Monday, August 26, 2013

ပန်းသီးချစ်သူများအတွက် သတင်းကောင်း....

OpenJailbreak website ကို လွှင့်တင်ထားပြီ...

iOS hacker တစ်ဦးဖြစ်သူ p0sixninja's က OpenJailbreak project ကို ဖော်ဆောင်နေခဲ့ပြီး website အဖြစ် ပြီးခဲ့တဲ့လက လွှင့်တင်ခဲ့ပါတယ်။
ဒါပေမယ့် လွှင့်တင်ပြီး မကြာမီမှာပဲ ပြဿနာအချို့ကြောင့် ပြန်လည် ရုပ်သိမ်းထားခဲ့ပါတယ်။

အခုတော့ အဆိုပါ ပြဿနာတွေကို ဖြေရှင်းပြီးပြီဖြစ်လို့ Joshua Hill (p0sixninja) က သူ့ရဲ့ twitter မှာ ဖော်ပြခဲ့ပြီးတဲ့နောက်မှာ OpenJailbreak.org ကို အားလုံးအတွက် ဖွင့်ပေးလိုက်ပါပြီး သူ့အနေနဲ့ အခြား Hacker တွေနဲ့ Developer တွေကိုပါ ပူးပေါင်းပါဝင်ဖို့ အားပေးထားပါတယ်။
OpenJailbreak ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ နောက်မျိုးဆက်သစ်များအတွက် Jailbreak ကို ထောက်ပံ့ပေးနိုင်ပြီး အရှည်တည်တံ့စေရန် ဖြစ်ပါတယ်။

သူတို့က Jailbreak user တွေကို အကြမ်းမျဉ်း အမျိုးအစား ၅မျိုး ခွဲပြီး ဖော်ပြထားပါတယ် :

1) Average User
ကိုယ်တိုင်တောင် Jailbreak မလုပ်ဖူးပေမယ့် pirated App တွေကို သုံးချင်သူ၊ AppStore မရှိတဲ့ နိုင်ငံများက အသုံးပြုနေသူ စသည်ဖြင့်

2) Fanboys & Fangirls
Tweaks တွေကို သုံးပြီး Device ကို customize လုပ်ပြီး သုံးရတာ နှစ်ခြိုက်တတ်ပြီး hacker တွေလုပ်သမျှ နောက်က တောက်လျှောက် လိုက်ပါနေသူများ

3) Developers

4) Security Researchers

5) Jailbreak Creators တို့ပဲ ဖြစ်ပါတယ်..

OpenJailbreak ဟာ အထက်ပါ ၅မျိုးထဲမှ အောက်ဆုံးက သုံးမျိုးအတွက် ရည်ရွယ်ထားတာပါ။
Openjailbreak မှာ ပါရှိနေတာတွေကတော့..


Openjailbreak.org ကို သွားလိုက်ရင် အောက်ပါ links တွေကို တွေ့ရပါလိမ့်မယ်

libdyldcache-1.0
A library and utilities for parsing and manipulating iOS dynamic linker shared cache.

libmacho-1.0
A library and utilities for modifying and parsing Apple Mach-O executable files.

libimg3-1.0
A library and utilities for parsing and decrypting iOS IMG3 files.

libirecovery-2.0
A library and utilities for interacting with iOS low level bootloaders.

တို့ကို တွေ့ရပါလိမ့်မည်....

Credit From >>> မိုးသင်္ကြား

0 comments :

Post a Comment