Tuesday, August 27, 2013

" လမ်းပေါ်ရောက်ကလေးငယ်များရဲ့ ဘဝကိုပြန်လည် လေ့ကျင့်ပျိုးထောင်ပေးတဲ့ ငှက်အော်စမ်းလူငယ်ပြုပြင်ထိန်းသိမ်းရေးသင်တန်းကျောင်း "

လမ်းပေါ်က ကလေးတွေရဲ့ ဘဝဟာ အန္တရာယ် ကြီးမားလှ သလို အသုံးချ လည်း ခံရနိုင်ပါတယ်။ အဲ့ဒီလိုစိုးရိမ်စရာကောင်းတဲ့ လူမှုဘဝ ရှင်သန် နေ ရတဲ့ လမ်းပေါ်က ကလေးတွေကို ထိန်း သိမ်းစောင့် ရှောက်ပေးနေ တာက တော့ ကော့မှူးမြို့နယ် ရှိ ငှက်အော်စမ်း လူငယ်ပြုပြင် ထိန်းသိမ်းရေးသင်တန်း ကျောင်းပဲဖြစ်ပါ တယ်။ ရန်ကုန်မြို့ တစ်ဖက်ကမ်း
ဒလဆိပ်ကမ်းကတစ်ဆင့် ၁၆မိုင် ကျော် မှာတည်ရှိပါတယ်။

အဲဒီငှက်အော်စမ်းလူငယ်ပြုပြင်ရေးသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချ ထားရေးဝန်ကြီးဌာန လက် ထောက်ညွှန်ကြား ရေးမှူး ဦးလွင်ဦးကို မေးမြန်းဖြစ်ခဲ့ပါတယ်။

ငှက်အော်စမ်း သင်တန်း ကျောင်းကိုရောက်ရှိလာကြ တဲ့ကလေးသူငယ်တွေရဲ့ ဘဝ ဖြတ်သန်းပုံတွေနဲ့ အနေအ ထားအကြောင်းကို မေးကြည့်တော့

"ကျွန်တော်တို့ လူမှုဝန် ထမ်း အနေနဲ့ နိုင်ငံတော်က စောင့်ရှောက်ရန်လိုသောက
လေးများ ဆိုပြီး စောင့်ရှောက် ထားတာရှိပါတယ်။ အဲဒီအ ထဲမှာမှလမ်းပေါ်နေ ကလေး တွေလည်းပါပါတယ်။ကလေး ၁၄၉ ယောက်လုံးက ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်း ရုံးက ပို့ထားပေးရတာဖြစ်ပါ တယ်။များသောအားဖြင့် ကလေး တွေလမ်းပေါ်ရောက်တဲ့ အကြောင်းရင်းကတော့ အ ကြမ်းဖျင်းပြောရရင် အ ချက် ၂ ချက်ရှိတယ်။ ပထမအချက်က ကလေးတွေက မိ သားစုနဲ့မနေချင်တာ။မိသား စုရဲ့ဒုက္ခတွေသူတို့ပခုံး ပေါ် ရောက်လာတာကို မခံ နိုင်လို့ လမ်းပေါ်ရောက်လာတဲ့ ကလေးတွေရှိတယ်။

တချို့ ကတော့ မိဘတွေကိုယ်တိုင်က ခြေသလုံးအိမ်တိုင်လျှောက် သွားနေတဲ့မိသားစုတွေ။အဲ ဒီလိုမိသားစုမှာပါတဲ့ ကလေး တွေက သူတို့လည်း သွားချင် ရာသွားရင်းနဲ့ လမ်းပေါ်မှာ
အဖွဲ့တွေဖြစ်လာတယ်။စု ပေါင်းပြီးနေကြတယ်။ နောက်နှစ်နဲ့ချီကြာလာတယ်။ ဒီလိုမျိုးကလေးတွေလည်း ကျွန်တော်တို့ဆီကိုရောက် တာပေါ့။ ကျွန်တော်တို့ဆီမှာ မိဘကို ပြန်အပ်လို့မရတဲ့ ကလေးတွေရှိတယ်။ အဲဒီလို ကလေးတွေကို ကျွန်တော်တို့ က အသက် ၁၈ နှစ်ပြည့် တဲ့ အထိ စောင့်ရှောက်ထားပေးတယ်" လို့ ရှင်းပြပါတယ်။

ဒါ့အပြင် လမ်းပေါ်နေ ကလေးတွေမှာ အများဆုံး တွေ့ရတဲ့ ဆိုက်ကိုက ဘာဖြစ်နိုင်မလဲလို့မေးကြည့်တော့

"လမ်းပေါ်နေကလေး အများ စုကတော့သူ့ဘဝကို ရပ်တည် နေရတာ။ငယ်ငယ်ရွယ်ရွယ်နဲ့ စာလည်းမသင်ရဘူး။ ကျန်း မာရေးလည်းဂရုမစိုက်ဘူး။တစ်နေ့တစ်နေ့စားဖို့ပဲဖြေ
ရှင်းနေရတာ။အဲဒီတော့ လုပ် ချင်ရာလုပ်တယ်။အရမ်းကို လွတ်လပ်တယ်။ဒီကလေး တွေကိုထိန်းသိမ်းရတာ သိပ် ကိုခက်ခဲပါတယ်။ ဒါ ကြောင့် မို့များသောအားဖြင့် ပညာ သင်ကြားနိုင်တဲ့
အရွယ်ဆို ပညာသင်ကြားတယ်။ပညာ သင်လို့မရဘူး ဆိုရင်တော့ သူတို့ကို ကျွန်တော်တို့ ကအတင်းအဓမ္မ ပညာသင် မပေးတော့ဘူး။

သူတို့ကို အသက်မွေးဝမ်းကျောင်းပညာ သင်ပေးပြီး လူ့ဘဝရပ်တည် နိုင်အောင်လုပ်ပေးရပါတယ်" လို့ဆရာဦးလွင်ဦးကပြောပါ တယ်။ ဒီနောက်မှာ လေလွင့် ကလေးသူငယ်တွေဟာ လမ်း ပေါ်မှာဆိုတာထက် စာသင်ခန်းထဲရှိနေရမယ့် အရွယ်ဆို တော့ဘယ်သူတွေဆီမှာ တာ ဝန်ခံမှုတာဝန်ယူမှုတွေရှိ မလဲ လို့မေးကြည့်တော့ " အဓိက ကတော့ မိသားစု ပြဿနာက ကလေးတွေပေါ်ကျလာတယ်။

ကလေးတွေတာဝန် ဖြစ်လာတယ်။ကလေးတွေက မနိုင်မနင်းတာဝန်တွေထမ်း လာရတဲ့အခါကျတော့ အိမ် မှာမနေချင်တော့ဘူး။ အိမ်မှာ မပျော်တော့ဘူး။အိမ်မှာ
မပျော်ဘယ်မှာပျော်လဲဆို တော့လမ်းပေါ်ကိုတက်လာ တယ်။လမ်းပေါ်မှာအနေ ကြာလာတာနဲ့အမျှအိမ်မှာ ပိုပြီးမပျော်တော့ဘူး။ လမ်း ပေါ်မှာပထမလမ်းပျော် ကလေး။လမ်းပျော်ကလေး
ဘဝမှာသူက အိမ်ကိုလာသေးတယ်။

သူ့မှာ ပိုက်ဆံလေးရှိ တယ်။မုန့်လေးရတယ်ဆို အိမ်လာသေးတယ်။အိမ်မှာ တစ်ရက်နှစ်ရက်နေပြီးပြန် သွားတယ်။ တဖြည်းဖြည်းနဲ့ မိသားစုပြဿနာက ကြီးထွား လာတယ်။သူကလည်း ဒီတာ ဝန်ကို မယူနိုင်တော့ဘူး ဆို တဲ့အချိန်ကျ တဖြည်းဖြည်းနဲ့ အိမ်ကို မပြန်တော့ဘူး။ လမ်း ပေါ်အပြီးထွက်လာတယ် ။ လမ်းပေါ်မှာပဲနေတော့တယ်။ လမ်းပေါ်နေဖို့ကသူတစ် ယောက်တည်းနေလို့ရလား ဆိုတော့မရဘူး။မရတော့ သူ့မှာလည်းအသိုင်းအဝိုင်း တစ်ခုရှာရတယ်။သူငယ်ချင်း ဖြစ်ချင်ဖြစ်မယ်။မွေးစား အမေ၊အဖေဖြစ်ချင်ဖြစ်မယ် အဲဒီလိုလမ်းပေါ်မှာနှစ်နဲ့ချ

ကြာလာ၊ကျင်လည်လာတယ်။ အဲဒီအချိန်မှာသူ့ဘဝထမင်း စားဖို့အတွက်သူနေဖို့အတွက် ကြုံတဲ့သူနဲ့ကြုံသလို ဆက်ဆံ ပြီးနေတတ်တဲ့အကျင့်ကရ လာတယ်။အရမ်းလည်း လွတ် လပ်တယ်။အမှိုက်ပုံမှာ ကောက်ချင်ကောက်မယ်။ ဒီ ထက်ဆိုးတာဆိုလစ်ရင်ခိုး ချင်ခိုးမယ်။ဒီလိုမျိုးတွေဖြစ် လာတယ်။ဖြစ်လာတော့ ဒီ ကလေးတွေကလမ်းပေါ် မှာအနေ ကြာလာတာနဲ့အမျှ ပြဿနာတွေ အများကြီးဖြစ် လာတယ်" လို့ ဆရာဦးလွင်ဦး ကရှင်းပြပါတယ်။

နောက်ဆုံး အနေနဲ့ဆရာကြီး ဖြည့် စွက် ပြောချင်တာရှိရင် ပြောကြား ပေးပါလို့ဆိုတော့ " ကျွန်တော်ပြောချင်တာကတော့ ကလေးတွေက ကလေးပဲဖြစ်ပါတယ်။ အဲဒီလိုမိသားစု ကိစ္စဝင်ပါရင်းနဲ့ မိသားစုက မစောင့်ရှောက်နိုင်တဲ့အခါ ကျတော့သူ့ဘဝသူရပ် တည်ဖို့ လိုလာတယ်။အိမ်ကနေ အပြင် ကိုရောက်လာပြီဆိုရင် ကလေးရဲ့ပြဿနာက အများ ကြီး
ပိုပြီးကြီးထွားသွားတာ ပေါ့။ ဒါကြောင့်မို့ အိမ်ထဲမှာ မိသားစုထဲမှာ ဒီကလေး တွေပျော်နေဖို့။

မိသားစုထဲ ပျော်တဲ့ကလေးတွေဖြစ်ဖို့ ကျွန်တော်တို့တွေ ဝိုင်းဝန်း ကူညီပံ့ပိုးပေးဖို့ လိုအပ်ပါ တယ်။သင်တန်းကျောင်းကိုရောက်လာမယ်ဆိုရင် သူတို့ ရဲ့ပြဿနာက အများကြီး ကြီးထွားလာမယ်။ ကြီးထွား လာရင်အဲဒါတွေကိုပြန် ကုစားဖို့ကတော်တော် ခက် တယ်။ကလေးကို
ကုစားလို့ ရတယ်ဆိုရင်တောင်ဒီ ကလေးက မိသားစုထဲပြန်ဝင် ဖို့အတွက်ကျွန်တော်တို့က မိသားစုကို မကုစားနိုင်ရင် အလကားပဲ။ဒီကလေးကို ကျွန်တော်တို့ကဘယ်လောက်
ပဲကုစားပြီးကောင်းအောင် သွန်သင်ပေး ဒီမိသားစုထဲပြန် ထည့်လိုက်လို့ ဒီမိသားစုက ပြဿနာတွေ မပြေလည်သေး ဘူးဆိုရင်ဒီမိသားစုက မကြာ ခင် လမ်းပေါ်ပြန်ရောက်လာတာပဲ။တကယ်လူမှုအရေးအ ရလိုအပ်တဲ့ပြဿနာတွေကို လည်းဖြေရှင်းပေးဖို့ လိုအပ်ပါတယ်"
လို့ ရှင်းပြခဲ့ပါတယ်။

ဥာဏ်လင်းအောင်

Posted By Online News Media Group 2:57 PM

ကမ္ဘာ့ အသက်အကြီးဆုံး Facebook အသုံးပြုသူ ကားတစ်စီး လက်ဆောင်ရ
Tuesday, August 27, 2013

ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်တဲ့ Edythe Kirchmaier ကို တော်တော်များများ သိကြ ပါတယ်။ သူမဟာ လက်ရှိမှာ ကမ္ဘာ့အသက် အကြီးဆုံး Facebook အသုံပြုသူ တစ်ဦးအဖြစ် စံချိန်တင်ထား လို့ ဖြစ်ပါ တယ်။သူမရဲ့ အသက် ၁၀၅ နှစ်ရှိပါပြီ။

ယနေ့အထိလည်း ကယ်လီဖိုးနီးယားပြည်နယ်မှာ အသက်အကြီးဆုံး ကား လိုင်စင် ရရှိထားသူ ဖြစ်ပါတယ်။ အသက် ၁၉ နှစ်သမီး အရွယ်ကတည်း က ကားမောင်းလိုင်စင် ရရှိထားသူ ဆိုတော့ ၁၀၅ နှစ်အထိ သက်တမ်းကို တွက်ရင် ၈၆ နှစ်ကျော်သွားပါပြီ။ လက်တလောကပဲ ကားမောင်းလိုင်စင် လုပ်ဖို့အတွက် စာမေးပွဲ ဝင်ဖြေခဲ့ပြီး အောင်သွားပါတယ်။ ဘာအက်ဆီးဒန့်မှ မဖြစ်ပါဘူး။ အသက်ကြီးပေမယ့် သူ့ရဲ့  မှတ်ဥာဏ်၊ ကိုယ်ဟန် လှုပ်ရှားမှုဟာ လူကောင်းတစ်ယောက်လိုရှိနေခြင်း ဖြစ်ပါတယ်။ သူ့ မူလကားကတော့ Ford Model T ပါ။ ယခုတော့ ကားအသစ်ဖြစ်သွားပါပြီ။ အမည်မဖော်လိုသူ လက်ဆောင်ပေးသူ တစ်ဦးက သူ့အတွက် ၂၀၁၃ မော်ဒယ် Honda Civic ကို လက်ဆောင်ဝယ်ပေးခဲ့ပါတယ်။

ဒီတော့ သူမရဲ့  Facebook Page နဲ့ Account ကနေ ကားသစ်စီးနေတဲ့ပုံ၊ ကားသစ်ရတဲ့အတွက် ဝမ်းသာကြောင်း စာတွေ တင်ပြီး ပြသခဲ့ပါတယ်။ လက်ရှိမှာ Edthe Kirchmaier ဟာ ပရဟိတ လုပ်ငန်းများ လုပ်ကိုင်လျက် ရှိကြောင်း သိရပါတယ်။

Colay Automobile

Posted By Online News Media Group 2:56 PM

တောင်ဥက္ကလာပမြို့နယ် လုံခြုံရေး အရေးပေါ် တိုးမြှင့်
Tuesday, August 27, 2013

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် (၁၀) ရပ်ကွက် အဿကလမ်းနှင့် ၂၅ လမ်းထိပ်တွင် သြဂုတ်လ ၂၆ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က အနှေးယာဉ် (ဆိုက်ကား) ပေါ် လိုက်ပါလာသော အသက် ၄၄ နှစ်အရွယ် အမျိုးသမီး တစ်ဦး၏ မျက်နှာကို အမျိုးသား တစ်ဦးက ဓားဖြင့် ရုတ်တရက် လှီးကာ အကြမ်းဖက်ခံရသဖြင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရန် လုံခြုံရေးအရေးပေါ် တိုးမြှင့်ထားကြောင်း မျက်မြင် တွေ့ရှိသူများထံမှ သိရှိရသည်။

ယင်းနေ့ ညနေပိုင်း မြို့နယ် ရဲစခန်းရှေ့တွင် တောင်ဥက္ကလာပမြို့နယ်တွင်း လုံခြုံရေးအဖြစ် ရဲလုံခြုံရေး ရှေ့ပြေးယာဉ် ရှစ်စီးခန့်နှင့် လုံခြုံရေးယာဉ် နှစ်စီး တို့ဖြင့် တိုးမြှင့်ထားကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောကြားသည်။

ဒေါ်ချိုချိုဝင်းသည် (၁၃) ရပ်ကွက် အနော်မာလမ်းရှိ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း တွင် စာသင်ကြားနေသည့် သားကို ကျောင်းသွားကြိုရာ လမ်းခုလတ်တွင် မျက်နှာကို ဓားဖြင့် အလှီးခံရ သာကြောင့် ၎င်း၏ ညာဘက် ပါးတွင် ဒဏ်ရာ ရရှိကာ ၁၆ ချက် ချုပ်ရကာ သင်္ဃန်းကျွန်း မြို့နယ် ဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း ၎င်းက ပြောဆိုသည်။

“ဆိုက်ကားရှေ့ကနေ တစ်ယောက်က ပိတ်ရပ်တယ်။ နောက်တစ်ယောက် က ဘေးမှာ တွေ့လို့ လှည့်ကြည့်လိုက်တော့ လက်မနဲ့ လက်ညှိုးကြား ညှပ်ထားတဲ့ ဘလိတ်ဓားလို ဟာမျိုးနဲ့ မျက်နှာကို ဆွဲခြစ်မိပြီး ပူခနဲ ဖြစ်သွား တယ်။ မျက်နှာသာ မလှည့်မိရင် လည်ပင်းများ လှီးမလား မသိဘူး” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ ဓားဖြင့်လှီးသူ အမျိုးသား နှစ်ဦးသည် ဓားဖြင့် လှီးပြီးနောက် ထွက်ပြေးခဲ့ရာ အနှေးယာဉ် မောင်းသူသည် အသက်အရွယ် ကြီးရင့်သဖြင့် စတင် ဖြစ်ပွားချိန်၌ ရုတ်တရက် မှင်တက်နေခဲ့ကြောင်း၊ ပုံမှန် လူပြတ်ခြင်း မရှိသော အဆိုပါလမ်းတွင် ဖြစ်ပွားချိန်၌ လူပြတ်နေခြင်းကြောင့် ဖမ်းဆီးနိုင်ခြင်း မရှိကြောင်း အဿက ၂၅ လမ်းတွင် နေထိုင်သူ ဦးသိန်းလွင် က ပြောကြားသည်။

“ထွက်ပေါက် လမ်းတွေကိုလည်း သိနေတယ်။ ဆေးကြောင်နေတဲ့သူဆိုရင် တစ်ယောက်ကိုလုပ်ပြီးရင် နောက်တစ်ယောက်ကို ထပ်လုပ်ဖို့ ဝန်မလေးဘူး။ ဘာတစ်ခွန်းမှ မပြောဘဲ ဒီလို လုပ်သွားတာ စဉ်းစားစရာပဲ” ဟု ဒေါ်ချိုချိုဝင်းနှင့် မောင်နှမ တော်စပ်သူ ဦးဇော်ဝင်းက သုံးသပ်သည်။

ယင်းနေ့ ညနေ ၅ နာရီက (၁၀) ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးထံသို့ သွားရောက် မေးမြန်းခဲ့သော်လည်း ရပ်ကွက်တွင်း ဖြစ်ပွားမှုနှင့် ပတ်သက်၍ ဖြေကြားနိုင်ခြင်း မရှိကြောင်းနှင့် မြို့နယ် ရဲစခန်းကို သာ မေးမြန်းပါရန် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

အမျိုးသမီးမျက်နှာ ဓားလှီးခံရမှုနှင့် ပတ်သက်၍ (ပ) ၃၁၂/၁၃၊ ပြစ်မှု ပုဒ်မ ၃၂၆၊ ၃၄၁၊ ၁၁၄ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိပြီး ပြစ်မှု ကျူးလွန်သူများကို စုံစမ်းလျက်ရှိကာ ၎င်းတို့ နှစ်ဦးထဲမှ တစ်ဦးသည် အိန္ဒိယနွယ်ဖွားနှင့် ဆင်တူကြောင်း တောင်ဥက္ကလာပ မြို့မ ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly

Posted By Online News Media Group 2:55 PM

ယခုနှစ် ဇူလိုင်လကုန်အထိ အသေးစားနှင့်အလတ်စားလုပ်ငန်းရှင် ၆၂ ဦးအား ငွေကျပ်၁ဝဘီလီယံ ထုတ်ချေးထား
Tuesday, August 27, 2013

နိုင်ငံတော် သမ္မတ၏အစီအစဉ်ဖြင့် အသေး စားနှင့်အလတ်စားလုပ်ငန်းများ အား အထောက်အကူပြုနိုင်ရန်အ တွက် လုပ်ငန်းရှင် ၆၂ ဦးအားSMEs Loan အနေဖြင့် ငွေကျပ် ၁၀ ဘီလီယံအား ထုတ်ချေးထား ပြီဖြစ်ကြောင်း အသေးစား အ လတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုး တက်ရေးဗဟိုဌာနမှ သိရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ ၏ အစည်းအဝေးအမှတ် ၂၈/ ၂၀၁၂ အရ အသေးစားနှင့်အ လတ်စားနှင့်စက်မှုလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဘဏ်မှတစ်ဆင့် အဆိုပါချေးငွေအား နှစ်ကြိမ်ခွဲ၍ ထုတ်ချေးပေးခဲ့ခြင်းဖြစ်ကြောင်း ယင်းဌာနမှ သိရသည်။
အသေးစားနှင့်အလတ်စား လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမောင်က ''နိုင်ငံတော်အစိုးရ က ငွေကျပ် ၅ဘီလီယံကို ၂၀၁၂ ခုနှစ် အောက်တိုဘာမှာ လုပ်ငန်း ရှင် ၂၅ဦး စချေးပေးခဲ့တယ်။ အခု ၂၀၁၃ခုနှစ်အတွက် လုပ်ငန်းရှင် နောက်ထပ် ၃ရ ဦးအား ၅ဘီ လီယံကို တစ်နှစ်အတိုးနှုန်း ၈ ဒသမ ၅ရာခိုင်နှုန်းကို ပြန်ဆပ် ကာလသုံးနှစ်ထားပြီး ချေးပေးခဲ့ တာပါ''ဟုဆိုသည်။

ယင်းက ဆက်လက်ပြောဆို ရာတွင် ၂၀၁၃ခုနှစ် ဇူလိုင်လကုန် အထိ မြေ(စက်မှုဇုန်)အတွက် လာ ရောက်တွေ့ဆုံသည့်လုပ်ငန်းရှင် ၃၅ဦးအား မြေယာနှင့်ပတ်သက် သောအကူအညီများ၊ ငွေကြေး ဆိုင်ရာအကူအညီအနေဖြင့် ၄၅၂ ဦး၊ နည်းပညာပိုင်းဆိုင်ရာအကူ အညီတောင်းခံသူ ၁၀၁ဦး၊ စက် ပစ္စည်းကိရိယာများတင်သွင်းခြင်း အတွက် လုပ်ငန်းရှင် ၆၄ဦး၊ လုပ် ငန်းအကြံဉာဏ်ကို လာရောက် တောင်းခံသူ ၂၆ဦး၊ မှတ်ပုံတင် ခြင်းကိစ္စများအတွက် လာရောက် အကူအညီတောင်းခံသူ ၈၅ဦးတို့ အား အကူအညီများပေးထား ကြောင်း ပြောဆိုသွားသည်။
ယင်းနှင့်ပတ်သက်၍ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းက ''လက်ရှိ ကူညီနေတာတွေအပြင် တခြား နိုင်ငံက ပညာရှင်အဖွဲ့တွေရဲ့ အ ကူအညီတွေရဖို့အတွက်လဲ လုပ် ဆောင်ပြီး ကူညီပေးရမယ်။ ဒီလို အကူအညီတွေပေးနိုင်အောင်လဲ တစ်နိုင်ငံလုံးမှာရှိနေတှဲ့နျြ အရေအတွက်ကို အရင်သိအောင် ဗဟိုဌာနက လုပ်ပေးရမယ်။ တစ် နိုင်ငံလုံးအတိုင်းအတာနဲ့သိဖို့ဆို ရင် လုပ်ငန်းတွေရှိတဲ့နေရာ အ ရောက်သွားပြီး မှတ်ပုံတင်တာတွေ ကို လုပ်ပေးရမယ်။ ရုံးမှာနေပြီး စာရွက်တွေ သီအိုရီတွေနဲ့ အချိန် ကုန်တာမဟုတ်ဘဲ လက်တွေ့အ သုံးချနိုင်တဲ့ပုံစံမျိုး အသက်ဝင်မှ လုပ်ငန်းရှင်တွေရဲ့အားကိုးမှုကို ရနိုင်မယ်''ဟုဆိုသည်။

ယင်းက ဆက်လက်ပြောဆို ရာတွင် အဆိုပါငွေချေးမှုအား ပြုလုပ်ရာတွင် ဘဏ်အပိုင်းနှင့် တာဝန်ယူမှုအပိုင်းတွင် တိကျစွာ ဆောင်ရွက်သွားရန်နှင့် ငွေကြေး ဆိုင်ရာအဖွဲ့အစည်းများအား သီး ခြားဖွဲ့စည်းလုပ်ဆောင်ရန်သာ မက ဗဟိုဌာနပိုင်းတွင်ရှိနေသည့် ရုံးအဖွဲ့ဝင်များအား ယင်းတို့၏ ကျွမ်းကျင်မှုအလိုက် တာဝန်ခွဲပေး ခြင်းဖြင့ှ်နျြ လုပ်ငန်းများအား ကူညီရာတွင် ပိုမိုကောင်းမွန်နိုင် မည်ဟု ဖြည့်စွက်ပြောသွားသည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်း အတာဖြင့် အကြီးစားစက်မှုလုပ် ငန်းပေါင်း ၅၁၃၁ခု၊ အလတ်စား လုပ်ငန်းပေါင်း၇၆၄၈ခု၊ လုပ်ငန်း ငယ်ပေါင်း ၃၀၅၁၄ခုအထိရှိနေ သည်။ ယင်းလုပ်ငန်းများအတွက် ဂျာမနီနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ဂျပန်နိုင်ငံမှ ပညာရှင်များမှ နည်း ပညာနှင့် စက်ပစ္စည်းအကူအညီ များရရှိအောင် ဆောင်ရွက်ပေးနေ သည့်အပြင် နိုင်ငံတကာပြပွဲများ နှင့် သင်တန်းများအား စေလွှတ် ခြင်းဖြင့် လုပ်ငန်းများတိုးတက်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

Yangon Media Group

Posted By Online News Media Group 2:40 PM

Monday, August 26, 2013

မြန်မာတွေ မျိုးတုန်းသွားနိုင်တယ်

လူမျိုးတုန်းသတ်ဖြတ်မှုဆိုတာ ဓားနဲ့ခုတ်၊ တုတ်နဲ့ရိုက်၊သေနတ်နဲ့ပစ်၊ဗုံးနဲ့ခွဲမှ Genocide လို့သတ်မှတ်မှာလား။ ဟောဒီမှာ ဒါဟာခင်ဗျားတို့ကျုပ် တို့ကိုမသိမသာ Genocide လုပ်နေတယ်ဆိုတာလေး သိသာအောင်မြင်ကြည့်ကြ ရအောင်။

လူမျိုးတုန်းသတ်ဖြတ်နေတာ၊ကျုပ်တို့ရဲ့ အနာဂါတ်တွေကို ချေမွနေတာ။ တမြေ့မြေ့နဲ့ လှိုက်စားနေတာ။ ဒါကိုမတားဆီး၊ မပိတ်ပင်နိုင်ရင်တော့မြန်မာပြည်အနှံ့ ကင်ဆာဖေါင်ဒေးရှင်းတွေ နဲ့မီးသဂြိ င်္ုလ်စက်တွေသာ တိုးချဲ့ထားကြပေရော့ဗျို..... အခုဆိုရင် မြန်မာနိုင်ငံဟာ ကမ္တာမှာ ကင်ဆာ အဖြစ်အများဆုံးဒုတိယ လိုက်တဲ့နိုင်ငံ........ ....

၁၇-၈-၂၀၁၃ နေ့မှာ တောင်တွင်းကြီးမြို့ အ.လ.က (၁) မှာ ကျောင်းကျန်းမာရေး စစ်ဆေးစဉ်က ကျောင်းဈေးဆိုင်မှာ ရောင်းချနေတဲ့ မုန့်တွေကိုစစ်ဆေးတဲ့အခါ မှာ ရောင်းချနေတဲ့ မုန့်အများစုဟာ ကလေးများအတွက်အာဟာရ မဖြစ်တဲ့အပြင် အန္တရာယ်ကြီးမားတဲ့ မုန့်တွေပါတွေ့ရှိရပါတယ် ။

ပုံပါအတိုင်း အချိုရည်ဘူးကပြည်တွင်းဖြစ်ပါ။ ရေသန့်မဟုတ်တဲ့ ရိုးရိုးရေထဲမှာ ဆိုးဆေးရော၊ သကြားဆီနဲ့အနံ့ ထည့်ပြီးpacking ပိတ်ထားတာပါ ။

ဆိုးဆေးထည့်တာ လက်ဆများသွားပုံ ရပါတယ် ။ ရေတွေက ပြစ်နှစ်နေပြီး အမှုန်တွေတောင် တွေ့ရပါ တယ်။ မုန့်ထုပ်တွေကတော့ သက်တမ်းလွန်နေတာ တစ်နှစ်နဲ့နှစ်လ ရှိနေပြီဖြစ်တဲ့ တရုတ်မုန့် တွေပါ။

ဒီလိုသက်တမ်းလွန်မုန့်တွေနဲ့ ဆိုးဆေးရည်တွေကိုပိုက်ဆံပေးပြီး မုန့်လုပ်စားနေကြရတဲ့ ကျွန်တော်တို့ရဲ့ ကလေးတွေရဲ့ အဖြစ်ဟာ မတွေးရဲစရာပါ။

ဈေးပေါပေါနဲ့ဝင်လာတဲ့ တရုတ်မုန့်တွေ ၊ ဆိုးဆေးအပြည့်နဲ့ အချိုရည်ဘူးတွေ၊ ဂျယ်လီဘူးတွေ၊ရေခဲချောင်းတွေ ၊ စားအုန်းဆီခဲတွေနဲ့ ကြော်ထားတဲ့အကြော်တွေ ၊ဆိုးဆေးတွေနဲ့ အကင်တွေ ၊ဆိုးဆေးတွေ ဆိုးထားတဲ့ သရက်ကင်တွေ၊သကြားဆီတွေနဲ့ ဘာတွေရောစပ်ထား မှန်းတောင်မသိနိုင်တဲ့ တရုတ်သကြားလုံးတွေ၊

အစရှိတဲ့ မုန့်တွေပဲ နေ့စဉ်နဲ့ အမျှ မြိန်ရည် ရှက် ရည် စားနေကြရရှာတဲ့ ကျွန်တော်တို့ ကလေး များ ကိုဘယ် လိုကယ်ဆယ် နိုင်ကြမ လဲ??

ဒီမုန့်တွေကိုရောင်းချနေတာ ကျွန်တော် စစ်ဆေးခဲ့တဲ့ကျောင်း တကျောင်းထဲမှာပဲ ရောင်းနေတာ မ ဟုတ်ပါဘူး။

မြန်မာနိုင်ငံ တနံတလျားတောရော မြို့ပါကျောင်းတိုင်းကျောင်းတိုင်း မှာ ရောင်းချနေတာပါ ။

ဒါဆိုရင် ကျွန်တော်တို့မျိုးဆက်ကလေးတွေအားလုံးမှာ အန္တရာယ်ကြီးကြီးမားမား ကျရောက်နေပြီ ဆိုတာဟာ ငြင်းလို့မ ရလောက်အောင်ကို သိသာထင်ရှား နေပြီဖြစ်ပါတယ် ။

အခုဆိုရင် မြန်မာနိုင်ငံဟာ ကမ္တာမှာ ကင်ဆာ အဖြစ်အများဆုံးဒုတိယ လိုက်တဲ့နိုင်ငံ ဖြစ်နေပါပြီ။

ဒီနှုန်းအတိုင်း ဆိုရင်ကျွန်တော်တို့ကလေးတွေ အားလုံး အသက်၂၀ နဲ့ ၃၀ ကြားမှာ အသည်း ကင်ဆာလို ရောဂါတွေနဲ့သေဆုံးကြ ရဖို့ သေချာနေပါပြီ။

ဒီကလေးတွေသာ မ်ျုးဆက်ပြတ်ကြရင် ကျွန်တော်တို့နိုင်ငံမှာ ဘယ်လောက်တော်တဲ့ ခေါင်းဆောင်အုပ်ချုပ် အုပ် ချုပ်။ ဘယ်လောက်ကောင်းတဲ့စနစ်နဲ့ချီတက်ချီတက် တိုးတက်ကြပါ့မလား????

ဒါကိုမှ လူမျိုးတုန်းသတ်ဖြတ်မှုလို့မပြောရင် ဘာကိုပြောမှာလဲ??????

Credit to - U Kyaw Swe

Posted From News of Myanmar

Posted By Online News Media Group 9:21 PM

Facebook ပေါ်က ကျောင်းသားများကို မြှူဆွယ်သည့် ဆရာမအား ဖမ်းဆီး

နာမည်ကျော် လူမှုကွန်ရက် တစ်ခုဖြစ်သည့် Facebook ကွန်ရက်ပေါ်က တစ်ဆင့် ကျောင်းသား များအား လိင်ကိစ္စ မြှူဆွယ်သော ဆရာမ တစ်ဦးကို တာဝန်ရှိသူများက ဖမ်းဆီးလိုက်ကြောင်း USA Today သတင်းတွင် ဖော်ပြ ထားသည်။

ဖလော်ရီဒါ တောင်ပိုင်း အထက်တန်းကျောင်းတွင် တာဝန် ထမ်းဆောင်နေသည့် အသက် ၃၁ နှစ် အရွယ်ရှိ စတီဗီဂလပ်စ်ပူး ဆိုသူသည် ဖလော်ရီဒါ ဘိုကာရေတန်ရှိ မိမိ နေအိမ်တွင် ကျောင်းသားများ မိမိနှင့်အတူ လာရောက် အိပ်စက်ရန် Facebook ပေါ်ကတစ်ဆင့် ဖိတ်ခေါ်ခဲ့သည့်အပြင် မိမိထံတွင် ဆေးခြောက်များကိုလည်း သုံးစွဲနိုင်ကြောင်း ရေးသားထားသဖြင့် ထိုသို့ ဖမ်းဆီး အရေးယူရခြင်း ဖြစ်ကြောင်း ဘရိုးဝပ် ရဲစခန်း တာဝန်ခံ အရာရှိက ပြောကြား သည်။

Facebook ပေါ်ရှိ သူမ၏ စာမျက်နှာပေါ်တွင် ဆရာမက အသက် ၁၅ နှစ်မှ ၁၇ နှစ် အတွင်းဖြစ်ရမည် ဟူသော ရေးသားထားချက်များကို တွေ့ရပြီး ရဲစခန်းက လာရောက် ထိန်းသိမ်းလိုက်ရခြင်း ဖြစ်သည်ဟု ရဲအရာရှိက ဆိုသည်။

သူမသည် ကလေးသူငယ်များကို ပြည့်တာဆာဆန်ဆန် မြှူဆွယ်မှုဖြင့် လည်းကောင်း၊ လိင်ကိစ္စ မြှူဆွယ်လိုစိတ်ဖြင့် ကွန်ပျူတာ အင်တာနက်ကို သုံးစွဲသည့်အတွက် လည်းကောင်း လက်ရှိဒေါ်လာ ၂၅,၀၀၀ အာမခံဖြင့် နေထိုင်ရမည် ဖြစ်သည်။

အသက် ၁၇ နှစ်အရွယ် ကျောင်းသား တစ်ယောက်က မိမိထံ ဆရာမက ပို့လိုက်သော လိင်အသားပေး အရေးအသားများကို မိဘများထံ သွားရောက် ပြသလိုက်ပြီး မိဘများက တစ်ဆင့် အာဏာပိုင်များထံ ဆက်လက် တိုင်ကြားရာမှ ယခုကဲ့သို့ ကျော်မကောင်း ကြားမကောင်း သတင်းများ ထွက်ပေါ်လာခဲ့ရခြင်း ဖြစ်သည်။

ထို့ပြင် ကျောင်းသား တစ်ယောက်ထံသို့လည်း “မင်းငါ့ကို ပြန်ချစ်ဖို့ မမျှော်လင့်ပါဘူး။ ဒီလို ပြန်မချစ် လို့လည်း မင်းကို ရိုက်မှာ မဟုတ်ပါဘူး၊ စိတ်လည်း မဆိုးပါဘူး” ဟု ရေးသားထားသည့် စာများကိုပါ Facebook ကတစ်ဆင့် ပေးပို့ထားသည့် အထောက်အထားများ ရရှိခဲ့ကြသည်။

ဂလပ်စ်ပူးသည် မားဗရစ် အထက်တန်းကျောင်းက ဆရာမတစ်ဦး ဖြစ်ခဲ့ပြီး၊ လွန်ခဲ့သည့် မေလ ကတည်းက အလုပ်မှ အထုတ်ခံထားရသူ ဖြစ်သည်။ ယခုလက်ရှိ သူမသည် ဟောလီးဝုဒ် ဝိဇ္ဇာသိပ္ပံ အကယ်ဒမီ ကျောင်းတွင် ဆရာမအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ ယခုကိစ္စကို ကျောင်းဖွင့် သည့် စာသင်နှစ်အစ ကျောင်းလေးရက်သာ တက်ရသေးချိန်တွင် ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ရဲစခန်းက သတင်း ထုတ်ပြန်သည်။
Credit: The Voice Weekly

Posted By Online News Media Group 8:43 PM

မလေးရှားရောက် တရားမဝင် လုပ်သားများကို ရက်ပိုင်းအတွင်း ဖမ်းဆီးမည်
Monday, August 26, 2013

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ အပါအဝင် တရားမဝင် နေထိုင် သည့် အခြားနိုင်ငံသားများကို စက်တင်ဘာလ ၁ ရက်နေ့မှ စတင် ဖမ်းဆီးမည် ဖြစ်ကြောင်း The Star သတင်းဌာနတွင် ဖော်ပြသည်။

Enforcement Operation (မလေးရှားအခေါ် အော်ပရာစီ) ဟု အမည်ပေး ထားသည့် တရားမဝင် နိုင်ငံခြားသားများကို စစ်ဆေး ဖမ်းဆီးရေး စစ်ဆင်ရေးကို စက်တင်ဘာလ ၁ ရက်နေ့တွင် စက်ရုံ၊ အလုပ်ရုံ၊ စားသောက်ဆိုင်များ၊ တရားမဝင် အလုပ်သမားများ နေထိုင်သည်ဟု ယူဆရသော လူနေထိုင်ရာ နေရာများတွင် ပြုလုပ်ရန် သြဂုတ်လ ၂၄ ရက်နေ့ က မလေးရှား အစိုးရက တရားဝင် ကြေညာလိုက်ကြောင်း ယင်းသတင်းဌာန တွင် ဖော်ပြသည်။

“တစ်နှစ်တစ်ခါ ရှင်းလင်းရေး လုပ်တာပါ။ အထောက်အထား မရှိတဲ့ သူတွေ ဆိုရင် အတတ်နိုင်ဆုံး အပြင် မထွက်တာ ကောင်းတယ်” ဟု ကွာလာလမ်ပူ မြို့တွင် ဈေးဆိုင် ဖွင့်ထားသူ ဦးဇော်ဇော်အောင် က ပြောကြားသည်။

မေလကုန်နှင့် ဇွန်လဆန်းတွင် ဖြစ်ပွားခဲ့သည့် မလေးရှားရောက် မြန်မာနိုင်ငံ သားများ အကြမ်းဖက် ခံရမှု ဖြစ်ပွားစဉ်ကလည်း အော်ပရာစီကို တစ်ကြိမ် ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသား တစ်ထောင်ထက် မနည်း ဖမ်းဆီးခံ ခဲ့ရသည်။

အော်ပရာစီ စစ်ဆင်ရေးတွင်း ရဲ၊ လဝက၊ ပြည်သူ့စစ်၊ စစ်တပ်နှင့် နိုင်ငံခြား လုပ်သားများ စီမံ ခန့်ခွဲရေး အစီအစဉ် (6P) တာဝန်ခံ အေးဂျင့်များ၊ UN ကတ် တရားဝင် ရရှိထားသူများအတွက် UN မှ တာဝန် ရှိသူများ ပါဝင်သည်။

မလေးရှားနိုင်ငံတွင် တရားမဝင် မြန်မာလုပ်သား တစ်သိန်းခွဲခန့်ကို နိုင်ငံကူး လက်မှတ်များ ထုတ်ပေးထားပြီး ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက သြဂုတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

The Voice Weekly

Posted By Online News Media Group 5:37 PM

အမေရိကန်အပါအဝင် ၁ဝနိုင်ငံက အိုင်စီတီ နည်းပညာများ လာရောက်ပြသရန်စီစဉ်

သြဂုတ်လ ၂၆ ရက် ၂၀၁၃

အမေရိ ကန်အပါအဝင် နိုင်ငံ၁ဝနိုင်ငံမှ အိုင် စီတီနည်းပညာများ အဓိကလာ ရောက်ပြသမည့် International Myanmar ICT Exhibition 2013 ပြပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် စင်ကာပူ၊ မလေးရှား၊ ဂျပန်၊ ထိုင်း၊ အစ္စရေး၊ ကိုရီးယား၊ ဟောင်ကောင်၊ ဂျာမနီ၊ အင်္ဂလန်နှင့် အမေရိကန် အစရှိ သည့် နိုင်ငံတကာမှ နည်းပညာ ကုမ္ပဏီများကို ဦးစားပေးဖိတ်ခေါ် သွားမည်ဖြစ်ပြီး ပြည်တွင်းမှ ကုမ္ပဏီငါးခုခန့်သာ ပါဝင်ပြသခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။
''ပြည်တွင်းမှာလဲ အိုင်စီတီ ကို အရင်ကထက် စိတ်ဝင်စားမှု ပိုများလာတယ်။ ပြည်ပကုမ္ပဏီ တွေက လာရောက်ပြသမယ့် အိုင် စီတီနည်းပညာတွေ၊ ဗဟုသုတတွေ ကို ဖလှယ်နိုင်တဲ့သဘောနဲ့ ဒီပြပွဲ လုပ်ရခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကလဲ နိုင်ငံတကာအဆင့်သွား ချင်တယ်ဆိုရင် အင်တာနေရှင်နယ် စနစ်တွေကိုသိဖို့အတွက် လို အပ်ပါတယ်။ ဒါကြောင့် ပြည်ပ ကုမ္ပဏီတွေပဲ သီးသန့်ပြသရ တာပါ။ ကဏ္ဍပေါင်းစုံက ပါဝင် ပြသနိုင်ဖို့တော့ စီစဉ်ထားပါတယ်'' ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်း ချုပ်မှ တာဝန်ရှိသူ ဒေါ်ချောခင် ခင်က ပြောသည်။

ယင်းပြပွဲအား ပြခန်းပေါင်း ၁၀ဝကျော် ခင်းကျင်းပြသသွား မည်ဖြစ်ကာ အောက်တိုဘာ ၁ရ ရက်မှ ၁၉ရက်အထိ တပ်မတော် ပြခန်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံ ကွန်ပျူတာအသင်း ချုပ်၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းနှင့် မြန်မာ နိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အ သင်းတို့မှ ပူးပေါင်းကျင်းပခြင်း ဖြစ်သည်ဟု သိရသည်။

ယင်းနှင့်ပတ်သက်၍ မြန်မာ နိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အ သင်းမှ တာဝန်ရှိသူတစ်ဦးက ''နိုင်ငံကလဲ ပွင့်လင်းလာပြီဆိုတော့ နိုင်ငံတကာက အိုင်စီတီလုပ်ငန်း တွေကလဲ ဒီနယ်ပယ်ကို စိတ်ဝင် စားလာကြတယ်။ ယူအက်စ်၊ ဟောင်ကောင် အစရှိတဲ့နိုင်ငံတွေ ကလဲ စိတ်ဝင်စားမှုများနေတယ်။ ဒီပွဲကတော့ နိုင်ငံတကာ Brand တွေပဲ ပြမှာပါ။ ပြည်တွင်းကုမ္ပဏီ တွေဆိုရင်လဲ နိုင်ငံတကာအသိ အမှတ်ပြုထားတဲ့ Brand တွေပဲ ပါဝင်ပြသခွင့်ပြုမှာပါ''ဟု ပြော သည်။

မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်မှ ကြီးမှူး၍ တိုင်းနှင့် ပြည်နယ်အသီးသီးတွင် တစ်နှစ် အတွင်း အိုင်စီတီပြပွဲ ၁၅ပွဲမှ ၂ဝအထိ ကျင်းပပေးလျက်ရှိပြီး ယခုကျင်းပမည့် International Myanmar ICT Exhibition အနေဖြင့် လေးကြိမ်မြောက်ကျင်း ပခြင်းဖြစ်ကြောင်း သိရသည်။

Yangon Media Group

Posted By Online News Media Group 4:00 PM

မီးရထားများ(၁)နာရီ(၇၅)မိုင်နှုန်းအထိမောင်းနှင်နိုင်ဖို့ပြင်ဆင်မယ်ဆိုပါက
အမေရိကန်ဒေါ်လာသန်း(၅၈၀၀၀)လောက်ကုန်ကျမည်
Monday, August 26, 2013

ရန်ကုန်-မန္တလေးမီးရထားလမ်းပိုင်းအား အဆင့်မြှင့်တင်ခြင်း အပါအ၀င်
မီးရထားများကိုမြန်နှုန်းမြင့် သွားလာနိုင်ဖို့ပြင်ဆင်မယ်ဆိုပါက ကုန်ကျစရိတ်
မှာအမေရိကန် ဒေါ်လာသန်း(၅၈၀၀၀)ခန့် ကုန်ကျမယ်လို့ သိရပါတယ်။

“မီးရထားလမ်းတွေကို အဆင့်မြှင့်တင်ဖို့ရာမှာ လက်ရှိအတိုင်း တစ်မီတာ
အကျယ်ရထားလမ်းအတိုင်းသာ ထားရှိပြီးတော့ ရထားလမ်းတွေ
ပြုပြင်မယ် ရထားထိန်းချုပ်ကွပ်ကဲရေးတို့၊တံတားတွေနဲ့ဆက်သွယ်ရေး
အချက်ပြတွေကို အဆင့်မြှင့်တင်မယ်ဆိုရင် တစ်မိုင်ကိုပျမ်းမျှအနေနဲ့ အမေရိကန်ဒေါ်လာ(၃.၆)သန်းလောက် ကုန်ကျမှာဖြစ်ပါတယ်လို့
ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးချစ်မောင်ကပြောကြား
ပါတယ်။ မီးရထားများရဲ့အမြန်နှုန်းမှာ (၁)နာရီ(၄၅)မိုင်နှုန်း မောင်းနှင်ဖို့
သတ်မှတ်ထားသော်လည်းရထားသံလမ်းများကောင်းမွန်ခြင်းမရှိတော့တဲ့အတွက်လမ်းတွေကောင်းမွန်အောင်ပြုပြင်မယ်ဆိုပါက(၁)နာရီကို(၇၅)မိုင်နှုန်းအထိမောင်းနှင်နိုင်မယ်လို့သိရပါတယ်။

အဓိကဦးစားပေးလမ်းအဖြစ်ရန်ကုန်-မန္တလေးလမ်းကိုအဆင့်မြှင့်တင်ဖို့ အတွက် ဂျပန်နိုင်ငံရဲ့အကူအညီနဲ့လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ကုန်ကျစရိတ်ကိုတွက်ချက်ရာမှာရန်ကုန်-မန္တလေးခရီးမိုင်(၃၈၆)မိုင်ကို အဆင့်မြှင့်တင်ဘို့အတွက်အမေရိကန်ဒေါ်လာသန်း(၁၄၀၀)ခန့်ကုန်ကျမယ်လို့ရထားပို့ဆောင်ရေး ၀န်ကြီးဌာနက တာဝန်ရှိသူရဲ့ပြောပြချက်အရ သိရှိရသည်။

SkyNet TV Browser

Posted By Online News Media Group 3:17 PM

ပန်းသီးချစ်သူများအတွက် သတင်းကောင်း....

OpenJailbreak website ကို လွှင့်တင်ထားပြီ...

iOS hacker တစ်ဦးဖြစ်သူ p0sixninja's က OpenJailbreak project ကို ဖော်ဆောင်နေခဲ့ပြီး website အဖြစ် ပြီးခဲ့တဲ့လက လွှင့်တင်ခဲ့ပါတယ်။
ဒါပေမယ့် လွှင့်တင်ပြီး မကြာမီမှာပဲ ပြဿနာအချို့ကြောင့် ပြန်လည် ရုပ်သိမ်းထားခဲ့ပါတယ်။

အခုတော့ အဆိုပါ ပြဿနာတွေကို ဖြေရှင်းပြီးပြီဖြစ်လို့ Joshua Hill (p0sixninja) က သူ့ရဲ့ twitter မှာ ဖော်ပြခဲ့ပြီးတဲ့နောက်မှာ OpenJailbreak.org ကို အားလုံးအတွက် ဖွင့်ပေးလိုက်ပါပြီး သူ့အနေနဲ့ အခြား Hacker တွေနဲ့ Developer တွေကိုပါ ပူးပေါင်းပါဝင်ဖို့ အားပေးထားပါတယ်။
OpenJailbreak ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ နောက်မျိုးဆက်သစ်များအတွက် Jailbreak ကို ထောက်ပံ့ပေးနိုင်ပြီး အရှည်တည်တံ့စေရန် ဖြစ်ပါတယ်။

သူတို့က Jailbreak user တွေကို အကြမ်းမျဉ်း အမျိုးအစား ၅မျိုး ခွဲပြီး ဖော်ပြထားပါတယ် :

1) Average User
ကိုယ်တိုင်တောင် Jailbreak မလုပ်ဖူးပေမယ့် pirated App တွေကို သုံးချင်သူ၊ AppStore မရှိတဲ့ နိုင်ငံများက အသုံးပြုနေသူ စသည်ဖြင့်

2) Fanboys & Fangirls
Tweaks တွေကို သုံးပြီး Device ကို customize လုပ်ပြီး သုံးရတာ နှစ်ခြိုက်တတ်ပြီး hacker တွေလုပ်သမျှ နောက်က တောက်လျှောက် လိုက်ပါနေသူများ

3) Developers

4) Security Researchers

5) Jailbreak Creators တို့ပဲ ဖြစ်ပါတယ်..

OpenJailbreak ဟာ အထက်ပါ ၅မျိုးထဲမှ အောက်ဆုံးက သုံးမျိုးအတွက် ရည်ရွယ်ထားတာပါ။
Openjailbreak မှာ ပါရှိနေတာတွေကတော့..


Openjailbreak.org ကို သွားလိုက်ရင် အောက်ပါ links တွေကို တွေ့ရပါလိမ့်မယ်

libdyldcache-1.0
A library and utilities for parsing and manipulating iOS dynamic linker shared cache.

libmacho-1.0
A library and utilities for modifying and parsing Apple Mach-O executable files.

libimg3-1.0
A library and utilities for parsing and decrypting iOS IMG3 files.

libirecovery-2.0
A library and utilities for interacting with iOS low level bootloaders.

တို့ကို တွေ့ရပါလိမ့်မည်....

Credit From >>> မိုးသင်္ကြား

Posted By Online News Media Group 2:42 PM

(သြဂုတ်လ ၂၆ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial)

အဝေဖန်ခံနိုင်မှ အစိုးရလုပ်ပါ

မည်သည့် နိုင်ငံတွင်ဖြစ်စေ အာဏာသုံးရပ်တွင် ရှိနေသူများ ကို ပြည်သူလူထု၊ မီဒီယာနှင့် အခြား အင်စတီကျူးရှင်းများ က ဝေဖန် ပြစ်တင်လေ့ ရှိတတ်သည်။ ဒီမိုကရေစီ ကျင့်သုံးသော နိုင်ငံများ ဆိုလျှင် နိုင်ငံသား အားလုံးကို မကျေနပ်ချက် ရှိလျှင် လွတ်လပ်စွာ ဆန္ဒ ထုတ်ဖော်ခွင့်၊ ဝေဖန် ပြစ်တင်ခွင့်၊ ရေးသား၊ ပြောဆိုခွင့် ပြုထားသည်။ ဝေဖန်မှု မရှိသော လူ့အဖွဲ့အစည်းသည် မည်သို့မျှ ဖွံ့ဖြိုး တိုးတက်လာနိုင်စရာ မရှိပေ။ ယနေ့ ကမ္ဘာပေါ်ရှိ အဘက်ဘက်က ဖွံ့ဖြိုးမှု စံနှုန်း အမြင့်မားဆုံး နိုင်ငံများသည် နိုင်ငံသားတို့၏ ကြံစည်၊ အားထုတ်၊ တီထွင် ဖန်တီးခွင့်၊ ဝေဖန် သုံးသပ်ခွင့်တို့ကို လွတ်လွတ်လပ်လပ် အစွမ်းရှိသမျှ ဖော်ထုတ်ခွင့် ပေးထားသော နိုင်ငံများ ဖြစ်ကြသည်။

ဒီမိုကရေစီ နိုင်ငံသစ် တည်ဆောက်နေပါသည်ဟု ဆိုထားသော မြန်မာနိုင်ငံ တွင် ရှိနေသည့် အာဏာ သုံးရပ် အပါအဝင် အင်စတီကျူးရှင်းများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် တပ်မတော်တို့သည် လည်း မည်မျှ အဝေဖန်ခံနိုင်ပါသနည်းဟု မေးစရာ ရှိသည်။ ယခင် စနစ်ဟောင်း ကာလက အာဏာ သုံးရပ်ကို တပေါင်း တစည်းတည်း ကိုင်တွယ် အသုံးပြုလာခဲ့သည့် အပြင် အခြေခံ ဖွဲ့စည်းပုံအရ ဒီမိုကရေစီ သဘော သဘာဝနှင့် ခြားနားသော တပ်မတော်ကို ခြွင်းချက်အဖြစ် ထားလျှင် ကျန်သော နယ်ပယ်၊ အဖွဲ့အစည်းများ အဝေဖန်ခံနိုင်ပါသလောဟု မေးရမည် ဖြစ်သည်။

ကုန်ခဲ့သည့် ၂ နှစ်ခွဲ သက်တမ်း ကာလကို ပြန်ကြည့်လျှင် ပြည်သူလူထု အပါအဝင် မီဒီယာတို့၏ ဝေဖန် ပြစ်တင်မှု အခံရဆုံးမှာ အစိုးရဟု ဆိုလျှင် ငြင်းနိုင်စရာ မရှိပေ။ ဤနေရာတွင် လက်ရှိ အရပ်သား အသွင်ပြောင်း အစိုးရ၏ ဝေဖန်ခံနိုင်မှု စွမ်းရည်ကို အထူး အသိအမှတ်ပြု ရမည် ဖြစ်သည်။ အစိုးရ အပေါ်တွင် ဝေဖန်မှု အများဆုံး ရှိခဲ့သည်မှာ ပြည်သူလူထု အနေနှင့် အတိတ်ကာလ တစ်ခုလုံး အာဏာ သုံးရပ်စလုံး တပေါင်းတစည်းတည်း ကိုင်တွယ်ခဲ့သည့် ယခင် အစိုးရ အပေါ် မြင်ခဲ့သည့် အမြင်များ စွဲနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လက်ရှိကာလ အုပ်ချုပ်ရေးသက်သက် တာဝန် ထမ်းဆောင်နေသော အစိုးရအပေါ် အကောင်းမြင်စိတ် နည်းနေခြင်းမှာ သဘာဝ ကျသည်။ ပြည်သူလူထု၊ အင်စတီကျူးရှင်းများနှင့် မီဒီယာတို့က မီဒီယာ မျိုးစုံမှ တိုက်ခိုက် ထိုးနှက်သမျှ၊ ဝေဖန် ပြစ်တင်သမျှကို ယနေ့အချိန်အထိ အပြုံးမပျက် နားထောင်နေနိုင်ခြင်းမှာ ထူးခြားသည်။ ခြွင်းချက် အနေနှင့် အစိုးရအပေါ် စွပ်စွဲချက် မှန်သမျှ၊ အစိုးရနှင့် ပတ်သက်၍ ထွက်ပေါ်လာသော သတင်း မှန်သမျှ အစိုးရ လုံးဝ မမှားကြောင်း၊ တစ်ဖက်ကသာ မှားကြောင်း အမြဲ ဆတ်ဆတ်ထိမခံ တုံ့ပြန် တတ်ခြင်းကိုသာ လူထု ဆက်ဆံရေး PR နည်းနာ ကောင်းကောင်းဖြင့် တုံ့ပြန် ဖြေရှင်းတတ်ပါက လက်ရှိ အစိုးရ၏ ဂုဏ်သိက္ခာ ပိုတက်လာစရာ ရှိသည်။

ယနေ့ဆိုလျှင် ဥပဒေပြု လွှတ်တော်ကပင် အုပ်ချုပ်ရေး အဖွဲ့၏ အကြီးအကဲ၊ အစိုးရအဖွဲ့၏ သမ္မတ၊ နိုင်ငံတော် အကြီးအကဲဖြစ်သူအပေါ် ဝေဖန် ပြစ်တင် လာသည်အထိ အရှိန် မြင့်လာသည်ကို တွေ့နိုင်သည်။ အာဏာ သုံးရပ် အနက် အုပ်ချုပ်ရေး အာဏာသည် သဘော သဘာဝအရ မည်သည့် နိုင်ငံတွင်မဆို ဝေဖန် ပြစ်တင်မှု အများဆုံး ခံရလေ့ ရှိတတ်သည်။ ယနေ့အချိန်အထိ ဝေဖန် ပြစ်တင်မှုများကို အစိုးရ၏ တုံ့ပြန်မှုမှာ မျှော်လင့် ထားသည်ထက် သဘောထားကြီးသည့် သဘော တွေ့ရသည်။

သို့သော် နိုင်ငံတော်၏ အမြင့်ဆုံး ဥပဒေပြု အဖွဲ့အစည်း လွှတ်တော် အပေါ် ဝေဖန်မှုများနှင့် ပတ်သက်ပြီး လွှတ်တော်၏ တုံ့ပြန်မှုများကမူ ယခုထက်ပို၍ ခန္တီစ တရား လက်ကိုင်ပြုရန် လိုအပ်နေ သေးသည်ဟု ယူဆစရာ ရှိသည်။ ဥပမာအားဖြင့် ဒေါက်တာဆိတ်ဖွား စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းခြင်းမျိုး ဖြစ်သည်။

ထိုနည်းတူစွာ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ အင်စတီကျူးရှင်းများတွင် လည်း အစု၊ အဖွဲ့သဘောမျိုး ဆောင်ထားသည့်အတွက် မိမိတို့ အစုအဖွဲ့ဝင် တစ်ဦးဦး သို့မဟုတ် အစုအဖွဲ့ကို ဝေဖန် ပြစ်တင်မှု ကြုံရပါက ဝေဖန်သူကို ရန်သူသဖွယ် သဘောထားကာ ကြက်ခေါင်း ဆိတ်မခံ သွေးဆူဆူ တုံ့ပြန်တတ် ကြခြင်းမျိုးလည်း ရှိသည်။

အာဏာရှင်စနစ်ကို မနှစ်သက်၊ သဘောမကျသောကြောင့် ဒီမိုကရေစီကို လိုလား တောင့်တကြသော နိုင်ငံသူ နိုင်ငံသားတို့ အနေနှင့် မိမိတို့ ကိုယ်တိုင်လည်း ဝေဖန် ပြစ်တင်မှုကို ခံနိုင်ရည် ရှိသော၊ ဒီမိုကရေစီနည်းဖြင့် ညင်သာစွာ ပြန်လည် တုံ့ပြန်နိုင်သော သို့မဟုတ် သည်းခံ ခွင့်လွှတ်နိုင်သော သဘောထားကြီး ရင့်ကျက်သည့် နိုင်ငံကြီးသားများ ဖြစ်အောင် မိမိတို့ ကိုယ်ကိုယ်နှင့် မိမိတို့ အဖွဲ့အစည်းကို အရင်ဦးစွာ တည်ဆောက်ထားနိုင် မှသာ နိုင်ငံတော်နှင့်ချီသော ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးကို လက်တွေ့ကျကျ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း သတိပြုမိစေလိုရင်းဖြစ်သည်။

အယ်ဒီတာ (၂၅-၈-၂၀၁၃)


Credit: The voice weekly

Posted By Online News Media Group 1:59 PM


Samsung ၊ Iphone ၊ Sony ၊ HTC ဖုန်း ကို အစစ် လား အတုလား စစ်ဆေး နည်း

ခု နောက် ပိုင်း Samsung ၊ Iphone ၊ Sony ၊ HTC တဲ့ နာမည် ကြီး Brand တွေ ကို ပုံစံ တူ ခိုးပြီး ရောင်း တာ တွေ များလာ ပါတယ် ။

အဲ့ အတွက် ပုံမှန် ဆိုင် တွေ က တော့ အတု(clone ) ဟု ပြော ရောင်း သလို ရော ချ တဲ့ ဆိုင် တွေ လဲ ရှိ ပါတယ် ။အဲ့ အတွက် စစ်ဆေး နည်း ကို ဗဟု သု တအနေ နဲ့ ပြော ပြ ချင်ပါတယ် ။
ဖတ်ပြီး ရင် တခြား သူငယ်ချင်း တွေ လဲ သိရအောင် Share ပေး ကြပါ ။


အရင် တုန်း က ပုံစံ တူ တွေ ထုတ် ပေ မယ့် Java ဖြစ် တဲ့ အတွက် ခွဲ ခြား ရလွယ် သလို ပုံစုံ မှာ လဲ ကွာခြား မူ ရှိ ပါတယ် ။ ခု နောက် ပိုင်း တွင် Clone Android တွေ ထွက် လာတော့ Brand က လဲ Android ဆို တော့ အတွင်း ပိုင်း ကို ခွဲ ခြား မရ အောင်တူ လာပါတယ် ။အပြင် ပိုင်း အရလဲ တော်တော် လေး တူလာပါတယ် ။ ပုံ မှန် ဖုန်း Service သမား အနေ နဲ့ သိ နိုင်သော် လဲ အပြင် လူ အနေ နဲ့ သို့ လော သို့ လော ဖြစ် စေ ပါတယ်။

အဓိက ကတော့ နိုင်ငံ ခြား မှာ ရောက်နေ တဲ့ မြန်မာ တွေ အတွက်ပါ ။အဲ့ မှာ ဆိုင် တွေ က ဘယ် နှစ် နှစ် အာမခံ ၊ ဗီယက် နမ် ထုတ် အစစ် စ သဖြင့် လိမ် ရောင်း တာ ကို လက်တွေ့ ခံ ရတဲ့ သူတွေ ကို လဲ တွေ့ ဖူးပါတယ် ။

ခုစစ်ဆေး နည်း ၃ နည်းပြော ပြ ပါမယ် ..

၁။ အမြင် အား ဖြင့် ဆုံး ဖြတ်ခြင်း

ကျန်တာ တွေ ဘယ်လောက်တူတူ ရုပ်ထွက် က တော့ အရောင် က ပုံမှန် ထက် လျော့ ပါတယ် ။

၂။ ကုဒ် နံပတ် များ သုံး စစ်ဆေး ခြင်း

Samsung တွင်သာ
*#1234#
*#0*#
*#1111#

၃။ IMEI ဖြင့် စစ် ဆေးခြင်း ( All Brand )

*#06# ကို နိုပ်ပြီး ဖြစ် စေ ၊ နောက်ဖက် ကျော ဘက် ဓာတ်ခဲ ဖယ်လိုက် ရင် လဲ ကပ် ထား တဲ့ စာထဲ မှာ IMEI ရှိပါတယ် ။

15 လုံးရှိပါတယ် ။အဲ့ နံပတ် ကို မှတ် ပြီး

Android ဖုန်း မှာ စစ်ဆေး နိုင်ရန် IMEI check by MH Application ကို အသုံးပြု ပြီး ဖြစ်စေ

အောက်က လင့် တွင် ကွန်ပြူတာနှင့် ဖြစ် စေ စစ်ဆေး နိုင်ပါတယ် ။

Enter IMEI number below အောက် က အကွက် ထဲ တွင် မိမိ ဖုန်း ရဲ့ IMEI နံပတ် ကို ရိုက် ထည့် ပြီး analyse ကို နိုပ် လိုက်ပါ ။

Android အတွက်ဒီမှာ Down ပါ-- http://adf.ly/Uagsq


PC အတွက်ကတော့ဒီမှာ--
http://www.numberingplans.com/?page=analysis&sub=imeinr


Credit : Mobile House

Posted By Online News Media Group 4:36 AM

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူမင်းနှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူမင်းနှင့် တွေ့ဆုံပြီး ဥက္ကဋ္ဌ သက်တမ်း နှစ်လကျော် ကာလအတွင်း ပထမဆုံး ကြုံတွေ့ရသည့် ၎င်းကို ထုတ်ပယ်ရန် ဆန္ဒပြတောင်းဆိုမှု များအပေါ် သူ့အမြင်၊ ရုပ်ရှင်အ စည်း အရုံး၏ အပြစ်ပေး အရေးယူမှုများနှင့် ပတ်သက်ပြီး ဝေဖန်မှုများအပေါ် သူ့သဘောထား၊ အများပိုင် ရုပ်ရှင်ကုမ္ပဏီ ဖွဲ့စည်းရသည့် အကြောင်းအရင်း တို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

Voice ။ ။ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ကိုလူမင်းတာဝန်ယူတဲ့ သက်တမ်း နှစ်လကျော်အတွင်းမှာ ပထမဆုံးကြုံတွေ့ရတဲ့ ဒီဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

L.M ။ ။ ကိုယ်တို့ နာယကကြီးတွေရော၊ ရှေ့မီနောက်မီ ဆရာကြီးတွေရော မေး စမ်းကြည့်ပြီးပြီ။ မြန်မာ့ရုပ်ရှင်သမိုင်းမှာ တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူးဘူးပေါ့။ အဲဒီတော့ အခုစရှိပြီပေါ့။ နောင်တစ်ချိန်ကျတော့လည်း ဒီနေ့ဖြစ်စဉ်က ရုပ်ရှင်သမိုင်းရဲ့ စာမျက်နှာတစ်ခု ဖြစ်မှာပေါ့။ ကိုယ့်အနေနဲ့ကတော့ ဘာမှထွေထွေထူးထူး ပြောဖို့မရှိပါဘူး။ ဆန္ဒပြတယ် ဆိုတာလည်း လုပ်ထုံးလုပ်နည်းအရ သက်ဆိုင်ရာဆီ ခွင့်တောင်း၊ ခွင့်ပြုချက်ကျလို့ ပြတယ်ဆိုတော့ ဒါနိုင်ငံသားတိုင်း ရနိုင်တဲ့ အခွင့်အရေး တစ်ခုပဲလေ။ အဲ့ဒီအပေါ်မှာ ကိုယ့်သဘောထား အမြင်ကတော့ သဘောတူခြင်း၊ ကန့်ကွက်ခြင်း ဘာမှမရှိပါဘူး။ ဆန္ဒပြခွင့်ရှိတယ်။ ဆန္ဒဖော်ထုတ်ပါစေ။

Voice ။ ။ ရုပ်ရှင်လောကသားတွေရဲ့ တိုးတက်မှုအတွက် ကိုလူမင်း အပါအဝင် အမှုဆောင်အဖွဲ့က စွမ်းဆောင်ပေးနိုင်တဲ့ အရည်အချင်းမရှိလို့ ဆန္ဒထုတ်ဖော်တာလို့ ဆန္ဒပြတဲ့သူတွေက ပြောတယ်။ ဒီအပေါ်မှာ ကိုလူမင်း ဘာပြန်ပြောချင်လဲ။

L.M ။ ။ အခု ဒီလိုပြောလာတာက အနုပညာလောက တစ်လောကလုံးက ပြောတာလားဆိုတာ အစ်ကိုက သုံးသပ်ဆင်ခြင်ရမယ်။ တစ်လောကလုံးက ပြောလာတယ် ဆိုရင်တော့ ကိုယ်လည်းထိုင်နေစရာ အကြောင်းမရှိဘူး။ တစ်လောကလုံးကို ကိုယ်စားပြုရင် ကိုယ်ဖြေရှင်းချက် ပေးစရာအကြောင်း မရှိဘူးလေ။ တစ်လောကလုံးကို ကိုယ်စားပြုဖို့တော့ လိုတာပေါ့။

Voice ။ ။ ဝေဖန်တိုက်ခိုက်မှုတွေများတဲ့ အစည်းအရုံး ဥက္ကဋ္ဌနေရာကို ဘယ်လိုကြောင့် လက်ခံဖြစ်ခဲ့တာလဲ။

L.M ။ ။ ပြဿနာတွေ အများကြီး ရင်ဆိုင်ရလိမ့်မယ် ဆိုတာလည်း ကိုယ်သိတယ်။ ကိုယ်ကိုယ်တိုင်လည်း အလုပ်အားတဲ့သူတစ်ယောက် မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အနုပညာလောကအတွက် မို့လို့ပါ။ ကိုယ့်အတွက်မဟုတ်ဘဲ လောကအတွက် လုပ်တာဖြစ်တဲ့အတွက် ကိုယ်ရင်းနှီးရတာတွေ အများကြီး ရှိပါတယ်။ ကိုယ့်အနုပညာလောက အတွက်မို့လို့ ကိုယ်ဒီလို ရင်ဆိုင်နေတာပါ။ ဒီလိုခေတ်ကြီးမှာ အခုလို ဖြစ်ရပ်မျိုး ကြုံတွေ့ရတယ်ဆိုတာ သိပ်တော့ မထူးဆန်းပါဘူး။ အတိုက်အခံဆိုတာ နေရာတိုင်းမှာ ရှိမှာပဲ။

Voice ။ ။ ဆု ဗီဒီယို ထုတ်လုပ်ရေးပိုင်ရှင် ဒေါ်စန်းစန်းမော်ကို ရန်ကုန်တိုင်း ဗီဒီယို အခြေခံအဖွဲ့ ဥက္ကဋ္ဌအဖြစ်ကနေ ထုတ်ပယ်လိုက်ရတဲ့ အကြောင်းအရင်း သိပါရစေ။

L.M ။ ။ ပြောရမှာ ဆိုရင်တော့ အများကြီးပဲ။ ခြုံပြီးပြောရရင်တော့ ကိုယ်တို့ ရုပ်ရှင် အစည်းအရုံးမှာလည်း ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းဆိုတာ ရှိတယ်။ ကိုယ်သည် တစ်ဦးတစ်ယောက်တည်း ဆန္ဒနဲ့ ငါဥက္ကဋ္ဌပဲဆိုပြီး ဆုံးဖြတ်တဲ့ကိစ္စ မဟုတ်ဘူး။ ကိုယ်တို့ တစ်လောကလုံးက လေးစားရတဲ့ နာယကကြီးတွေ အားလုံးရဲ့ သဘောထားမှတ်ချက်တွေ ရှိတယ်။ ရုပ်ရှင်အစည်းအရုံးရဲ့ အမြင့်ဆုံး အဖွဲ့အစည်းဖြစ်တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးရဲ့ အားလုံးတညီတညွတ်တည်း ဆုံးဖြတ်ချက်လည်း ဖြစ်တယ်။
ပြောရရင်တော့ အများကြီးပဲ။ ပြောဖို့က အချက်အလက်တွေနဲ့ ပြောမှရမယ်။ နာမည်ကြီးတပ်ပြီး ပြောနေရမှာဖြစ်တဲ့အတွက် ကိုယ်အဲဒီလိုတော့ မပြောချင်ပါဘူး။ သေချာတာတစ်ခုကတော့ ကိုယ့်ဆုံးဖြတ်ချက်အပေါ် ကိုယ်ယုံကြည်မှု ရှိတယ်။ ကိုယ့်အကြောင်းလည်း လောကသားတွေ သိပါ တယ်။ ကိုယ်က ရာထူးမက်စရာ အကြောင်းလည်းမရှိဘူး။ ငွေမက်စရာ အကြောင်းလည်း မရှိဘူး။ ကျော်ကြားမှုကို မက်စရာအကြောင်းလည်း မရှိဘူး။ ကိုယ်လုပ်နေတာ လောကအတွက်ပဲ။ ကိုယ့်အကြောင်းကို သိတဲ့လူကတော့ ကိုယ့်ဆုံးဖြတ်ချက်ကို နားလည်ပါလိမ့်မယ်။

Voice ။ ။ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနေရာက ပြန်ရွေးဖို့ ရှိတယ်လို့လည်း သိထားတယ်။ ကိုလူမင်းကရော အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ဘယ်အချိန်လောက်အထိ တာဝန်ယူဖို့ စဉ်းစားထားလဲ။

L.M ။ ။ ကိုယ်အမှန်အတိုင်း ဝန်ခံရရင် နောက်သက်တမ်းဆိုတာကို မစဉ်းစားထားဘူး။ ကိုယ်ဥက္ကဋ္ဌ ဖြစ်လာတယ်ဆိုတာလည်း မလွှဲမရှောင်သာ၊ မဖြစ်မနေ ဒီတာဝန်ကို ကိုယ်ယူမှ ဖြစ်မယ်ဆိုတဲ့ အခြေအနေ ရောက်လာလို့သာ ကိုယ်ကလက်ခံပြီး ရယူလိုက်ရတာ။ ကိုယ့်စိတ်ထဲမှာ ဥက္ကဋ္ဌကြီး လုပ်မယ်ဆိုတဲ့ စိတ်လည်း ရှိမနေဘူး။ ဒါပေမဲ့ တစ်ခုရှိတာက လောကကောင်းစေချင်တဲ့ စိတ်တော့ ကိုယ့်မှာအပြည့်အဝ ရှိတယ်။ ဒါ မှန်သောသစ္စာပါ။ ကိုယ့်ထက် လောကအကျိုးကို ပိုလုပ်နိုင်တဲ့သူ၊ ဘယ်သူမဆိုပေါ့ ကိုယ်အမြဲတမ်း ဖိတ်ခေါ်တယ်။

Voice ။ ။ ‘မမပြုံး ပြုံးစမ်းပါ’ ဇာတ်ကားကိစ္စနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်ကို ရိုက်ကူးခွင့် သုံးလ ရပ်ဆိုင်းလိုက်တာရော ဘယ်သူတွေရဲ့ ဆုံးဖြတ်ချက်နဲ့လဲ။

L.M ။ ။ ဒါလည်း CEC အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ပဲ။ အဲဒါကလည်း ဒီလိုပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်သံတွေလည်း တော်တော်ကြားရပါတယ်။ အရင်အစိုးရလက်ထက်က ပိတ်ပင်တားဆီးမှုမျိုး ကိုယ်တို့လက်ထက်မှာ လည်း လုပ်နေတယ်ပေါ့။ အပြင်ပန်းကြည့်ရင် ဒီဝေဖန်ချက်က မှန်ပါတယ်။ ဒါပေမဲ့ အဲ့ဒီနောက်မှာ ကိုယ်တို့ရဲ့ စေတနာတွေက အများကြီးရှိတယ်။
ကိုယ်ဆိုလိုတာက ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်ဆိုတာ နာမည်ပျက် လည်း မရှိဘူး။ အနုပညာအရလည်း သိက္ခာရှိတဲ့ အနုပညာသမား စစ်စစ် တစ်ယောက် နောက်တစ်ခု ကိုယ်တို့ အင်မတန်လေးစားရတဲ့ အချက်က ဒီ ‘မမပြုံး ပြုံးစမ်းပါ’ ဇာတ်ကားကိစ္စမှာ သူကလည်း ကြိုတင်ကြံစည်မှု မရှိဘဲ အမျိုးမျိုးသော အခက်အခဲတွေကြောင့် သူတစ်ချိန်က ရိုက်ခဲ့တဲ့ ဇာတ်ညွှန်း အဟောင်းကို ပြန်ရိုက်မိတာ။

ရိုက်တဲ့အချိန်မှာ တစ်ဖက်ကလည်း ရိုက်ပြီးသား ဖြစ်တဲ့အတွက် စာရေးသူအနေနဲ့ကလည်း ငွေကြေးနောက်ကိုလိုက်ပြီး ဟိုကိုရောင်း၊ ဒီကိုရောင်း လုပ်တယ် ဖြစ်မှာစိုးလို့ ကိုယ်တို့အစည်းအရုံးကို အကြောင်းကြားထားတာပဲ ရှိတယ်။ အဲ့ဒီ အပေါ်မှာ ဒါရိုက်တာက ဘယ်သူ့မှာမှ တာဝန်မရှိဘူး။ သူ့ရဲ့ပေါ့လျော့မှုကြောင့် သူ့မှာပဲ တာဝန်ရှိတယ်။ အဲဒီတော့ အပြစ်ပေးရင်လည်း ပေးပါ၊ အနုပညာ လုပ်ကိုင်ခွင့် ပိတ်ပင်ရင်လည်း ပိတ်ပင်ပါဆိုပြီး သူကိုယ်တိုင် သူ့ရဲ့အမှားတစ်ခုအတွက် တာဝန်ယူပြီး ကိုယ်တို့အစည်း အရုံးကို တောင်းဆိုလာတာ။တကယ်တော့ ဒီခေတ်ကြီး မှာ ရေပန်းစားတဲ့ စကားလုံးတွေဖြစ်တဲ့ တာဝန်ယူခြင်း၊ တာဝန်ခံခြင်းဆိုတဲ့ စကားတွေကို လူတွေ လက်တွေ့ကျင့်ကြံနိုင်ဖို့ ခက်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီဒါရိုက်တာက ကိုယ့်တာဝန် ကိုယ်အပြည့်အဝ ယူပြတာ။

အဲဒီအပေါ် ကိုယ်တို့က သုံးလရပ်စဲကြောင်း စာကို ထုတ်ပြန်လိုက်တာ။ စာထုတ်ပြန် လိုက်ပေမယ့်လည်း ကိုယ်ကိုယ်တိုင်ပဲ တစ်ဖက်ကားက ဒါရိုက်တာနဲ့ ထုတ်လုပ်သူကို ညှိနှိုင်းပေးပြီးသား။ ပြေလည်း ပြေ လည်တော့မှာ။ ထုတ်လုပ်သူဘက်ကလည်း ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံ ထားတဲ့ ကားတစ်ကားက ဒီအခက်အခဲလေး တစ်ခုကြောင့် အချိန်များစွာ ကြန့်ကြာတယ်ဆိုတဲ့ နစ်နာမှု ကလည်း ရှိတယ်။ အဲဒါကြောင့် ဒီစာကို ထုတ်ပြီးတာနဲ့ တစ်ဖက်ကလည်း ကိုယ်ကိုယ်တိုင် ညှိနှိုင်းဆွေးနွေးပြီး သား ဖြစ်တဲ့အတွက် ပြေလည်သွားတာနဲ့အတူ ဒီဇာတ်ကားကို ဘာမှတားဆီးစရာ မရှိဘူး။ Class Pass လုပ်ရုံပဲ။ ဒါရိုက်တာ ညွန့်မြန် မာညီညီအောင် ကိုလည်း သုံးလပိတ်ပင်ထားတာ ဖြေလျှော့လိုက်ရုံပဲ။ စာထုတ်လိုက်တာပဲရှိတာ။ ဘယ်သူမှ ထိခိုက်နစ်နာအောင်တော့ ကိုယ်တို့ မလုပ်ပါဘူး။

Voice ။ ။ ဒါဆို ‘မမပြုံး ပြုံးစမ်းပါ’ ဇာတ်ကားနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ကြည်ဖြူသျှင်နဲ့ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်ရဲ့ ဇာတ်ကား ဘယ်သူ့ကားက အရင်ထွက်ခွင့်ရမလဲ။

L.M ။ ။ ရှေ့မှာဖြစ်ခဲ့ဖူးတဲ့ အစဉ်အလာတွေအရ ဇာတ်လမ်းတွေ တူကြတယ်ဆိုတာ ဗီဒိယိုတွေက ဇာတ်လမ်းကြိုတင်စရာ မလိုဘူး။ ဇာတ်လမ်းတူတာတွေ၊ ဇာတ်လမ်း ထပ်တာတွေ ရှေ့မှာအများကြီး လည်း ဖြစ်ခဲ့ဖူးတယ်။ အဲ့ဒီလိုတူတာ၊ ထပ်တာဖြစ်လာခဲ့ရင် အရင်တုန်း ကတော့ ဆင်ဆာနံပါတ်စောတဲ့သူက အရင်ဖြန့်။ ဖြန့်ပြီးတာနဲ့ နောက်ကား က ခြောက်လကြာမှ ဖြန့်ဆိုပြီး ရှေ့အစဉ် အဆက်မှာ လုပ်ခဲ့ဖူးတယ်။

အခုတချို့ ဗီဒီယိုကားတွေဆို နိုင်ငံခြားကားတွေကို မှီငြမ်းပြီး ရိုက်ကြတော့ ဇာတ်လမ်းချင်း တစ်ထပ်တည်းတူပြီး ထွက်တာမျိုးတွေ ရှိတယ်။ အဲ့ဒါကြောင့် နယ်ပရိသတ်တွေရဲ့ ဝေဖန်ခံရတာမျိုးတွေ ရှိတယ်။ ဒီကိစ္စကျတော့ ရိုက်တာ ကိုက မရှေးမနှောင်း၊ ရှေ့ဆင့် နောက်ဆင့်လေး သွားဖြစ်နေတယ်။ တစ်ဖက် ကားကလည်း သေသေချာချာ နည်းလမ်းတကျ ဝယ်ယူပြီး ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ ဖော်ပြပြီး ရိုက်ထားတာဆိုတော့ လုပ်နည်းလုပ်ဟန် မှန်မှန်နဲ့ ရိုက်ထားတာပေါ့။ ကိုညီညီအောင်ရဲ့ ကားကျတော့လည်း ရိုက်မယ့်ရက်ကျမှ ဇာတ်ညွှန်း နှစ်ပုဒ်လောက်နဲ့ အဆင်မပြေလို့ ကြိုတင် ကြံစည်မှုမရှိဘဲ သူလည်းရိုက်မယ် မထင်လို့ပေါ့နော်၊ တစ်ချိန်က ရိုက်ခဲ့တဲ့ ဇာတ်ကား ကို ပြန်ရိုက်မိရင်း အလွဲအချော်လေးတစ်ခု ဖြစ်သွားတာပေါ့။

Voice ။ ။ ကိုလူမင်း အစည်းအရုံး ဥက္ကဋ္ဌ လက်ထက်မှာ သိသာထင်ရှားတဲ့ ကြိုးပမ်းမှုဖြစ်တဲ့ အများပိုင်ရုပ်ရှင်ကုမ္ပဏီ ဖွဲ့စည်းဖြစ်တဲ့ အကြောင်းအရင်းလေး သိပါရစေ။

L.M ။ ။ အဲဒါကလည်း ကိုယ်တို့ ဆောင်ရွက်နေဆဲပါပဲ။ လုပ်ဖြစ်တာကတော့ အစိုးရမူဝါဒ အပြောင်းအလဲတစ်ခု အပေါ်မှာ ကိုယ်တို့ လောကသားတွေ ရသင့်ရထိုက်တဲ့ဟာက ဒီလိုပုံစံနဲ့မှ ရနိုင်မယ့် အခြေအနေရှိလို့ ဆိုင်ရာဆိုင်ရာ တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေရဲ့ အကြံဉာဏ်နဲ့ လုပ်တာပါ။ ကိုယ့်ရဲ့ Idea နဲ့ လုပ်တဲ့ အစီအစဉ် မဟုတ်ပါဘူး။

Voice ။ ။ ဒီအဖွဲ့အစည်းကို ဖွဲ့တဲ့အခါမှာ အားလုံးကို အကြောင်းမကြားဘဲ နီးစပ်ရာလူတွေနဲ့ ဖွဲ့လိုက်တယ်လို့ ဝေဖန်မှုတွေလည်း ရှိတယ်။ ဒီအပေါ်မှာရော ဘာပြောချင်ပါသလဲ။

L.M ။ ။ ဒါကအချိန်တိုတို အတွင်းမှာ အမြန်လုပ်ရမယ့် ကိစ္စဖြစ်တယ်။ လုပ်တယ် ဆိုတာလည်း လျှောက်လွှာတို့၊ ဖောင်တို့တင်တဲ့အဆင့်ပဲ ရှိသေးတယ်။ ပြီးရင်အားလုံးကို အသိပေးမှာ။ ဒါ လောကသားအားလုံး ပါဝင်ခွင့်ရမယ့် ကိစ္စမို့လို့လုပ်တာ။ အခုအချိန်မှာ လောကသားအားလုံး သိအောင် နှံ့စပ်အောင် ရှင်းပြပြီးမှ လုပ်မယ်ဆို ကိုယ်တို့နောက်ကျသွားလိမ့်မယ်။

Voice ။ ။ ဒီအများပိုင်ကုမ္ပဏီ ဖွဲ့ပြီးရင်ရော အနုပညာလောကအတွက် ဘယ်လို ကောင်းကျိုးတွေ ရနိုင်မယ်လို့ထင်လဲ။

L.M ။ ။ ကိုယ်တို့ရုပ်ရှင်အစည်းအရုံး ဆိုတာ NGO အဖွဲ့လေ။ NGO အဖွဲ့အနေနဲ့ လုပ်ပိုင်ခွင့်မရှိတဲ့ စီးပွားရေးဆန်တဲ့ ကိစ္စလိုမျိုးတွေ၊ နိုင်ငံခြားနဲ့ ဖက်စပ်လုပ်မယ့် ကိစ္စတွေကို လုပ်ခွင့်ရပြီးတော့ ကိုယ်တို့ လောကသားတိုင်း၊ ထုတ်လုပ်သူ၊ မင်းသား၊ မင်းသမီးကအစ၊ မီးထိုး၊ မှန်ထိုးတွေ အကုန်ခံစားနိုင်မယ့် အခွင့်အရေးမို့လို့ ဒီလမ်းကြောင်းကို ရွေးတာပါ။

Voice ။ ။ ရုပ်ရှင်အစည်းအရုံးကနေ နိုင်ငံခြားဇာတ်ကားတွေ တင်သွင်းပြသဖို့ လုပ်နေတယ်လို့ ကြားတယ်။ ဒီအကြောင်းလေး ပြောပြပေးပါဦး။

L.M ။ ။ ဒီကိစ္စအတွက် ကိုယ်တို့ကုမ္ပဏီတစ်ခုနဲ့ MoU ထိုးထားတာပေါ့နော်။ အဲဒါက ဘာလဲဆိုတော့ နိုင်ငံခြားကားတွေကို ကိုယ်တို့က တိုက်ရိုက်ဝယ် ယူခွင့်ရအောင် ကြိုးစားပေးတာ။ အဲဒီရည်ရွယ်ချက်က ကိုယ်တို့ဆီ မှာ နိုင်ငံခြားကားတွေ ပြသဖို့ဆို နှစ်ဆင့်ခံလောက် ဝယ်ယူတင်သွင်းရတယ်။ တိုက်ရိုက်ဝယ်ယူခွင့်ရရင် တစ်အချက် ဈေးနှုန်းသက်သာမှုတွေ ရှိမယ်။ ပြီးတော့ အချိန်နဲ့ တစ်ပြေးညီ ကြည့်ရှုခွင့်ရတဲ့ အကျိုးကျေးဇူးတွေ၊ ပရိသတ်တွေ ခံစားရမယ်။ ငွေကြေးအားဖြင့်လည်း သက်သာမှုတွေရမယ်။ အဲဒီကရတဲ့ အကျိုးအမြတ် ၈၀ ရာခိုင်နှုန်းလောက်က လောကသားတွေ တိုးတက်ရာ၊ တိုးတက်ကြောင်းတွေဖြစ်တဲ့ ဒစ်ဂျစ်တယ် ရုပ်ရှင်ရုံတွေ ပေါ် လာဖို့၊ ဒစ်ဂျစ်တယ် ရုပ်ရှင်ကားတွေ ထွက်ဖို့၊ ပညာတော်သင်တွေ စေလွှတ်ဖို့ အဲဒီလိုကိစ္စတွေမှာ သုံးမယ်။ ဒီလို ကိုယ့်အနုပညာလောကအတွက် အကျိုးရှိမယ့် ကိစ္စတွေရှိလို့ လုပ်တာပါ။

Voice ။ ။ မြန်မာရုပ်ရှင်ကား တွေထက် နည်းပညာပိုင်း မြင့်မားပြီး ရိုက်ကူးမှုပိုင်းလည်း သာလွန်တဲ့ နိုင်ငံခြားဇာတ်ကားတွေကို နိုင်ငံတကာနဲ့ တစ်ပြေးညီ ပြသမယ်ဆိုရင် မြန်မာ့ရုပ်ရှင်လောက အပေါ် ဘယ်လိုထိခိုက်မှုတွေ ရှိလာနိုင်လဲ။

L.M ။ ။ မြန်မာ့ရုပ်ရှင်လောက ကျဆင်းတယ်ဆိုတာ ပြစရာရုံတွေ မရှိလို့ပါ။ ရုပ်ရှင်ရုံတွေ ပေါ်လာအောင် ရှင်သန်နိုင်အောင် လုပ်ရမယ်။ ရုပ်ရှင်ရုံတွေမှာ ပြစရာကားတွေ ရှိနေမှ ရုပ်ရှင်ရုံဆိုတာလည်း ရှိမယ်။ ကိုယ်တို့လုပ်တာက နိုင်ငံခြားကားဈေးကွက် ရှင်သန်ရေး လုပ်နေတာ မဟုတ်ဘူး။ မြန်မာရုပ်ရှင်တွေ ရှင်သန်ကြီးထွားရေးက နံပါတ်တစ်ပဲ။ အဲဒီဟာကို လုံးဝအထိခိုက် မခံဘူး။

Voice ။ ။ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ တာဝန်ကိုလည်း ယူထားရတော့ သရုပ်ဆောင် ဘက်အပိုင်းကိုရော အချိန်ဘယ်လိုပေးဖြစ်လဲ။

L.M ။ ။ ကိုယ့်အနုပညာအလုပ် ကတော့ ကိုယ်အရင်လျှောက်ခဲ့တဲ့ ပုံစံအတိုင်းပါပဲ။ အစည်းအရုံးအလုပ်တွေ လုပ်သလို တစ်ဖက်ကလည်း ကိုယ့်အနုပညာဘက်ကို မလစ်ဟင်းအောင် ပိုပြီးတော့ ကြိုးစားပြီး လုပ်ပါတယ်။ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက် ဒါရိုက်တာတွေ၊ ထုတ်လုပ်သူတွေ အားလုံးက ကိုယ့်ကိုအများကြီး ကူညီကြပါတယ်။

Voice ။ ။ ကိုယ့်ရဲ့အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ဇာတ်လမ်းမျိုးကျတော့ ဘယ်လိုရွေးဖြစ်လဲ။

L.M ။ ။ ထုတ်လုပ်သူနဲ့ တိုင်ပင်ပြီး ထုတ်လုပ်သူ ရွေးချယ်ပေးတဲ့ဇာတ်ကို ရိုက်တာလည်း ရှိတယ်။ ကိုယ်ကိုယ်တိုင် နှစ်ခြိုက်ပြီးတော့ ရွေးချယ်ပြီး ရိုက်တာမျိုးလည်း ရှိတယ်။ အဓိကကတော့ ကိုယ့်အသက်အရွယ်နဲ့ လိုက်ဖက်ဖို့ပါပဲ။

Voice ။ ။ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးတဲ့နောက်မှာ ကြုံတွေ့လာရတဲ့ ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ကိုလူမင်း ပြောချင်တာရှိရင် ပြောပေးပါဦး။

L.M ။ ။ ရုပ်ရှင်သမိုင်းမှာ မကြုံဖူးတဲ့ အဖြစ်အပျက်တစ်ခုကို ကြုံရတာပေါ့။ ကိုယ့်အနေနဲ့ကတော့ အတိုက်အခံဆိုတာ ရှိမှာပဲဆိုတဲ့ သဘာဝတရားကို လက်ခံထားတယ်။ လူဆိုတာ အတိုက်အခံရှိမှ တိုးတက်တာလေ။ ဒါပေမဲ့ ကိုယ့်လောက တိုးတက်ရာ တိုးတက်ကြောင်းအတွက် ကိုယ်လုပ်နေတဲ့ အလုပ်တွေကိုလည်း ဒီကိစ္စတွေကြောင့်တော့ မရပ်တန့်နိုင်ဘူး။ ကိုယ်လုပ်စရာ ရှိတာတွေတော့ ဆက်လုပ်မှာပဲ။ အခုဆို BC နဲ့ပေါင်းပြီး နိုင်ငံတကာဆရာတွေ လာသင်တဲ့ ဇာတ်ညွှန်းသင်တန်း ကိုယ်ဖွင့်နေတယ်။ ဒါပြီးရင် ကွန်ပျူတာသင်တန်းတို့၊ သရုပ်ဆောင်သင်တန်းတို့ လောကသားတွေအတွက် ကိုယ်ဖွင့်ဦးမယ်။ ပြီးရင် ကင်မရာသမားတွေကို မလေးရှားကို ပညာတော်သင် စေလွှတ်ဖို့လည်း ရှိတယ်။ ဆိုချင်တာကတော့ ကိုယ်လုပ်စရာ ရှိတာတွေတော့ လုပ်ဦးမယ်။ အခက်အခဲ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းတာက တစ်ပိုင်းပဲ။ ကိုယ့်အနုပညာလောက တိုးတက်ရာ တိုးတက်ကြောင်းအတွက် လုပ်စရာ ရှိတာတော့ လုပ်ရမှာပဲ။

(သန့်ဇင်ဦး)
The Voice Weekly

Posted By Online News Media Group 4:31 AM

# PWN HTC

ဒီတခေါက်တော.ကျနော် လက်ရှီစမ်းထားသမျှ လေးတွေကိုပြောပြပါ.မယ် ကျနော်. တို.မြန်မာနိုင်ငံမှာ အရာရာတိုင်းအတွက် အဖက်ဖက်ကဦးဆောင်နေသောလို.ပြောတဲ. HTC Butterfl ရဲ. အကြောင်း ပါ
Butterfly ကို ကျနော်. တို. နိုင်ငံမှာ Company ကြီး တခု က ဦးဆောင်ပြီးတော. မြန်မာဗားရှင်းနဲ. ထုတ်ပါတယ် တကယ်.ကို အရည်အသွေးအရလဲ ကောင်းပါတယ် ။

ပြသနာက သူနဲ. ပက်သက်ပြိး Warranty နဲ. မိုဘိုင်းနဲ.ပက်သက်ပြီးတော. စမ်းသပ်ချင်တဲ. Developer တွေကို ပိတ်ဆို.ထားတယ်လို. ခံစားရပါတယ်
ပုံမှန်အားဖြင်. HTC ဖုန်းများဟာ သူနဲ.ပက်သက်ပြီး ပျက်ခဲ.ရင် restore ပြန်လုပ်နိုင်ရန်အတွက် online မှာ အလွယ်တကူ RUU များကို ဒေါင်းလို.ရပါတယ်
သို.သော်မြန်မာဗားရှင်းများအတွက် ကိုတောကျနော် ရှာမိသလောက်တော. မတွေ.ပါ ( ဘာသဘောလဲတော.မသိဘူး Company ကဘဲ မထုတ်တာလားတော.မသိဘူး )
ဆိုတော.က ကျနော.် တို.အောက်လမ်းကနေ၀င်လာတဲ. ဖုန်းတွေအတွက်ဆိုရင် တခုခု ဖြစ်တာနဲ. ဘာလုပ်ရမှန်းမသိကြပါ ။
အဲဒီ.တော. online မှာ ရှာလို.ရတဲ.ဟာကိုဘဲ resotre လုပ်လို.ရမလား ဆိုရင် ဖြင်. မရပါဘူး ၊ ဘာဖြစ်လို.လဲဆိုတော. CID လို.ခေါ်တဲ.ဟာကြောင်. ပါ ။ အိုကေ အဲဒါဆို CID ဟာဘာလဲ ဆိုရင် နိုင်ငံတိုင်းအတွက်

ဖုန်းတွေကို ထုတ်လိုက်ပြီဆိုရင် သူ.နိုင်ငံအတွက် region , carrier ကို ထိန်းထားတဲ. အပိုင်း ပါ။ ကျနော်. နဲနဲရှင်းပြပါ.မယ် ။
ပုံမှန်အားဖြင်. ဆိုရင် ကျနော်. တို. နိုင်ငံထဲကို သွင်းလာတဲ. ဖုန်းအများစု CID: HTC__044 လို. ခေါ်တဲ. နံပတ်နဲ. ၀င်ပါတယ် ။ RUU ကို ပုံမှန် ရှာနေကြသူများအတွက်ကတော. x.xx.707ဆိုတဲ. နံပတ်ကို မှတ်ပြီး ရှာရင်တောင်မှ အလွယ်တကူ တွေ.ရတတ်ပါတယ်။အခု ကျနော.် တို.ဆီမှာ ရှိနေကြတဲ. Butterfly များကတော. CID : ကို သီးသန်. အနေနဲ. ထွက်ပါတယ် ၊ CID: HTC__058 ပါ သူ.ရဲ. ပုံမှန် firmware number ကတော. x.xx.1136.x ဆိုတဲ. နံပတ်နဲ.ဘဲလာပါတယ် ၊ကျနော် ဘဲ မတွေ.လို.လားတော. မသိဘူး ရှာတာတော. လုံးဝကို မတွေ.ပါဘူး ၊။
အဲဒီ.တော. ဗျာ တခုခု စမ်းချင်တဲ. သူမျိုးတွေ အတွက်တော. တကယ်.ကို အနှောက်ယှက် ပါဘဲ(ဟီးဟီး ၀ရန်တီကိုတော. ထည်.မပြောဘူးနော်)
အဲဒါဆိုရင်ဗျာ hack လုပ်လို. ရနိုင်လားလို. မေးပါလိမ.်မယ် ရပါတယ် ဒါပေမဲ. ပြသနာ တော. အရမ်းများသွားနိုင်ပါတယ်
သဘောက ဗျာ သူ.ရဲ. Securtiy ကို Disable လုပ်ချင်ပါပြီတဲ. အဆင်သင်. လုပ်လို.ရနိုင်တဲ. Tools တွေ online မှာ အများကြီးရှိပါတယ် ဒါပေသိ ကျနော.် အခု ပြောတဲ. မော်ဒယ် မပါပါဘူး မယုံရင် လဲ
ရှာကြည်.လို.့ရပါတယ် ။

www.unlimited.io ဆိုတဲ. ဆိုက်မှာ Dirty raccon ဆိုတဲ. Developer tool တခုနဲ. Security off လုပ်လို.ရပါတယ် ဂျပန် ဗားရှင်း 1.15.970.1 ဆိုတဲ. ဖန်းဝဲ hboot 1.39.0000 ကို လုပ်လို.ရပါတယ်
ကျနော.် တို.နိုင်ငံမှာ အခုလက်ရှိသုံးနေတဲ. Butterfly ကတော. ဖန်းဝဲဗားရှင်း x.xx.1136. x နဲ. လာပြီးတော. hboot 1.41.0000 ပါ လုပ်လို. မရပါဘူး ။ အဲဒါဆိုလမ်းက ကုန်ပြီလားလို. မေးစရာ ရှိပါတယ်
မကုန်သေးပါဘူး အဲဒါဆို ကျနော်. တို. နိုင်ငံက အလုံးတွေကို S off လုပ်လို.မရဘူးလား လို. ပြောစရာရှိပါတယ် ။ ရပါတယ် ကျနော.် အမျိုးမျိါ် စမ်းသပ်ပြီးတော. ပေါင်းစပ်ခြင်းဖြင်.တော. S off လုပ်လို. ရပါတယ်
အဲလို လုပ်လို. ရတော. ဘာဖြစ်လဲ ဆိုရင် မူလ ရှီနေခဲ.တဲ. CID ကို ချိန်းပြိးတော. ကျနော်တို.အတွက် အဆင်ပြေနိုင်တဲ. RUU ကို ပြောင်းတင်လို. ရနိုင်ပါတယ် ။
သဘောကတော. ကျနော်. မြန်မာဗားရှင်းရယ်လို. မဟုတ်ဘဲ ကိုယ်ကြိုက်တဲ. ဗားရှငိးကို ကိုယ်.ဘာသာကိုယ် တင်လို. ရပါတယ် ။ကြိုက်တဲ. CID ကြိုက်တဲ. ဗားရှင်း ကို တင်လို. ရပါတယ် ။ နောက်ပိုင်းမှာ ကျနော်ထပ်ပြောပါအုံးမယ် ။ကျနော.် တို.ကို ထိန်းချူပ်လို.မရဘူးဆိုတာကို မြှောက်ပေးတာပါ ။ ဟက်ဟက်

နောက်ထပ် တစ်ခု က Radio လို.ခေါ်ရမဲ. အပိုင်း ပါ ။ ကျနော.် စာဖတ်အားနည်းလို. မှားချင်လဲ မှားသွားနိုင်ပါတယ် ။ တကယ်တန်း ကျနော် သိရသလောက်တော. HTC Butterfly ကို အဓိက အားဖြင်.
region အနေနဲ.တော. ASIA ,Europe and Japan ရယ် ထွက်ပါတယ် ။ Asia ကလွဲပြီးတော. တခြားနိုင်ငံတွေအတွက် gsm.cdma စနစ်နှစ်ခုစလုံး ကို ထောက်ပံ.ပေးနိုင်ပြီး ကျနော.် တို. နိုင်ငံအတွက်တော.
GSM တမျိုးထဲကိုသာ ထောက်ပံ.နိုင်ပါတယ်။ ကျနော် တကယ်တန်း အဲဒီ.အပိုင်းကို သိပ်ဘ၀င်မကျလို. စမ်းသပ်ခဲ.တာတွေလဲ ရှိပါတယ် ။ ဘာလဲ ဆိုရင်ဖြင်. ကျနော်တို. နိုင်ငံအတွင်းမှာ သုံးနေတ.ဲ.
Baseband version ဟာ 3A.21.306.10 ဖြစ်ပြီးတော. ပုံမှန်အားဖြင်. တခြားနိုင်ငံက baseband ကို ပြောင်းလဲ ခွင်.မပေးပါဘူး ။ ကျနော.် ကတော. မောင်အိုဗာ ဖြစ်နေတဲ. အတွက် gsm ရော cdma ရော သုံးလို.ရတဲ. HTC နဲ.ပက်သက်တဲ. radio တွေတခုခြင်းဆီလဲကြည်.ပါတယ် လဲလို. ရပါတယ် ဘာဖြစ်လဲ ဆိုရင် ဖြင်. အခန်.မသင်.ပါက imei က null /null ဖြစ်ပြီး တော. ဖုန်းfunctionအားလုံး lost ဖြစ်တတ်ပါတယ်
အဲဒီ.တော. အဲလိုမဖြစ်ရလေအောင်တော. အရင်ဆုံး Baseband ကို backup ယူထားသင်.ပါတယ် ။ တခုခြင်းဆီကို ပြောင်းပြီးတော. ကျနော် နောက်ဆုံးမှာ ပြင်ရင်းပြင်ရင်းနဲ. ဂျပန်မှာ လက်ရှိ သုံးနေတဲ.
gsm, cdma (3A.21.306.10_10.04.1060.01D ( 4SNS5G0 ) ကို ချိန်းလို. ရပါတယ် ။

ဘာမှ အနှောက်အယှက်မရှိဘဲနဲ. အကုန် ပြန်တက်ပါတယ် ။ ဒါပေမဲ. ကျနော်. မျှော်လင်.ခဲ.တာ ဖြစ်မလာပါဘူး cdma ကိုကျနော် ဘယ်နည်းနဲ.မှ ချိတ်လို.မရပါဘူး
အဆိုးဆုံးအနေနဲ.ကတော. HTC ရဲ. warning text ပါ ပေါ် ပါတယ် Restricted Acceess Change ဆိုပြီးတော.ကို ။ မရပါဘူး
ဘာဖြစ်လို. လဲ ဆိုတောကိုတော. Baeband Chipset ကထောက်ပံ့.ပေးနိုင်တဲ. အဆင်.ကို ကျော်ပြီး တော.ကျနော် လဲမလုပ်နိုင်ပါဘူး အဲဒီ.မှာ အတွေးတခုပေါ်ပါတယ် ။ ကျနော်.အနေနဲ. HTC ရဲ. warning accept ကိုလဲ ရတယ် ပြီးတော. ကျနော.်တို. နိုင်ငံရဲ. cdmaကို ချိတ်လို. ရမလား ဆိုပြီး ကျနော်. သိသမျှ Config လုပ်ပါတယ် ။ မရပါဘူး ။ ဟက်ဝဲကိုကျော်လို.မရပါဘူး ။

အဲဒီ.တော. နောက်ဆုံး ရမလား ဆိုပြီးတော. ကျနော်ဖုန်းတွေရဲ. အရေးကြီး ဆုံး အပိုင်းဖြစ်တဲ. Bootloader ဆိုတဲ.အပိုင်းကို ထပ်ပြင်ကြည်.ပါတယ် ဇွဲမလျော.သေးပါဘူး ဘာဖြစ်လို. လဲဖို.ကြံသလဲ ဆိုရင်ဖြင်.
ကျနော.် ရဲ. bootloader ဟာ စက်ရုံက ထွက်ကထည်းက 1.41.0000 ပါ ဂျပန်ဗားရှင်းအများစု ရဲ. bootloader သည် 1.39.0000 ပါ ။ ကျနော် Bootloader ကို လဲကြည်.ပါတယ် Signed ဖြစ်နေတဲ. Bootloader ကို
Unsinged Bootloader လဲတယ်ဆိုတာ ဘယ်လောက် ပြသနာကြီးလဲ ဆိုတာတော.ုမိုဘိုင်း Developer အားလုံး လိုလိုသိပါတယ်။ ဒါပေသိ ကျနော် ခဏခဏလဲခဲ.ဖူးပါတယ်။ အောင်ပါတယ် ။
ဘာလို. လဲရသလဲဆို ပြသနာဆိုတာ ဂျီူနဲ.လား ဆိုတာရယ် ကျနော.်ရယ် သိချင်စိတ်ရယ် ကြောင်. လဲဖြစ်ပါတယ် ။ အဲဒီ.မှာ ကြုံလို. ပြောရပါအုံးမယ်ဗျာ ကျနော်. ကို လိုက်ပြီးပြိုင်ချင်တဲ. သင်တန်း တခု သူတို.သင်တန်း မှာ
hboot downgrade ကို စနစ်တကျသင်ပေးပါတယ် ဆိုပြီး ကျနော.်ကို လိုက်ပြိုင်ခဲ.ဖူးပါတယ် ကြုံလို. ဆေးထိုးတာပါ ။ အဲဒီ.လူကြီး သာ ဒီစာဖတ်မိရင် လဲကြည်.ပါလို. တို်က်တွန်းလိုက်ပါတယ် ဟီးဟီး
တိုတိုပြောရရင်တော. hboot ချိန်းသွားပါတယ် ။ရေဒီယိုကို မထောက်ပံ.ပါဘူး ။ ဒါပေမဲ.ကျနော် ဇွဲမလျော.သေးပါဘူး ။လုံးဝကို မရတော.ဘူးဆိုတော.မှသာကျနော် လက်လျော.ခြင်ပါတယ် ။


အဲဒါနဲ.ဘဲ မနေ.က ကျနော.် ဆီကို မိတ်ဆွေတယောက် ဖုန်းတလုံး လာပို.ပါတယ် ။ သူဂျပန်က ပြန်လာတော.ဖုန်းတလုးံကို လာလုပ်ခိုင်းပါတယ် ။
အဲဒီ.ဖုန်းက HTC butterfly နဲ အပြိုင် ထွက်ခဲ.တဲ. ဖုန်း ပါ HTC J ISW13HT ပါ သူကလဲ မလွယ်တဲ.ဖုန်းပါ ဘာလို.လဲဆိုတော. က ကျနော်ရှင်းပြပါ.မယ် ။ ဒိဖုန်းရဲ. အဓိက အချက်ကတော. ကျနော်. ကို တော်တော် ဆွဲဆောင်ပါတယ် သူ.ရဲ. Network က Dual Band ပါ Gsm / CDMA နှစ်ခုလုံးကို ထောက်ပံ.ပေးနိုင်ပါတယ် ။ အဲဒါနဲ.ဘဲ ကျနော် ရဲ. မကျေနပ်တဲ. အဖြေကို ထပ်ရအောင် ကျနော် ဆက်ကြီုးစားပါတယ် ။
ဖုန်းတွေထဲမှာ Network unlock နဲ.ပက်သက်ပြီး အခက်ဆုံးနဲ. ပြသနာ အများဆုံးဖုန်းတွေဟာ ဂျပန်တွေပါ ( ဒီကောင်တွေ သိပ်ကတ်ပါတယ် )

ပထမဆုံးအနေနဲ.ကျနော် HTC J ကို root လုပ်ဖို. စကြိုးစားပါတယ် ။ပုံမှန် ဖုန်းအများစုဟာ htcdev ကိုသွားပြီး bootloader unlock လုပ်၊ပြီတာနဲ. CWR ကို ရိုက်ပြီးတော. su package ကို ဆွဲတင်ရင် ပြီးပါတယ် ။
ဒါပေမဲ. အခု ဒီဖုန်းမှာ ဒီmethod က အသုံးမ၀င်ပါဘူး ၊ကျနော်. ရဲ. ဖုန်းနဲ.ပက်သက်တဲ. အတွေ.အကြုံ အရ တော. root မရတဲ.ဖုန်းဆိုတာ တော. မမြင်ဖူးပါဘူး ဒီဖုန်း မှာ မရပါဘူး ။
bootloader unlock code တောင်းတာနဲ. your devices is broken or a lack of manufacture for unlocking process ဆိုပြီး စာတွေနဲ. Error Code 170; Error reason : CID not allowed ဘဲပြပါတယ် ။
ဒါဘာကိုပြောချင်တာလဲဆို အပေါ်မှာကျနော် ပြောခဲ.သလိုပါဘဲ CID နဲ. ထိမ်းထားပြီးတော. Developer တယောက်ကိုတောင် ခွင်.မပြူတဲ. Company တွေရဲ. စေတနာကို တွေ.ရပါတယ် ။
Butterfly တောင်သူ.ထက်သဘောကောင်းသေးတယ် ။ အဲဒီ.တော. ဘယ်လိုလုပ်ရလဲ ဆိုတော. ကျနော် Temp root ကို အရင်ရအောင် ဘဲ ကြိုးစားရပါတယ် ။
သူ.အတွက် ပုံမှန် root exploits ကိုလဲ ကျနော် မတွေ.ဖူးပါ (မြန်မာတွေအတွက် အရန်သင်. ထုတ်ပေးနိုင်ရင်တော. ကျနော်. အံ.သြလို. သေတောင်သေနိုင်ပါတယ် ဟက်ဟက် )
ဘယ်လိုနည်းတွေနဲ. root ရလဲဆိုတော. နည်းပေါင်းစုံးတွေထဲမှာမှ System Backup ကို နောက်ဆုံး 1970 အထိဆုတ်ပြီး တော. ကျနော်. local.propကို Custom အနေနဲ.ပြင်ပြီးတော. root ယူလိုက်နိုင်ပါတယ်။
ကျနော်. ပတ်ဝန်းကျင်မှာ ဘာလို. root လုပ်ရတာလဲ ဆိုရင် မြန်မာစာထဲ.ဖို. root လုပ်ရတာလို. ပြောနေတာကို အဲဒီ . လုပ်နေတဲ.အချိန်မှာကို ကြားပြီးတော. ရယ် မိသေးတယ် ။

ဒုတိယအနေနဲ. ကျနော် ဖောက်ထွက်ဖို.ထပ်ကြိုးစားပါတယ် Bootloader unlock လုပ်လို.မရဘူး ။ဘာလို.ဆိုတော. CID ကြောင်.ဆိုတော. CID ကို s off မလုပ်ဘဲနဲ. ပြောင်းဖို.ပါး
အဲဒါကြောင်.လဲ root ရအောင် လုပ်ခဲ.တာပါ ကျနော်. Blockတွေကို hex နဲ. ၀င်ပြင်ပြီး restore ramdisk လုပ်ကြည်.တဲ.အချိန်မှာ အတွေးမှန်ပြီးတော. CID ကို Super CID အဖြစ်ပြောင်းလို. ရသွားပါတယ်။
ကဲဒါဆိုရင် ပြီးပြီလား ပေါ. မပြီးသေးပါဘူး CID ဘဲ ချိန်းလို.ရသေးတာ ပါ ။ writesecflg 3 ဖြစ်ဖို.အတွက်တော. S off လုပ်ဖို.အဆင်သင်.ဖြစ်သွားပါတယ် လွယ်လွယ်ကူကူဘဲ အဲဒီ.အဆင်.ကို ချက်ချင်းတက်သွားပါတယ် ။
ပြောချင်တာ က ဗျာ အဓိက ကျနော်. network unlock လုပ်ချင်တာ ပါ ပြသနာကသူ.network ကို ကျော်နိုင်ဖို.အတွက် ဟိုး အရင်လို. ( XTC CLIPS) ကလဲမထွက်တော.ဘူး ပြီးတော. ဘယ်နေရာကိုသွားပြီး Disable
လုပ်ရမယ်လို. ပွီူင်.ကိုကြိုမမြင်ပါဘူး ။ တဆင်.ချင်းသာ လိုအပ်တဲ. ဟာတွေကို အဆင်.ဆင်. လုပ်သွားရတာပါ။
နောက်ဆုံး အမျိုးမျိုး လိုက်ရှာပြီးတော. ကျနော် တို.နိုင်ငံမှာ ရှီတဲ. ဖုန်းထဲက radio တခု ကို ၀င်ပြင် ပြီးတော. နဲ. flash ရိုက်လာတာ radio ချိန်းလိုက်ပါတယ် ။ အံသြတာ ကျနော် တော်တော်များများကို ချိန်းခဲ.ဖူးပါတယ်
ဒီအလုံ့းမှာမှ radio အပြင် သူ. radio ကို support ပေးတ. boot ကို ထပ်တင်ရတယ် ဆိုတာ ကျနော် .ဘ၀မှာ ပထမဆုံးမြင်ဖူးတာ ဘဲ ဖြစ်ပါတယ် ။
နောက်ဆုံး radio လဲမှန်သွားပြီး လိုင်းတတ်ဖို.ဆိုတာဘဲ ကျန်ပါတော.တယ် ချက်ချင်းကို Gsm က တော. လိုင်းတက်လာပါတယ် ။ CDMA ကိုတောမသိပါဘူး ။။ ကျနော်. သီအိုရီမှားသွားပြီလား လို. သံသယဖြစ်မိပါတယ်
မမှားနိုင်ဘူးကျနော် တခုခုလိုနေလို.ဆိုပြီး cdma network အလုပ်လုပ်ဖို.အတွက် Custom insecure boot တင်လိုက်တာနဲ. CDMA ရော GSM ကို ပါတန်းခနဲ သိသွားပါတယ်
အဲဒီ.တော. ဗျာ ကျနော် အခု ၃ ရက်လုံးလုံး ကြိုးစားခဲ.တာ ဟာ အောင်မြင်သွားလို. ကျေနပ်ပါတယ် ။ ပြီးတော. Butterfly ဟာလဲ တကယ်လို.များ Dual Band သာ ( ဂျပန်)လိုထုတ်ခဲ.ရင် ကျနော်.ဘက်က အသေချာ အာမခံနိုင်ပါတယ် )ရကို ရရမယ်ဆိုပြီးတော. . အဲဒီ.တော. ကျနော်. သီအိုရီမှန်သွားလို. ကျေနပ်ပါတယ် ။
နောက်ဆုံး ကျနော်. ပြောချင်တာကတော. ဗျာ HTC ဖုန်းတွေခက်တယ်ခက်တယ် နဲ. ဘယ်လောက်များခက်လဲလို. သိချင်လို. စမ်းကြည်.တာပါ မခက်ပါဘူး ဟက်ဟက်
ဘယ်လိုလဲဗျာ ကျနော် ပြောတာ မှန်ပါတယ်နော် ။ ကျနော်. ကို လိုက်ပြီး မနာလိုဖြစ်နေတဲ.ကောင်တွေကိုတော. ဒီကနေဘဲပြောလိုက်ပါ.မယ် သနားတယ် လို. ဟီး ဟီး
Thx for all my team Xcode Mobile


Credit : https://www.facebook.com/xcodemobile

Posted By Online News Media Group 4:24 AM

Sunday, August 25, 2013


ကန့်ဘလူမြို့နယ်၌ မိန်းကလေးတစ်ဦး ကာအိနြေ္ဒ ပျက်ပြားအောင် ပြုလုပ်၍ အနိုင်ကျင့် စော်ကားရန် ကြိုးစားရာမှ အစပြုပြီး လူအုပ်စုဖြင့် မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပွား
Sunday, August 25, 2013

( ဩဂုတ်လ၊၂၅ ရက်နေ့၊ ည ၈နာရီ၊ ၁၅ မိနစ်တွင် ရရှိသော သတင်းများကို ဆက်လက်ဖော်ပြအပ်ပါသည်)

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ယမန်နေ့က အမျိုးသမီးတစ်ဦးအား အမျိုးသား တစ်ဦးက ကာအိနြေ္ဒ ပျက်ပြားအောင် ပြုလုပ်၍ အနိုင်ကျင့် စော်ကားရန် ကြိုးစားရာမှ အစပြုပြီး မကျေနပ်သူ လူအုပ်စုက ဈေးဆိုင်နှင့် နေအိမ်အချို့အား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း၊ တာဝန်ရှိ သူများက မီးရှို့ဖျက်ဆီးမှုများ ထပ်မံမဖြစ်ပွားစေရေးအတွက် ထိန်းသိမ်းဆောင်ရွက်လျက် ရှိပြီး မီးရှို့ဖျက်ဆီးသူဟု ယူဆရသူများအား ဖမ်းဆီးထိန်းသိမ်း စစ်ဆေးလျက် ရှိကြောင်း သိရှိ ရသည်။

ယမန်နေ့ ညနေ ၆ နာရီခွဲခန့်တွင် ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာရှိ ဆံပင်ရောင်း/ဝယ်ဆိုင် မှ ပြန်လာစဉ် ထန်းကုန်းကျေးရွာနှင့် ဇီးပင်သာ ကျေးရွာကြား အရောက် ထန်းတော ကျေးရွာနေ ဆန်းမင်းဦး(ဘ) ဦးဆန်းဝင်းက လက်ဆွဲပြီး ဖက်လုံးကာ အနိုင်ကျင့် စော်ကားရန် ကြိုးစားခဲ့ကြောင်း၊ ထိုအချိန်တွင် ဇီးပင်သာ ကျေးရွာဖက်မှ အမျိုးသားတစ်ဦး ရောက်ရှိလာ သဖြင့် ဆန်းမင်းဦးသည် ထန်းကုန်းကျေးရွာဘက်သို့ ထွက်ပြေးခဲ့သော်လည်း ဝိုင်းဝန်းဖမ်းဆီး သဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း၊ ဆန်းမင်းဦးအား ထန်းကုန်းရဲစခန်းမှ တစ်ဆင့် ကန့်ဘလူမြို့မ ရဲစခန်းသို့ ပြောင်းရွှေ့ချုပ်နှောင်ခဲ့ပြီး မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရန် အတွက် ညပိုင်းတွင် ရွှေဘိုထောင်သို့ ပို့ဆောင်ခဲ့ကြောင်း။

ည ၇ နာရီခွဲခန့်တွင် ထန်းကုန်းကျေးရွာနှင့် ဇီးပင်သာ ကျေးရွာတို့မှ ရွာသူရွာသား ၁၅၀ ခန့်သည် ထန်းကုန်းရဲစခန်းသို့ ရောက်ရှိလာပြီး ဆန်းမင်းဦးအား ထုတ်ပေးရန် တောင်းဆိုခဲ့ ကြောင်း၊ ထို့နောက် လူအုပ်စုသည် သံလမ်းဘေးရှိ ဈေးဆိုင်နှင့် နေအိမ်အချို့အား မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ နေရာသို့ မြို့နယ် စီမခံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများသည် ည ၈ နာရီခန့်တွင် ရောက်ရှိပြီး ဆူပူအကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွား စေရန် ထိန်းသိမ်းဆောင်ရွက်နေသည့်ကြားမှ အဆိုပါ လူအုပ်စုသည် ည ၉ နာရီခန့်တွင် ကြက်ခြံတစ်ခြံ၊ ဈေးဆိုင် နှစ်ဆိုင်နှင့် ဆန်ပွဲရုံ တစ်ခု၊ လူနေအိမ်တစ်လုံးတို့အား ဆက်လက် ဖျက်ဆီးမီးရှို့ခဲ့ကြသည်။

ထို့နောက် ည ၁၀ နာရီခွဲခန့်တွင် ရပ်ကွက် ၁ မှ လက်ဖက်ရည်ဆိုင်နှင့် ဆန်ပွဲရုံ၊ ကွမ်းယာဆိုင် တို့အား မီးရှို့ခဲ့ရာ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးတို့ ရောက်ရှိပြီး ဆူပူမှုအား ထိန်းသိမ်း ဆောင်ရွက်ခဲ့သည်။

ယင်းလူစုသည် ယနေ့နံနက် ၁ နာရီခန့်တွင် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ရောက်ရှိလာ သော လူအင်အား ၁၀၀၀ ခန့်နှင့် ရပ်ကွက်(၃)ရှိ နေအိမ်များအား ဆက်လက်မီးရှို့ရန် ရောက်ရှိ လာစဉ် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးနှင့် လုံခြုံရေးအဖွဲ့များရောက်ရှိပြီး ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှူးက လူအုပ်စုအား မီးမရှို့ရန်နှင့် ရှေ့ဆက်မတက်ရန် တားမြစ်ရာ လူအုပ်စုက လေးခွများဖြင့် ပစ်ခတ်သဖြင့် နံနက် ၁ နာရီ ၁၅ မိနစ်ခန့်တွင် သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရသည်။

ထိုသို့ တားမြစ်စဉ်အတွင်း မီးငြိမ်းသတ်နေသည့် မီးသတ်ကားများအား ဆည်ရေသွယ်မြောင်းမှ ရေဖြည့်၍ မရအောင် တားမြစ်ခြင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအား အန္တရာယ်ပြုခြင်းတို့ကြောင့် ဒုတိယအကြိမ် သေနတ်ပစ်ဖောက် အသိပေးပစ်ခတ်ခဲ့ရာ လူအုပ်စုများ လူစုကွဲသွားပြီး မီးသတ်ကားများ ရေဖြည့်နိုင်ကာ မီးငြိမ်းသတ်ခြင်းကို ဆက်လက် ဆောင်ရွက် နိုင်ခဲ့သည်။

ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်များသည်လည်း ထန်းကုန်းကျေးရွာသို့ နံနက် ၃ နာရီ ကျော်ခန့်တွင် ရောက်ရှိပြီး လုံခြုံရေးကိစ္စရပ်များနှင့် မီးငြိမ်းသတ်ခြင်းတို့ကို ကူညီဆောင်ရွက်ခဲ့ကြသဖြင့် လည်းကောင်း၊ မီးသတ်တပ်ဖွဲ့ဝင် ၇၀ ခန့်က မီးသတ်ကား ၁၀ စီးဖြင့် မီးငြိမ်းသတ်ခဲ့မှုကြောင့် လည်းကောင်း နံနက် ၃ နာရီခွဲခန့်တွင် မီးညွန့်ကျိုးခဲ့ပြီး နေအိမ် ၄၄ လုံး မီးလောင်ပျက်စီးခဲ့ကာ ရွာအတွင်းရှိ ဈေးဆိုင် ၉ ဆိုင်၊ အိမ်ဆိုင် ၄ ဆိုင် ဖျက်ဆီးခြင်း ခံခဲရကြောင်း၊ မီးသတ် တပ်ဖွဲ့ဝင်တစ်ဦးနှင့် အခြားတစ်ဦးတို့ ဒဏ်ရာရာများ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားလျှင် ဖြစ်ပွားချင်း တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကန့်ဘလူမြို့သို့ တိုင်းဒေ သကြီး စည်ပင်သာယာရေး ဝန်ကြီးအား လည်းကောင်း၊ ရေဦးမြို့သို့ တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးအားလည်းကောင်း စေလွှတ်၍ ကွပ်ကဲဆောင်ရွက်စေ ခဲ့ကြောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး၊ တိုင်းဒေသကြီး တရားသူကြီး၊ တိုင်းဒေသကြီး ဥပဒေအရာရှိ၊ တိုင်းဒေသကြီး သာသနာရေးဦးစီးမှူးနှင့် အဖွဲ့သည် ည ၁၁ နာရီ မိနစ် ၅၀ ခန့်တွင် ရွှေဘိုမြို့သို့ ရောက်ရှိပြီး မြို့လုံခြုံရေးကိစ္စများ စီမံဆောင်ရွက်ကာ ယနေ့ နံနက် ၆ နာရီခွဲခန့်တွင် ကန့်ဘလူမြို့မှ တစ်ဆင့် ထန်းကုန်း ကျေးရွာသို့ ရောက်ရှိခဲ့ကြောင်း၊ ထို့နောက် အကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွားစေရေးအတွက် တိုင်း ဒေသကြီး လုံခြုံရေးနှင့် စည်ပင်သာယာရေးဝန်ကြီး၊ နယ်မြေခံလွှတ်တော်ကိုယ်စားလှယ်၊ တိုင်း/ခရိုင် ရဲတပ်ဖွဲ့မှူး၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများအား အကြမ်းဖက်မှုများ ဆက်လက်မဖြစ်ပွားစေရန် အဖွဲ့ငယ်များ ဖွဲ့၍ ပတ်ဝန်းကျင်ကျေးရွာများသို့ ကွင်းဆင်း စည်းရုံးဆောင်ရွက်စေခြင်း၊ ရွာသူရွာသားများနှင့် ဘာသာရေး အဖွဲ့များအား တွေ့ဆုံအားပေးခြင်း၊ မီးရှို့ဖျက်ဆီးခံရသည့် ရွာသူရွာသားများအား ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ် ဆောင်ရွက်ရန် စီမံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းမှစ၍ နယ်မြေအခြေအနေ ပြန်လည်တည်ငြိမ်အေးချမ်းသွားပြီဖြစ်ကြောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့က အိမ်ထောင်စု ၅၀ စာ ကယ်ဆယ်ရေးပစ္စည်း ၈ မျိုးအား ထန်းကုန်းကျေးရွာသို့ ပေးပို့ ထောက်ပံ့ရန် စီးစဉ် ဆောင်ရွက်ပေးခဲ့ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယမန်နေ့ည ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူ တစ်ဦးနှင့် မီးရှို့ဖျက်ဆီးသူဟု ယူဆရသူ ၁၁ ဦး တို့အား ဖမ်းဆီး ထိန်းသိမ်း စစ်ဆေးလျက်ရှိပြီး ဥပဒေချိုးဖောက်သူများအား တရားဥပဒေ နှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

http://www.moi.gov.mm/news/

Posted By Online News Media Group 11:24 PM




ဆိုင်ကယ်စီးနင်းသူများကို ထောင်သုံးနှစ်ချမည်ဟုဆို
-------------------------
ရန်ကုန်-
ရန်ကုန်တိုင်း စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့ နယ် ၃၃ ခု တွင် ဆိုင်ကယ်စီးနင်းမှုများကို အရေးကြီးသွင်းကုန် ဥပဒေပုဒ်မ(၈)အရ ထောင်ဒဏ် သုံးနှစ်အထိ ပြစ်ဒဏ်ချအရေးယူမည်ဟု သက်ဆိုင်ရာဒေသ အာဏာပိုင်များက ကြေညာထားသည်။

လိုင်စင်မဲ့ဆိုင်ကယ် စီးနင်းသူများကို ယခင်က ဆိုင်ကယ်များကိုသာ ဖမ်းဆီးခဲ့သော်လည်း ယခုဖမ်းဆီးမှုတွင် စီးနင်းသူကိုပါ အပြစ်ပေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

“ခရိုင်က ညွှန်ကြားတာပါ။ ညက ရပ်ကွက်ထဲက လူတွေအားလုံးသိအောင် လော်စပီကာနဲ့ လိုက်အော်တယ်။ ယာဉ်ထိန်းရဲရယ်၊ မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးထဲက တာဝန်ရှိသူတွေပေါင်းပြီး ဖမ်းမှာပါ”ဟု လှိုင်သာယာမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လက ရန်ကုန်မြို့အတွင်း စီးနင်းခွင့်မရှိဘဲ မောင်းနှင်သည့် ဆိုင်ကယ် ၅၈၀ ကျော် ဖမ်းဆီးအရေးယူခဲ့သည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံး (ရန်ကုန်)ထံမှ သိရသည်။

“အခု ခရိုင်လေးခုက ခရိုင်မှူးတွေ ဦးစီးပြီးဖမ်းမယ်။ လိုင်စင် ရှိရှိ၊ မရှိရှိ ထောင်သုံးနှစ်ပဲ။ စည်ပင်သာယာနယ်နိမိတ်ထဲမှာ ဆိုင်ကယ်လုံးဝမရှိစေရဘူးဆိုတဲ့ ရည်ရွယ်ချယ်နဲ့”ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးသာဌေးကပြောသည်။

“ဆေးလိပ်ငွေ့လိုပါပဲ။ ကြာရင်တော့ အငွေ့ပြယ်သွားမှာပဲလေ။ အခုတော့ ဆိုင်ကယ်ကို အိမ်ထဲမှာ သိမ်းထားလိုက်ဦးမယ်”ဟု ရွှေပြည်သာမြို့နယ်အတွင်းရှိ ဆိုင်ကယ်ပိုင်ရှင်တစ်ဦးက ဖမ်းဆီးမှုပြုလုပ်မည်နှင့် ပတ်သက်၍ ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် ဇူလိုင်လက မော်တော်ဆိုင်ကယ် မတော်တဆမှု၊ ယာဉ်နှင့် ဆိုင်ကယ်တိုက်မှု စုစုပေါင်း ၈၂ ခု ဖြစ်ပွားခဲ့ပြီး ၁၁ ဦး သေဆုံးကာ ၁၀၃ ဦး ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့်နှစ်အတွင်း မြန်မာတစ်နိုင်ငံလုံး၌ ယာဉ်မတော်တဆမှုများကြောင့် လူ ၃၃၀၀ ကျော် သေဆုံးခဲ့ပြီး ယခုနှစ်ဧပြီလအထိ လူ ၁၃၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်သည်။ ယာဉ်မတော်တဆမှုများဖြင့် ဆေးရုံများသို့ ရောက်ရှိလာသည့် လူနာများ၏ သုံးပုံနှစ်ပုံမှာ ဆိုင်ကယ်စီးနင်းသူများ ဖြစ်သည်။

7Day News Journal
 ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ)



















 

Posted By Online News Media Group 8:52 PM

နာမည်ကြီးလူသတ်မှုကိုမလေးတရားရုံးက ပြန်ပြင်ဆင်
===================
Ref-AFP
===================
၂၀၀၉ခုနှစ်က လူသတ်မှု တစ်ခုတွင် အပြစ်ပေးခံခဲ့ရသော အဆင့်မြင့်ရဲအရာရှိနှစ်ဦးအပေါ် မလေးရှားတရားရုံးတစ်ခုမှ သော ကြာနေ့က ပလပ်ခဲ့ရာ တိုင်းပြည် အတွက် စိတ်ဝင်စားစရာ တစ်ခု ဖြစ်ခဲ့ပြီး လက်ရှိဝန်ကြီးချုပ်နာ ဂျစ်ရာဇတ်နှင့်ပါ ဆက်နွှယ်မှုရှိနေ သည့်သဘော ဝေဖန်ခဲ့ကြသည်။

အဇီလာဟာဒရီနှင့် ဆီရူ အဇာအူမာတို့ကို လူသတ်မှုဖြင့် ဖမ်းဆိးခဲ့သည်။ မလေးရှားအစိုးရ မှ ဒေါ်လာ၁ဒသမ၁ဘီလီယံဖိုးရှိScorpion အမျိုးအစား ပြင်သစ် ရေငုပ်သင်္ဘောများ ဝယ်ယူမှု တွင် အသက် ၂၈နှစ်အရွယ်ရှိ မွန်ဂိုလီးယားအမျိုးသမီးစကား ပြန်နှင့် မော်ဒယ်တစ်ဦးဖြစ်သောAltantuya Shaariibuu မှာ မသမာ ကြေးပေးရမှု၏ အရှုပ်တော်ပုံ၌ အဓိကပါဝင်ပတ်သက်ခဲ့ပြီး ၂၀၀၆ ခုနှစ်က အသတ်ခံခဲ့ရသည်။

နာဂျစ်၏ရင်းနှီးသော မိတ် ဆွေ အဗ္ဗဒူလ်ရာဇတ်က ၂၀၀၂ ခုနှစ်က ဝယ်ယူခဲ့သော ရေငုပ် သင်္ဘောများအတွက် မသမာကြေး ကို စီစဉ်ခဲ့ပြီး ထိုမသမာကြေးထဲမှ Altantuya ကဖြတ်ယူရန် နှောင့် ယှက်သည်ဟုစွပ်စွဲပြီး၊ ဝန်ကြီးများ လုံခြုံရေးတာဝန်ယူရသော အဆင့် မြင့်ရဲအရာရှိ နှစ်ဦးအား သတ် ဖြတ်ခိုင်းခဲ့ခြင်းဖြစ်သည်။

ထိုအမှုတွင် ရဲအရာရှိနှစ်ဦး မှ ၎င်းတို့၏အထက်လူကြီးများ အတွက် ဖုံးဖိရန် ဓားစာခံခြင်းဖြစ် ကြောင်း ဝေဖန်ခံခဲ့ကြရသည်။
အမှုမပေါ်ရန် နှုတ်ဆိတ်၍ နေပေးမှုကြောင့် ရဲအရာရှိများ အား လွှတ်ပေးခြင်းဖြစ်ကြောင်း ဝေဖန်နေကြောင်း သိရသည်။

Posted By Online News Media Group 8:12 PM

ယဉ်ရပ်နားခွန် သတ်မှတ်နှုန်းထက် ပိုကောက်ခံသူများကို ခံဝန်ကတိဖြင့် အရေးယူဟုဆို
Sunday, August 25, 2013

မန္တလေးမြို့တော်အတွင်း ယာဉ်ရပ်နားခွန်များ သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံနေသူများကို ခံဝန်ကတိ လက်မှတ်ရေးထိုးစေ၍ အရေးယူမှုများ ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အခွန်ဌာနထံမှ သိရှိရသည်။

မန္တလေးမြို့တော်တွင် ယာဉ်ရပ်နား ကန့်သတ်နယ်မြေနေရာ စုစုပေါင်း ခြောက်နေရာရှိရာ ယင်းတို့အနက်မှ သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံသည့် နေရာလေးနေရာရှိ ဝန်ထမ်းများကို ခေါ်ယူ သတိပေးထားပြီး ဖြစ်ကြောင်း၊ ယင်းနေရာလေးခုမှာ လမ်း ၃၀ (၇၄ လမ်းနှင့် ၇၈ လမ်း ကြား)၊ လမ်း ၈၀ (၂၇ လမ်းနှင့် ၃၃ လမ်းကြား)၊ ၈၃ လမ်း (၂၆ လမ်းနှင့် လမ်း ၃၀ ကြား) နှင့် ၈၂ လမ်း (၂၆ လမ်းနှင့် လမ်း ၃၀ ကြား) တို့ဖြစ်ကြောင်း အဆိုပါဌာနထံမှ စုံစမ်းသိရှိရသည်။

“သတ်မှတ်နှုန်းထားထက် ပိုကောက်တာရယ်၊ ယူနီဖောင်း မဝတ်တာရယ် တစ်နာရီ ဘယ်လောက်ဆိုပြီး ဗီနိုင်းတွေ ထောင်ထားတာ မရှိလို့ခေါ်ပြီး သတိပေးထားတယ်။ လိုင်စင်ဥပဒေအရ ပထမအကြိမ်ခေါ်ပြီး သတိပေးမယ်။ ဒုတိယအကြိမ် ဒဏ်ငွေရိုက်မယ်။ တတိယအကြိမ် ဆိုရင်တော့ လိုင်စင်ပါသိမ်းမယ်” ဟု အဆိုပါဌာနမှ ဌာနစုမှူးက ဆိုသည်။

ယင်းအပြင် သတ်မှတ်ထားသော ယာဉ်ရပ်နားကြေး နှုန်းထားများထက် ပိုမိုကောက်ခံသည့် ဝန်ထမ်းများကို စည်ပင် သာယာရေး ကော်မတီသို့ တိုင်ကြားနိုင်ကြောင်းလည်း အဆိုပါကော်မတီရှိ အခွန်ဌာနထံမှ ထပ်မံသိရှိရသည်။

စက်ဘီးရပ်နားခ သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံ၍ တိုင်ကြားခံရသည့်အတွက် ဒဏ်ငွေနှစ်သိန်း ရိုက်ခံရသူတစ်ဦး ရှိကြောင်း၊ ဆက်လက်၍ တိုင်ကြားခံရသူများ ရှိပါက တိုင်ကြားသူနှင့် တိုင်ကြားခံရသူ နှစ်ဦးတွေ့ဆုံစေ၍ ဌာနရှိ တာဝန်ရှိသူများရှေ့တွင် အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါဌာနမှ ဌာနစုမှူးက ပြောကြားသည်။

“သတ်မှတ်နှုန်းထားထက် ပိုကောက်တယ်။ ပြီးတော့ပြေစာလည်း မပေးဘူးဆိုရင် လာတိုင်လို့ရတယ်။ လာတိုင်တဲ့အခါ နှစ်ယောက်လုံးကိုခေါ်ပြီး တဲ့ရှင်းခိုင်းတယ်။ မှန်ကန်တယ် ဆိုရင်တော့ သတိပေးလိုက်တယ်။ ခုချိန်ထိတော့ လိုင်စင်ပိတ်သိမ်းလိုက်ရတဲ့ အထိတော့ မရှိသေးဘူး။ သတိပေးထားတာ မလိုက်နာလို့ ဒဏ်ကြေးနှစ်သိန်း ရိုက်လိုက်တဲ့သူ တစ်ဦးပဲ ရှိသေးတယ်” ဟု ၎င်းကဆိုသည်။

ယာဉ်ရပ်နား ကန့်သတ်နေရာများတွင် ရပ်နားချိန် တစ်နာရီအတွင်း စက်ဘီး၊ ဆိုင်ကယ် တစ်စီးလျှင် ၅၀ ကျပ်၊ ကားတစ်စီး ၁၀၀ ကျပ်နှင့် ရပ်နားချိန် တစ်နာရီကျော်ပါက စက်ဘီး၊ ဆိုင်ကယ်တစ်စီး ၁၀၀ ကျပ်၊ ကားတစ်စီး ၂၀၀ ကျပ် သတ်မှတ်ထားကြောင်း အခွန်ဌာနထံမှ သိရသည်။

“နေရာတစ်ခုကိုသွားလို့ ဆိုင်ကယ်ရပ်တဲ့အခါ တစ်နာရီ မပြည့်သေးလည်း တစ်ရာပေးရတာပဲ။ အဲဒီလိုလုပ်နေတဲ့ နေရာတွေမှ အများ ကြီးပဲ။ ပြောပြန် ရင်လည်း အချေအတင်ဖြစ်တယ်။ သွားတိုင်ဖို့ကျ တော့လည်း ဘယ်သူက အလုပ်ရှုပ်ခံချင်မှာလဲ။ သက်ဆိုင်ရာကပဲ သေချာစစ်ဆေးပြီး အရေးယူပေး ရင် ကောင်းမယ်” ဟု အသက် ၁၉ နှစ်အရွယ် ကျောင်းသူတစ်ဦးက ဆိုသည်။

The Voice Weekly

Posted By Online News Media Group 8:05 PM

ရိုးရာ ပျက်တော့မယ့် မိတ္ထီလာက လှေပြိုင်ပွဲ

မန္တလေးတိုင်း မိတ္ထီလာမြို့ဆိုတာ မိတ္ထီလာကန်တော်ကြီးနဲ့ တင့်တယ်တဲ့ မြို့တခုဖြစ်သလို နှစ်စဉ် တော်သလင်း လ ရောက်တိုင်း မိတ္ထီလာကန်တော်က ဖောင်တော်ဦး ဘုရားပွဲ ကျင်းပလေ့ရှိပါတယ်။ဖောင်တော်ဦး ဘုရားပွဲရဲ့ အဓိက သင်္ကေတ ကတော့ မြန်မာ့ရိုးရာ လှေပြိုင်ပွဲ ကျင်းပတာပါ။ ဖောင်တော်ဦး ဘုရားပွဲတိုင်းမှာ လောင်းလှေ အမျိုးအစား ပြိုင်ပွဲဝင် သစ်ထွင်း ၀မ်းလုံး လှေကြီးတွေနဲ့ တဖက်နဲ့ တဖက် အပြိုင်လှော်ကြတာ နှစ်ပေါင်းများစွာ ကြာနေပါပြီ။

ဒါပေမယ့် ဒီနှစ် ဖောင်တော်ဦး ဘုရားပွဲကျင်းပတဲ့အခါ လှေပြိုင်ပွဲမှာ နှစ်ပေါင်းများစွာ ရိုးရာမပျက် ထိမ်း သိမ်းလာခဲ့တဲ့အစဉ်အလာကို ဖျက်ပြီး ဖိုက်ဘာ လှေနဲ့ လှေပြိုင်ပွဲ ကျင်းပတော့မယ်လို့ ဒီကနေ့ ထုတ် ကြေးမုံ သတင်းစာ သတင်းတပုဒ်မှာ ဖော်ပြလာပါတယ်။ 

အကြောင်းပြချက်ကတော့  ယခင် လောင်းလှေကြီးတွေဟာ ဟောင်းနွမ်းဆွေး မြေ့ နေပြီဖြစ်လို့ အခုလို ပေါ့ပါးတဲ့ ဖိုက်ဘာလှေတွေ ၀ယ်ယူပြီး လှေပြိုင်ပွဲ ကျင်းပပေးမှာ ဖြစ်တယ်လို့ ဖောင်တော်ဦး ဂေါပက က ဆိုထားပါတယ်။ 

ဒီလို ဖိုက်ဘာလှေတွေနဲ့ မိတ္ထီလာမြို့က ဖောင်တော်ဦး လှေပြိုင်ပွဲ ကျင်းပတော့မှာဆိုတော့ ရိုးရာ ပျက်ပြီ လို့ ဆိုရတော့မှာပါ။ 

တချိန်ကလည်း ပုဂံရှေးဟောင်း ဘုရားတွေ မြေငလျင်ဒဏ်နဲ့ ပြိုကျပျက်စီးခဲ့စဉ်က ရှေးဟောင်း အမွေအနှစ် ထိမ်းသိမ်းမှု တန်ဘိုးကို နားမလည်ခဲ့တဲ့ သူတချို့ လက်ချက်နဲ့ ပုဂံဘုရားတွေကို ပြင်ဆင် မွမ်းမံလိုက်တာ မှာ ရှေးမူပျက်ပြီး  တန်ဘိုးကျစေခဲ့တာ သတိရကြမယ် ထင်ပါတယ်။ 

ထိမ်းသိမ်းသင့်တဲ့ သမိုင်းအမွေအနှစ်ကို မထိမ်းသိမ်းတတ်ခြင်းဟာ ပျက်စီးခြင်းရဲ့ အဓိက အကြောင်းတရား ပါ။


Credit: ဧရာဝတီဘလော့

Posted By Online News Media Group 7:57 PM

မွေခံထိုက်စေ

(ေဇယ်သူ)

ပုဂံသို့ လွန်ခဲ့သော ဆယ်နှစ်ဆယ့်ငါးနှစ်ခန့်ကာလ ရောက်ခဲ့စဉ်က ပီတိတွေ အထပ်ထပ် ပွားများရသည်။ ပီတိက နှစ်မျိုး။ တစ်မျိုးက မြန်မာနိုင်ငံသား တစ်ဦးအနေနှင့် ဂုဏ်ယူစိတ်။ ဒုတိယက ဗုဒ္ဓဘာသာဝင် တစ်ဦးအနေနှင့် ထိုခေတ်က ပုဂ္ဂိုလ်များ၏ လုံ့လဥဿာဟကို သာဓုခေါ်စိတ်၊ မုဒိတာစိတ်၊ ကုသိုလ်စိတ်တွေ ယိုဖိတ်ရသည်။ ဒီလိုမျိုးဘုရားတွေ အများကြီးကို တစုတဝေးတည်း တည်နိုင်လောက်အောင် ပုဂံသားတို့၏ စေတနာ အဟုန်ကြီးလှပါလားဟူသည့် ပီတိဖြင့်။

ထိုခေတ်က ယခုကဲ့သို့ သယ်ယူပို့ဆောင်ရေး၊ နည်းပညာစသည် အားမကောင်းသေးသောကြောင့် ဘုရားတစ်ဆူ တည်ရန်မှာ အလွန်ခက်ခဲပါလိမ့်မည်။ အထူးသဖြင့် သာမန်ပြည်သူပြည်သားထဲမှ တည်ရန်မှာ ခဲယဉ်းလိမ့်မည်။ ထိုသို့ အခက်အခဲကြားထဲမှ ကျားကုတ်ကျားခဲဖြင့် တည်ထားသော ဘုရားကို ဖူးရခြင်းမှာ ပီတိတို့ လှိုင်းတံပိုးကဲ့သို့ အလိပ်လိုက် အလိပ်လိုက် ဖုံးလွှမ်းလာသည်။

သို့သော် ပုဂံခေတ် ရှေးလက်ရာ ဘုရားများကို ယနေ့ခေတ် လက်ရာကြမ်းကြမ်း၊ ယခုခေတ် အုတ်ကြမ်းကြမ်းများနှင့် အစားထိုး ပြုပြင်လိုက်ချိန်တွင်မူ ကျွန်တော့် ခံစားချက်သည် ပုဂံဘုရားတစ်ဆူ အဖြစ်မှ ယနေ့ခေတ် ဘုရားတစ်ဆူပေါ်သို့ ပြောင်းလဲ ရောက်ရှိသွားသည်။ စေတီတည်ရခြင်းသည် မြတ်စွာဘုရားကို ကြည်ညိုစေလိုခြင်း အဓိက ဖြစ်သောကြောင့် မြတ်စွာဘုရား၏ ဂုဏ်တော်ကို မြတ်နိုးခြင်းကား အတူတူပင်ကျန် နေသေးသော်လည်း ရှေးဘုရားတစ်ဆူကို ဖူးမြော်နေရခြင်းဟု ခံစားမှုမျိုး နည်းပါးသွားသည်။ ထို့အတူ လွန်ခဲ့သော နှစ်ပေါင်းထောင်ကျော်က လုံ့လဥဿာဟ စိုက်ထုတ်ခဲ့သည့် ပုဂ္ဂိုလ်ကို ကြည်ညိုသည့် သာဓုခေါ်စိတ်လည်း ဆုတ်ယုတ်သွားသည်။

လွန်ခဲ့သော ဆယ်နှစ် ဆယ့်ငါးနှစ်ခန့်က ထင်သည်၊ ပုဂံဘုရားတို့ကို အစုလိုက် အပြုံလိုက် ပြုပြင်စဉ်တုန်း ရောက်သွားမိတော့ ကျွန်တော် အံ့လည်းသြရ၊ စိတ်လည်းပျက်ရသည်။ ဘုရားတစ်ဆူ သုံးသိန်း၊ ငါးသိန်းစသည့် အရွယ်အစားအလိုက် ပုတ်ပြတ်နှုန်းများဖြင့် ပြုပြင်သည်။ ကြည့်လိုက်တော့ အုတ်တွေက ပုဂံဘုရားတွေ၏ အုတ်အရွယ် အစားတွေမဟုတ်။ အရောင်ကလည်း မတူ။ သာမန်အုတ်ဖိုတစ်လုံးက ထုတ်လာသည့် လက်ရာ။ ပန်းရန်တို့ကို အကဲခတ်ကြည့်တော့လည်း လက်ရာခပ်ကြမ်းကြမ်း။ ပုဂံရှိ နာမည်ကျော် စေတီကြီးတစ်ဆူကို ဟိုရှေးရှေးမူလက တည်ဆောက်ရာတွင် အုတ်တစ်ချပ် လပ်သောကြောင့် တာဝန်ရှိသူ ကွပ်မျက်ခံရသည်ဟု ဖတ်မှတ်ရဖူးသည်။ ထို့ကြောင့်ပေလား မသိ၊ ပုဂံသည် ယဉ်ကျေးမှု၊ အနုပညာ၊ ဘာသာတရားတို့ကိုသာမက ရှေးမြန်မာတို့၏ အရည်အသွေးနှင့် စည်းကမ်းကိုလည်း ကိုယ်စားပြုသည်။ ထိုရှေးခေတ်က အရည်အသွေးမျိုး သုံးသိန်း၊ ငါးသိန်း ပုတ်ပြတ် ဈေးဖြင့် ရနိုင် မရနိုင်ကတော့ ပြင်ဆင်ပြီး စေတီတို့က သက်သေခံပေလိမ့်မည်။

အကြံသမား ကမ္ဘာလှည့် ခရီးသွားတို့၏ရန်၊ သူခိုးဓားရိုးကမ်း မြန်မာတို့၏ ရန်ကြောင့် နံရံဆေးရေးများ အချပ်လိုက် ခွာခံရသောကြောင့် ဆုံးရှုံးရသည့်အထဲတွင် ထိုသို့ ကရော်ကမည် ပြင်ဆင်ခြင်းများ ကြောင့် ရှေးနှစ်ပေါင်း ထောင်ကျော်က လက်ရာများ ပျက်စီးသွားခဲ့ရသည်။

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော်ကို တစ်ခါတစ်ခေါက် အရောက်တွင် လည်ပတ်စရာ ရှာစဉ်က ဖြစ်သည်။ မဲခေါင်မြစ်ကမ်းတွင်လည်း လေနုအေးကို ရှူရှိုက်ရင်း ငါးကင်လည်း စားပြီးပြီ။ နာမည်ကြီး ရှေးဟောင်းဘုရားသို့ သွားကြပါလားဟု ဒေသခံက အားတက်သရော အကြံပေးသည်။ သို့နှင့် ကျွန်တော်တို့တစ်တွေ ချီတက်ကြသည်။ ရှာရင်းဖွေရင်းနှင့် ရောက်ပါပြီ။ ကြည့်လိုက်တော့ စေတီက ခပ်ငယ်ငယ်။ ကျွန်တော်တို့ ပုဂံဘုရားတွေအနက်မှ အငယ်ဆုံး တစ်ဆူလောက်သာရှိမည်။ သို့သော် ကျွန်တော်တို့နှင့် မလှမ်းမကမ်းတွင် အခြားနိုင်ငံခြားသား အဖွဲ့တစ်ဖွဲ့လည်း ရှိနေသည်။ သူတို့ကလည်း ဓာတ်ပုံတဖျပ်ဖျပ်နှင့်၊ ပုံစံတွေကလည်း အံ့သြတကြီး ရင်သပ်ရှုမော။ ဘုရားက ရှေးဟောင်းပုံစံအတိုင်း။ ထိုခေတ်က အုတ်ပုံစံများအတိုင်း။ လာအိုတို့သည်လည်း ထေရဝါဒ ဗုဒ္ဓဘာသာကို လွန်စွာကိုင်းရှိုင်းသော နိုင်ငံပင်။

အင်ဒိုနီးရှားရှိ ဗောရောဗုဒ္ဓစေတီတော်ကြီးသည် အလွန်ခမ်းနား ကြီးကျယ်သည့် နာမည်ကျော် ရှေးဟောင်း အမွေအနှစ် ဖြစ်သည်။ မီးခိုးရောင် ကျောက်အုတ်များနှင့် စီခြယ်ထားသည့် လက်ရာမွန်၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ရှစ်သောင်း ပုထိုးတော်ကြီးနှင့် လက်ရာအနည်းငယ် ဆင်သည်။ ထို ဗောရောဗုဒ္ဓစေတီကြီးကို မီးထွန်းရာတွင်ပင် မီးခလုတ်များကို လူမမြင်အောင် ကျောက်အုတ်များထဲတွင် နေရာဖန်တီးကာ ထည့်သွင်းထားသည်။ ရှေးမူမပျက် မြင်စေလိုသောကြောင့် စေတီကို ပြုပြင်ရာတွင် ထိုအုတ်များပုံစံအတိုင်း တထေရာ တည်းတူသည့်အုတ်များ အစားထိုးရန် စေတီအနီးတွင်ပင် ထိုကျောက်အုတ်များကို စနစ်တကျ ထုတ်လုပ်နေသည်။

ကမ္ဘာကျော် ရုပ်သံမီဒီယာကြီးတစ်ခုမှ နာမည်ကျော် အစီအစဉ်တစ်ခုကို တင်ဆက်သည့် ကိုယ်တိုင်လည်း နာမည်ကျော် မီဒီယာသမားကြီး ဖြစ်သူနှင့် ပြည်ပတွင် ဆုံမိစဉ်က မြန်မာနိုင်ငံအကြောင်း စကားရောက်သွားသည်။ မြန်မာနိုင်ငံတွင် သူ့အသည်းစွဲက ပုဂံ။ ပုဂံသည် အလွန်ပင် အံ့သြဖွယ် ကောင်းလှသည်ဟု ခြေထောက်တွင် ဗွေပေါက်သည့် ရင်သပ်ရှုမောနှင့် ခရီးသွား အတွေ့အကြုံများလှသူက ချီးမွမ်းသည်။ ပုဂံနှင့် ပတ်သက်လျှင် ထိုသို့ပြောမည်ကို ခန့်မှန်းပြီးသား ဖြစ်သောကြောင့် ကျွန်တော် မအံ့သြ။ “တို့ပုဂံကို သူတို့ ဒီလိုပဲ အံ့သြကြရမှာ ပဲလေ”။ သူ နောက်ထပ် ဆက်ပြောသော စကားကြောင့်တော့ ကျွန်တော် အံ့သြရသည်။ ဘာလို့ ပုဂံက လူသိနည်းရတာလဲတဲ့။ သူဆိုလိုသည်က ဒီ့ထက် နာမည်ကြီးသင့်သော်လည်း ဘာလို့ မကြီးရတာလဲ။ သူက ကမ္ဘောဒီးယားမှ အန်ကောဝတ်နှင့် နှိုင်းယှဉ်ပြသည်။ အန်ကောဝတ်ကျောင်းတော်သည် စေတီတစ်ဆူသာ ဖြစ်သော်လည်း ပုဂံထက် လူသိပိုများသည်။ ပုဂံက စေတီပေါင်း ထောင်ချီသည်။ ဆိုင်သော မဆိုင်၏သော မသိ။ အန်ကောဝတ်က ပုဂံလိုတော့ ဖြစ်သလို ပြင်မထား။

အသစ်တည်ဆောက်လိုက်တိုင်း တန်ဖိုးတက်သွားသည် မဟုတ်ဘဲ ရှိရင်းစွဲကို ပင် ပျက်စီးစေတတ်သည်ကို သတိပြုရမည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြို့ကြီးများသည် လက်တည့်စမ်းလိုသူတို့၏ လက်စာမိသွားသည်။ သူတို့မြို့ကြီးတွေကို ခေတ်မီစေလိုသော တရုတ်အာဏာပိုင်များသည် နာမည်ကြီးပေ့၊ ထင်ရှားပေ့ဆိုသည့် ထိတ်ထိတ်ကြဲ ဗိသုကာပညာရှင်များကို စိတ်တိုင်းကျ ဆောက်လုပ်ခွင့်ပေးလိုက်သည်။ ပြင်သစ်နိုင်ငံ ပဲရစ်တွင် ဆောက်ခွင့် မရနိုင်သည့် ထူးပေ့ဆန်းပေ့ ဗိသုကာလက်ရာများကို ထိုနည်းဖြင့် ဘေဂျင်း၊ ရှန်ဟိုင်း စသည်တို့တွင် လက်လွတ်စပယ် ဆောက်ခွင့်ရသွားကြသည်။ ထူးထူးဆန်းဆန်း အဆောက်အအုံကြီးများ ဖြစ်ရုံကလွဲပြီး အနီးရှိ အဆောက်အအုံ၊ ပတ်ဝန်းကျင်တို့နှင့်လည်း မအပ်စပ်။ တရုတ်မြို့ကြီးများဆိုသည့် လက္ခဏာရပ်တို့ကိုလည်း အကျိုးမပေး၊ မပံ့ပိုးနိုင်။

စင်ကာပူသို့ စာတမ်းဖတ်ရန် သွားရောက်စဉ် တစ်ခေါက်က မိတ်ဆက်ညစာစားပွဲကို သတိရမိသည်။ စာတမ်းလာဖတ်သူ နိုင်ငံစုံမှ ပုဂ္ဂိုလ်များကို ပထမတန်းစား၊ ဈေးကြီးပေ့ ကောင်းပေ့ညွန့်ပေ့ဆိုသည့် စားသောက်ဆိုင်သို့ ခေါ်သွားဧည့်ခံသည်။ အစားအသောက်တွေက တယ်ကောင်းပါလားဟု ချီးကျူးမိတော့ အစားအသောက်တင်မက အခင်းအကျင်းတွင်ပါ ပထမတန်းဟု အိမ်ရှင်ဧည့်ခံသူ ပါမောက္ခက ဆိုသည်။ ဒီဆိုင်က အရင်ကိုလိုနီခေတ် အဆောက်အအုံလေ၊ ဗိသုကာလက်ရာက အင်္ဂလိပ်ရဲ့ ဘယ်ခေတ်ကဟု ဂုဏ်ယူစွာ ရှင်းပြသည်။ ကျွန်တော်တို့ဆီ ရန်ကုန်မြို့ရှိ နံပါတ်ဖြင့် လမ်းအမည် ပေးထားသည့် လမ်းတွေတွင် ထိုအဆောက်အအုံမျိုး အများကြီးရှိသည်။ သူတို့လို ဈေးကြီးကြီး စားသောက်ဆိုင်ပင်မဟုတ်၊ လမ်းဘေး လက်ဖက်ရည်ဆိုင်၊ မုန့်ဟင်းခါးဆိုင်များ ထိုအဆောက်အအုံများကို အမှီပြုပြီး ဖွင့်ထားကြသည်။

မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် စီးပွားရေး ပြုပြင်ပြောင်းလဲမှု အရှိန်နှင့်အတူ တည်ဆောက်ရေးလှိုင်းကြီးလည်း ထက်ကြပ် လိုက်လာတော့မည်။ စီးပွားရေးမြို့တော် ရန်ကုန်သို့ ထိုလှိုင်းက စတင်ရိုက်ခတ်နေပြီ။ ရန်ကုန်မြို့တော်၏ စရိုက်လက္ခဏာ ရှေးအမွေအနှစ်တို့ကို မြန်မာ့အမွေအနှစ်ဖြစ်စေ၊ ကိုလိုနီ အမွေအနှစ်ဖြစ်စေ ထိန်းသိမ်းထားရန် လိုသည်။ ယခင်ကထက်မူ အသိအမြင် ရှိလာပြီ ဖြစ်သည့်အတွက် အမွေအနှစ်များသည် ဆောက်လုပ်ရေးလှိုင်းနှင့်အတူ ယခင် တစ်ခေါက်ကကဲ့သို့ ပါသွားတော့မည်မဟုတ်ဟု မျှော်လင့်မိသည်။

ယခင်က အမှားများကိုမူ ပေးဆပ်နေရဆဲ။ ဆူးလေဘုရားကို အဝေးမှ ဓာတ်ပုံရိုက်ဖို့ ကြိုးစားတိုင်း ဆူးလေနားက အထပ်မြင့် အဆောက်အအုံကြီးနှစ်ခုကို အမြဲရှောင်နေရသည်။ အထပ်မြင့်တို့သည် ဘယ်နေရာဖြစ်ဖြစ် ဆောက်နိုင်သည်။ ဆူးလေကို ပြန်မရနိုင်၊ အစားမထိုးနိုင်။ ဆူးလေသည် ရန်ကုန်သမိုင်းနှင့် ချိတ်ဆက်နေသည်။ အထပ်မြင့် အဆောက်အအုံများ နောင်ဆိုလျှင် လက်ညှိုးထိုးမလွဲအောင် ပေါ်လာလိမ့်မည်။ ဆူးလေသည် တစ်ဆူတည်းသာ ရှိသည်။

အသစ်တိုင်းလည်း အဟောင်းထက် ကောင်းသည် မဟုတ်ပါ။ စေတနာဖြင့် ပြုပြင်ထိန်းသိမ်းရာမှသည် ဖျက်ဆီး ထိန်းသိမ်းခြင်းသို့ ပြောင်းလဲမသွားရန် လိုသည်။ မြန်မာ့အမွေအနှစ်များကို မြန်မာတို့ ထိန်းသိမ်းမှသာ ရေရှည်တည်တံ့မည် ဖြစ်သည်။


(Credit- The Voice)

Posted By Online News Media Group 7:41 PM