည့်လာခဲ့ပါတယ်။အမေရိကန်နိုင်ငံရဲ့ ခြေလှမ်းတွေထဲမှာသိသာထင်ရှားတဲ့ ခြေလှမ်းတစ်ရပ်က ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ အမေရိကန်-အာဆီယံ အစည်းအဝေးကို နယူးယောက်မှာ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလ အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ ပြုလုပ်ခဲ့တဲ့  (၆)ကြိမ်မြောက် အရှေ့အာရှထိပ်သီး ဆွေးနွေးပွဲကို အမေရိကန် သမ္မတ အိုဘားမား ကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။ အခုနှစ် ကမ္ဘောဒီးယား၊ ဖနွမ်းပင်မှာ ပြုလုပ်မယ့် (၇) ကြိမ် မြောက် အရှေ့အာရှထိပ်သီး ဆွေးနွေးပွဲကိုလည်း ရွေးကောက်ပွဲ တစ်ကျော့ပြန် အနိုင်ရထားတဲ့ အိုဘားမား ကိုယ်တိုင်တက်ရောက်မှာ ဖြစ်ပါတယ်။ အိုဘားမားဟာ ထိုင်းနိုင်ငံကို အရင်သွားပြီး မြန်မာနိုင်ငံကို ၀င်ရောက်မယ်။ အဲဒီကတစ်ဆင့် ကမ္ဘောဒီးယားနိုင်ငံကို ရောက်လာမှာပါ။
တောင်တရုတ်ပင်လယ်အရေးကိစ္စနဲ့ မညီမညွတ်ဖြစ်နေတဲ့ အာဆီယံနိုင်ငံတွေကြားထဲမှာ မဲခေါင်ဒေသနိုင်ငံတွေနဲ့ အမေရိကန်နိုင်ငံကပိုပြီး ထိတွေ့ဆက်ဆံမယ့် အခြေအနေရှိနေပါတယ်။ မဲခေါင်ဒေသနိုင်ငံတွေဆိုတာ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နိုင်ငံတို့ ဖြစ်ကြပါတယ်။ ပထ၀ီ နိုင်ငံရေးအရ မဲခေါင်ဒေသနိုင်ငံတွေဟာ တရုတ်နိုင်ငံဘက်ကို သပ်လျှိုထားတဲ့ သုံးမြှောင့်ထောင်တစ်ခု ဖြစ်နေပါတယ်။ အာဆီယံမှာ တရုတ်ရဲ့ လွှမ်းမိုးမှုကို ထိန်းချုပ်နိုင်ဖို့ အမေရိကန်နိုင်ငံဟာ အာဆီယံဒေသတွင်း မဲခေါင်ဒေသနိုင်ငံတွေနဲ့ သင့်မြတ်အောင်နေမယ့် အခြေအနေရှိတယ်လို့ သုံးသပ်သူတွေကဆိုပါတယ်။
တရုတ်အတွက်နဲ့ အာဆီယံနိုင်ငံတွေကြားထဲမှာ သဘောမကွဲသင့်ဘူးဆိုတဲ့ ဝေဖန်မှုတွေက ဇူလိုင်လ နောက်ပိုင်းမှာ ထွက်ပေါ်လာခဲ့ပါတယ်။ အထူးသဖြင့် တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုပြဿနာဟာ အာဆီယံဒေသတွင်း ဖြေရှင်းရမယ့် အခြားကိစ္စတွေကို ကျော်လွန်ပြီး နေရာယူလာမှာကို စိုးရိမ်နေကြတဲ့ နိုင်ငံတွေရှိနေပါတယ်။ အထူးသဖြင့် နိုဝင်ဘာလ ၁၅ ရက် နေ့ကနေ ၂၀ ရက်နေ့အထိ ပြုလုပ်မယ့်(၂၁)ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့ ဆက်စပ် အစည်းအဝေးတွေမှာ တောင်တရုတ်ပင်လယ်ကိစ္စ လွှမ်းမိုးသွားမှာကို မလိုလားတဲ့သူတွေ ရှိနေပါတယ်။ အာဆီယံ ဆွေးနွေးပွဲတွေရဲ့ ထုံးစံအရ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီရေး၊တောင်တရုတ်ပင်လယ်ကိစ္စနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေဟာ အမြဲလိုလိုရေပန်းစား အကြောင်းအရာတွေ ဖြစ်ခဲ့ပါတယ်။
ဒီတစ်ကြိမ် ဖနွမ်းပင် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးက ဆွေးနွေးရမယ့် အခြေအနေကနေ ဂုဏ်ပြုစကားပြောရမယ့် အခြေအနေကိုရောက်ခဲ့ပါတယ်။ နိုဝင်ဘာလ ၁၅ ရက်နေ့က လုပ်ခဲ့တဲ့ အာဆီယံအဆင့်မြင့် အရာရှိတွေရဲ့ ထိပ်သီးဆွေးနွေးပွဲအကြို အစည်းအဝေးတွေမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အပြစ်ပြောမယ်ဆိုတဲ့ အချက်တွေ လုံးဝမပါဝင်ခဲ့ပါဘူး။ ဆွေးနွေးပွဲ မတိုင်ခင်အချိန်က အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ဦးဆောင်ပြီး ရခိုင်ပြည်နယ်အရေးနဲ့ ဘင်္ဂါလီ-ရိုဟင်ဂျာတွေ ကိစ္စကို ဆွဲသွင်းလာလိမ့်မယ်ဆိုတဲ့ သတင်းတချို့ ရှိခဲ့ပါတယ်။ နိုဝင်ဘာလ ၁၇ ရက် နေ့ အချိန်အထိတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဝေဖန်ပြစ်တင်သံတွေ မကြားရသေးပါဘူး။
အစည်းအဝေးတိုင်း အသံထွက်လေ့ရှိတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေအတွက် အာဆီယံရဲ့လူအခွင့် အရေးဆိုင်ရာ ကြေညာစာတမ်းတစ်စောင်ကို နိုဝင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ဖို့ရှိနေပါတယ်။ ဒီလူ့အခွင့်အရေး ကြေညာစာတမ်းဟာ နိုင်ငံတကာအဆင့်မမီဘူးဆိုတဲ့ ဝေဖန်မှုတွေရှိပါတယ်။ အထူးသဖြင့် ဒီကြေညာ စာတမ်းကို နိုင်ငံတကာ စံနှုန်းမီမှ ထုတ်ပြန်သင့်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်ပြီး အာဆီယံဆွေးနွေးပွဲကာလအတွင်းမှာ ပဲဖနွမ်းပင်မှာဆန္ဒထုတ်ဖော်ခဲ့တာတွေ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာဆီယံ လူ့အခွင့်အရေး ကြေညာစာတမ်းဟာ ထွက်ရှိလာတော့မှာဖြစ်ပါတယ်။
''လူ့အခွင့်အရေးကြေညာစာတမ်းနဲ့ ပတ်သက်ပြီဆိုရင် ပြည်သူတွေဆီက သတိပေးမှုတွေ၊ သက်ဆိုင်မှုတွေ ထောက်ခံမှုတွေနဲ့ ပတ်သက်တဲ့ တုံ့ပြန်မှုတွေ ကြားနေရပါတယ်။ ကျွန်တော်တို့ရဲ့လူ့အခွင့်ရေးကြေညာစာတမ်းဟာ အဆင့်အတန်းဝင်ခြင်းမရှိဘူးလို့ ပြောကြပါတယ်။ ကျွန်တော့် အမြင်မှာကတော့ ရေရှည်ကာလအတွက် ကြိုတင်စီမံကိန်းလို့ပဲထင်ပါတယ်။ လူအခွင့်အရေးကြေညာစာတမ်းဖြစ်ဖို့အတွက်ကို ၁၉၉၂ ထဲက စတင် အကောင်အထည်ဖော်ခဲ့တာပါ'' ဒီနှစ်ကုန်ပိုင်းမှာ ရာထူးသက်တမ်းစေ့လို့ အနားယူတော့မယ့် အာဆီယံအတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်က ပြောခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်တုန်းအာဆီယံ ပဋိညာဉ်စာတမ်းကို တက်သုတ်ရိုက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့အဲဒီ ပဋိညာဉ်ထဲမှာပါတဲ့အချက်တွေကို အဖွဲ့ဝင်နိုင်ငံတွေကိုယ်တိုင်က လိုက်နာခြင်းမရှိဘူးဆိုတဲ့ ပြောဆိုသံတွေကြားမှာ ၂၀၁၂ ခုနှစ် အာဆီယံ လူ့အခွင့်အရေး ကြေညာစာတမ်း ထွက်လာတော့မှာ ဖြစ်ပါတယ်။

Posted By ကဏ္ဍစုံလင်ရသလွင်ပြင်မီဒီယာ 2:53 AM

အောင်မြင်သော တေးသီချင်းများ၏ နောက်ကွယ်က

e5312
အခုတစ်ပတ်အောင်မြင်တဲ့ တေးသီချင်းနောက်ကွယ် ကဏ္ဍမှာ ရွေးချယ်ထားတဲ့ တေးသီချင်းလေး ကတော့ လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ သီချင်းတစ်ပုဒ်ပါ။ ‘အဲဒီဘဲကြီးတွေနဲ့ ပတ်သက်မိရင်တော့ တက်ပြီရှော့ခ်... အဲဒီကောင်မလေးနဲ့ ပတ်သက်မိရင်တော့ တက်ပြီ ရှော့ခ်...ဆိုတဲ့ အမိုက်စားစာသား တွေ ပါဝင်တဲ့ ‘ရှော့ခ်’ ဆိုတဲ့ သီချင်းတစ်ပုဒ်ပါ။
စန္ဒီမြင့်လွင်ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော် တေးစီးရီးရဲ့ ခေါင်း စီးတေးတစ်ပုဒ်ဖြစ်တဲ့ ‘ရှော့ခ်’ သီချင်းကို ရေးစပ်ပေးထားတာကတော့ လူငယ်တွေအကြိုက် လက်ရှိ ခေတ်အချိန်အခါနဲ့ ကိုက်ညီပြီး သရော်တော်တော် ပုံစံမျိုးရေးသားလေ့ရှိတဲ့ Snare အဖွဲ့ဖြစ်ပါတယ်။ စန္ဒီ မြင့်လွင်ရဲ့ ပထမဆုံး တစ်ကိုယ်တော် တေးစီးရီးထဲမှာလည်း Snare အဖွဲ့ ရေးထားပေးတဲ့ ‘လာမချုပ်နဲ့’ သီချင်းဟာ ပရိသတ်အကြိုက် ဖြစ်ခဲ့သလို အခု ‘ရှော့ခ်’သီချင်းဟာလည်း လူငယ် ပရိသတ်ကြားမှာ ရေပန်းစားခဲ့ပါတယ်။
“ ကိုနေ၀င်းတို့၊ ကိုဖြိုးလေး တို့နဲ့ ရှိုးပွဲတစ်ခုမှာတွေ့တော့ ဒီးဒီ တစ်ကိုယ်တော်ခွေ လုပ်နေတယ်။ ဒီခွေထဲမှာ တစ်ယောက်ထဲတော့ မဆိုချင်ဘူး။ Snare နဲ့ဆိုမယ်ဆိုပြီးပြောလိုက်တာ။ အဲဒါနဲ့ဒီ ‘ရှော့ခ်’ သီချင်း ဖြစ်လာတာပါပဲ။ စီးရီးခေါင်းစီးဖြစ် သွားတာကတော့ ထူးထူးခြားခြားလေး ဖြစ်ချင်တာနဲ့ ‘ရှော့ခ်’ ဆိုတဲ့ ဒီသီချင်းလေးကို ရွေးဖြစ်သွားတာပါ” လို့ စန္ဒီမြင့်လွင်က ပြောပြခဲ့ပါ တယ်။
“ ဒီသီချင်းကလုပ်တာ အကြာဆုံးလို့ ပြောလို့ရပါတယ်။ ‘ရှော့ခ်’ သီချင်းကိုတီးတဲ့ Music ပုံစံက တစ်မျိုးထူးခြားထားပါတယ်။ အဲဒီ Music ပုံစံက ‘ရှော့ခ်’ သီချင်းစလုပ် တဲ့အချိန်တုန်းက ဒီမှာ သိပ်ခေတ် မစားသေးဘူး။ အသစ်ပဲဖြစ်နေတုန်း။ အဲဒါနဲ့တီးရတာ အရမ်းခက်ခဲ့ပါတယ်။ ဒါပေမယ့် အချိန် ပေးရတာနဲ့ တန်အောင် ဒီ ‘ရှော့ခ်’ သီ ချင်းက လူငယ်ပရိသတ်တွေ တော်တော် အားပေးကြပါတယ်။ ဒီးဒီး လည်း ရှိုးပွဲတိုင်းလိုလိုမှာ ဆိုဖြစ်တယ်”လို့ စန္ဒီမြင့်လွင်က ပြောပြ ခဲ့ပါတယ်။
‘ရှော့ခ်’ သီချင်းရဲ့ ဗီစီဒီ ရိုက်ကူးပုံဖော်မှုကို ဒါရိုက်တာ ဇော် ကိုကိုက ဖန်တီးပေးခဲ့တာဖြစ်ပြီး ‘ရှော့ခ်’ သီချင်းဗီစီဒီရိုက်ဖို့ အတွက် တေးရေးသူ၊ ဆိုသူနဲ့ ဒါရိုက်တာ ပေါင်းဆုံပြီး သေချာဆွေးနွေး ရိုက်ကူးခဲ့ကြတယ်လို့ သိရပါတယ်။ ဗီစီဒီ ထွက်ရှိလာချိန်မှာတော့ ‘ရှော့ခ်’ သီချင်းဟာ အမိုက်စားသီချင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ စန္ဒီမြင့်လွင်ရဲ့ လတ်တလော အနုပညာလှုပ်ရှားမှု အနေနဲ့ကတော့ရှိုးပွဲတွေလက်ခံ ထားပြီး အတွဲခွေတွေလည်း ထွက်လာဖို့ရှိတယ်လို့ သိရပါတယ်။
ထူးခြားတဲ့ မယ်လိုဒီ၊ မြူးကြွ တဲ့သံစဉ်တွေနဲ့ Rapping စာသား ခပ်မိုက်မိုက်လေးတွေ ပါဝင်ပြီး အားပေးမှုရနေတဲ့ ‘ရှော့ခ်’ သီချင်းလေး ကိုခံစားကြည့်ပါဦးလို့ တင်ပြရင်း...။

Posted By ကဏ္ဍစုံလင်ရသလွင်ပြင်မီဒီယာ 2:50 AM

အာရှနိုင်ငံတကာ ကလေးများ ရုပ်ရှင်ပွဲတော်သို့ ဒါရိုက်တာ ကြည်ဖြူသျှင်နှင့် ဆုရကလေးငယ် သုံးဦးတို့ တက်ရောက်

e5341
အာရှနိုင်ငံတကာ ကလေးများရုပ်ရှင်ပွဲတော်သို့ တက်ရောက်ရန် ဒါရိုက်တာကြည်ဖြူသျှင်နှင့် ဆုရရှိသည့် ကလေးငယ်သုံးဦးတို့သည် ဂျပန် နိုင်ငံသို့နိုဝင်ဘာလ ၁၉ ရက်နေ့တွင် စတင်ထွက်ခွာ သွားခဲ့သည်ဟု သတင်း ရရှိသည်။ အဆိုပါခရီးစဉ်မှာ တစ်ပတ်ခန့်ကြာမြင့်မည်ဖြစ်ပြီး နိုဝင် ဘာလ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံ သို့ ပြန်လည်ထွက်ခွာလာရန် စီစဉ်ထားသည်ဟု သိရှိရသည်။
“နှစ်စဉ်ယှဉ်ပြိုင်နေကျ ဖြစ်တဲ့ ဂျပန်-မဲခေါင်ကလေးများ ရုပ်ရှင်ပွဲတော်ကို အခုနှစ်မှာလည်း ၀င်ရောက် ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ၁၂ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ သူတို့ရဲ့ profile တွေကိုဖယ်ပြီးတော့ သူတို့ ဖန်တီးထားတဲ့ လက်ရာတွေကိုကြည့်ရှုစစ်ဆေးခဲ့တာပါ။ ဒီလိုရွေးချယ်ရာ မှာလည်း ဒါရိုက်တာအလွှာက ကြီးငယ်လတ် ဒါရိုက်တာ ၁၅ ဦးကို ပါဝင် စစ်ဆေးစေခဲ့ပါတယ်။ အဲဒီထဲကမှ မျိုးဆက်သစ် အနုပညာရှင်တွေကို စစ်မှန်စွာနဲ့ ရွေးချယ်ခဲ့တာပါ”ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဦးဇင်ဝိုင်း က ရှင်းပြခဲ့ပါသည်။
အဆိုပါပြိုင်ပွဲတွင် ရွေးချယ်ခံရသည့် ဇာတ်ကားတို တစ်ကားအား ရိုက်ကူးခဲ့သူ ကလေးသရုပ်ဆောင် ယွန်းယွန်း ကလည်း “ယွန်းယွန်းဒီပြိုင်ပွဲလေး ခေါ်တာတွေ့တော့ စိတ်ဝင်စားတာနဲ့ ၀င်ပြိုင်ဖြစ်သွားတာပါ။ ယွန်းယွန်း စိတ်ကူးထဲမှာရှိတဲ့ အတိုင်းလေးပဲ ရိုက်ကူးဖြစ်တာ။ ဒါပေမယ့် အခုလို ဆုရွေးချယ်ခံရတယ် ဆိုတာသိတော့ အရမ်းဝမ်းသာမိတယ်” ဟု သူ၏အ တွေ့အကြုံအား ရှင်းပြခဲ့သည်။
ဆုဝင့်မွန် ၏ ‘Built up your life with affection’၊ သူဟန်သွယ်၏ ‘Life for you’၊ ယွန်းသဒ္ဓါအောင် (ယွန်းယွန်း) ၏ ‘Meaning of life for you’ ဇာတ်ကားများ ဖြစ်သည်။

Posted By ကဏ္ဍစုံလင်ရသလွင်ပြင်မီဒီယာ 2:49 AM

ချစ်သော ကဗျာဆရာ...

16mt7
ဓာတ်ပုံ - ပိတောက်ပွင့်သစ် (စာပေအနုပညာမဂ္ဂဇင်း)
(၁)
ယခုလို အချိန်အခါမျိုးမှာ လူတစ်ယောက်ကို ထူးထူးခြားခြား ကျွန်တော် သတိရနေမိသည်။ သို့သော် ထိုသူကို ကျွန်တော် ပြန်မဆုံနိုင်တော့ပါ။ ရင်ထဲတွင် မှတ်မှတ်ရရ ဖြစ်ခဲ့သည်များကို အိပ်မက်ဆန်ဆန် ပြန်တွေးနေရုံမှတစ်ပါး သူ့ကို ကျွန်တော် ပြန်မတွေ့နိုင်တော့ပါ။ ယခုလို အချိန်အခါမျိုးမှာဟု သုံးနှုန်းရခြင်းမှာ ယခင်ကမရှိခဲ့သော အခြေအနေများကြောင့် ဖြစ်သည်။ မြန်မာပြည်၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အချို့က Burma Spring ဟု ခေါ်ဝေါ်ကြသည်။ ''မြန်မာနွေဦး''။ ကျွန်တော်ကတော့ သိပ်သဘောမတူလှပါ။ Arab Spring နှင့်ယှဉ်ပြီး Burma Spring ဟု ခေါ်ဝေါ်ကြသော်လည်း ကွာခြားမှုတော့ များစွာရှိပါသည်။ ''အာရပ်နွေဦး''က တော်လှန်သော နွေဦးဖြစ်ပြီး မြန်မာနွေဦးကတော့ ဒီလိုမဟုတ်ပါ။ မြန်မာပြည်က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို သွားနေပြီဟု ဆိုသော်လည်း အာရပ်နွေဦးနှင့် အနှစ်သာရအားဖြင့် ကွာခြားနေသေးသည်။ အာရပ်နွေဦးက တော်လှန်သောနွေဦးဖြစ်သဖြင့် သွေးထွက်သံယိုမှု ကြီးမားသည်။ ပဋိပက္ခ ပြင်းထန်သည်။ ရရှိသော ဒီမိုကရေစီကလည်း ပြည့်ပြည့်၀၀ တစ်လုံးတစ်ခဲတည်း။ မြန်မာနွေဦးကျတော့ ညင်သာသော အသွင်ကူးပြောင်းမှုဖြစ်ပြီး ရရှိသည့် ဒီမိုကရေစီကလည်း တစ်ဝက်တစ်ပျက်။ သိပ်စိတ်မချရသေးဟု ဆိုရမည့် အနေအထား။
ဒီအနေအထားမှာပဲ အဝေးရောက် ကျွန်တော်တို့ မိတ်ဆွေများစွာ အိမ်ပြန်ရောက်လာကြသည်။ အကျဉ်းထောင် အုတ်နံရံအသီးသီးမှ ပြန်ရောက်လာကြသူတွေရှိသလို မိုင်ပေါင်းထောင်ချီ ဝေးကွာသောအရပ်များဆီမှ ပြန်လာကြသူများလည်း ရှိသည်။ ဒီတစ်သက် ပြန်မတွေ့နိုင်တော့ဟု ထင်ခဲ့ရသူများ အမိနိုင်ငံ၏ မြေကြီးကို မြေချခွင့် တစ်ဖန်ပြန်ရခဲ့ကြသည်။ ဟိုတုန်းက သူပုန်၊ ဟိုတုန်းက တော်လှန်ရေးသမား၊ ဟိုတုန်းက အစိုးရဆန့်ကျင်သူများ တစ်ယောက်ပြီးတစ်ယောက် ပြန်လာကြသည်။ သည်လို ပြန်လာကြသူတွေထဲမှာ သူပါလာသင့်သော်လည်း သူပြန်မလာနိုင်တော့ပါ။ မြန်မာပြည်ကို ချစ်သော၊ မြန်မာမှု၊ မြန်မာရနံ့ကိုချစ်သော အလွန်မြန်မာဆန်သော သူသည် နောက်ဆုံးအခွင့်အရေး တစ်ခုကိုသော်မျ မရရှိနိုင်ပါပဲ မိုင်ထောင်ချီဝေးသော အရပ်တစ်နေရာဆီမှာ ထာဝရ လဲလျောင်းကျန်ရစ်နေခဲ့ရသည်။ ထိုသူသည်ကား ကျွန်တော်ချစ်သော ကဗျာဆရာ...။
(၂)
မိုးပိတောက်ပင်ကြီးများ ကိုင်းညွတ်ရိပ်မိုးထားသည့် သထုံလမ်းပေါ် လမ်းလျောက်သွားရသည့် အရသာမှာ ကျွန်တော့်အဖို့ ဘယ်အခါမျမရိုးနိုင်။ ဒီဘက်မှာ တက္ကသိုလ်ရေကူးကန်၊ သည်ဘက်မှာ တင်းနစ်ကွင်း၊ သည်ဘက်မှာ တက္ကသိုလ်အားကစားကွင်း၊ သည်ဘက်မှာ တကောင်းဆောင်၊ သည်ဘက်မှာ ဘီအိုစီကောလိပ်၊ သည်ဘက် လမ်းကလေးပေါ်မှာ နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် နေ့စဉ်ကျွန်တော် လမ်းလျောက်သွားခဲ့ရသည်။ လမ်းလျောက်ရတိုင်း ရိုးသွားသည်မရှိ။ ကြည်နူးဆွတ်ပျံ့ဖွယ် တက္ကသိုလ်ရနံ့ကို ကျွန်တော်ရှုရှိုက်ရသည်။ ဘီအိုစီကောလိပ်ဟောင်းမှာ တည်ရှိသော သည်ဌာနသို့ ကျွန်တော်ရောက်ရှိချိန်တွင် ဆရာသည် ဌာနတွင်မရှိတော့ပါ။ မြန်မာစာ သင်ရိုးညွှန်းတမ်းပြုစုရေး တာဝန်ဖြင့် တောင်ငူဆောင်ဘက်သို့ ရောက်နေကြောင်း သိရသည်။ ဆရာ့ရုံးခန်းနှင့် စားပွဲကတော့ ကျွန်တော်တို့ရုံးထဲမှာ ပိုင်ရှင်မဲ့ရှိနေဆဲ။ တာဝန်ဖြင့် အခြားတစ်နေရာ သွားနေရသော်လည်း ဆရာသည် ဒီရုံးဝန်ထမ်းအဖြစ် ရှိနေဆဲဖြစ်သည်။
သို့သော် ဌာနဆီသို့ မကြာမကြာ ဆရာလာပါသည်။ ဌာနဆီသို့ ဆိုခြင်းထက် ဆေးတက္ကသိုလ် အနောက်ဘက် ကင်းတင်းထဲက ဒေါ်ကြည်လက်ဖက်ရည်ဆိုင်သို့ လာခြင်းဖြစ်သည်။ ဗာဒံပင်များ၊ ငှက်ပျောပင်များ ရိပ်မိုးထားသည့် ဒေါ်ကြည်လက်ဖက်ရည်ဆိုင် ထိုင်ခုံများမှာထိုင်ရင်း စာအကြောင်း၊ ပေအကြောင်း မိတ်ဆွေများအကြောင်း ရယ်ရယ်မောမော ပြောနေတတ်သည်။ ဆရာက လက်ဖက်ရည်ဆိုင်မှာ ခုလိုဝိုင်းဖွဲ့ထိုင်ရင်း စကားပြောရသည်ကို အလွန်နှစ်ခြိုက်သူဖြစ်သည်။ ရေနွေးကြမ်းတွေ တစ်အိုးပြီး တစ်အိုး။ ဆေးပေါ့လိပ်တွေ တစ်လိပ်ပြီး တစ်လိပ်။ စကားတွေက မကုန်နိုင်၊ မခန်းနိုင်။ ဒီအထဲမှာ မှတ်သားစရာတွေ လည်းပါသည်။ ကျွန်တော်တို့မသိသေးသော အတိတ်သမိုင်းတချို့ပါ သည်။ ဒီတုန်းက ကျွန်တော်သည် ဆရာတို့ လက်ဖက်ရည်ဝိုင်း၏ နားထောင်သူပရိသတ်။ ဆရာ့မိတ်ဆွေတွေထဲမှာ စာရေးဆရာတွေပါသည်။ ကဗျာဆရာတွေပါသည်။ တက္ကသိုလ် ပါမောက္ခတွေ၊ ဆရာတွေပါသည်။ ကျူရှင်ဆရာတွေပါသည်။ ပန်းချီ ဆရာတွေပါသည်။ သည်လက်ဖက်ရည်ဝိုင်းကလေးက အနုပညာစကားဝိုင်းတစ်ခု ဖြစ်သလို နိုင်ငံရေးစကားဝိုင်း တစ်ခုလည်းဖြစ်သည်။ တစ်ယောက်နှင့် တစ်ယောက် ငြင်းကြ ခုံကြသည်။ အမြင်ချင်း ဖလှယ်ကြသည်။ တစ်ခါ တစ်ရံတော့ ဘာမျမဟုတ်တာလေးတွေ ပြောဖြစ်ခဲ့တာလည်း ရှိသည်။
ဆရာက လူချစ်လူခင် အလွန်ပေါများသူဖြစ်သည်။ မျက်နှာဝိုင်းဝိုင်း ပါးစောင်အစ်အစ်။ ခန္ခာကိုယ်က ၀၀ဖိုင့်ဖိုင့်၊ ရှပ်အင်္ကျီလက်တို၊ ပုဆိုး ကွက်ကျဲနှင့် လွယ်အိတ်ကြီးတစ်လုံး ကတော့ ပခုံးပေါ်မှာ အမြဲတမ်းပါသည်။ ပြုံးပြုံး ပြုံးပြုံးနှင့် စကားဆိုတတ်ပြီး ဟန်ဆောင်မှုကင်းသောကြောင့် တစ်ကြိမ်တွေ့ဆုံဖူးရုံဖြင့် ဆရာ့ကို ခင်မင်သွားကြသည်။ ထင်ရှားသော ကဗျာဆရာကြီးတစ်ဦး ဖြစ်နေခြင်းကြောင့်လည်း ဆရာထိုင်သော လက်ဖက်ရည်ဝိုင်းမှာ အပေါင်းအသင်းတွေနှင့် အမြဲစည်ကားနေတတ်သည်။ ဆရာ၏ ထင်ရှားသော အမှတ်လက္ခဏာတစ်ခုမှာ ပြုံးလိုက်တိုင်း ပါးစုံနှစ်ဖက်ဖောင်းကာ မျက်လုံးနှစ်ဖက် ပိတ်လုမတတ် ဖြစ်သွားခြင်းဖြစ်သည်။

တကယ်တော့ ဆရာသည် တော်လှန်ကဗျာဆရာ တစ်ဦးဖြစ်သည်။ ၁၉၇၀ ပြည့်လွန်နှစ်များက ပေါ်ပေါက်ခဲ့သည့် 'တော်လှန်ကဗျာ' အုပ်စု ထဲကတော့မဟုတ်။ ၁၉၉၀ ပြည့်လွန်နှစ်များမှာ ပေါ်ထွက်လာသည့် တော်လှန်ကဗျာဆရာဖြစ်သည်
ဆရာသည် အညာသားတစ်ဦး ဖြစ်သည်။ အညာတက္ကသိုလ် မန္တလေး သည် ဆရာ၏ ရင်ငွေ့လှုံရာဖြစ်သည်။ ဆရာ့ဘ၀မှတ်တမ်းအရ ဆရာသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခဲ့ရာတွင် အထူးချွန်ဆုံး မြန်မာစာဖြေသူတစ်ဦးအဖြစ် ပါမောက္ခ၏ အသိအမှတ်ပြု ချီးကျူးခံရသူ ဂုဏ်ထူးရ ကျောင်းသားတစ်ဦး ဖြစ်ခဲ့သည်ဟု သိရသည်။ ဆရာ့ကို ထင်ရှားစေခဲ့သည်မှာ ''ဖန်မီးအိမ်ကဗျာများ'' ဖြစ်သည်။ သည်ကဗျာစာအုပ်ဖြင့် ၁၉၅၉ ခုနှစ်မှာ ဆရာအမျိုးသားစာပေဆု ရရှိခဲ့သည်။ သည်တုန်းက ကျွန်တော်ပင် မမွေးသေး။ အညာသား ကဗျာဆရာကြီးနှင့် ကျွန်တော် ကံအားလျော်စွာ ရန်ကုန်တက္ကသိုလ် ပရ၀ဏ်အတွင်းမှာ ဆုံတွေ့ခွင့်ရခဲ့သည်။ တစ်ခါတစ်ရံ  တောင်ငူဆောင် ကင်တင်းမှာ။ တစ်ခါတစ်ရံ ဆေးတက္ကသိုလ် အနောက်ဘက် ဒေါ်ကြည်လက်ဖက်ရည်ဆိုင်မှာ ဆရာ့အနီးမှာ အမြဲတမ်းလိုလို ကဗျာသမား၊ စာသမား လူငယ်တွေ ၀ိုင်းရံနေတတ်သည်။ စာအကြောင်း၊ ပေအကြောင်းတွေ ပြောကြ။ ရယ်စရာ မောစရာတွေ ပြောကြ။ ၁၉၈၀ ပြည့်လွန်နှောင်းပိုင်း ကာလများမှာ မြန်မာနိုင်ငံရေး မုန်တိုင်းထန်သောကာလ ဖြစ်သည်။ RIT ကျောင်းသားများ စတင်သော ငွေစက္ကူ အရေးအခင်းသည် လှည်းတန်းလမ်းဆုံ တစ်ဝိုက်သို့ ကူးစက်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားများပါ ပါဝင်လာသည်။ ဆရာက တက္ကသိုလ်ဝင်းထဲမှာ နေသူဖြစ်သည်။ အင်းစိန်ရှိ ဆောက်လက်စ ''ကဗျာဆရာအိမ်'' မှာ မပြီးသေး။ ကဗျာဆရာအိမ်ဆို၍ ဗိသုကာဆရာရွှေကို သတိရမိသည်။ ဆရာနှင့် ရင်းနှီးသော မိတ်ဆွေတွေထဲမှာ ပန်းချီဆရာ ယဉ်မင်းပိုက် ပါဝင်သလို ဗိသုကာဆရာရွှေလည်း ပါဝင်သည်။ ဆရာရွှေက ဗိသုကာပညာကို ရိုးရာဗိသုကာ ဘာသာရပ်ဖြင့် ဂျပန်တက္ကသိုလ်တစ်ခုမှ အထူးပြု ရရှိထားသူဖြစ်သည်။ အင်းစိန်ရှိ ဆရာ့နေအိမ်ကို ဆရာရွှေက ပုံစံထုတ်ပေးခဲ့ရာ စမ်းချောင်းကလေးပေါ်မှာ မေးတင်ထားပြီး အလွန်ချစ်စရာ ကဗျာဆန်သော အိမ်ကလေး ဖြစ်ခဲ့သည်။ နောက်ပိုင်းမှာ ဆရာသည် ထိုအင်းစိန်နေအိမ်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။
လှည်းတန်းတစ်ဝိုက်၊ ရန်ကုန်တက္ကသိုလ်တစ်ဝိုက် ကူးစက်လာသော အရေးအခင်း ကာလထဲမှာ ဆရာနှင့် ကျွန်တော်တို့တစ်တွေ အဆုံအတွေ့ မပြတ်ခဲ့ကြ။ ကဗျာဆရာသည် လွတ်လပ်မှုကို မြတ်နိုးသလို အမှန်တရားကိုလည်း မြတ်နိုးသည်။ မတရားမှု၊ ရက်စက်မှုတို့ကိုလည်း စက်ဆုပ်ရွံ့ရှာသည်။ ဆရာနှင့် ကျွန်တော်တို့တစ်တွေ၏ ရှေ့မှောက်မှာ ဖြစ်ပွားခဲ့သည့် ရက်စက်ကြေကွဲဖွယ် ကျောင်းသားအရေးအခင်းကြောင့် ကျွန်တော်တို့တစ်တွေမှာ ဒဏ်ရာအမာရွတ်တို့ အမြစ်တွယ် ကြီးထွားခဲ့ရသည်။ ဒီကာလအတွင်းမှာပဲ ဆရာ့ထံမှ ရဲရဲတောက်ကဗျာတွေ တစ်ပုဒ်ပြီး တစ်ပုဒ် ထွက်ပေါ်လာသည်။ စာမျက်နှာပေါ် ပုံနှိပ်ဖော်ပြခွင့် မရခဲ့သော ဆရာ့ကဗျာများကို ပုန်းလျိုးကွယ်လျိုး ကျွန်တော်တို့ ဖတ်ရှုခွင့်ရခဲ့ကြသည်။
၁၉၉၁ ခုနှစ်မှာ ဆရာခေတ္တတာဝန်ယူလုပ်ကိုင်သော နာမည်ကျော် မဂ္ဂဇင်းကြီးမှာ ပိတ်ပင်ခံလိုက်ရသည်။ မရှေးမနှောင်းမှာပင် ဆရာသည်လည်း အင်းစိန်တောရသို့ ၀င်သွားခဲ့ရသည်။ ၁၉၉၀ ပြည့်လွန်နှစ်များမှာ စာရေးဆရာ၊ ကဗျာဆရာ၊ အနုပညာသမား နိုင်ငံရေးသမားအားလုံး ကျီးလန့်စာစား ဖြတ်သန်းခဲ့ရသော နှစ်များဖြစ်သည်။ အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည်။ အချိန်မရွေး ဘ၀ပျက်သွားနိုင်သည်။
စိုးတထိတ်ထိတ်
တံခါးပိတ်လည်း စိတ်ကမလုံ၊
ရင်တုန်တုန် လမ်းကြိုလမ်းကြား၊ လျောက်၍သွားလည်း
နောက်နားကပ်လာ၊ အရိပ်ပမာသို့
ထိတ်စရာကြုံ၊ လိပ်ပြာမလုံ။
တမှေးအိပ်လည်း
လူခြေသာတိတ်၊ ခြေသံမတိတ်
တိတ်တိတ်စောင့်ကြည့်နေသလို။

လက်ဖက်ရည်ဆိုင်၊ ထိုင်ခုံတစ်လုံး
တိတ်တိတ်ပုန်း၍၊
စကားလုံးများ၊ ဖမ်း၍ထားကာ
နားစိုက်ထောင်နေလေရော့ထင့်။
ဘယ်သွား ဘယ်လာ၊ ဘယ်မှာ ဘယ်ချိန်
ဘယ်အိမ်ရောက်ရောက်၊
တံခါးမခေါက်၊ ကိုယ်ရုပ်ဖျောက်၍ သူရောက်နေမြဲ၊ စောင့်နေမြဲ။

ထောက်လှမ်းရေးနှင့် စစ်ရေးနှင့်ကြုံ
ဒုက္ခဘုံ . . .။
၁၉၉၅ ခုနှစ်မှာ အင်းစိန်တောရမှ ဆရာပြန်ထွက်လာသည်။ အရင်လိုပဲ အင်းစိန်မှာ၊ လှည်းတန်းမှာ၊ တောင်ငူကင်တင်းမှာ၊ ၃၂ လမ်းမှာ၊ မိတ်ဆွေတွေ၊ တပည့်တပန်းတွေနှင့် လက်ဖက်ရည်ဆိုင် ခွေးခြေခုံပုဝိုင်းမှာ ဆရာ့ကိုမြင်ရသည်။ ရယ်ရယ်မောမော ပြုံးပြုံးရွှင်ရွှင်ပါပဲ။ ဆရာကနေ့တိုင်း ကဗျာရေးသည်ဟု သိရသည်။ ဆရာ့လွယ်အိတ်ထဲမှာ အမြဲတမ်း ကဗျာတွေ အသင့်ရှိနေတတ်သည်။ ဆရာ့ထံမှ ကဗျာစာမူတောင်းလျင် ချက်ချင်းထုတ်ပေးတတ်သည်။ ကြိုက်တဲ့ကဗျာယူ သွားစိစစ်ရေးလွတ်တာ၊ မလွတ်တာ မင်းတို့တာဝန်''ဟု ဆိုသည်။
တကယ်တော့ ဆရာသည် တော်လှန်ကဗျာဆရာ တစ်ဦးဖြစ်သည်။ ၁၉၇၀ ပြည့်လွန်နှစ်များက ပေါ်ပေါက်ခဲ့သည့် ''တော်လှန်ကဗျာ'' အုပ်စု ထဲကတော့ မဟုတ်။၁၉၉၀ ပြည့်လွန်နှစ်များမှာ ပေါ်ထွက်လာသည့် တော်လှန် ကဗျာဆရာဖြစ်သည်။ ဆရာ့ကဗျာတွေက စာမျက်နှာများပေါ်သို့ တရားဝင် မရောက်ခဲ့ပါ။ ပုန်းလျိုးကွယ်လျိုး ထုတ်ဝေခဲ့သော စာမျက်နှာများပေါ်မှသာ သိုသိုသိပ်သိပ် ဖော်ပြခဲ့ရသည်။
ဦးညွှတ်ပါ၏
ရဲဘော်တချို့ ကျဆုံး
ရဲဘော်တချို့ ထောင်ထဲ
ရဲဘော်တချို့ ရှောင်ပုန်း
တစည်းတလုံးတည်း မနေရအောင်
ဇယားချဖျက်ဆီး
အရင်းအနှီးကြီးမားစွာပေးရ
လူ့အခွင့်အရေးနဲ့
ဒီမိုကရေစီရေးကာလမှာ
သွေးစတွေ သွေးစက်တွေ
ပွက် ပွက်ထလို့ ပါလား။
အောင်ပွဲနေ့ဆိုတာ
မရှောင်မလွဲတွေ့ရမယ်
ယနေ့ဟာ အရင်းအနှီး
မနက်ဖြန် အသီးအပွင့်
မျော်လင့်ချက်ရင်ထဲအပြည့်။
ခိုင်မာတဲ့ ယုံကြည်ချက်မို့
အသက်ကိုပေးခဲ့တယ်။
စွန့်စား စွန့်လွှတ်ခဲ့ကြတဲ့ ရဲဘော်အပေါင်းတို့
ငါ၏ ဦးခေါင်းညွတ်လျက်။
၁၉၉၇ ခုနှစ်မှာ ပြည်ပသို့ ဆရာထွက်ခွာသွားသည်။ အစ ပထမ အလည်သွားတာ သက်သက်ဖြစ်သည်။ သမီးရှိရာ ဥရောပနိုင်ငံ တစ်ခုသို့ အလည်သွားခဲ့သော ဆရာသည် ပြည်ပအသံလွှင့်ဌာနတစ်ခု၏ တွေ့ဆုံမေးမြန်းမှုမှာ ''နှုတ်ကျွံ'' သွားခဲ့ရာမှ ထာဝရ Exile  အဖြစ်သို့ ရောက်ရှိသွားခဲ့သည်။ သည့်နောက်ပိုင်းမှာ ဆရာ့အသံကို လေလှိုင်းထဲမှာပဲ ကြားနေရပြီး လူချင်းပြန်မဆုံဖြစ်တော့ပါ။
၂၀၀၂ ခုနှစ်၊ နိုဝင်ဘာလ အကြောင်းကိစ္စ တစ်ခုဖြင့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ ကျွန်တော်ရောက်ရှိခဲ့သည်။ တစ်ရက်တွင် ကျွန်တော် ခေတ္တတည်းခိုနေထိုင်ရာ တိုကျိုတာဝါအနီးရှိ ဟိုတယ်သို့ ဧည့်သည်တစ်ဦး ရောက်ရှိလာသည်။ ဧည့်သည်နှင့်အတူ အဖော်နှစ်ဦးလည်း ပါလာသည်။ အဆိုပါ ဧည့်သည်သည် ဦးထုပ်ကို ခေါင်းငိုက်စိုက်ဆောင်းထားပြီး ကုတ်အင်္ကျီထူထူကို ၀တ်ဆင်ထားသည်။ အရပ်နိမ့်နိမ့်၊ ခန္ခာကိုယ် ၀၀ဖိုင့်ဖိုင့်၊ ပုဆိုးဝတ်ထားသည်။ ဧည့်သည်တစ်ဦးက ''ခင်ဗျားကို ဂျပန်စာရေးဆရာကြီး တစ်ဦးနဲ့ မိတ်ဆက်ပေးမလို့'' ဟု နောက်သည်။ သူတို့တွေကို ကျွန်တော်မသိပါ။ မြန်မာတွေဆိုတာပဲ သိသည်။ ''ကော်ဖီသွားသောက်ရအောင်'' ဟု ဖိတ်ခေါ်သဖြင့် ဟိုတယ်အနီးရှိ ကော်ဖီဆိုင်တစ်ဆိုင်သို့ သွားကြသည်။ ကော်ဖီဆိုင်တွင် စောစောက ဦးထုပ်ခေါင်းငိုက်စိုက် ဆောင်းထားသည့် ပုဂ္ဂိုလ်သည် ဦးထုပ်ကို ရုတ်တရက် ချွတ်လိုက်ပြီး ''ဂျပန်စာရေးဆရာကြီး ဆိုတာ ကျုပ်ပဲ'' ကျွန်တော် အလွန်အံ့အားသင့်သွားသည်။ ဆရာ့ကို ဒီနေရာ၊ ဒီအရပ်မှာ မမျော်လင့်ဘဲ ပြန်တွေ့လိုက်ရသည့်အတွက် ဖြစ်သည်။ အရင်တုန်းကလိုပဲ ရယ်စရာ မောစရာတွေပြောတုန်း။ ခေတ်ကြီးကို သရော်တုန်း။ ဟာသတွေ လုပ်နေတုန်း။ ဆရာက ဂျပန်ကို စာပေဟောပြောပွဲကိစ္စဖြင့် ရောက်နေခြင်းဖြစ်သည်။ ကျွန်တော့်ကိုမြင်တော့  မြန်မာပြည်လွမ်းစိတ်တွေ ဆရာ့မျက်ဝန်းပေါ် ဖြတ်သွားတာ ကျွန်တော် သတိပြုလိုက်မိသည်။ ဆရာ မြန်မာပြည်ကို အလွန်သတိရနေကြောင်း စကားတွေထဲမှာ တသွင်သွင်ပါသည်။ ဟိုစာရေးဆရာအကြောင်း၊ ဒီစာရေးဆရာအကြောင်း၊ ဟိုမဂ္ဂဇင်းအကြောင်း၊ ဒီမဂ္ဂဇင်းအကြောင်း၊ သူနှင့် ရင်းနှီးသော မိတ်ဆွေများအကြောင်း မနားတမ်း မ၀တမ်း ပြောဖြစ်ကြသည်။ လေကြောရှည်လွန်းသဖြင့် ကော်ဖီဆိုင်ကို အားနာကာ နောက်တစ်ဆိုင် ပြောင်းထိုင်ရသည်အထိ ဖြစ်သည်။ ဆရာသည် ရန်ကုန်တွင်ရှိစဉ် လက်ဖက်ရည်ဆိုင်များတွင်သာ မိတ်ဆွေများနှင့် စကားဖောင်ဖွဲ့ အချိန်ကုန်လေ့ရှိသည်။ ကျွန်တော်တို့ လမ်းခွဲကြခါနီးမှာ ဆရာ့လေသံ ပျော့လာသည်။ အိမ်လွမ်းစိတ်၊ အမိမြန်မာပြည်ကို ပြန်လိုစိတ်တွေ ဆရာ့ရင်ထဲ ပြည့်နေတာ ကျွန်တော် သတိထားမိလိုက်သည်။
(၃)
ထိုအဖြစ်အပျက်မှာ ဆရာနှင့် နောက်ဆုံးတွေ့ဆုံခြင်း ဖြစ်သည်။ အဝေးရောက် ကဗျာဆရာတစ်ဦး အနေဖြင့် ဆရာသည် ဥရောပ၊ အာရှ၊ သြစတြေးလျ၊ အမေရိကနိုင်ငံများအကြား လှည့်လည်ပြီး ပြည်ပရောက် မြန်မာများကို စာပေအနုပညာ ဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ တစ်ခါတစ်ရံ မြန်မာပြည်နှင့် အနီးဆုံး ထိုင်းနိုင်ငံသို့လာပြီး အိမ်လွမ်းစိတ်ကို ဖြေသိမ့်ခဲ့သည်ဟု ကြားရသည်။ ရန်ကုန်မြို့မှ လွတ်လပ်ပေါ့ပါးသော လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှု အမှတ်တရအဖြစ် ''ခွေးခြေခုံပုံ'' ကလေးတစ်လုံးကို ပါဆယ်ထုပ်၍ ဆရာထံပို့ပေးခဲ့ရသည်ဟုလည်း ကြားရသည်။ သောင်ရင်းမြစ်ကမ်းနဖူးပေါ် မတ်တတ်ရပ်ရင်း မြန်မာပြည်ဘက်ခြမ်းကိုကြည့်ကာ ငိုကြွေးခဲ့သည့် ဆရာ့သတင်းကို ကြားရသည်။
၂၀၀၇ ခုနှစ်၊ ဇန်န၀ါရီလ ၂၂ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့မှာ ဆရာရုတ်တရက် ကွယ်လွန်ခဲ့ပါသည်။ ကော်ဖီဆိုင်မှာ ထိုင်နေရင်း ရုတ်တရက် လဲကျကွယ်လွန်ခဲ့ခြင်း ဖြစ်သည်ဟု ကြားရသည်။ ၂၀၀၇ ရွှေဝါရောင် အရေးအခင်းကို ဆရာမသိလိုက်နိုင်ခဲ့ပါ။ ၂၀၀၈ နာဂစ်မုန်တိုင်းသတင်းကိုလည်း ဆရာမကြားနိုင်ခဲ့။ ၂၀၀၉၊ ၂၀၁၀ မြန်မာ့ နိုင်ငံရေး အခင်းအကျင်း အပြောင်းအလဲကိုလည်း ဆရာမမြင်တွေ့လိုက်နိုင် ခဲ့တော့ပါ။ ပြည်ပရောက် နိုင်ငံသားတွေ အမိနိုင်ငံပြန်လာခွင့် ရချိန်မှာ ဆရာပြန်လာတာကို မြင်ချင်သော်လည်း မြင်ခွင့်မရတော့ပါ။ မြန်မာကို ချစ်သော၊ မြန်မာမှုကို ချစ်သော၊ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးသော၊ မြန်မာရနံ့ကို ခင်တွယ်သော ကျွန်တော်ချစ်သော ကဗျာဆရာသည် ပြည်ပနိုင်ငံ အဝေးတစ်ရာမှာ ထာဝရလဲလျောင်း အိပ်စက်ကျန်နေရစ်ခဲ့ပြီ။
သည်စာစုကို ဆရာ၏ထင်ရှားသော ကဗျာတိုလေးဖြင့် နိဂုံးသတ်ချင်ပါသည်။
ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကို ပြန်ပို့ကြပါတော့ . . .။
                                  တင်မိုး

Posted By ကဏ္ဍစုံလင်ရသလွင်ပြင်မီဒီယာ 2:46 AM

အိုဘားမားအတွက် မေးခွန်းများစွာ . . . .

thn-14-11-12-7
အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေဟာ မြန်မာနိုင်ငံအပေါ်မှာ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အမျိုးမျိုးကြိုးစားခဲ့ကြပေမယ့် မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၂၀ ကျော်အောင် အာဏာရှင်တွေရဲ့လက်အောက်ကနေ လွတ်မြောက် နိုင်ခဲ့ခြင်းမရှိပါဘူး။ အိုဘားမားလက်ထက်မှာစပြီး အမေရိကန်အနေနဲ့ မြန်မာနိုင်ငံအတွက် မူဝါဒတွေကို ပြောင်းလဲပြီး စတင်ကျင့်သုံးလာခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ စတင်လုပ်ဆောင်လာခဲ့ပါတယ်။ အငြင်းပွားဖွယ်ရာ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ အရပ်သားတစ်ပိုင်း အစိုးရတက်လာခဲ့ပါတယ်။ သိပ်မကြာခင်လေးတင်ကပဲ အမေရိကန်ကနေပိတ်ဆို့အရေးယူမှုတွေ ရပ်တန့်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ရည်မှန်းချက်ပန်းတိုင်ကို မရောက်သေးသည့်တိုင်အောင် သမ္မတအိုဘားမားရဲ့ ပထမရာထူးသက်တမ်းအတွက်တော့ နိုင်ငံရေးအောင်ပွဲတစ်ခုအဖြစ် သတ်မှတ်နိုင်ခဲ့ပါတယ်။သမ္မတ အိုဘားမားကို ဒုတိယအကြိမ် ပြန် လည်ရွေးကောက်ပြီးချိန်မှာ သူ့အနေနဲ့ စတင်ခဲ့တဲ့ ကိစ္စတွေကို ဆက်လက်လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီအချိန်မှာ ပြောင်းလဲမှုတွေရှိမလားဆိုတာလည်း စိတ်ဝင်စားစရာပါပဲ။
လက်ရှိအချိန်မှာ သမ္မတအိုးဘားမားအနေနဲ့ သူ့ရဲ့အာဆီယံခရီးစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာနိုင်ငံကို လာဖို့ ပြင်ဆင်ထားပါတယ်။ သူ့အနေနဲ့ ရာစုနှစ်ဝက်ကျော် မြန်မာနိုင်ငံကိုလာတဲ့ ပထမဆုံး အမေရိကန်သမ္မတ ဖြစ်လာမှာပါ။ ဒါပေမယ့်လည်း သူဘာကြောင့် မြန်မာနိုင်ငံကို လာသလဲ မေးခွန်းကိုတော့ ဖြေဆိုဖို့လိုပါသေးတယ်။ အိုဘားမား အစိုးရအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ထူထောင်ဖို့ ကြိုးစားနေပါတယ်။ မြန်မာနိုင်ငံကလည်း လက်ရှိအချိန်မှာ အမေရိကန်ရဲ့အကူအညီနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းအတွင်းမှာ ပြန်လည် နေရာရဖို့ ကြိုးစားနေပါတယ်။ သမ္မတ အိုဘားမားရဲ့ ဒုတိယသက်တမ်းကနေ နိုင်ငံနှစ်နိုင်ငံကြားမှာရှိတဲ့ ဆက်ဆံရေးကို ပိုမိုအားကောင်းစေနိုင်ပါတယ်။
သူလာရောက်နေတဲ့ အချိန်အတွင်းမှာ သမ္မတအိုဘားမားအနေနဲ့ ဒီမိုကရေစီ ရေးရာပြုပြင်ပြောင်းလဲမှုတွေကို အလေးပေးပြောကြားသင့်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကိုလည်း ပွင့်လင်းမြင်သာမှုရှိပြီး မျှမျှတတဖြစ်အောင် လုပ်ဆောင်ဖို့ ပြောကြားပေးသင့်ပါတယ်။ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ လိုအပ်တဲ့အချက်ကိုလည်း လျစ်လျူရှုထားလို့မရပါဘူး။ တိုင်းရင်းသား အရေးကိုလည်း အလေးအနက်ထား ဆွေးနွေးရပါလိမ့်မယ်။ ရခိုင်အရေးကိစ္စကိုလည်း ဆွေးနွေးသင့်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက် အခြေခံဥပေဒေကို ပြုပြင်ဖို့လိုပါတယ်။ အမှန်ပြောရရင်တော့ အခြေခံဥပဒေမှာပါတဲ့အချက်တွေက ဒီမိုကရေစီစံနှုန်းတွေနဲ့ ဖက်ဒရယ်အတွေးအခေါ်တွေကို ကန့်သတ်ထိန်းချုပ်နေပါတယ်။

ဒီမိုကရေစီကို အာမခံမယ့် သတင်းလွတ်လပ်ခွင့်စံနှုန်းတွေ မရှိသေးပါဘူး။ သတင်းစာသမားတွေအတွက် အိမ်မက်ဆိုးမက်စေတဲ့ ၁၉၆၂ ပုံနှိပ်ဥပဒေက တရားဝင်ရှိနေပါသေးတယ်။ အဓိက သတင်းဖြန့်ချိရာဖြစ်တဲ့ သတင်းစာ၊ ရေဒီယို၊ ရုပ်သံလိုင်းတွေကို အစိုးရ ဒါမှမဟုတ် အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးသမား(ခရိုနီ) တွေကသာ ချုပ်ကိုင်ထားဆဲဖြစ်ပါတယ်။ လွတ်လပ်တဲ့ သတင်းသမားတွေကတော့ အပတ်စဉ် ထုတ်ဝေနေတဲ့ ဂျာနယ်တွေမှာပဲ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ တိုင်းရင်းသားတွေရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ တန်းတူညီတူရှိရေး၊ ငြိမ်းချမ်းရေး မျှော်လင့်ချက်တွေနဲ့ နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ ဆင်းရဲတဲ့ ပြည်သူအများစုကြီးရဲ့ ဘ၀ကတော့ ဒီမိုကရေစီအပြောင်းအလဲ မစခင်ကအတိုင်းရှိနေပါသေးတယ်.....

အမေရိကန်ကို ရောက်ရှိနေတုန်းမှာ သမ္မတဦးသိန်းစိန်ကနေ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ သမ္မတအဖြစ် ရွေးချယ်လို့ ရနိုင်ပါတယ်လို့ ပြောခဲ့ပေမယ့် မြန်မာနိုင်ငံပြန်ရောက်တဲ့ အချိန်မှာ အဲဒီလို ရွေးချယ်ခံရဖို့အတွက် ဥပဒေကို ပြင်ဆင်ဖို့လိုပြီး တခြားလွှတ်တော်အမတ်တွေရဲ့ သဘောထားအပေါ်မှာလည်း မူတည်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီတစ်ချက်တည်းက သမ္မတအိုဘားမားအစိုးရအနေနဲ့ မြန်မာအစိုးရက ပြောတဲ့စကားတွေအပေါ်မှာ မျက်စိမှိတ် ယုံကြည်နေ လို့မရပါဘူး။သမ္မတအိုဘားမားအနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ ဘယ်လိုရှုမြင်သလဲဆိုတာ အရေးပါပါတယ်။ အမေရိကန်ဟာ အာရှ-ပစိဖိတ်ဒေသမှာ သြဇာကြီးထွားလာနေတဲ့ တရုတ်ကို ပြန်လည်ထိန်းချုပ်ဖို့ ဆန္ဒရှိတယ်ဆိုတာ မငြင်းနိုင်တဲ့ အချက်ပါပဲ။ သမ္မတအို ဘားမားဟာ အာဆီယံခရီးစဉ်အတွင်း ကမ္ဘောဒီယားကိုလည်း သွားဖို့ရှိပါတယ်။ ကမ္ဘောဒီးယားကို အုပ်ချုပ်နေတဲ့ ၀န်ကြီးချုပ် ဟွန်ဆန်ကလည်း တကယ်တော့အာဏာရှင် တစ်ပိုင်းပါပဲ။ ဒီတော့ သမ္မတ အိုဘားမားဟာ အစိုးရတွေနဲ့ ပူးပေါင်းလုပ်ဆောင်ပြီး သူတို့ရဲ့ ဒီမိုကရေစီပြောင်းလဲမှုတွေအတွက် ဆုချမယ့်ပုံပါပဲ။
အဲဒီအတွက် အရင်လုပ်ခဲ့တဲ့ အပြစ်တွေကို မေ့ပစ်ရပါလိမ့်မယ်။ ပြောရရင် လူထုထောက်ခံမှုမရှိတဲ့ ခေါင်းဆောင်တွေကို အသိအမှတ်ပြုခြင်းဟာ ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့ ဖြေရှင်းနည်းမဟုတ်ပါဘူး။ မြန်မာနိုင်ငံအပေါ်မှာရော ဘယ်လိုသဘောထားမှာလဲ။ ၂၀၁၅ ရွေးကောက်ပွဲကနေ ပြည်သူအားကိုးတဲ့ ခေါင်းဆောင်တွေ ပေါ်ထွက်လာအောင် တိုက်တွန်းရပါလိမ့်မယ်။ အဲဒီလိုမျိုး ဒီမိုကရေစီ လုပ်ငန်းစဉ်တွေကို အားပေးဖို့ ပျက်ကွက်ပြီး တရုတ်ရဲ့သြဇာကို ထိန်းချုပ်ဖို့ပဲ ကြိုးစားနေရင်တော့ မြန်မာလူထုရဲ့အမြင်မှာ အမေရိကန်အပေါ်အကောင်းမြင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ပြည်တွင်းစစ်ကို အဆုံးမသတ်နိုင်ရင် အမေရိကန်စီးပွားရေး ကုမ္ပဏီတွေအနေနဲ့ စွန့်စားပြီး လုပ်ကိုင်နေရပါလိမ့်မယ်။ သမ္မတအိုဘားမား မြန်မာပြည်ကို အလည်အပတ်လာရောက်တာဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် ကောင်းမွန်တဲ့ လက္ခဏာဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်ရဲ့သြဇာကို ထိန်းချုပ်ဖို့ တစ်ခုတည်းအတွက်နဲ့လာတာဆိုရင်တော့ မကြိုဆိုပါဘူး။ (စစ်အေးခေတ်ကာလတုန်းကလိုမျိုး) လက်အောက်ခံ နယ်မြေမွေးတယ်ဆိုရင်လည်း လက်မခံနိုင်ပါဘူး။ သမ္မတအိုဘားမားအနေနဲ့ ဒီမိုကရေစီအပြောင်းအလဲတွေကို ပိုမိုမြန်ဆန်စေဖို့ လာရောက်ကူညီပေးတယ်ဆိုရင်တော့ ကြိုဆိုပါတယ်။
ဒါပေမယ့် လက်ရှိ ရရှိထားတဲ့ မြန်မာအစိုးရရဲ့ဒီမိုကရေစီလုပ်ငန်းစဉ်တွေကို ချီးကျူးဖို့လာတယ်ဆိုရင်တော့ ဒါဟာ သိပ်ကိုစောလွန်းပါသေးတယ်။ဒီမိုကရေစီကို အာမခံမယ့် သတင်းလွတ်လပ်ခွင့်စံနှုန်းတွေ မရှိသေးပါဘူး။ သတင်းစာသမားတွေအတွက် အိမ်မက်ဆိုးမက်စေတဲ့ ၁၉၆၂ ပုံနှိပ်ဥပဒေက တရားဝင်ရှိနေပါသေးတယ်။ အဓိက သတင်းဖြန့်ချိရာဖြစ်တဲ့ သတင်းစာ၊ ရေဒီယို၊ ရုပ်သံလိုင်းတွေကို အစိုးရ ဒါမှမဟုတ် အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးသမား(ခရိုနီ) တွေကသာ ချုပ်ကိုင်ထားဆဲဖြစ်ပါတယ်။ လွတ်လပ်တဲ့ သတင်းသမားတွေကတော့ အပတ်စဉ် ထုတ်ဝေနေတဲ့ ဂျာနယ်တွေမှာပဲ ရုန်းကန်နေရဆဲဖြစ်ပါတယ်။
တိုင်းရင်းသားတွေရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ တန်းတူညီတူရှိရေး၊ ငြိမ်းချမ်းရေး မျှော်လင့်ချက်တွေနဲ့ နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ ဆင်းရဲတဲ့ ပြည်သူအများစုကြီးရဲ့ ဘ၀ကတော့ ဒီမိုကရေစီအပြောင်းအလဲ မစခင်ကအတိုင်းရှိနေပါသေးတယ်။ အချိန်မရွေး မူရင်းနေရာကို ပြန်ရောက်သွားစေနိုင်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ တပ်မတော်နဲ့ လက်ရှိအာဏာရပါတီက လေသံမဟသေးပါဘူး။ ဒီလိုအခြေအနေမျိုးမှာ သမ္မတအိုဘားမားအနေနဲ့ သမ္မတဦးသိန်းစိန်နဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှစ်ဦးတည်းကိုပဲ အပြောင်းအလဲအတွက် ချီးကျူးဖို့ သမိုင်းဝင် မြန်မာနိုင်ငံခရီးကိုလာမှာလား။ သမ္မတအိုဘားမားအနေနဲ့ သတင်းလွတ်လပ်ခွင့်အပါအ၀င် ဒီမိုကရေစီစံနှုန်းတွေ၊ တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေးတွေ၊ တန်းတူညီမျှမှု ရရှိရေးတွေ၊ ၂၀၁၅ ရွေး ကောက်ပွဲကို သန့်ရှင်းမျှတစွာ ကျင်းပပြီး လူထုတင်မြောက်တဲ့အစိုးရစစ်စစ် တစ်ရပ်ပေါ်ထွန်းရေးတွေအတွက်ရော ဘာတွေပြောဖို့ စိတ်ကူးရှိပါသလဲ။
ကျွန်တော်ကတော့ သမ္မတ အိုဘားမားကို မေးရမယ့်မေးခွန်းတွေ အများကြီး ရှိနေပါတယ်။

Posted By ကဏ္ဍစုံလင်ရသလွင်ပြင်မီဒီယာ 2:45 AM