Monday, August 26, 2013

မီးရထားများ(၁)နာရီ(၇၅)မိုင်နှုန်းအထိမောင်းနှင်နိုင်ဖို့ပြင်ဆင်မယ်ဆိုပါက
အမေရိကန်ဒေါ်လာသန်း(၅၈၀၀၀)လောက်ကုန်ကျမည်
Monday, August 26, 2013

ရန်ကုန်-မန္တလေးမီးရထားလမ်းပိုင်းအား အဆင့်မြှင့်တင်ခြင်း အပါအ၀င်
မီးရထားများကိုမြန်နှုန်းမြင့် သွားလာနိုင်ဖို့ပြင်ဆင်မယ်ဆိုပါက ကုန်ကျစရိတ်
မှာအမေရိကန် ဒေါ်လာသန်း(၅၈၀၀၀)ခန့် ကုန်ကျမယ်လို့ သိရပါတယ်။

“မီးရထားလမ်းတွေကို အဆင့်မြှင့်တင်ဖို့ရာမှာ လက်ရှိအတိုင်း တစ်မီတာ
အကျယ်ရထားလမ်းအတိုင်းသာ ထားရှိပြီးတော့ ရထားလမ်းတွေ
ပြုပြင်မယ် ရထားထိန်းချုပ်ကွပ်ကဲရေးတို့၊တံတားတွေနဲ့ဆက်သွယ်ရေး
အချက်ပြတွေကို အဆင့်မြှင့်တင်မယ်ဆိုရင် တစ်မိုင်ကိုပျမ်းမျှအနေနဲ့ အမေရိကန်ဒေါ်လာ(၃.၆)သန်းလောက် ကုန်ကျမှာဖြစ်ပါတယ်လို့
ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးချစ်မောင်ကပြောကြား
ပါတယ်။ မီးရထားများရဲ့အမြန်နှုန်းမှာ (၁)နာရီ(၄၅)မိုင်နှုန်း မောင်းနှင်ဖို့
သတ်မှတ်ထားသော်လည်းရထားသံလမ်းများကောင်းမွန်ခြင်းမရှိတော့တဲ့အတွက်လမ်းတွေကောင်းမွန်အောင်ပြုပြင်မယ်ဆိုပါက(၁)နာရီကို(၇၅)မိုင်နှုန်းအထိမောင်းနှင်နိုင်မယ်လို့သိရပါတယ်။

အဓိကဦးစားပေးလမ်းအဖြစ်ရန်ကုန်-မန္တလေးလမ်းကိုအဆင့်မြှင့်တင်ဖို့ အတွက် ဂျပန်နိုင်ငံရဲ့အကူအညီနဲ့လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ကုန်ကျစရိတ်ကိုတွက်ချက်ရာမှာရန်ကုန်-မန္တလေးခရီးမိုင်(၃၈၆)မိုင်ကို အဆင့်မြှင့်တင်ဘို့အတွက်အမေရိကန်ဒေါ်လာသန်း(၁၄၀၀)ခန့်ကုန်ကျမယ်လို့ရထားပို့ဆောင်ရေး ၀န်ကြီးဌာနက တာဝန်ရှိသူရဲ့ပြောပြချက်အရ သိရှိရသည်။

SkyNet TV Browser

0 comments :

Post a Comment