Tuesday, August 27, 2013

" လမ်းပေါ်ရောက်ကလေးငယ်များရဲ့ ဘဝကိုပြန်လည် လေ့ကျင့်ပျိုးထောင်ပေးတဲ့ ငှက်အော်စမ်းလူငယ်ပြုပြင်ထိန်းသိမ်းရေးသင်တန်းကျောင်း "

လမ်းပေါ်က ကလေးတွေရဲ့ ဘဝဟာ အန္တရာယ် ကြီးမားလှ သလို အသုံးချ လည်း ခံရနိုင်ပါတယ်။ အဲ့ဒီလိုစိုးရိမ်စရာကောင်းတဲ့ လူမှုဘဝ ရှင်သန် နေ ရတဲ့ လမ်းပေါ်က ကလေးတွေကို ထိန်း သိမ်းစောင့် ရှောက်ပေးနေ တာက တော့ ကော့မှူးမြို့နယ် ရှိ ငှက်အော်စမ်း လူငယ်ပြုပြင် ထိန်းသိမ်းရေးသင်တန်း ကျောင်းပဲဖြစ်ပါ တယ်။ ရန်ကုန်မြို့ တစ်ဖက်ကမ်း
ဒလဆိပ်ကမ်းကတစ်ဆင့် ၁၆မိုင် ကျော် မှာတည်ရှိပါတယ်။

အဲဒီငှက်အော်စမ်းလူငယ်ပြုပြင်ရေးသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချ ထားရေးဝန်ကြီးဌာန လက် ထောက်ညွှန်ကြား ရေးမှူး ဦးလွင်ဦးကို မေးမြန်းဖြစ်ခဲ့ပါတယ်။

ငှက်အော်စမ်း သင်တန်း ကျောင်းကိုရောက်ရှိလာကြ တဲ့ကလေးသူငယ်တွေရဲ့ ဘဝ ဖြတ်သန်းပုံတွေနဲ့ အနေအ ထားအကြောင်းကို မေးကြည့်တော့

"ကျွန်တော်တို့ လူမှုဝန် ထမ်း အနေနဲ့ နိုင်ငံတော်က စောင့်ရှောက်ရန်လိုသောက
လေးများ ဆိုပြီး စောင့်ရှောက် ထားတာရှိပါတယ်။ အဲဒီအ ထဲမှာမှလမ်းပေါ်နေ ကလေး တွေလည်းပါပါတယ်။ကလေး ၁၄၉ ယောက်လုံးက ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်း ရုံးက ပို့ထားပေးရတာဖြစ်ပါ တယ်။များသောအားဖြင့် ကလေး တွေလမ်းပေါ်ရောက်တဲ့ အကြောင်းရင်းကတော့ အ ကြမ်းဖျင်းပြောရရင် အ ချက် ၂ ချက်ရှိတယ်။ ပထမအချက်က ကလေးတွေက မိ သားစုနဲ့မနေချင်တာ။မိသား စုရဲ့ဒုက္ခတွေသူတို့ပခုံး ပေါ် ရောက်လာတာကို မခံ နိုင်လို့ လမ်းပေါ်ရောက်လာတဲ့ ကလေးတွေရှိတယ်။

တချို့ ကတော့ မိဘတွေကိုယ်တိုင်က ခြေသလုံးအိမ်တိုင်လျှောက် သွားနေတဲ့မိသားစုတွေ။အဲ ဒီလိုမိသားစုမှာပါတဲ့ ကလေး တွေက သူတို့လည်း သွားချင် ရာသွားရင်းနဲ့ လမ်းပေါ်မှာ
အဖွဲ့တွေဖြစ်လာတယ်။စု ပေါင်းပြီးနေကြတယ်။ နောက်နှစ်နဲ့ချီကြာလာတယ်။ ဒီလိုမျိုးကလေးတွေလည်း ကျွန်တော်တို့ဆီကိုရောက် တာပေါ့။ ကျွန်တော်တို့ဆီမှာ မိဘကို ပြန်အပ်လို့မရတဲ့ ကလေးတွေရှိတယ်။ အဲဒီလို ကလေးတွေကို ကျွန်တော်တို့ က အသက် ၁၈ နှစ်ပြည့် တဲ့ အထိ စောင့်ရှောက်ထားပေးတယ်" လို့ ရှင်းပြပါတယ်။

ဒါ့အပြင် လမ်းပေါ်နေ ကလေးတွေမှာ အများဆုံး တွေ့ရတဲ့ ဆိုက်ကိုက ဘာဖြစ်နိုင်မလဲလို့မေးကြည့်တော့

"လမ်းပေါ်နေကလေး အများ စုကတော့သူ့ဘဝကို ရပ်တည် နေရတာ။ငယ်ငယ်ရွယ်ရွယ်နဲ့ စာလည်းမသင်ရဘူး။ ကျန်း မာရေးလည်းဂရုမစိုက်ဘူး။တစ်နေ့တစ်နေ့စားဖို့ပဲဖြေ
ရှင်းနေရတာ။အဲဒီတော့ လုပ် ချင်ရာလုပ်တယ်။အရမ်းကို လွတ်လပ်တယ်။ဒီကလေး တွေကိုထိန်းသိမ်းရတာ သိပ် ကိုခက်ခဲပါတယ်။ ဒါ ကြောင့် မို့များသောအားဖြင့် ပညာ သင်ကြားနိုင်တဲ့
အရွယ်ဆို ပညာသင်ကြားတယ်။ပညာ သင်လို့မရဘူး ဆိုရင်တော့ သူတို့ကို ကျွန်တော်တို့ ကအတင်းအဓမ္မ ပညာသင် မပေးတော့ဘူး။

သူတို့ကို အသက်မွေးဝမ်းကျောင်းပညာ သင်ပေးပြီး လူ့ဘဝရပ်တည် နိုင်အောင်လုပ်ပေးရပါတယ်" လို့ဆရာဦးလွင်ဦးကပြောပါ တယ်။ ဒီနောက်မှာ လေလွင့် ကလေးသူငယ်တွေဟာ လမ်း ပေါ်မှာဆိုတာထက် စာသင်ခန်းထဲရှိနေရမယ့် အရွယ်ဆို တော့ဘယ်သူတွေဆီမှာ တာ ဝန်ခံမှုတာဝန်ယူမှုတွေရှိ မလဲ လို့မေးကြည့်တော့ " အဓိက ကတော့ မိသားစု ပြဿနာက ကလေးတွေပေါ်ကျလာတယ်။

ကလေးတွေတာဝန် ဖြစ်လာတယ်။ကလေးတွေက မနိုင်မနင်းတာဝန်တွေထမ်း လာရတဲ့အခါကျတော့ အိမ် မှာမနေချင်တော့ဘူး။ အိမ်မှာ မပျော်တော့ဘူး။အိမ်မှာ
မပျော်ဘယ်မှာပျော်လဲဆို တော့လမ်းပေါ်ကိုတက်လာ တယ်။လမ်းပေါ်မှာအနေ ကြာလာတာနဲ့အမျှအိမ်မှာ ပိုပြီးမပျော်တော့ဘူး။ လမ်း ပေါ်မှာပထမလမ်းပျော် ကလေး။လမ်းပျော်ကလေး
ဘဝမှာသူက အိမ်ကိုလာသေးတယ်။

သူ့မှာ ပိုက်ဆံလေးရှိ တယ်။မုန့်လေးရတယ်ဆို အိမ်လာသေးတယ်။အိမ်မှာ တစ်ရက်နှစ်ရက်နေပြီးပြန် သွားတယ်။ တဖြည်းဖြည်းနဲ့ မိသားစုပြဿနာက ကြီးထွား လာတယ်။သူကလည်း ဒီတာ ဝန်ကို မယူနိုင်တော့ဘူး ဆို တဲ့အချိန်ကျ တဖြည်းဖြည်းနဲ့ အိမ်ကို မပြန်တော့ဘူး။ လမ်း ပေါ်အပြီးထွက်လာတယ် ။ လမ်းပေါ်မှာပဲနေတော့တယ်။ လမ်းပေါ်နေဖို့ကသူတစ် ယောက်တည်းနေလို့ရလား ဆိုတော့မရဘူး။မရတော့ သူ့မှာလည်းအသိုင်းအဝိုင်း တစ်ခုရှာရတယ်။သူငယ်ချင်း ဖြစ်ချင်ဖြစ်မယ်။မွေးစား အမေ၊အဖေဖြစ်ချင်ဖြစ်မယ် အဲဒီလိုလမ်းပေါ်မှာနှစ်နဲ့ချ

ကြာလာ၊ကျင်လည်လာတယ်။ အဲဒီအချိန်မှာသူ့ဘဝထမင်း စားဖို့အတွက်သူနေဖို့အတွက် ကြုံတဲ့သူနဲ့ကြုံသလို ဆက်ဆံ ပြီးနေတတ်တဲ့အကျင့်ကရ လာတယ်။အရမ်းလည်း လွတ် လပ်တယ်။အမှိုက်ပုံမှာ ကောက်ချင်ကောက်မယ်။ ဒီ ထက်ဆိုးတာဆိုလစ်ရင်ခိုး ချင်ခိုးမယ်။ဒီလိုမျိုးတွေဖြစ် လာတယ်။ဖြစ်လာတော့ ဒီ ကလေးတွေကလမ်းပေါ် မှာအနေ ကြာလာတာနဲ့အမျှ ပြဿနာတွေ အများကြီးဖြစ် လာတယ်" လို့ ဆရာဦးလွင်ဦး ကရှင်းပြပါတယ်။

နောက်ဆုံး အနေနဲ့ဆရာကြီး ဖြည့် စွက် ပြောချင်တာရှိရင် ပြောကြား ပေးပါလို့ဆိုတော့ " ကျွန်တော်ပြောချင်တာကတော့ ကလေးတွေက ကလေးပဲဖြစ်ပါတယ်။ အဲဒီလိုမိသားစု ကိစ္စဝင်ပါရင်းနဲ့ မိသားစုက မစောင့်ရှောက်နိုင်တဲ့အခါ ကျတော့သူ့ဘဝသူရပ် တည်ဖို့ လိုလာတယ်။အိမ်ကနေ အပြင် ကိုရောက်လာပြီဆိုရင် ကလေးရဲ့ပြဿနာက အများ ကြီး
ပိုပြီးကြီးထွားသွားတာ ပေါ့။ ဒါကြောင့်မို့ အိမ်ထဲမှာ မိသားစုထဲမှာ ဒီကလေး တွေပျော်နေဖို့။

မိသားစုထဲ ပျော်တဲ့ကလေးတွေဖြစ်ဖို့ ကျွန်တော်တို့တွေ ဝိုင်းဝန်း ကူညီပံ့ပိုးပေးဖို့ လိုအပ်ပါ တယ်။သင်တန်းကျောင်းကိုရောက်လာမယ်ဆိုရင် သူတို့ ရဲ့ပြဿနာက အများကြီး ကြီးထွားလာမယ်။ ကြီးထွား လာရင်အဲဒါတွေကိုပြန် ကုစားဖို့ကတော်တော် ခက် တယ်။ကလေးကို
ကုစားလို့ ရတယ်ဆိုရင်တောင်ဒီ ကလေးက မိသားစုထဲပြန်ဝင် ဖို့အတွက်ကျွန်တော်တို့က မိသားစုကို မကုစားနိုင်ရင် အလကားပဲ။ဒီကလေးကို ကျွန်တော်တို့ကဘယ်လောက်
ပဲကုစားပြီးကောင်းအောင် သွန်သင်ပေး ဒီမိသားစုထဲပြန် ထည့်လိုက်လို့ ဒီမိသားစုက ပြဿနာတွေ မပြေလည်သေး ဘူးဆိုရင်ဒီမိသားစုက မကြာ ခင် လမ်းပေါ်ပြန်ရောက်လာတာပဲ။တကယ်လူမှုအရေးအ ရလိုအပ်တဲ့ပြဿနာတွေကို လည်းဖြေရှင်းပေးဖို့ လိုအပ်ပါတယ်"
လို့ ရှင်းပြခဲ့ပါတယ်။

ဥာဏ်လင်းအောင်

0 comments :

Post a Comment