Monday, August 26, 2013

အမေရိကန်အပါအဝင် ၁ဝနိုင်ငံက အိုင်စီတီ နည်းပညာများ လာရောက်ပြသရန်စီစဉ်

သြဂုတ်လ ၂၆ ရက် ၂၀၁၃

အမေရိ ကန်အပါအဝင် နိုင်ငံ၁ဝနိုင်ငံမှ အိုင် စီတီနည်းပညာများ အဓိကလာ ရောက်ပြသမည့် International Myanmar ICT Exhibition 2013 ပြပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် စင်ကာပူ၊ မလေးရှား၊ ဂျပန်၊ ထိုင်း၊ အစ္စရေး၊ ကိုရီးယား၊ ဟောင်ကောင်၊ ဂျာမနီ၊ အင်္ဂလန်နှင့် အမေရိကန် အစရှိ သည့် နိုင်ငံတကာမှ နည်းပညာ ကုမ္ပဏီများကို ဦးစားပေးဖိတ်ခေါ် သွားမည်ဖြစ်ပြီး ပြည်တွင်းမှ ကုမ္ပဏီငါးခုခန့်သာ ပါဝင်ပြသခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။
''ပြည်တွင်းမှာလဲ အိုင်စီတီ ကို အရင်ကထက် စိတ်ဝင်စားမှု ပိုများလာတယ်။ ပြည်ပကုမ္ပဏီ တွေက လာရောက်ပြသမယ့် အိုင် စီတီနည်းပညာတွေ၊ ဗဟုသုတတွေ ကို ဖလှယ်နိုင်တဲ့သဘောနဲ့ ဒီပြပွဲ လုပ်ရခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကလဲ နိုင်ငံတကာအဆင့်သွား ချင်တယ်ဆိုရင် အင်တာနေရှင်နယ် စနစ်တွေကိုသိဖို့အတွက် လို အပ်ပါတယ်။ ဒါကြောင့် ပြည်ပ ကုမ္ပဏီတွေပဲ သီးသန့်ပြသရ တာပါ။ ကဏ္ဍပေါင်းစုံက ပါဝင် ပြသနိုင်ဖို့တော့ စီစဉ်ထားပါတယ်'' ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်း ချုပ်မှ တာဝန်ရှိသူ ဒေါ်ချောခင် ခင်က ပြောသည်။

ယင်းပြပွဲအား ပြခန်းပေါင်း ၁၀ဝကျော် ခင်းကျင်းပြသသွား မည်ဖြစ်ကာ အောက်တိုဘာ ၁ရ ရက်မှ ၁၉ရက်အထိ တပ်မတော် ပြခန်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံ ကွန်ပျူတာအသင်း ချုပ်၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းနှင့် မြန်မာ နိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အ သင်းတို့မှ ပူးပေါင်းကျင်းပခြင်း ဖြစ်သည်ဟု သိရသည်။

ယင်းနှင့်ပတ်သက်၍ မြန်မာ နိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အ သင်းမှ တာဝန်ရှိသူတစ်ဦးက ''နိုင်ငံကလဲ ပွင့်လင်းလာပြီဆိုတော့ နိုင်ငံတကာက အိုင်စီတီလုပ်ငန်း တွေကလဲ ဒီနယ်ပယ်ကို စိတ်ဝင် စားလာကြတယ်။ ယူအက်စ်၊ ဟောင်ကောင် အစရှိတဲ့နိုင်ငံတွေ ကလဲ စိတ်ဝင်စားမှုများနေတယ်။ ဒီပွဲကတော့ နိုင်ငံတကာ Brand တွေပဲ ပြမှာပါ။ ပြည်တွင်းကုမ္ပဏီ တွေဆိုရင်လဲ နိုင်ငံတကာအသိ အမှတ်ပြုထားတဲ့ Brand တွေပဲ ပါဝင်ပြသခွင့်ပြုမှာပါ''ဟု ပြော သည်။

မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်မှ ကြီးမှူး၍ တိုင်းနှင့် ပြည်နယ်အသီးသီးတွင် တစ်နှစ် အတွင်း အိုင်စီတီပြပွဲ ၁၅ပွဲမှ ၂ဝအထိ ကျင်းပပေးလျက်ရှိပြီး ယခုကျင်းပမည့် International Myanmar ICT Exhibition အနေဖြင့် လေးကြိမ်မြောက်ကျင်း ပခြင်းဖြစ်ကြောင်း သိရသည်။

Yangon Media Group

0 comments :

Post a Comment