Thursday, May 31, 2012

လူမျိုးခြားသုံးဦး၏ မုဒိမ်းကျင့်သတ်ဖြတ်ခြင်းကို ခံခဲ့ရသော ရခိုင်ပြည်နယ်က ၁၇နှစ်အရွယ်မိန်းကလေး



မွတ်စလင်ကုလားက မြန်မာတိုင်းရင်းသားအားလုံးကို လက်ထပ်လို့ရရင် သူ့ဘာသာထဲ ဆွဲသွင်းတယ် ....အလိုမတူရင်တော့ မုဒိမ်းကျင့်ပြီး လည်လှီးတယ်.....................ဒီကောင်တွေကို တိုက်ဖို့မပြောနဲ့ ကာကွယ်ဖို့ ပြောတာ ကို သတိမထားမိကြသေးဘူး ထင်တယ်................မြန်မာပြည်ကြီးလဲ ဘယ်နေ့မှာ လည်လှီးခံရမလဲ မသိဘူး ............... ဆရာတော်ကြီးတွေကလဲ အရိပ်အမွ တမျိုး ဒဲ့ တဖုံ မိန့်ကြားလေ့ရှိတယ် ဒါပေမယ့် လူနည်းစုလောက်ပဲ လိုက်နာကြတယ် အမျိုးကိုချစ်ရင် ကုလားဆိုင် ကုလားလုပ်တဲ့ စီးပွားရေးကို လုံးဝအားမပေးကြပါနဲ့ ဒါက အနှိပ်ဆုံးအဆင့်ပဲ.....ဒီလောက်လေးမှ မလိုက်နာနိုင်ရင် လည်စင်းသာခံလိုက်ကြတော့.............

လူမျိုးခြားသုံးဦး၏ မုဒိမ်းကျင့်သတ်ဖြတ်ခြင်းကို ခံခဲ့ရသော ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ ကျောက်နီမော်မှ အသက် ၁၇ နှစ်အရွယ်မိန်းကလေးငယ်၏ ဈာပနကို ယနေ့ နေ့လည် ၂ နာရီတွင် ကျောက်နီမော်သုဿန်၌ ပြုလုပ်ခဲ့ရာ ဒေသတိုက်နယ်တ၀ှန်းရှိ ဒေသခံအင်အား ၅၀၀၀ ကျော် ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။ လိုက်ပါပို့ဆောင်ကြသည့် လူထုတွင် အပျို၊ လူပျို လူငယ်များက အများစုဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

Posted By Lps 7:43 PM

ဒညင်းကုန်းကမ္ဘာအထည်ချုပ်စက်ရုံ အလုပ်သမားများ တောင်းဆိုချက် မရရှိသေး

ရန်ကုန်တိုင်း၊ ဒညင်းကုန်းမြို့နယ်ရှိ တောင်ကိုရီးလူမျိုး မစ္စတာပတ် ပိုင်ဆိုင်သော ကမ္ဘာအထည်ချုပ်စက်ရုံ တွင် အလုပ်သမားများက ၎င်းတို့၏ တောင်းဆိုချက်များ မရရှိသေးသဖြင့် အလုပ်မဆင်းဘဲ ယနေ့ (၃)ရက် မြောက်နေ့အဖြစ် ဆက်လက် ဆန္ဒထုတ်ဖော်လျက် ရှိသည်။

mk-024

တောင်းဆိုချက် ၇ချက်ထဲတွင် အလုပ်ချိန်အား မနက် ၈နာရီမှ ည ၈း၄၀နာရီအစား မနက် ၈နာရီမှ ည ၈နာရီထိ ထားပေးရန်၊ အခြေခံ လစာထက် ပို၍ ၃၀,၀၀၀ကျပ်ပေးရန်နှင့် ကျန်းမာရေးခွင့်ယူပါက ဆုကြေးမဖြတ်ရန်တို့ ပါဝင်သည်ဟု ထိုဆန္ဒပြနေသူများကို ဦးဆောင် သော စက်ပြင် စကျော်မင်းဝဏ္ဏက ကေအိုင်စီကို ပြောသည်။

သူက “ကျနော် မအူပင်ကနေ အလုပ်လာလုပ်တာ စက်ရုံစဖွင့်ကတည်းကပါ။ ပိုင်ရှင်ကိုရီးယားလူမျိုးကိုတော့ သိပါတယ်။ ဒါပေမယ့် မြန်မာတွေထဲက စက်ရုံအုပ်ချုပ်သူတွေကို မသိခဲ့ရပါဘူး။ တစ်ခုခုဖြစ်ရင် စူပါနဲ့ နီတာတွေကိုပဲ ပြောရပါတယ်။ လစာတိုးတော့လည်း စူပါနဲ့ နီတာတွေပဲ တိုးတာပါ”ဟု ဆိုသည်။

စက်ရုံတာဝန်ရှိသူနှင့် တွေ့ဆုံနိုင်ရန် ဂိတ်တာဝန်ရှိသူအား မေးမြန်းရာ စက်ရုံတာဝန်ရှိသူများမှ ၎င်းတို့၏ ဖုန်းနံပါတ်နှင့် နာမည်အား မပေးရန် ပြောထားသဖြင့် မေးမြန်းခွင့် မရခဲ့ပေ။

အဆိုပါစက်ရုံအလုပ်သမားများ၏ ဆန္ဒထုတ်ဖော်မှုကို ၈၈မျိုးဆက်ကျောင်းသားများမှ စောင့်ကြည့်ကူညီ ပေးလျက်ရှိပြီး မနက်ဖြန်တွင် ရန်ကုန်တိုင်းမှူး အလုပ်သမားဝန်ကြီးနှင့် ဆန္ဒပြနေသော အလုပ်သမား တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ စက်ရုံအသီးသီးမှ အလုပ်သမားများမှာ နေရာအနှံ့အပြားတွင် ဆန္ဒပြလျက်ရှိရာ အစာငတ်ခံဆန္ဒပြသော ရန်ကုန် သရဖူ သံမဏိစက်ရုံ အပါအ၀င် အချို့စက်ရုံများမှာ တောင်းဆိုချက်များ ရရှိပြီး အလုပ်သမားများ လုပ်ငန်းခွင်၌ ပြန်လည်လုပ်ကိုင်နေပြီ ဟု သိရသည်။

Posted By Lps 6:07 PM

ရွှေ့ပြောင်းအလုပ်သမားများအရေး ဒေါ်စုဆွေးနွေး

မြန်မာရွှေ့ပြောင်းအလုပ်သမားများအား အလုပ်သမား ဥပဒေဘောင်အတွင်းမှ ကာကွယ်ပေး သွားမည်ဟု ထိုင်းနိုင်ငံသို့ ခေတ္တရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဗုဒ္ဓဟူးနေ့နံနက် ၁ဝ နာရီ (၃ဝ) မိနစ်ခန့်တွင် ရွှေ့ပြောင်း အလုပ်သမားများအတွက် အခွင့်အရေး ကွန်ယက်ရုံး ဝရန်တာ ပေါ်မှနေ၍ လာရောက် ကြိုဆိုသည့် အလုပ်သမားများအား မိန့်ခွန်း ပြောကြားခဲ့ပါသည်။

Suu-Kyi-in-Mahachai-Thailand-1

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်က မြန်မာရွှေ့ပြောင်းအလုပ်သမားများအား မေလ ၃၀ ရက်နေ့ နံနက် ၁၀း၃၀ ခန့်က မဟာချိုင်မြို့ရှိ အလုပ်သမားအခွင့်အရေး ကွန်ယက်ရုံး၌ မိန့်ခွန်းပြောကြား နေစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)

“ကျမ ဒီကိုလာတာ အလုပ်သမားတွေရဲ့ အခြေအနေကို သိချင်လို့ လာတာပါ။ ဒီအခြေအနေတွေ ဘယ်လို ကောင်းအောင် လုပ်ပေးနိုင်မလဲလို့ လာရောက် ကြည့်ရှုခြင်းပဲ ဖြစ်ပါတယ်။ ကျမတို့အဖွဲ့က နေပြီး ရွှေ့ပြောင်း အလုပ်သမား တွေတင် မကဘူး အလုပ်သမားတွေ အားလုံးရဲ့ အခွင့်အရေးတွေကို တတ်နိုင်သမျှ ကျမတို့က ဥပဒေ ဘောင်အတွင်း က စောင့်ရှောက်သွားမယ်” ဟု ပြောကြားသွားသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ရောက်ရှိနေသော
ဒေါ်အောင်ဆန်းစုကြည်သည် နံနက် ၉ နာရီခွဲခန့်ကလည်း အလုပ်သမားများနှင့် တရင်းတနှီး စကားခဲ့သေး ကြောင်း ကွန်ယက်ရုံးမှ တာဝန်ရှိသူ ဦးတိုး က ပြောသည်။

နံနက် ၉ နာရီခွဲခန့်ကလည်း အလုပ်သမားများနှင့် တရင်းတနှီး စကားခဲ့သေးကြောင်း ကွန်ယက်ရုံးမှ တာဝန်ရှိသူ ဦးတိုး က ပြောသည်။

“အဓိကကတော့ အလုပ်သမား ဥပေဒပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးဖြစ်တယ်။ ဒေါ်စု အကြံပေး ပြောတာက အလုပ်သမားတွေက အလုပ်သမားဥပဒေကို သဘောပေါက် နားလည်မှု အားနည်းတယ်။ အဲဒါကို သိအောင် လုပ်ရမယ်။ သူ့အနေနဲ့လည်း အခု ရရှိတဲ့ အချက်အလက်တွေကို ထိုင်းသက်ဆိုင်ရာ အာဏာပိုင်တွေဆီကို တင်ပြပေးသွား မယ်လို့ ပြောတယ်” ဟု ဦးတိုး က မဇ္ဈိမကို ပြောသည်။

ထိုသို့ ဒေါ်အောင်ဆန်းစုကြည် လက်ခံ တွေ့ဆုံခဲ့သည့် အလုပ်သများမှားမှာ လိင်ပိုင်းဆိုင်ရာ နှိပ်စက်ခြင်း ခံရသည့် အမျိုးသမီးများ၊ လုပ်အားခ ခေါင်းပုံဖြတ်မှု ခံရသည့် အလုပ်သမားများ၊ ရောင်းစားခံရသည့် အလုပ်သမားများ၊ လုပ်ငန်းခွင် အတွင်း၌ ကိုယ်လက်အင်္ဂါ ဆုံးရှူံးသွားသည့် အလုပ်သမားများဖြစ်ပြီး စုစုပေါင်း အယောက် ၃ဝ ခန့်နှင့် တွေ့ဆုံကာ အားပေးစကား ပြောခဲ့ကြောင်း ဦးတိုး က ပြောသည်။

ဒေါ်အောင်ဆန်း စုကြည်သည် မဟာချိုင်သို့ နံနက် ၉ နာရီ ခန့်တွင် ရောက်ရှိခဲ့သည်။ တလာတ်ကွန်း (ပုဇွန်ဈေး) တလျှောက်၌ သူ့အား ကြိုဆို နေကြသည့် အလုပ်သမားထုအား ကားပေါ်မှပင် နှုတ်ဆက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် လာရောက်သည့် မဟာချိုင် - ဝီလ လမ်းတလျှောက်၌ မြန်မာ့ရွှေ့ပြောင်း အလုပ်သမားများ သောင်းဂဏန်း ဝန်းကျင်ခန့် လာရောက် ကြိုဆိုကြကာ လမ်းတလျှောက် ပိတ်ဆို့သွားခဲ့သည်။ ရွှေ့ပြောင်း အလုပ်သမားရုံးသို့ ရောက်ရှိပြီးနောက် သူ့အား ကြိုဆိုသည့် လူအုပ်အား မထိန်းနိုင်သဖြင့် ရုံးအောက်ထပ်ရှိ သံဘာဂျာ တံခါးအား ပိတ်ချ ခဲ့ရသည်။

“ဒေါ်စု လာတယ်ဆိုလို့ ကျနော်တို့ သူငယ်ချင်းတွေ စုပြီး သွားကြည့်ကြတယ်။ တချို့တွေဆိုရင် အလုပ်ဖျက်ပြီး သွားကြတယ်။ နေရာရဖို့ မနက် ၈ နာရီကတည်းက ကျနော် သွားတာ။ ဒေါ်စုကို တွေ့တော့ ကြည်နူးတာရယ်၊ ဝမ်းသာတာရယ်ကြောင့် ရင်ထဲမှာ ဆို့ဆို့လာတယ်။ မျက်ရည်တောင် ဝဲမိတယ်။ ကျနော့်အနေနဲ့ မပြောပြတတ် ပေမယ့် ကျနော်တို့ အလုပ်သမားတွေအတွက် ဒေါ်အောင်ဆန်းစုကြည် တခုခု လုပ်ဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု Thai Union စက်ရုံ၌ အလုပ်လုပ်ကိုင်နေသော မြန်မာ အလုပ်သမားတဦး ဖြစ်သူ ကိုကျော်ဇင်ဦးမှ ပြောပြသွား ပါသည်။

ဤခရီးစဉ်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေး အရာရှိ လုံခြုံရေး တာဝန်ခံ ဦးခွန်သာမြင့်မှာ မေလ ၂၇ ရက်နေ့ကတည်းကပင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေပြီး ၂၈ ရက်နေ့၌ အလုပ်သမား အခွင့်အရေး ရုံး၌ အစည်းအဝေး ပြုလုပ်ကာ ဒေါ်အောင်ဆန်း စုကြည်၏ မဟာချိုင် ခရီးစဉ်အတွက် အစီအစဉ် ဆွဲခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်း စုကြည်၏ မဟာချိုင် ခရီးစဉ်အတွက် သက်ဆိုင်ရာ နယ်မြေခံရဲမှ ၁၅ဝ ကျော်ခန့် လုံခြုံရေး အတွက် ပါဝင် ကူညီပေးခဲ့သည်။

အလုပ်သမားများအား ညီညီညွတ်ညွတ် နေထိုင်ကြရန် ဒေါ်အောင်ဆန်းစုကြည်က မှာကြားသွားကာ နံနက် ၁၁ နာရီ ခန့်တွင် မဟာချိုင်မှ ပြန်လည် ထွက်ခွာ သွားသည်။

မဟာချိုင်မြို့၊ ဆမုတ်ဆာခွန် ခရိုင်သည် ထိုင်းနိုင်ငံ၌ မြန်မာရွှေ့ပြောင်း အလုပ်သမား အများဆုံး နေထိုင်သည့် မြို့တမြို့လည်း ဖြစ်သည်။ အလုပ်သမား အခွင့်အရေး ကူညီဆောင်ရွက် ပေးရေးအဖွဲ့များ၏ စာရင်း ဇယားများ အရ ရွှေ့ပြောင်း အလုပ်သမား ဦးရေမှာ ၂၀၀,၀၀၀ ဝန်းကျင်မှသည် ၄ဝဝ,ဝဝဝ ဝန်းကျင်ခန့်အထိ ရှိနိုင်သည်ဟု ဆိုသည်။

Posted By Lps 6:06 PM

KIA မှ မန္တလေး-မူဆယ် ကုန်သွယ်ရေး လမ်းမကြီးကို ညပိုင်းပိတ်

မြန်မာနိုင်ငံရှိ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးလမ်းမ မန္တလေး-မူဆယ် ကားလမ်းမကို ဇွန်(၁)ရက်မှ စပြီး ညပိုင်းတွင် သွားလာခြင်းပိတ်ပင်သည့် ကြိုတင်အသိပေးစာကို KIO မှ ဖြန့်ဝေထားကြောင်းသိရသည်။

mandalay-muse-route
မြန်မာအစိုးရစစ်တပ်သည် အရပ်ဝတ် ၀တ်ဆင်ကာ၊ အရပ်သားများ၏ ကားကိုအသုံးပြု၍၊ ညပိုင်းတွင် စစ်တပ် သွားလာလှုပ်ရှားမှုများ ပိုတိုး လာသဖြင်၊့ လားရှိုးနှင့် မူဆယ် ကြားတွင် ပိတ်ပင်ထားခြင်းဖြစ်သည် ဟု တပ်မဟာ (၄) KIA အရာရှိတစ်ဦးပြောသည်။

ဤ ပိတ်ပင်ခြင်းသည် ညပိုင်တွင်သာဖြစ်ပြီး၊ နေ့ခင်းပိုင်းတွင်မူ ပုံမှန်သွားလာနိုင်ကြောင်း သိရသည်။ ဝေစာများကို လမ်းများတွင်ကပ်ထားခြင်း၊ ဖြန့်ကြဲထားခြင်းဖြင့် ဖြန့်ဝေကြောင်း ၎င်းအရာရှိကပြောသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး KIA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော်က ဗပိာုကော်မတီမှ အမိန့်ထုတ်ထားခြင်းမရှိ ကြောင်းနှင့် ရှေ့တန်းမှ လုံခြုံရေးအခြေအနေကြောင့် သတိပေးတားမြစ်ခြင်းဖြစ်နိုင်သည်ဟု ဒီဗီဘီသတင်း ဌာနှ ၂၈ ရက်နေ့ ရေဒီယိုသတင်းတွင်ပြောဆိုသွားခဲ့သည်။

မေ၂၂ ရက်ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် မေလ ၁၉ ရက်နေ့ညက မန္တလေးမှ မူဆယ်သို့ တက်လာသည့် ကုန်တင်ကား ၂ စီးကို ဆတ်ကြေးတောင်း၍ ဗုံးခွဲဖျက်ဆီးမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းဖြစ်ရပ် သည် (KIA) လက်နက်ကိုင်အဖွဲ့ ၏ လက်ချက် ဖြစ်ကြောင်းဖော်ပြထားသည်။

သို့သော် (KIA) တပ်မဟာ (၄) အရာရှိတစ်ဦးက၊ ထိုကားနှစ်စင်းသည် မြန်မာစစ်တပ်၏ လက်နက်များ၊ စစ်ယူနီဖောင်းများကိုတင်ဆောင်ခြင်းမပြုရန် သတိပေးသည် ကိုနားမထောင့်သဖြင့် ဖောက်ခွဲဖျက်ဆီး ခဲ့ကြောင်း KNG သတင်းဌာန ကိုရှင်းပြသည်။

မန်တုန်-နမ္မတူ ကားလမ်းမကြီးကိုလည်း တပ်မဟာ (၄) လက်အောက် တပ်ရင် (၈) နှင့် (၃၄) တို့မှ ပိတ်ပင်ထားသဖြင့် ၄င်းလမ်းမကြီးတွင် ခရီးသွားလာမှုများမရှိတော့ကြောင်း သိရသည်။

Posted By Lps 6:04 PM

ကျောက်တူး စက်ယန္တာယားများ ရုတ်သိမ်းရန် ကချင်ပြည်နယ် တိုင်းမှူး ညွှန်ကြား

ကချင်ပြည်နယ် အနောက်ဘက် ဖါးကန့်ဒေသတွင် ကျောက်စိမ်းတူးဖေါ်နေသော စက်ယန္တာယားကြီးများကို မေလ (၃၀) ရက် နောက်ဆုံးသတ်မှတ်ပြီး ရုတ်သိမ်းရန်၊ မြန်မာအစိုးရ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)တိုင်းမှူး ဗိုလ်ချုပ်ဇေယျာအောင် ညွှန်ကြားခဲ့သည်။

hpakan-jade-mine-in-kachin
ကုမ္မဏီများ ကျောက်တူးဖော်ရာတွင်အသုံးပြုသော မြေတူးစက်၊ မြေကော်စက်နှင့် မြေတင်ကားများ အားလုံး ကို ကချင်ပြည်နယ် အနောက်တောင်ဘက် ဟိုပင်နှင့် မိုးညင်းဒေသ သို့မဟုတ် အောက်မြန်မာပြည်သို့ ရုတ်သိမ်းရန် ညွှန်ကြားထားသည်ဟု ကုမ္ပဏီများ ဆိုသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)သည် ကုမ္ပဏီများထံမှ အခွန်ကောက်ခံ ရရှိနေခြင်းကို ဖြတ်တောက်ရန် ရည်ရွယ်ချက်ဖြင်၊့ စက်ယန္တာယားများ ရုတ်သိမ်းအမိန့်ကို ကချင်ပြည်နယ် တိုင်းမှူး ဇေယျာအောင်မှ ထုတ်ပြန်ခဲ့ ခြင်းဖြစ်ကြောင်း ကုမ္မဏီများ ဆက်ဆိုသည်။

ဖားကန့်တွင် လက်ရှိ ကျောက်စိမ်းတူးဖော်နေသည့် ကုမ္ပဏီကြီး ၂၀၀ ခန့်နှင့် စက်ယန္တာယားကြီး ၁၀၀၀ ခန့်ရှိသည်ကို KIO ဖါးကန့်ဒေသအုပ်ချုပ်ရေး အရာရှိတစ်ဦးထံမှသိရသည်။

တိုင်းမှူးအမိန့်ထွက်လာပြီး နောက်မကြာမီတွင် (KIO) ဘက်မှလည်း ကုမ္ပဏီများအား ၎င်းတို့၏ စက်ယန္တာယားများ ရုတ်သိမ်းခြင်း မပြုရန် သတိပေးခဲ့သည်ဟုဆိုသည်။

မေ တတိယ ပတ်မှစပြီး ကုမ္ပဏီအချို့မှ စက်ယန္တာယားများ ရုတ်သိမ်းလာခြင်းကို ဖါးကန့်-မိုးကောင်းလမ်းပေါ် တွင်၊ ဖါးကန့်အခြေစိုက် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၆ မှ တားမြစ်ကာ ၄င်းယန္တာယားများအား ဖါးကန့်သို့ ပြန်ခေါက်စေခဲ့ကြောင်းကို တပ်ရင်း ၆ အရာရှိများထံမှသိရသည်။

မြန်မာစစ်အစိုးရနှင့် ၁၇ နှစ် ငြိမ်းချမ်းရေးကာလတွင် KIO သည် ဖားကန့်တွင် အခွန်ကောက်ခံခြင်း ရပ်ဆိုင်းထားခဲ့သည်။ သို့သော် သမ္မတဦးသိန်းစိန်၏ အစိုးရအဖွဲ့သစ်မှ ၎င်းအား ၂၀၁၁ ဇွန်လ ၉ ရက်တွင် စတင် တိုက်ခိုက်လိုက်ပြီး နှစ်ဘက်ကြား စစ်ဖြစ်ပွားပြီးနောက်ပိုင်းမှ KIO သည် ဖါးကန့်တွင် အခွန်ပြန်လည် ကောက်ခံခြင်းဖြစ်သည်။

မြန်မာအစိုးရသည် ကချင်ပြည်နယ် ဖါးကန့်မှ ကျောက်စိမ်းနှင့် အခြား သယံဇာတများမှ နှစ်စဉ် တတိယ အများဆုံး နိုင်ငံခြားဝင်ငွေရရှိသည်။

Posted By Lps 6:03 PM

KIO နှင့် မြန်မာအစိုးရ ဇွန် ၁ရက်နေ့ တွေ့ဆုံကြမည်

တနှစ်နီးပါးကြာ တိုက်ပွဲဖြစ်ပွားနေသော KIO နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့သစ်မှ ဦးအောင်မင်း ခေါင်းဆောင်သော အဖွဲ့တို့သည် ဇွန်လ ၁ရက်နေ့တွင် တွေ့ဆုံမည်ဟု သတင်းရရှိသည်။

“KIA တပ်မဟာ (၃)အောက်မှာရှိတဲ့ လွယ်ဂျယ်နားက ခင်ဝမ်းရွာမှာ တွေ့မယ်။ ကချင်ဖက်က ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂွမ်မော် တက်မယ်”ဟု ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးက ပြောသည်။

ယခု တွေ့ဆုံပွဲမတိုင်ခင် ကချင်ခေါင်းဆောင်များနှင့် ဦးအောင်မင်း၊ ဦးစိုးသိန်းတို့အဖွဲ့ သည် မေလလယ်ပိုင်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ အလွတ်သဘော တွေ့ ဆုံခဲ့ကြပြီး ဖြစ်သည်။

အစိုးရသစ်တက်လာပြီးနောက်ပိုင်း ဦးအောင်သောင်းခေါင်းဆောင်သော ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် KIO အဖွဲ့တို့သည် လေးကြိမ်ထက်မနည်း တွေ့ဆုံခဲ့ပြီး အပစ်အခတ်ရပ်စဲရန် သဘောတူညီမူ မရရှိခဲ့ပေ။

စစ်အစိုးရလက်ထက်က အပစ်အခတ်ရပ်စဲရေး ယူထားသော KIO အဖွဲ့နှင့် မြန်မာစစ်တပ်တို့သည် ၂၀၁၁ခုနှစ်၊ ဇွန်လ ၉ရက်နေ့က ပြန်လည် တိုက်ခိုက်ပစ်ခတ်ခဲ့ကြသည်။

ထို့ကြောင့် ယခုအချိန်ထိ တိုက်ပွဲပေါင်း ၁,၄၀၀ကျော် ဖြစ်ပွားခဲ့ပြီး စစ်ပြေးဒုက္ခသည်စခန်းတွင် မွေးဖွားသော ကလေးငယ်ဦးရေမှာ ၁,၀၀၄ဦးရှိသည်ဟု ပြည်တွင်းထုတ် 7Day News ဂျာနယ်တွင် ဖော်ပြထားသည်။

Posted By Lps 6:01 PM

မွန်အမျိုးသားကျောင်းအတွက် ပညာရေး အကျိုးဆောင်အဖွဲ့ ပြည်သူကြား စည်းရုံးရေးဆင်း

မွန်အမျိုးသား ပညာရေးကျောင်းများ ရေရှည်တည်တံ့နိုင်ရန်နှင့် (၂၀၁၂-၂၀၁၃) ပညာသင်နှစ်တွင် ဆရာ ဆရာမများ၏ ထောက်ပံ့ကြေးကို တိုးမြှင့်ပေးနိုင်ရန်အတွက် မွန်အမျိုးသား ပညာရေး အကျိုးဆောင် အဖွဲ့မှ မိဘပြည်သူများအတွင်း စည်းရုံးရေး ဆင်းလျက် ရှိသည်။

ပြည်သူများက မွန်အမျိုးသား ပညာရေး လမ်းစဉ်ကို မသိရှိထားသည့်အတွက် စည်းရုံးရေး ဆင်းရာတွင် အခက်အခဲများစွာနှင့် ကြုံတွေ့ရကြောင်းကို အဆိုပါအကျိုးဆောင်အဖွဲ့၏ ဒုခေါင်းဆောင်း နိုင်ခိုစိုက်က ပြောသည်။

“မကြာခင်က ကျနော်တို့ မုဒုံမြို့နယ်မှာ စည်းရုံးရေး စဆင်းတယ်၊ ဆရာ ဆရာမတွေ၊ ရဟန်း သံဃာတွေနဲ့ ရပ်မိရပ်ဖတွေလည်း ပါတယ်။ မွန်အမျိုးသား ပညာရေး ဘယ်လို ရှေ့ဆက်သွားမယ်၊ ဆရာ ဆရာမ ထောက်ပံ့ကြေးနဲ့ ကျောင်းအသုံးစရိတ်တွေကို မိဘပြည်သူတွေဆီက အကူအညီ ယူသွားရမယ်လို့ ရှင်းပြတော့ အလှူရှင်ဆီကနေ အထောက်အပံ့ မရရင် မွန်အမျိုးသား ပညာရေးကို ဆက်မလုပ်နဲ့တော့လို့ ကျနော်တို့ကို ပြန်ပြောတယ်” ဟု နိုင်ခိုစိုက်က ပြောသည်။

မွန်ပြည်သစ်ပါတီနှင့် ယခင်စစ်အစိုးရတို့ ဆက်ဆံရေး အခြေအနေ တင်းမာလာပြီး နောက်ပိုင်းတွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ မွန်ပြည်နယ် မုဒုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်များရှိ မွန်အမျိုးသား ကျောင်းများကို မွန်ပြည်သစ်ပါတီ ပညာရေးဌာနက မွန်စာပေနှင့် ယဉ်ကျေးမှု ဗဟိုနှင့် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့သို့ လွှဲပြောင်းပေးခဲ့သည်။

လွှဲပြောင်းပေးပြီး နောက်ပိုင်းတွင် ရဟန်းသံဃာတော်များနှင့် ညှိနှိုင်းပြီးနောက် မွန်စာပေနှင့် ယဉ်ကျေးမှု ဗဟိုက မွန်အမျိုးသား ပညာရေး အကျိုးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ၎င်းတွင် သြဇာတိက္ကမ ရှိသော ဆရာတော် ၃ ပါးနှင့် မွန်အမျိုးသား ပညာရေးအကြောင်း နှံ့စပ်သူ ၇ ဦး ပါဝင်သည်။

“ဆရာ ဆရာမတွေရဲ့ ထောက်ပံ့ကြေးက တော်တော် အခက်အခဲ ရှိတယ်။ ဆရာ ဆရာမတွေက အမျိုးသားရေးကို အခြေခံပြီးမှ ဆင်းရဲဒုက္ခခံ သင်နေကြတယ်။ တကယ်လို့ လခတွေကို မျှော်ကိုးပြီး သင်မယ်ဆိုရင်တော့ ဘယ်သူမှ မသင်နိုင်ဘူး။ ဒါပေမဲ့ တဖက်ကကြည့်ရင် ဆရာ ဆရာမတွေရဲ့ ထောက်ပံ့ကြေးကို တိုးမပေးနိုင်လို့ တချို့ဆရာ ဆရာမတွေဟာ လုပ်သက် မရှည်ကြဘူး၊ ဒီတော့ ဆရာ ဆရာမတွေရဲ့ အရည်အချင်းကလည်း မပြည့်တော့ဘူး၊ ဒီလို ဖြစ်လာတယ်” ဟု သံဖြူဇရပ်မြို့နယ် မွန်အမျိုးသား ပညာရေးအဖွဲ့ ဥက္ကဌ မိစိုက်ပွန်းက ပြောသည်။

“ဘာပဲ ဖြစ်ဖြစ် မွန်အမျိုးသားကျောင်းကိုတော့ ဘယ်လိုမှ ကျနော်တို့ အပျက်စီး မခံနိုင်ဘူး။ မဖြစ် ဖြစ်အောင် နည်းလမ်းရှာပြီး ရဟန်းသံဃာနဲ့ မိဘပြည်သူတွေကြားမှာ စည်းရုံးရေး ဆင်းသွားဦးမယ်” ဟု မွန်အမျိုးသား အကျိုးဆောင်အဖွဲ့ ခေါင်းဆောင် နိုင်သိုက်ချင်းက ပြောသည်၊

ကျောင်းအသုံးစရိတ်နှင့် ဆရာ ဆရာမ ထောက်ပံ့ကြေးအတွက် တနှစ်လျှင် သိန်းပေါင်းများစွာ ကုန်ကျသည့်အတွက် မွန်အမျိုးသား ပညာရေး အဖွဲ့ အနေနှင့် အခက်အခဲများစွာ ကြုံတွေကြရသည်။

“မွန်ပညာရေးအတွက် ကျောင်းသားတွေဟာ အစိုးရ စာသင်ကျောင်းမှာ စာသင်ခွင့် ရမယ် ဆိုရင် ပိုပြီး အဆင်ပြေမယ်။ ဒါမှ ဆရာ ဆရာမ ထောက်ပံ့ကြေးတွေအတွက် ဝန်မပိတော့ပဲ အခက်အခဲတွေ နည်းလာနိုင်မယ်” ဟု မွန်စာပေနှင့် ယဉ်ကျေးမှု ဗဟိုအဖွဲ့ ဥက္ကဌ ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

မွန်ပြည်သစ်ပါတီမှ အမျိုးသားကျောင်းအတွက် ထောက်ပံ့ငွေမှာ နည်းပါးသည့်အတွက် အချို့ကျောင်းများတွင် ကျောင်းသားမိဘများထံမှ ထပ်မံကောက်ခံရသကဲ့သို့ အချို့ကျောင်းများတွင် ရဟန်းသံဃာတော်များ၏ ထောက်ပံ့မှုကို ရယူနေရသည်။

“မွန်ပြည်သစ်က ချမှတ်ထားတဲ့ မူအတိုင်းပဲ သင်ကြားတဲ့ ကိုယ်ပိုင် ဘာသာရပ်နဲ့ ကိုယ်ပိုင်ကျောင်း သီးသန့် ဖြစ်ချင်တယ်၊ တကယ်လို့ ကျနော်တို့ အစိုးရ စာသင်ကျောင်းမှာ သင်ရင်တော့ ကလေးတွေက မွန်စာ တတ်ရုံလောက်ပဲ ရမယ်။ သမိုင်းတွေနဲ့ အမျိုးသား စိတ်ဓါတ် ရှင်သန်ရေးတွေမှာတော့ မှေးမှိန်သွားမယ်၊ ဒါ့ကြောင့် သီးသန့်ကျောင်းပဲ ကျနော်တို့ ဖြစ်ချင်တယ်” ဟု မွန်အမျိုးသားရေးရာ အဖွဲ့ချုပ်မှ ပြည်တွင်း အတွင်းရေးမှူး နိုင်ဒုက္ခမွန် က ပြောသည်။

အလှူရှင်များက ပညာရေး အထောက်အပံ့ကို ဖြတ်တောက်ခဲ့ပါက မွန်အမျိုးသား ပညာရေးအတွက် အခက်အခဲများစွာ ကြုံတွေ့နိုင်ဖွယ် ရှိသည့်အတွက် ပညာရေး အကျိုးဆောင်အဖွဲ့ ရေရှည်တည်တံ့နိုင်မည့် နည်းလမ်းများကို ရှာဖွေလျက် ရှိသည်။

Posted By Lps 6:00 PM

ဒုက္ခသည်များ နေရပ်ပြန်ရေးကိစ္စ စီစဉ်ပေးရန် ထိုင်းက မြန်မာကို တောင်းဆိုမည်

ထိုင်းစစ်တပ်မှ ထိုင်းမြန်မာ နယ်စပ် ဒုက္ခသည် စခန်း (၉) ခုရှိ မြန်မာ ဒုက္ခသည် များအား နေရပ်ပြန်ပို့ရေး အစီအစဉ်များ အလျင်အမြန် ဆောင်ရွက်ပေးရန် မြန်မာ အစိုးရအား ဆွေးနွေး စေလိုကြောင်း ထိုင်းအစိုးရ ထံသို့ တင်ပြထားသည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းများအရ သိရှိရပါသည်။

ဗိုလ်ချုပ် လှမင်းနှင့် ထိုင်းကာကွယ်ရေး ဝန်ကြီး မစ္စတာ Sukumpol Suwanatat တို့ (၆) ကြိမ်မြောက် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးတွင် တွေ့ဆုံခဲ့ကြစဉ် (ဓါတ်ပုံ - ဗန်ကောက်ပိုစ့်)

ဗိုလ်ချုပ် လှမင်းနှင့် ထိုင်းကာကွယ်ရေး ဝန်ကြီး မစ္စတာ Sukumpol Suwanatat တို့ (၆) ကြိမ်မြောက် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးတွင် တွေ့ဆုံခဲ့ကြစဉ် (ဓါတ်ပုံ - ဗန်ကောက်ပိုစ့်)

ထိုင်းမြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်း (၉) ခု၌ မြန်မာနိုင်ငံသား ဒုက္ခသည်ပေါင်း တသိန်းခွဲခန့် ရှိသည်ဟု ဖော်ပြကြသော်လည်း၊ အမှန်တစ်ကယ် အရေအတွက်မှာ နှစ်သိန်းခန့်အထိ ရှိနိုင်ကြောင်း ထိုင်းအာဏာ ပိုင်များမှ ပြောပါသည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ကျင်းပခဲ့သည့် (၆) ကြိမ်မြောက် အာရှ ကာကွယ်ရေး ဝန်ကြီးများ ထိပ်သီး ဆွေးနွေးပွဲ၌ ထိုင်းကာကွယ်ရေး ဝန်ကြီး မစ္စတာ Sukumpol Suwanatat နှင့် မြန်မာနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ် လှမင်းတို့ တွေ့ဆုံခဲ့စဉ်၌လည်း အဆိုပါ မြန်မာ ဒုက္ခသည်များ နေရပ်ပြန်ပို့ ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နှစ်ဦးအမြင်များ ကိုဆွေးနွေးခဲ့ကြပါသည်။

ထိုင်းကာကွယ်ရေး ဝန်ကြီး မစ္စတာ Sukumpol Suwanatat မှ လွန်ခဲ့သည့် အပတ်၌ ထိုင်းတော်ဝင် တပ်မတော် စစ်ဦးစီး ချုပ်ဗိုလ်ချုပ် Prayuth Chan-ocha နှင့် တွေ့ဆုံခဲ့စဉ်၌လည်း မြန်မာ ဒုက္ခသည်များအား နေရပ်ပြန်ပို့ရေး အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း ထိုင်းကာကွယ်ရေး ဝန်ကြီးဌာန သတင်းရပ်ကွက် က ဆိုပါသည်။

မြန်မာ ဒုက္ခသည်များမှာမူ မြန်မာနိုင်ငံသို့ ပြန်ရန် ယုံကြည်မှု အလွန်နည်းပါး နေသေးသည်ဟု ဆိုပါသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် မယ်လဒုက္ခသည် စခန်းသို့ သွားရောက်လည်ပတ်မည့် အစီအစဉ် သည် ဒုက္ခသည်များအတွက် အားတက်စေခဲ့ပါသည်။

မြန်မာ ဒုက္ခသည်များသည် မြန်မာပြည်၏ စစ်ရေးအခြေအနေနှင့် ဖိနှိပ်အုပ်ချုပ်မှု စနစ်ဆိုးကြောင့် ထိုင်းနိုင်ငံသို့ဝင် ရောက် ခိုလှုံခဲ့ကြရပါသည်။ ဤ၀န်ထုတ်ဝန်ပိုးကို ထိုင်းနိုင်ငံကကူညီစောင့်ရှောက်ထား သည်မှာ နှစ်ပေါင်း (၃၀) ခန့်ရှိနေပြီး ဖြစ်ပါ သည်။ ဤသို့ကြောင့် ဒုက္ခသည်များ ပြန်ပို့ရေးသည်ထိုင်းနိုင်ငံ အတွက် အရေးကြီးလှပါသည်။

Posted By Lps 5:59 PM

KNPP ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲ ဇွန်လ ပထမပတ်ဖြစ်နိုင်ဖွယ်ရှိ

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ - KNPP နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကိုယ်စားလှယ်အဖွဲ့တို့ဟာ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲကို လာမယ့် ဇွန်လ ပထမပတ်အတွင်း ကရင်နီပြည် လွိုင်ကော်မြို့မှာ တွေ့ဆုံဆွေးနွေးကြမယ်လို့ ဆိုပါတယ်။

knpp-sign-agreement

“အကြမ်းဖျင်း သဘောတူထားကြတာတော့ ဇွန်လ ၉ ရက်နေ့လောက်မှာ အကြမ်းဖျင်းတွေ့နိုင်မယ်လို့တော့ မျှော်မှန်းထားပါတယ်” လို့ KNPP အတွင်းရေးမှူး - ၁ ခူဦးရယ်က ပြောပါတယ်။

ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကို KNPP က အတွင်းရေးမှူး-၁ ခူဦးရယ် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ၉ ဦးတို့ တက်ရောက်ကြမှာဖြစ်ပြီး ပြီးခဲ့တဲ့ ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးပွဲတုန်းက တင်ပြထားခဲ့တဲ့ အချက် ၂၀ ချက်ကိုဘဲသဘောတူညီနိုင်တဲ့ အဆင့်ရောက်အောင် အကြေအလည် ပြန်လည်ဆွေးနွေးမှာဖြစ်တယ်လို့သူက ပြောပါတယ်။

“ကျနော်တို့ တင်ပြဆွေးနွေးတဲ့ အချက်တွေအားလုံးဟာ လူထုတွေရဲ့ ဘ၀အခြေအနေအရပ်ရပ်နဲ့ ဖြစ်ပေါ်နေတဲ့ အခြေခံအကြောင်းအချက်တွေကိုပဲမှီပြီး ကျနော်တို့က ထည့်သွင်းစဉ်းစားထားတာ ဆိုတော့ ကျနော်ထင်ပါတယ် ဒီတင်ပြချက်တွေနဲ့ ပတ်သက်ပြီးတော့ တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်ပြီးသော်၎င်း လူထုတွေအတွက် အကျိုးသက်ရောက်မှု ရှိပါတယ်”

KNPP နဲ့ အစိုးရတို့ဟာ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးကို ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က ကရင်နီပြည် လွိုင်ကော်မြို့မှာ ပဏာမအဆင့် သဘောတူလက်မှတ် ရေးထိုးကြပါတယ်။

Posted By Lps 5:57 PM

ထိုင်းနယ်စပ်မျဉ်းနှင့်ကပ်လျက် တောင်ပိုင်း ဝ မြို့သစ်တည်

သျှမ်းပြည်သံလွင်အရှေ့ခြမ်း ပုံပါကျင်မြို့နယ်ခွဲ အတွင်း တောင်ပိုင်း ဝ ထိန်းချုပ်နယ်မြေ နောင်ဝဲန်းကျေးရွာ အား မြို့အဆင့် တိုးမြင့်ရန် တောင်ပိုင်း ဝ ပြင်ဆင်နေကြောင်း နီးစပ်သည့် အသိုင်းအဝိုင်း ကပြောပါသည်။

ဝ တပ်ဖွဲ့စစ်သမီးများ

ဝ တပ်ဖွဲ့စစ်သမီးများ


“မေလဆန်းကတည်းက မြို့ဧရိယာအတွက်မြေစညှိလာတယ်။ ဖို့တဲ့နေရာကဖို့၊ ရှင်းတဲ့နေရာကရှင်းပေါ့။ မြေထိုးစက် ၁၀ ဂဏန်းနဲ့ လမ်းဖေါက်တယ်။ မြေညှိတယ်။ ပြီးရင် မြေကွက်ရိုက်တယ်။ လမ်းလဲ နှစ်လမ်းသွားပုံစံကိုလုပ် ထားတာ” - ဟု ပုံပါကျင် မြို့ခံတဦး က ပြောပါသည်။

သျှမ်းပြည်အရှေ့တောင်ပိုင်း သံလွင်အရှေ့ခြမ်း မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့နယ်ခွဲ ထိုင်းနယ်ခြားဂိတ် BP.1 တောင် ဘက် နောင်ဝဲန်းကျေးရွာအား မြို့အဆင့် အိမ်ခြေနှင့် ဆိုင်ခန်းများတိုးချဲ့ရန် တောင်ပိုင်း ဝ တပ်ဖွဲ့ အာဏာပိုင်တို့က မေလ ဆန်းပိုင်းမှစ၍ စတင်အကောင်အထည်ဖေါ်လာကြောင်း၊ ထိုင်းနယ်စပ်အနီး၌ နှစ်ထပ်တိုက်ခန်းများ ဆောက် လုပ်ပြီး အပေါ်ထပ်၌ခရီးသွားများတည်းခိုနိုင်ရန်၊ အောက်ထပ်မှာမူ ထိုင်းကုန်စည်များသိုလှောင်ရောင်းချရန် ဆိုင်ခန်း များ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဝ တပ်ဖွဲ့ နှင့် နီးစပ်သူတဦးက ပြောပါသည်။

“မြို့အဆင့်တိုးချဲ့နေတာက ကျနော်ကြားသိရသလောက်ဆို ဝ က သူတို့အစီအစဉ်နဲ့ပဲလုပ်သွားတာ၊ ပြည်ထောင်စု အစိုး ရ၊ သျှမ်းပြည်အစိုးရ နဲ့ ပတ်သက်တယ်လို့မကြားဘူး၊ အခုအခြေအနေရအဆို နယ်ခြားဂိတ်လဲ သူတို့ဟာ သူတို့ ဘဲ ဖွင့်မယ်ထင်တာဘဲ” - ဟု အမည်မဖေါ်လိုသည့် နိုင်ငံရေးပါတီ အသိုင်းအဝိုင်းတဦးကပြောပါသည်။

ဝ အရာရှိတဦးနှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦးက ထိုင်းနယ်စပ် ချင်းမိုင်ခရိုင် ချင်းဒေါဝ်းမြို့နယ် မိုင်းန ကျေးရွာအုပ်စု မျက်နှာချင်းဆိုင် နောင်ဝဲန်းမြို့ တိုးချဲ့ရေးစီမံကိန်းအား လာမည့် ၂၀၁၅ ၌ မြို့အဆင့်နှင့်ညီမျှသည့်လူဦးရေ နှင့် အိုးအိမ်များ နေရာအပြီး ချသွားမည်ဟုလည်း ဆိုသည်။

အဆိုပါ တောင်ပိုင်း ဝ တပ်ဖွဲ့ မြို့ပြ စီမံကိန်းအား ၀ တပ်ဖွဲ့၏ ရပ်ရွာအုပ်ချုပ်ရေးမှူး ဦးယန်ချောဝ်ချင်မှ ဦးဆောင်၍ နောင်ဝဲန်း နည်းတူ ဟွေ့အော့်ကျေးရွာ (ဟွေ့အော့်ကျေးရွာအုပ်စု၊ ပုံပါကျင်မြို့နယ်ခွဲ၊ မိုင်းတုံမြို့နယ်) အားလည်း မတ်ခ်ျလမှစ၍ မြို့ပြ စီမံကိန်းအဖြစ် စတင်အကောင်အထည်ဖေါ်လာပါသည်ဟု ဆိုသည်။ (ဆက်စပ်သတင်းဟောင်း http://www.burmese.panglong.org/news/96-2008-08-03-06-49-23/3088--bp-1-uwsa-.html)

တောင်ပိုင်း ဝ တပ်ဖွဲ့ အမှတ် ၁၇၁ စစ်ဒေသ တပ်မဟာ ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်တွင် (တောင်ပိုင်း ဝ နယ် ၅ ခု တပ်မဟာ ၇၇၂၊ ၇၇၅၊ ၇၇၈၊ ၅၁၈ နှင့် ၂၄၈ တို့ ဖြစ်၏။ တပ်မဟာတခုလျှင် စစ်သည် အင်အား ၂၅၀၀ မှ ၃၂၀၀ အထိ ရှိ၏။ ထို့အပြင် လက်နက်ကိုင် ပြည်သူစစ်တပ်ဖွဲ့အားလည်း ၀ ရပ်ရွာတိုင်း၌ ဖွဲ့စည်း ထား ၏။


Posted By Lps 5:56 PM

ရဲတပ်ကြပ် တစ်ဦးရိုက်နှက်မူကြောင့် ဒေသခံ လူကြီးတစ်ဦး ခေါင်းကွဲ၊ ငါးချက် ချုပ်ရ

ရဲ ဒုတပ်ကြပ် အဆင့် ရှိသူ တစ်ဦး၏ ရိုက်နှက်မူကြောင့် တောင်ကုတ်မြို့နယ်မှ အသက် ၅၅ နှစ်ရှိ လူကြီးတစ်ဦးမှာ ဦးခေါင်းတွင် ဒဏ်ရာ ရရှိကာ ဆေးရုံတွင် ငါးချက်တိတိ ချုပ်လိုက်ရကြောင်း ဒေသခံများက နိရဉ္စရာသို့ ပြောသည်။

ဦးခေါင်းမှ ချုပ်ဒဏ်ရာနှင့် ဦးထွန်းနု

ဦးခေါင်းမှ ချုပ်ဒဏ်ရာနှင့် ဦးထွန်းနု


ရဲဒုတပ်ကြပ်၏ ရိုက်နက်၍ ဦးခေါင်းကို ငါးချက်တိတိ ချုပ်လိုက်ရသူမှာ တောင်ကုတ်မြို့နယ် ပေါက်ပြင် ကျေးရွာမှ ဦးထွန်းနု ဖြစ်သည်။

အဆိုပါ သတင်းကို လက်ခံ ရရှိပြီးနောက် ကာယကံရှင် ဖြစ်သူ ဦးထွန်းနုကို နိရဉ္စရာမှ ဖုံးထဲမှ တဆင့် ဆက်သွယ်မေးမြန်းရာ သူအရိုက်ခံရပုံနှင့် ပတ်သက်၍ ဦးထွန်းနုက နိရဉ္စရာသို့ ယခုကဲ့သို့ ပြောသည်။

" ဒီလ ၂၆ ရက်နေ့က ကင်းတောင် ရဲစခန်းမှူးရဲ့ ခေါ်ယူချက် အရ အဲဒီ စခန်းကို သွားပါတယ်။ ရဲကင်းကို ရောက်တဲ့ အခါ ရဲစခန်းမှူး မရှိပါ ။ အရက်သောက်နေတဲ့ ဒုတပ်ကြပ် ခင်မောင်ညွန့်ကို တွေ့ပါတယ်။ အဲဒီ အချိန်မှာဘဲ ဦး မှတ်ကြီးဆိုသူ ရောက်လာပါတယ်။ ဦးမှတ်ကြီးဆိုသူက ကျွန်တော် နွားမွေးစားဖက် ယူထားတဲ့ နွားရှင်ဖြစ်ပါ တယ်။ နွားမွေးစားဖက် ယူထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဦးမှတ်ကြီးနဲ့ ကျွန်တော် အကြားမှာ ပြဿနာရှိပါတယ်။ ဒါကြောင့် စခန်းမှူးက ကျွန်တော်ကို စခန်းကို ခေါ်တာ ဖြစ်ပါတယ်။ အဲဒီ စခန်းမှာဘဲ ကျွန်တော်နဲ့ ဦးမှတ်ကြီး ဆွေးနွေးတဲ့ အခါ တစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေပါ။ အဲဒီ အချိန်မှာ ဦးမှတ်ကြီးကို ဒုတပ်ကြပ် ခင်မောင်ညွှန့်က အိမ်ကို ပြန်လွှတ်ပြီး ကျွန်တော့ကို ကြိုးနဲ့ တုတ်ပြီး ပြင်းပြင်းထန်ထန် ရိုက်နှက်ပါတယ်" ဟု သူက ပြောသည်။

ဦးထွန်းနုမှာ ဒုတပ်ကြပ် ခင်မောင်ညွှန့်၏ ရိုက်နှက် ကန်ကျောက်မှုကြောင့် ၆ ပေခန့် နက်သော ရေမြောင်းထဲသို့ ထိုးကျသွားကြောင်း၊ ရေမြောင်းမှ ပြန်အတက်တွင် ခင်မောင်ညွှန့်မှ အပေါ်မှ ကျောက်တုန်းဖြင့် ထုချရာ ဦးခေါင်းတွင် ဒဏ်ရပြင်းထန်စွာ ရရှိသွားကြောင်း သူက ပြောသည်။

" တကယ့်ကို လူမဆံစွာ ကျွန်တော်ကို ရိုက်နှက်ပါတယ်။ ကျွန်တော့် တသက်မှာ ဒီလို ရိုက်နှက်တာမျိုး တကြိမ်မှ မခံစားခဲ့ဖူးပါ။ ဦးခေါင်းကွဲသွားပြီး သွေးတွေ စီးကျလာတဲ့ အတွက် ကျွန်တော် ခေါင်းမူးပြီး သတိမေ့လု မတတ် ဖြစ်သွားပါတယ်။ ကျွန်တော်လည်း ကြောက်ကြောက်နဲ့ ထွက်ပြေးတာ စခန်းအပြင်ဘက်ကို ရောက်သွားပါတယ်။ ကျွန်တော်ရဲ့ အသံကို ကြားတော့ ရွာသားတချို့ လိုက်လာပြီး ကျွန်တော်ကို တွဲယူပီး ရွာမ ဆေးရုံကို ပို့ပါတယ်။ ကွဲသွားတဲ့ ဦးခေါင်းကို ၅ ချက် တိတိ ချုပ်လိုက်ရပါတယ်" ဟု သူက ပြောသည်။

သူ့အား ယခုကဲ့သို့ ရိုက်နှက်ခြင်းမှာ ဦးမှတ်ကြီးမှ ပိုက်ဆံ ပေးထား၍ ဖြစ်ပုံရကြောင်း သူက ပြောသည်။

" ဦးမှတ်ကြီးက ရဲစခန်းမှူးကို ပိုက်ဆံ ပေးထားပုံရပါတယ်။ ဒါကြောင့် အရက်မူးနေတဲ့ ဒု တပ်ကြပ် ခင်မောင်ညွန့်က ကျွန်တော်ကို ရိုက်နှက် တယ်လို့ ထင်ပါတယ်။ တကယ်လို့ ကျွန်တော်မှာ အပြစ်ရှိရင် ဖမ်းဆီး အရေးယူနိုင်ပါတယ်။ ခုလို ညှဉ်းပမ်းနှိပ်စက်တာက ဥပဒေနဲ့ မကိုက်ညီသလို နိုင်ငံ ၀န်ထမ်းတွေ အနေနဲ့လည်း မလုပ်သင့် မလုပ်ထိုက်ဘူးလို့ ထင်ပါတယ်" ဟု သူက ဆက်ပြောသည်။

ယခုအခါ အဆိုပါ ရိုက်နက်မူကို တောင်ကုတ်မြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့မှူးရုံးသို့ သွားရောက်ပြီး တိုင်တန်းကြားထားသည်ဟု သူက ပြောသည်။

တောင်ကုတ်မြို့နယ်တွင် လွန်ခဲ့သော မတ်လ ၁၅ ရက်နေ့က အရက်မူးနေသော ဆားပြင် စခန်းမှူး ဒုရဲအုပ် စိုးမိုးအေးက အဆိုပါ ကျေးရွာတွင် ရိုးရိုးသားသား လုပ်ကိုင် စားသောက် နေသူ ဦးတင်မောင်၏ သား မောင်တင်ဝင်းဆိုသူကို သူတို့အားလှောင်ပြောင် ပြောဆိုသည်ဟု ဆိုကာ မတရား ဖမ်းဆီး ရိုက်နှက်ခဲ့သ ဖြင့် ဆေးရုံတင်ခဲ့ရသည်။

ပြည်သူ့များအား ကူညီပါရေစေ - ဟူသော ဆိုင်းဘုတ်ကို ရဲစခန်းရုံးရှေ့တွင် ထောင်ထားပြီး ငွေကြေးချမ်းသာသူများထံမှ တန်စိုး လက်ဆောင်များယူကာ ဆင်းရဲသား ပြည်သူများအား ကိုယ်ထိ လက်ရောက် ညှဉ်းပမ်းနှိပ်စက်မူ ပြုလုပ်နေသော တောင်ကုတ်မြို့နယ်မှ အကျင့်ပျက် ရဲများကို အရေးယူ အပြစ်ပေးရန် ပြည်သူများက အထူးလိုလားနေကြောင်း သတင်းများ ရရှိသည်။


Posted By Lps 5:55 PM

Tuesday, May 29, 2012

ပါဖောမန့်ပြသူ အနုပညာရှင်များ တရားစွဲခံရ

မန္တလေးကျုံး မြောက်ဘက်ထောင့်တွင် ပါဖောမန့်စ် (Performance) ပြခဲ့သည့် အနုပညာရှင် ၇ ဦးအား ယနေ့ တရားစွဲကာ ၃၁ ရက်နေ့တွင် ရုံးတင် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

မေ ၂၄ ရက်နေ့က မြန်မာအနုပညာရှင် ၇ ဦးနှင့် နိုင်ငံခြား အနုပညာရှင် ၅ ဦးတို့ ပူးပေါင်း၍ “ခံစားချက် ကိုယ်စီ” အမည်ရှိ ပါဖောမန့်ကို မန္တလေးကျုံး မြောက်ဘက်ထောင့်တွင် ပြသခဲ့သဖြင့် မြန်မာ ၇ ဦးအား အထူးနှင့် အထွေထွေ ဥပဒေ ပုဒ်မ ၁၁၊ ၁၉၆၄ ခုနှစ် စာကြည့်တိုက်၊ ပြတိုက်နှင့် ပြပွဲများ ကြီးကြပ်အုပ်ချုပ်ရေး ဥပဒေ ပုဒ်မ ၁၁ တို့ဖြင့် မန္တလေး အမှတ် ၂ ရဲစခန်းက တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။

နှစ်နိုင်ငံအနုပညာဖလှယ်ရေး အတွက် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ပါဖောမန့် ပြသနေသည့် မြန်မာ အနုပညာရှင် မိုးစက် (ဓာတ်ပုံ - မိုးစက်၏ facebook မှ)

ယင်းဥပဒေမှာ ပြစ်ဒဏ်ထင်ရှားလျှင် ထောင်ဒဏ် ၃ နှစ်သော်လည်ကောင်း၊ ငွေဒဏ် ကျပ် ၂ ထောင်သော် လည်ကောင်း၊ ဒဏ်နှစ်ရပ်စလုံး ကိုသော်လည်ကောင်း ကျခံရမည် ဖြစ်သည်။

ပြပွဲတွင် ပါဝင်သည့် မလေးရှားနိုင်ငံသား ၄ ဦးနှင့် ဂျာမနီ နိုင်ငံသား ၁ ဦး တို့ကိုလည်း မေ ၂၅ ရက်နေ့က ပြည်နှင်ဒဏ် ပေးခဲ့ကြောင်း၊ တရားစွဲဆို ခံရသည့် မြန်မာနိုင်ငံအနုပညာရှင်များမှာ စူးမြင့်သိန်း၊ မောင်နီဦး၊ မိုးစက်၊ အောင်မြတ်ဌေး၊ လွင်ဦးမောင်၊ မအိနှင့် မငယ်လေးတို့ ဖြစ်ကြကြောင်း သိရသည်။

နှစ်နိုင်ငံ အနုပညာဖလှယ်ပြပွဲအဖြစ် ပထမဆုံး မလေးရှားနိုင်ငံ ကွာလမ်လပူမြို့ရှိ စူတန်လမ်းမကြီး ပလက်ဖောင်းတွင် ပါဖောင့်မန့် ၅ ရက်ပြသခဲ့ပြီးမှ မန္တလေးမြို့ ကျုံးမြောက်ဘက်ထောင့်တွင် ပြသခဲ့ခြင်းဖြစ်ကာ တာဝန်ရှိသူများ၏ ရပ်ဆိုင်းခြင်းကို ခံခဲ့ရကြောင်း မန္တလေး အနုပညာ အသိုင်းအဝန်းက ဆိုသည်။

အနုပညာရှင် ၁၁ ဦး ပါဖောမန့် ပြသည့်အချိန်သည် မန္တလေးမြို့တွင် လျှပ်စစ်မီးမရရှိသဖြင့် ဖယောင်းတိုင်မီးကိုင် ဆန္ဒပြသည့် အချိန်နှင့် တိုက်ဆိုင်လျှက် ရှိသော်လည်း အနုပညာရှင်များမှာ အနုပညာသက်သက်ကိုသာ ပြသခဲ့ခြင်း ဖြစ်ကြောင်း၊ ပြပွဲပြသချိန် ၄၅ မိနစ်အကြာတွင် ပြသနေမှုကို ရဲစခန်းက လာရောက်ဟန့်တားကာ ရပ်ခိုင်းခဲ့ပြီး ပါဝင်သူများကို ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ လက်ရှိတွင် မြန်မာ အနုပညာရှင် ၇ ဦးမှာ အာမခံနှင့် နေထိုင်ခွင့်ရထားကြောင်း ပြပွဲတွင် ပါဝင်သူ အနုပညာရှင် စူးမြင့်သိန်းက ဧရာဝတီကို ပြောသည်။

“ကျနော်တို့က အနုပညာဘဲ ပြတာပါ။ ဆန္ဒပြတာ တခုမှမလုပ်ပါဘူး။ ပါဖောမန့် ဆိုကတည်းက ပြည်သူတွေနဲ့ နီးစပ်တဲ့ လမ်းဘေး ပလက်ဖောင်းတွေ၊ ဈေးတွေနဲ့ မီးပွိုင့်တွေမှာ ပြရတာ၊ အဲဒါမှ အရသာရှိတာ။ အခုဟာက အနုပညာပြကွက်ပဲ၊ ကျနော်တို့မှာ ဘာအပြစ်မှ မရှိဘူးလို့ ထင်ပါတယ်” ဟု သူက ရှင်းပြသည်။

ပြပွဲ ပြသသည့်နေ့က အနုပညာရှင်များအား ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သော်လည်း ခရိုင်လူကြီးများက ခံဝန်ကတိ လက်မှတ်ထိုးခိုင်းကာ ပြန်လွှတ် ပေးခဲ့ကြောင်း၊ သို့သော် ယနေ့တွင် မြို့နယ်က တရားစွဲသည်ဟု ဆိုကြောင်း၊ နေပြည်တော်မှ ညွှန်ကြားသဖြင့် တရားစွဲသည်ဟု သိရကြောင်း အနုပညာရှင် တဦးဖြစ်သည့် မောင်နီဦးက ပြောသည်။

“အခု ဥပဒေပုဒ်မက နှစ် ၃၀ အတွင်း တခါမှ မကြားဖူးဘူး။ ညွှန်ကြားချက်ကြောင့် တရားစွဲဖို့ ဥပဒေကို ညတွင်းချင်း စာအုပ်လှန် ရှာရတယ်လို့ ဒုရဲအုပ်တစ်ယောက်က ပြောပြတယ်။ အဲဒီဥပဒေ ရှာရတဲ့ ဒုရဲအုပ်ဆို တညလုံး မအိပ်ရဘူးတဲ့” ဟု သူက ဆိုသည်။

ဒီမိုကရေစီခေတ်တွင် အနုပညာပြသမှုကြောင့် နိုင်ငံခြားသားများအား ပြည်နှင်ဒဏ် ပေးသည်မှာ မြန်မာနိုင်ငံတနိုင်ငံသာ ရှိသည်ဟု နိုင်ငံခြားသား အနုပညာရှင်တဦးက ပြောဆိုသွားကြောင်း သိရသည်။

နအဖ စစ်အစိုး ရလက်ထက်က ပါဖောင့်မန့် ပြသခဲ့ကြသော်လည်း ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းမျိုး မရှိကြောင်း၊ လက်ရှိ သမ္မတဦးသိန်းစိန် အစိုးရ လက်ထက် ရောက်မှ ပထမဆုံး ပြသသည့် ပါဖောမန့် အနုပညာပွဲတွင် ယခုကဲ့သို့ အရေးယူ ခံရသည်ကို များစွာ အံ့သြမိကြောင်း မန္တလေး အနုပညာရှင် အသိုင်းအဝန်း က ဝေဖန် နေကြသည်။

“အစိုးရက အနုပညာရှင်တွေကို ထိန်းချုပ်တည့်မတ်တာမဟုတ်ဘဲ အရေးယူဖို့ပဲ စဉ်းစားနေလားလို့ တွေးမိတယ်။ ပါဖောမန့် လုပ်တဲ့သူတွေကို အရေးယူမယ် ဆိုရင် ကျုံးဘေးမှာ အုပ်စုလိုက် ကိုယ်ကာယအလှ လေ့ကျင့်နေတဲ့ တရုတ်မတွေကိုကော ဘာလို့ တရားမစွဲတာလဲ၊ ဒါပဲ ပါဖောမန့် တမျိုးပဲလေ” ဟု ပါဖောမန့် ပြသရာတွင် ပါဝင်ခဲ့သူ အနုပညာရှင် မိုးစက်က ပြောသည်။

Posted By Lps 7:50 PM

သတ္တမအကြိမ်မြောက် ရွှေအမြုတေစာပေဆု

သတ္တမအကြိမ်မြောက် ရွှေအမြုတေစာပေဆုပေးပွဲကို မေလ ၂၆ရက်နေ့ ညနေ ၆း ၀၀နာရီက ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းမှာရှိတဲ့ ကုန်သည်ကြီးများဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲ မှာ စာပေဆုရှစ်ဆု ချီးမြှင့်ခဲ့ပါတယ်။
(ဆရာ ဦးဝင်းငြိမ်း အမှာစကားပြောကြား)
ဆုရရှိသူတွေကတော့ …

ကဗျာဆုကို ၂၀၁၂၊ မေလ၊ ဖူးငုံမဂ္ဂဇင်းမှာပါတဲ့ “မောင်ရေချမ်းရဲ့ ရန်ကုန်ကဗျာ” ကလည်းကောင်း၊ (ဆရာမောင်စိမ်းနီနဲ့ မောင်ရေချမ်း)

ဆောင်းပါးဆုကို ၂၀၁၁၊ ဖေဖော် ၀ါရီလ၊ ရနံ့သစ်မဂ္ဂဇင်းမှာပါတဲ့ “အောင်မြင့်ဦး(မဟာဝိဇ္ဖာ)ရဲ့ ပြည်တွင်းစစ် တိုင်းရင်းသား လူမျိုးများအရေးနှင့် ဒီမိုကရေစီပြဿနာဆောင်းပါး” ကလည်းကောင်း၊ (ဆရာမောင်ဝံသနဲ့ အောင်ထွန်းကျော်(မဟာဝိဇ္ဇာ)


ရသစာတမ်းဆုကို ၂၀၁၂၊ ဖေဖော်ဝါရီလထုတ် မဟေသီမဂ္ဂဇင်းမှာပါဝင်တဲ့ “ဝေ(စီးပွါးရေးတက္ကသိုလ်) ရဲ့ စာတမ်း” ကလည်းကောင်း၊ (ဆရာမျိုးမြင့်ငြိမ်းနဲ့ ဝေ(စီးပွားရေးတက္ကသိုလ်))


ဝတ္ထုတိုဆုကို ၂၀၁၂၊ ဖေဖော်ဝါရီ၊ ဖူးငုံမဂ္ဂဇင်းမှာပါတဲ့ “စံပါယ်ဖြူနုရဲ့ ပြန်လမ်းဘယ်မှာ၊ လမ်းဘယ်မှာ” ကလည်းကောင်း၊
(ဆရာမ နုနုရည်(အင်းဝ)နဲ့ စံပါယ်ဖြူနု)

မျိုးဆက်သစ်စာပေဆုကို “အောင်ထွန်းကျော်(ပခုက္ကူ)”လည်းကောင်း၊ (ရွှေနောင်ရိုးနဲ့ အောင်ထွန်းကျော်)

ရွှေနှလုံးသားဝတ္ထုတိုဆုကို “နန်းဧကရီရှင်” ကလည်းကောင်း၊

ရွှေအသစ်ဆုကို “လင်းဆက်နွယ်” ကလည်းကောင်း၊ (ဆရာမ မသီတာနဲ့ လင်းဆက်နွယ်)

ဝတ္ထုရှည်ဆုကို ၂၀၁၂၊ မတ်လ၊ ရွှေအမြုတေမှာပါတဲ့ “ဒိုက်ညိလှေကလေးများရေးသားသူ နိုင်မြင့်” ကလည်းကောင်း အသီးသီးရရှိခဲ့ပါတယ်။ (ဆရာမ မစန္ဒာနဲ့ နိုင်မြင့်)


ဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ)၊ မသိင်္ဂီ၊ သန်းမြင့်အောင်၊ ခင်ဆွေဦး၊
ဂျူး နဲ့ ခင်ဆွေဦး

အခမ်းအနားတက်ရောက်တဲ့ ဧည့်ပရိသတ်တွေကိုလည်း ကုမ္မဏီတွေကပေးတဲ့ လက်ဆောင်တွေကို မဲနှိုက်ရွေးချယ်ပေးအပ်ခဲ့ပါတယ်။ ဒီနောက် အခမ်းအနားကို ည ၁၀း ၃၀ မှာ အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါတယ်။

တာရာဝေယံ

Posted By Lps 11:52 AM

မီးကင်း .... ရေကင်း.....



အထပ်မြင့်တိုက်ခန်းတွေမှာ နေရတဲ့ ရန်ကုန်သူ ရန်ကုန်သားတို့ရဲ့ အခြေအနေကို ကာတွန်းဆရာက သရုပ်ဖော်ထားတာပါ။

ရေပိုက်ကနေ သောက်သုံးရေက အချိန်ပိုင်းပဲ လာပါတယ်။ ရေလာချိန် အပေါ်ထပ်တွေ ရေတက်ဖို့ စက်နဲ့ တင်ရပါတယ်။ ရေတင်ဖို့ မီးလာချိန်ကို ချောင်းနေကြရတာပါ။ ကင်းစောင့်ပြီး ချောင်းရတယ်လို့ ကာတွန်းဆရာက ဆိုပါတယ်။

Posted By Lps 11:50 AM

တမိနစ်အတွင်း ဆိုက်ရောက်ဗီဇာ ထုတ်ပေးမည် .......


မြန်မာနိုင်ငံမှာတော့ ဆိုက်ရောက်ဗီဇာ (Arrival Visa) ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးမှာ လူတယောက်ကို တမိနစ်တွင်း အပြီးဆောင်ရွက်ပေးတော့မှာ ဖြစ်တဲ့ အကြောင်း ဒီကနေု့ထုတ် ကြေးမုံ သတင်းစာမှာ ဖော်ပြပါရှိလာပါတယ်။

လူဝင်မှုကြီးကြပ်ရေး (လ၀က) အရာရှိကြီးက သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး ပြောရာမှာ မြောက်ကိုရီးယား အပါအ၀င် နိုင်ငံပေါင်း ၂၇ နိုင်ငံကို ဆိုက်ရောက်ဗီဇာ ပေးမှာ ဖြစ်ပါတယ်တဲ့။

အာဆီယံ ၉ နိုင်ငံနဲ့ တရုတ်၊ ဂျာမဏီ ပြင်သစ်၊ သြစတြေးလျ၊ ဒိန်းမတ်၊ အိန္ဒိယ၊ အီတလီ၊ ဂျပန်၊ နော်ဝေ၊ နယူးဇီလန်၊ ဆွစ်ဇာလန်၊ စပိန်၊ ဗြိတိန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ အမေရိကန် စတဲ့ နိုင်ငံပေါင်း ၂၇ နိုင်ငံ အတွက် ဖြစ်ပြီး စည်းကမ်း ချက် ၉ ချက်ပြည့်စုံတာနဲ့ ဆိုက်ရောက်ဗီဇာကို လူတစ်ဦး ၁ မိနစ်အတွင်း အပြီးဆောင်ရွက်ပေးမှာ ဖြစ်ကြောင်းပါတဲ့။

ယခင်ကလည်း ဆိုက်ရောက်ဗီဇာ ပေးတဲ့စနစ်ကို ကျင့်သုံး ခဲ့ပေမယ့် အဆင်မပြေတာတွေ ဖြစ်တဲ့ အကြောင်း နိုင်ငံခြားသား ခရီးသွားများက ဆိုကြပါတယ်။

Posted By Lps 11:48 AM

ဘယ်သူ့မှာ တာဝန်ရှိသလဲ။



မေလ ၂၈ ရက်နေ့ ထုတ် messenger ဂျာနယ်မှ အပိုင်းတစ်ခု ကိုဖော်ပြ လိုက်ပါတယ်။

"ခေတ်စနစ် တခုရဲ့ အကောင်း အဆိုး ဆိုတာ နိုင်ငံ တစ်နိုင်ငံရဲ့ ခေါင်းဆောင် (သို) လူထု ခေါင်းဆောင် တစ်ဦးထဲမှာ တာဝန်ရှိတာ မဟုတ်ပါဘူး။ နောက်လိုက်တွေမှာလဲ တာဝန်ရှိနေပါတယ်" Messenger Journal က စာသားလေးက မြန်မာ့လူ့အဖွဲ့အစည်းမှာ မီးမောင်းထိုးပြလိုက်တဲ့ စကားရပ်ပါ။

တကယ်တော့ လူ့အဖွဲ့အစည်းဆိုတာ လူတဦးချင်းစီနဲ့ ဖွဲ့စည်းတည်ဆောက်ထားကြတာပါ။ ခေါင်းဆောင် သည်ပင် လူ့အဖွဲ့အစည်းထဲက တဦးလည်းဖြစ်ပါတယ်။ တဖက်က ခေါင်းဆောင်ဟာ လူ့အဖွဲ့အစည်း ကို မောင်းနှင်တဲ့ ညာသံပေးသူတမျိုး၊ တွန်းအားပေးသူတမျိုးသာလျှင်ဖြစ်ပါတယ်။

လူလိမ္မာက ပြဿနာတခုအပေါ် မိမိကိုယ်ကိုယ် အပြစ်တင်လေ့ရှိပါတယ်။ လူမိုက်က သူတပါး အပေါ် အပြစ်တင်လေ့ ရှိပါတယ်။ လူပညာရှိကတော့ ဘယ်သူ့ကိုမှ အပြစ် မတင်တတ်ပဲ မိမိလုပ်သင့် လုပ်ထိုက်တာ ကိုသာ လောက အကျိုးရှိအောင် သယ်ပိုးပါတယ်။

Posted By Lps 11:46 AM

လျှပ်စစ်ဓာတ်အားပြဿနာအတွက် အစိုးရအဖွဲ့ အရေးပေါ် ဆွေးနွေး





အိနြေ္ဒရှိသော ဒီမိုကရေစီကို ဖော်ဆောင်နေသော နိုင်ငံတခုတွင် ဖြစ်သည်။ လျှပ်စစ်ဓာတ်အား အချိန်ပိုင်း အလှည့်ကျရနေသည့် မြို့ကြီးများကို ဓာတ်အား ရုတ်တရက် လျှော့ချ၊ ဖြတ်တောက်သဖြင့် ဆန္ဒပြမှုတို့ ဖြစ်ပွားနေသည်။

ယင်းအခြေအနေကြောင့် “လေလုံးကြီး၊ မိုက်လုံးကြီးသော စစ်ဗိုလ်ဟောင်းများဖြင့် ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့” က အရေးပေါ်အစည်းအဝေး ခေါ်ရလေသည်။

အရေးပေါ်အစည်းအဝေးကို ဒုက္ခသီရိမြို့တွင် တည်ရှိသော နိုင်ငံတော်သမ္မတရုံးတွင် ပြုလုပ်ရာ သတင်းထောက် ရန်လိုကျွဲ တက်ခွင့်ရလေ၏။

ရန်လိုကျွဲသည် ဒုက္ခသီရိ၏ အထင်ကရ မီဒီယာတစ်ခုဖြစ်သော “မိုးမခ ညနေခင်းသတင်းစာ”၏ အကြီးတန်းသတင်းထောက် ဖြစ်သည်။ ယင်းသတင်းစာက ၀ါဒဖြန့်ချိရေးဝန်ကြီးဌာနမှ အကောင်ကြီးကြီးများအား ရှယ်ယာခွဲပေးသဖြင့် ယခု အရေးပေါ်အစည်းအဝေးတက်ခြင်းကဲ့သို့သော အခွင့်အရေးမျိုးကို ရန်လိုကျွဲ ရရှိခြင်းပေတည်း။

အရေးပေါ်အစည်းအဝေး အစပြုလေပြီ။

သမ္မတ ။ ။ မင်္ဂလာ နံနက်ခင်းပါ ၀န်မင်းများ။ ၀န်မင်းတို့ကို အရေးပေါ်ခေါ်ယူရတဲ့အကြောင်းရင်းက မီးကိစ္စပဲကွဲ့။ ဒီ မီးကိစ္စကို ၀န်မင်းတို့လည်း Facebook ကနေ သိရှိပြီးသား ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။

လယ်ယာပြန်စားရေးဝန်ကြီး ။ ။ မီးကိစ္စ မသိပါဘူးခင်ဗျ။ Facebook လည်း မသုံးတော့ မီးအကြောင်း မသိပါဘူး။ သတင်းစာတော့ ဖတ်ပါတယ်။ သတင်းစာမှာလည်း အားလုံးကောင်းပါသည်ခင်ဗျား ဆိုပြီး ရေးထားတာပဲမဟုတ်လား သမ္မတကြီးရဲ့။

(၀န်ကြီးက ထိုသို့ တုန့်ပြန်ပြီးနောက် “မီးကိစ္စဆိုရင်တော့ အရမ်း စိတ်ဝင်စားပါတယ်။ မီးဆိုတာက ဘူလေးလဲဟင်။ အသက်က ဘယ်လောက်လဲ။ ဖြူသလား ညိုသလား။ ငါးရံ့ကိုယ်လုံးလေးနဲ့လား။ လုံးကြီးပေါက်လှလား” ဟု စိတ်ထဲမှ ပြောလိုက်လေသည်။)

သမ္မတ ။ ။ ဒီဝန်ကြီးနဲ့တော့ ခက်တော့တာပဲကွယ်။ Facebook ဆိုတာ မသုံးမဖြစ် သုံးရတယ် ကွဲ့။ အကောင့်တခု အမြန်ဖွင့်လိုက်။ ပြီးရင် ငါ့ကို သူငယ်ချင်းအဖြစ် invite လုပ်လိုက်။ ငါက accept လုပ်လိုက်ရင် မင်းနဲ့ငါ Facebookသူငယ်ချင်းဖြစ်ပြီ။ မင်းမှာ သူငယ်ချင်း များလာရင် သတင်းတွေကအစ ဟိုပုံတွေ ဒီပုံတွေ အဆုံး အကုန်လုံး မင်း သိရပြီကွာ။ ခက်တော့တာပဲကွာ။ ၀န်ကြီးတိုင်း Facebook သုံးရမယ်လို့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းရတော့မယ် ထင်တယ်။

လယ်ယာပြန်စားရေးဝန်ကြီး ။ ။ ဟုတ်ကဲ့ခင်ဗျ။ သမ္မတကြီးရဲ့ ညွှန်ကြားချက်အတိုင်း ကျွန်တော် Facebook ၀ယ်ဖို့ နိုင်ငံခြားရောက်နေတဲ့ သားကို ခိုင်းလိုက်ပါ့မယ်။

သမ္မတ ။ ။ သေလိုက်ပါတော့ကွာ ...။ တော်တော့ … ဆက်မပြောနဲ့တော့ ...။ အိုင်တီအကြောင်းတော့ နောင် အစည်းအဝေးတွေမှာ ထည့်ပြောလို့ မဖြစ်တော့ဘူး။ အိုင်တီ ပါလာရင် လိုရင်းရောက်တော့မယ် မထင်ဘူးကွယ်။ ကဲ … ကဲ … ကဲ … အမှတ် ၃ လျှပ်စစ်ဝန်ကြီးကပဲ ဖြစ်နေတဲ့ ပြဿနာကို အတိုချုပ် ရှင်းလိုက်ပါကွယ်။

အမှတ် ၃ လျှပ်စစ်ဝန်ကြီး။ ။ အတိုချုပ် ပြောရရင် - မသိနားမလည်တဲ့ ပြည်သူအနည်းစုက အမြဲတမ်း ဆန္ဒပြချင်ကြပါတယ်။ သူတို့ ဒီမိုကရေစီ တောင်းခဲ့လို့ ကျွန်တော်တို့က “အိနြေ္ဒရှိတဲ့ ဒီမိုကရေစီ” ဆိုတာကို ဖော်ဆောင်လိုက်ပါပြီ။ ဒီမိုကရေစီ ရသွားပြီ ဆိုတော့ လျှပ်စစ်မီး ရချင်တယ်လို့ အော်နေပါတယ်။ တခုမဟုတ် တခု အော်နေရမှ ကျေနပ်တဲ့သဘော ရှိပါတယ်။ လူ့အလို နတ်မလိုက်နိုင်သလို ကျွန်တော်တို့ ၀န်ကြီးဌာနကလည်း မလိုက်နိုင်ပါဘူးခင်ဗျာ။ ဒါပါပဲ။

သမ္မတ ။ ။ ဟုတ်ပြီ။ ပြဿနာကို သိပြီ ဆိုတော့ ကဲ … ဘယ်လို ရှင်းမလဲ။ ကျုပ်ရဲ့ အကြံပေးလိုတော့ မလုပ်နဲ့နော်။ ဒီဆရာက ဖယောင်းတိုင်ထွန်းကြဖို့ ခပ်နောက်နောက် ပြောလိုက်တာ လူတွေက အတည်ယူပြီး သူ့ကို မေတ္တာပို့နေကြတယ်။ သူ့ကို အမှုန့်ကြိတ်ချင်တဲ့သူတွေတောင် ရှိသေးတယ်။ ထားပါတော့ ဒါကို။ ကဲ … မီးကိစ္စ ဘယ်လို ရှင်းမလဲ။

လယ်ယာပြန်စားရေးဝန်ကြီး ။ ။ ကျွန်တော့အတွေ့အကြုံအရ ဆိုရင် ကျွန်တော့်ရဲ့ မီးလေး ပြဿနာရှာတော့ ကားတစ်စီး နဲ့ တိုက်ခန်းတခန်း ၀ယ်ပေးလိုက်တာ အဆင်ပြေသွားပါတယ်။ နိုင်ငံတော်မှာ ဒီလိုဖြစ်လာတာတော့ ကျွန်တော်လည်း အကြံမပေးတတ်ဘူး။

ဝါဒဖြန့်ချိရေးဝန်ကြီး။ ။ သြော် … ခင်ဗျားနဲ့တော့ ခက်တော့တာပဲ။ မပေးတတ်ရင်လည်း ငြိမ်ငြိမ်နေလေကွာ။ (သမ္မတဘက် လှည့်၍) သမ္မတကြီးခင်ဗျာ … ကျွန်တော် အကြံမပေးခင် မေးစရာတစ်ခု ရှိပါတယ်။ အစည်းအဝေးက ဘာကြောင့် လေအေးစက် မဖွင့်ရတာလဲ။ ဒီ စားပွဲ နဲ့ ထိုင်ခုံတွေကရော ဘာကြောင့် သံစားပွဲ၊ သံထိုင်ခုံတွေ ဖြစ်နေရတာလဲ။

ထိုမေးခွန်းကြောင့် တခြားဝန်ကြီးများလည်း အိပ်ငိုက်ပြေသွားသည်။ သူတို့လည်း ဤအချက်ကို မေးလိုကြသည်။ သမ္မတ မည်သို့ ဖြေရှင်းမည်ကို စိတ်ဝင်တစား နားစွင့်နေကြလေသည်။

သမ္မတ။ ။ အခု လုပ်နေတာ လျှပ်စစ်မီး ပြဿနာ ဖြေရှင်းရေး အစည်းအဝေးလေကွာ။ လေအေးစက်တွေ ပိတ်ပြီး လုပ်တယ် ဆိုတာ မင်းရဲ့ သတင်းစာထဲမှာ မနက်ဖြန် ထည့်ရေးနိုင်ဖို့ပေါ့ကွ။ အအေးဓာတ်ပေးတဲ့ ဒီစားပွဲတွေ၊ ထိုင်ခုံတွေက မင်းတို့ ဖင်မပူ ကျောမပူအောင်လို့ အထူး စီစဉ်ထားပေးတာကွာ။ ကဲ … ၀ါဒဖြန့်ချိရေးဝန်ကြီးရေ … ဒါတွေ ထည့်ရေးပြီး ၀ါဒဖြန့်ကွာ။ ငါတို့ ဘယ်လိုချွေတာတယ် ဆိုတာကို မျက်နှာဖုံးမှာ တင်ကွာ။

ဝါဒဖြန့်ချိရေးဝန်ကြီး။ ။ ဟုတ်ကဲ့ခင်ဗျ။ ဒါတွေကိုတော့ ကျွန်တော် ပိုင်ပါတယ်။ ဟဲဟဲ … လုပ်လာတာလည်း ကြာပြီလေ။ ဒါပေမယ့် သမ္မတကြီးခင်ဗျာ … ကျွန်တော်တို့ ပြီးခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက သောက်သုံးမကျလို့ တက်ခဲ့တဲ့ ပြဿနာတွေ အများကြီးပါ။ ဒီလျှပ်စစ်မီးကိစ္စကိုလည်း ကျွန်တော်တို့ ဆက်ပြီး သတင်းအမှောင်ချထားရင် မကောင်းဘူးလားခင်ဗျာ။

သမ္မတ ။ ။ တော်တော့ …. မင်း တော်လိုက်တော့။

မင်း တော်လိုက်တော့ ဟူသော စကားကြောင့် ၀ါဒဖြန့်ချိရေးဝန်ကြီး လန့်သွားသည်။ မနှစ်ကပဲ ဓာတ်ရှင်မင်းသမီးတဦးက သတင်းထောက်တစ်ဦးအား ထိုနည်းနှင်နှင် ပြောဆိုပြီး ရိုက်နှက်ခဲ့သည်မဟုတ်လား။ အင်း .. တို့သမ္မတကြီးကတော့ ငါ့ကို ဆံပင်ဆွဲ ပါးရိုက်မယ် မထင်ပါဘူးဟု တွေးလိုက်မိသည်။

သမ္မတ ။ ။ ဒီမယ် ၀န်ကြီးရဲ့ .. Facebook ခေတ် ရောက်နေပြီဗျ။ ခင်ဗျားရဲ့ သတင်းစာက သိပ် အလုပ်မဖြစ်တော့ဘူး။ လူတွေက သတင်းစာမဖတ်ရင်သာ နေမယ်၊ Facebook ကိုတော့ နေ့တိုင်း အကြိမ်ကြိမ် တစိမ့်စိမ့် ကြည့်နေကြသဗျ။ ကျုပ်တို့ သတင်းအမှောင်ချတာက ဆေးမြီးတို ဖြစ်သွားပြီ။ ကဲ … ဘယ်သူတွေ ဘာအကြံပေးချင်ကြသေးလဲ။

အမှတ် ၃ လျှပ်စစ်ဝန်ကြီး။ ။ အခက်အခဲတခုကို ဌာနဆိုင်ရာတွေ ညီညီညာညာ ၀ိုင်းပြီး ဖြေရှင်းရင် ရပါတယ်။ ဒါကြောင့် အင်အားကောင်းဖို့အတွက် လျှပ်စစ်ဝန်ကြီးဌာနကို အမှတ် ၄ နဲ့ ၅ အထိ တိုးချဲ့လိုက်ဖို့ ကျွန်တော် အကြံပြုပါတယ်။

သမ္မတ ။ ။ အင်း … ဟုတ်ပြီလေ။ ဒါလည်း နည်းလမ်းတစ်ခုပဲ။ ကဲ … ဘာရှိသေးလဲ။

မွေးမြူရေးဝန်ကြီး။ ။ ပိုးစုန်းကြူးတွေက အလင်းရောင် ထုတ်ပေးပါတယ်။ ပိုးစုန်းကြူးတွေကို အများကြီးမွေးမြူမယ်၊ မျိုးဆက်ပြန့်ပွားပညာပေး အစီအစဉ် အကြီးအကျယ် လုပ်မယ်ဆိုရင် ကောင်ရေ တိုးပွားလာတာနဲ့အမျှ အလင်းရောင်လည်း တိုးလာမှာပါ။ ဒီအလင်းရောင်က ဆန္ဒပြသူတွေရဲ့ ဖယောင်းတိုင်အလင်းရောင်ထက် သာမယ် ဆိုရင် ဆန္ဒပြတာတွေလည်း အလိုလို ချုပ်ငြိမ်းသွားနိုင်ပါတယ်။

သမ္မတကြီး အနည်းငယ် တွေဝေသွားသည်။ ထို့နောက် ဘယ်သူတွေ ဘာအကြံပေးချင်ကြသေး လဲဟု မေးလိုက်ပြန်သည်။

ပြည်တွင်းလုံခြုံရေးရာဝန်ကြီးကမူ မည်သည့် အကြံမျှ ပေးစရာ မရှိပေ။ သို့သော်လည်း သမ္မတကြီး ပြောပြောနေ သည့် Facebook ဆိုသည်ကို တစ်ခုလောက်တော့ ၀ယ်ထားသင့်သည်ဟု တွေးနေလေသည်။ Facebook သုံးသည်မှာ အန္တရာယ် ရှိမည်မဟုတ်၊ သူက ၀န်ကြီးဖြစ်နေသောကြောင့် နာမည်ကျော် အီလက်ထနစ်ဥပဒေ ဆိုတာနှင့်တော့ ထောင်ထဲ ရောက်မည် မဟုတ်ဟုလည်း တွေးမိလေသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး။ ။ နေ့ဘက်မှာ သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ အလင်းရောင်တွေကို နည်းပညာတမျိုးမျိုးနဲ့ သိုလှောင်ပြီး ညဘက်မှာ ထုတ်သုံးခြင်းအားဖြင့် ညဘက်မှာ လင်းနေပါလိမ့်မယ်။ ဘယ်လို သိုလှောင်မယ် ဆိုတာကိုတော့ နည်းပညာဝန်ကြီး သိပါလိမ့်မယ်။

နည်းပညာဝန်ကြီး။ ။ ဒါကတော့ ကျုပ်ကို တမင်သက်သက် ချောက်တွန်းတာပဲ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဆိုပြီး သစ်ကုမ္ပဏီတွေနဲ့ ပေါင်းစားနေတာ ကျုပ် မသိဘူးထင်နေသလား။ ကျုပ်က သန့်သန့်ရှင်းရှင်း နေတာ။ အားလုံးကို ဖွင့်ချလိုက်မယ်၊ ဘာမှတ်သလဲ။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက ထိုသို့ အပြောခံရသဖြင့် ဆတ်ဆတ်ခါ နာသွားပြီး ရှေ့တွင် ရှိသော ရေပုလင်းဖြင့် ကောက်ပေါက်လိုက်သည်။

ရေပုလင်းက နည်းပညာဝန်ကြီး၏ နဖူးကို အရှိန်ပြင်းစွာ ထိမှန်လေသည်။ တခြားသော ၀န်ကြီးများကလည်း ကျုပ်က သန့်သန့်ရှင်းရှင်း နေတာ။ အားလုံးကို ဖွင့်ချလိုက်မယ် ဟူသော စကားကြောင့် မကျေမနပ်ဖြစ်ပြီး နည်းပညာဝန်ကြီးကို ရေပုလင်းများဖြင့် လှမ်းပေါက်ကြလေသည်။ ပုလင်းထဲမှ ရေများဖိတ်လျှံပြီး သံစားပွဲ၊ သံထိုင်ခုံတို့လည်း စိုရွှဲကုန်၏။

အထိနာသွားသော နည်းပညာဝန်ကြီးက အလွန် စိတ်ဆိုး ဒေါသထွက်ပြီး ပုဆိုး ပင့် မ ကာ ရှေ့တွင် ရှိသော ကွန်ပျူတာကို ၀ုန်းခနဲ ဆောင့်ကန်လိုက်လေသည်။ ၀ါယာကြိုးများ ပြတ်တောက်သွားသည်အထိ ကန်အား ပြင်းလေသည်။

ဝါယာကြိုးတချို့ ပြတ်တောက်ခြင်း နှင့် သံစားပွဲ၊ သံထိုင်ခုံတို့ စိုရွှဲခြင်းတို့ပေါင်းမိပြီးသကာလ အကြီးအကျယ် ဓာတ်လိုက်ခြင်း ဖြစ်ပေါ်လေ၏။ သံစားပွဲ သံထိုင်ခုံတို့နှင့် ထိတွေ့နေသူမှန်သမျှ ဓာတ်လိုက်ကြလေ၏။
အခင်းဖြစ်ပွားမှုကို ဓာတ်ပုံရိုက်ယူနေသော သတင်းထောက် ရန်လိုကျွဲသာ ဓာတ်လိုက်ခြင်းမှ ကင်းလွတ်လေ၏။

ယင်းနေ့နှောင်းပိုင်းတွင် ထွက်ရှိလာသော မိုးမခ ညနေခင်းသတင်းစာတွင် ဤ အရေးပေါ် အစည်းအဝေး အရေးပေါ် အဆုံးသတ်လိုက်ရပုံအကြောင်း မျက်နှာဖုံးသတင်းအဖြစ် ပါလာလေသည်။ ထိုသတင်းကိုလျှပ်စစ် ဓာတ်အားပြဿနာအတွက် အစိုးရအဖွဲ့ အရေးပေါ် ဆွေးနွေးသမ္မတနှင့်ဝန်ကြီးအားလုံး ဓာတ်လိုက်ပြီး ဆေးရုံ တင်လိုက်ရ ဟု ခေါင်းစည်းတပ်ထားလေသတည်း။

ရန်လိုကျွဲ

Posted By Lps 11:44 AM

ဂျက်လီ ပြောပြတဲ့ ငွေတစ်ကျပ်ရဲ့ စွမ်းအား (၁)


၂၀၀၄ ခု ဆူနာမီကား ဂျက် လီကို ထာဝရ ပြောင်းလဲစေခဲ့၏။အခုတော့ ဂျက်လီက ကမ္ဘာကြီးကို ပြောင်းလဲစေ ချင်နေတော့သည်။ ဂျက်လီ တစ်ယောက် သူ့ရဲ့ လေးနှစ်အရွယ် သမီးလေး ဂျိန်းကို တရိပ်ရိပ် တက်လာနေတဲ့ ရေနှင့် လွတ်အောင် ရုန်းကန်နေရစဉ် တစ်နှစ်အရွယ်သမီးငယ်လေး ဂျေဒါကို ချီပိုးထားရတဲ့ ကလေးထိန်းကို ကူညီပေးဖို့ တစ်စုံတစ်ယောက်ကို လှမ်းအော်ပြောလိုက်ပါ တယ်။

ဒါဟာ အက်ရှင်ကား ရုပ်ရှင်မဟုတ်ပါဘူး။ အာရှဒေသ တစ်ဝှမ်းက လူများစွာ နည်းတူ ဂျက် လီ တစ်ယောက်လည်း ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့က ရိုက်ခတ်ခဲ့တဲ့ ဆူနာမီသဘာဝ ကပ်ဘေးကြီး ဆိုတဲ့ လက်တွေ့ဘဝရဲ့ ထိတ်လန့်တုန်လှုပ်ဖွယ် အဖြစ်သနစ်ထဲမှာ ပိတ်မိနေခဲ့သည်။

တရုတ် ကွန်ဖူး ရုပ်ရှင်မင်းသားဟာ အားလပ်ရက်ခရီး အဖြစ် ဇနီးသည်၊ သမီးနှစ်ယောက်၊ ကလေးထိန်းနှင့် အတူ မော်လဒိုက်နိုင်ငံကို ရောက်နေသည်။

တနင်္ဂနွေနေ့ နံနက် (၁၀) နာရီ ထိုးပြီးချိန်လေးမှာပဲ ဂျက် လီ တစ်ယောက် (The Four Seasons) ဟော်တယ် က ရေကူးကန် အနီးတွင် ရပ်နေခဲ့သည်။

စိတ်လှုပ်ရှားနေကြသည့် သူ့သမီးလေး နှစ်ယောက်ကို ပယ်လယ်ပြင်ကို ခေါ်သွားဖို့ အသင့်ဖြစ်နေပါပြီ။
အဲဒီနောက် ကြောက်မက်ဖွယ်ရာ အရှိန်နှင့် မြင့်တက်လာနေတဲ့ ရေတွေကို သူ သတိပြုမိသည်။ သူနှင့် သူ့ကလေးထိန်းတို့ကဂျိန်းနှင့် ဂျေဒါတို့ကို ကောက်ချီပြီး ဟော်တယ်ဘက်ကို ချေဦး ပြန်လှည့်မိချိန်မှာတော့
ရေတွေက ခြေမျက်စိလောက် အထိ ရောက်လာသည်။

စက္ကန့်အနည်းငယ် အတွင်းမှာပဲ ခါးအထိ ရောက်လာပြီး တစ်ဆက်တည်းပင် မေးစိ အထိ ရောက်လာတော့ သည်။လီက ဂျိန်းကို သူ့ပခုံးပေါ် တင်လိုက်သည်။ သို့သော် ဖရိုဖရဲ ဖြစ်နေစဉ် ဂျေဒါနှင့် ကလေးထိန်းကို ဆုပ်ကိုင်ထားတာက လွတ်ထွက်သွားသည်။

သူတို့တွေဟိုတယ်ဘက်စီ မျော်ပါသွားစဉ် သူ အော်ပြီး အကူအညီ တောင်းလိုက်သည်။ ရပ်ကြည့်နေသူ လေးဦးက ရေထဲ ခုန်ဆင်းလိုက်ပြီး ဂျေဒါနှင့် ကလေးထိန်းတို့ကို မနစ်မြုပ်ခင် ဆွဲဖမ်းထားလိုက်သည်။ လီကား ဟော်တယ်ပြန်ရောက်အောင် အနိုင်နိုင် ကြိုးစားခဲ့ရပြီး ဇိမ်ကျလှတဲ့ သူတို့ အခန်းထဲ နေနေခဲ့တဲ့ဇနီးသည်နှင့် ပြန်လည် ဆုံဆည်းခဲ့ရသည်။

“လှိုင်းလုံးကြီးတွေ ကျသွားတော့လည်း ဘာမျှ မကျန်ခဲ့တော့ပါလား”လို့ လီက ဆိုသည်။ “လျှက်စစ်မီးလည်း ပျက်သွားသည်။ ဟော်တယ် ဂြိုဟ်တုဖုန်းကလွဲလို့ ဆက်သွယ်ရေး မျိုးစုံလည်း ပျက်ကုန်တော့သည်။ အစားအစာ သုံးရက်စာနှင့် ရေ ငါးရက်စာ ကျန်သေးတယ်လို့တော့ကျွန်တော်တို့ကို ပြောပါတယ်ဗျာ”လို့ လီက ပြောသည်။

လီတို့ မိသားစုရော တုန်လှုပ်နေကြတဲ့ တခြား ဧည့်သည် ဒါဇင်ပေါင်းများစွာတို့ ဟော်တယ်လ်ဧည့်ကြိုခန်းမှာပင် အိပ်ကြသည်။ သူ့မိသားစု အိပ်သွားတော့ သူက ထထိုင်ကာ ဘာတွေ ဖြစ်ပျက်ခဲ့တယ် ဆိုတာကို ပြန်စဉ်းစားနေ မိသည်။

“ဆူနာမီ ဖြစ်ချိန်အထိ ကျွန်တော့်ဘဝရဲ့ ပထမ ၄၁ နှစ်လုံးလုံးကို ဂျက် လီဆိုတာ နံပါတ်တစ်ပဲလို့ ကျွန်တော့် အကြောင်းကိုပဲ တွေးပြီး နေလာခဲ့တယ်။

ဒါပေမဲ့ အခုတော့ ဘယ်လောက်ပဲ သြဇာရှိရှိ၊ ဘယ်လောက်ပဲ ကျော်ကြားကျော်ကြား ကပ်ဘေးဖြစ်ချိန်မှာတော့ အဲဒီ သြဇာရှိမှု၊ ကျော်ကြားမှုက မင့်ကို မကူညီနိုင်ပါဘူးလေလို့ ကျွန်တော် အတွေးပေါက်လာခဲ့ သည်။ ကျွန်တော့် ဘဝနှင့် လုပ်ချင်တာတွေကို စဉ်းစားမိသည်။”

၂၀၀၈ ခု မေလ ၁၉ ရက်တရုတ်ပြည် အလယ်ပိုင်းက မြို့ ရွာပေါင်း မြောက်များစွာမှာလိုပါပဲ။ ယင်ဂျိုး (Yinghua) ဟာလည်း ဂ. ၀ လှုတ်ခတ်အားရှိတဲ့ စီချွမ်(Sichuan) မြေငလျင်ရဲ့ ဖျက်ဆီးခြင်းကို ခံခဲ့ရပါ တယ်။ ဒေသ တစ်ဝှမ်း လူဦးရေ ၇၀,၀၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ရပြီး Yinghua မှာဆိုလျှင်အဆောက်အဦး အနည်းငယ်မျှသာ မပြိုမပျက် ကျန်ခဲ့တော့တယ်။

ငလျင်လှုပ်ပြီး ခြောက်ရက်မြောက် ဒီနေ့မှာတော့ လမ်းတွေပေါ်မှာ စစ်သားတွေ၊ လူမှုကယ်ဆယ်ရေး စေတနာ့ ဝန်ထမ်းတွေ၊ မင်တက်မိနေကြတဲ့ အသက်ရှင်ကျန်ရစ်ခဲ့သူတွေနှင့် ပြည့်လို့ပါပဲ။

တရုတ်ပြည် တောင်ပိုင်း Liukuei မြို့မှာ Aug. 15, 2009 က ကူညီ ကယ်ဆယ်ရေး ပစ္စည်းများ ဝိုင်းသယ်နေ သည့် ဂျက် လီမျက်နှာကို မဆိုသလောက် ဖုံးကွယ်ထားတဲ့ အပြာရင့်ရင့် ဦးထုပ်ကို ဆောင်းထားတဲ့ လီဟာ နို့မှုန့်ထုပ်များ၊ ဆေးဗူးများ၊ ရွက်ဖျင်တဲများနှင့် အခြားသောအရေးပေါ် ထောက်ပံ့ပစ္စည်းများကို ထရပ်ကားနောက်မှာ ဝိုင်းပြီး သယ်ချပေးနေပါတယ်။ သူနားက လူများစွာလိုပါပဲ၊ နှာခေါင်းပုံစံ နံပါတ် ၁ လို့ ရေးထားပြီး ထူးခြားတဲ့ အပြုံးမျက်နှာ တံဆိပ်ပါတဲ့ အဖြူရောင် One Foundation တီရှပ် ကို ဝတ်ဆင်ထားပါတယ်။

သူဟာ ရုပ်ရှင်မင်းသား တစ်ယောက်အပေါ်ဆက်ဆံမှုမျိုးကို မမျှော်လင့်ပဲ စီချွမ်က လူတွေကို ကူညီပေးနေကြတဲ့ သူလိုငါလို လူများစွာထဲက တစ်ယောက်မျှသာ ဖြစ်ပါတယ်။ ပြောင်းလဲသွားသော လူတစ်ယောက်ဆူနာမီနှင့် စီချွမ် မြေငလျင်လှုပ်ခတ်ခဲ့တဲ့ အချိန်ကြားမှာပဲ ဂျက် လီဟာ သူ့ဘဝကို ပြောင်းလဲခဲ့တယ်။
သူရဲ့ အချိန် များစွာကို ဒီ သဘာဝကပ်ဘေးကြီးရဲ့ သားကောင်ဖြစ်ကြရရှာပြီး ကံအကြောင်းမလှရှာ တဲ့သူတွေ ကို ကူညီရေးအတွက် ရည်စူးမြှပ်နှံထားပါတယ်။ ငွေချည်းပဲ လှူမည့်အစား စစ်မှန်တဲ့ ထူးခြားမှုနှင့် ကမ္ဘာတစ်လွှားက တစ်ဦးချင်းစီရဲ့ စွမ်းအားကို ရနိုင်သမျှ ဖြည့်ဆည်း အသုံးချမှု ပြုနိုင်တဲ့ အဖွဲ့အစည်း တစ်ခုကို သူ စပြီး ဖန်တီးပါတော့တယ်။

မော်လဒိုက်က သူ့ရဲ့ တုန်လှုပ်ချောက်ချားဖွယ် အတွေ့အကြုံကို သတိပြုမိပြီး လီဟာ ဟောင်ကောင်က အိမ်ကို ပြန်လာကာ စွမ်းအားတွေ စိုက်ထုတ်လို့အလျှင်အမြန် လုပ်ဆောင်ပါတော့တယ်။ ဆူနာမီ ဖြစ်ပြီးတော့ လီက သူ့ဇနီးကို “ကိုယ်တော့ တစ်ခုခုကို ချက်ချင်း လုပ်ရတော့မယ်”လို့ ပြောလိုက်ပါတယ်။

ဒါဟာ One Foundation မွေးဖွားလာပုံပါပဲလို့ သူက ဆိုပါတယ်။
၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့မှာ သူဟာ ယွမ်ငွေ 500,000 ($ 73,000) ကို ဆူနာမီဒဏ် ခံရသူတွေ ကို ပေးလှူမည့်အကြောင်းနှင့် နောက်ထပ်ယွမ်ငွေ 500,000 ကို ဖောင်ဒေးရှင်း စတင်ဖို့ သုံးမည့် အကြောင်း ကြေငြာခဲ့ပါတယ်။ အဆုံးမှာတော့ One Foundation ကို ဖန်တီးဖို့ရာအချိန် နှစ်နှစ်ကျော် ယူခဲ့ရပါတယ်။

တစ်ပိုင်းက လီဟာ ရုပ်ရှင် ဇာတ်ကားပေါင်းများစွာ ရိုက်ကူးဖို့ ကတိပေးထားပြီးသား ဖြစ်နေတာ ရယ်၊ နောက်အကြောင်း တစ်ခုက သူ့ ဝန်ခံချက် အတိုင်း ဘယ်က စလုပ်ရမယ်ဆိုတာ အစရှာမရခဲ့ လို့ ဖြစ်ပါတယ်။

သူ့ရဲ့ အားလပ်ချိန်မှာ ကမ္ဘာတစ်လွှားကပညာရှင်တွေနှင့် စကားပြော တယ်။ ရော့ခ်ဖဲလား အသင်းအဖွဲ့လိုမျိုး ပရဟိတ အဖွဲ့အစည်းတွေမှာ သူ့အချိန်ကို အသုံးချတယ်။ အောင်မြင်တဲ့ NGO (အစိုးရမဟုတ်တဲ့ အဖွဲ့ အစည်း) ဖြစ်အောင် ဘာတွေလုပ်ရတယ် ဆိုတာကို လေ့လာဖို့ပါ။ “ကျွန်တော်က ရုပ်ရှင်လောက ကို ကောင်းကောင်းကြီး သိပါတယ်။

ဒါပေမဲ့ရုတ်တရက်ကြီး NGO တွေရဲ့ ကမ္ဘာကို ရှာဖွေခဲ့ရတယ်လေ။ လေ့လာသင်ယူဖို့ အချိန် လိုအပ်တာပေါ့ဗျာ။ ကျွန်တော် လေ့လာခဲ့တဲ့ အချက်ကတော့ပွင့်လင်းမြင်သာမှု လိုအပ်တယ်ဆိုတာပါပဲ။ တနည်းပြောရမယ်ဆိုလျှင်ဗျာ လူတွေက အလှူအဖွဲ့အစည်းတွေ ကို ထောက်ပံ့တော့မယ်ဆိုလျှင် သူတို့ ပေးလှူလိုက်တဲ့ ငွေတွေဟာ လိုအပ်တဲ့လူတွေဆီကို တကယ် ရောက်မှာပါဆိုတာ ယုံကြည်ဖို့ လိုအပ်တာပေါ့။

နောက်ဆုံးမှာတော့ ကြက်ခြေနီ ဂျက် လီ One Foundation အဖွဲ့ကို တရုတ်ပြည်မှာ ၂၀၀၇ ခု ဧပြီလမှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ကြက်ခြေနီ အဖွဲ့အစည်းနှင့်လွတ်လွတ်ကင်းကင်း အလုပ်လုပ်ပေမဲ့ အဲဒီ ဆက်စပ် အဖွဲ့အစည်းက သူတို့ အဖွဲ့ကို တရုတ်ပြည်မှာ ပြည်သူ့ ရန်ပုံငွေရှာပွဲတွေ လုပ်ခွင့်ပေးခဲ့ပါတယ်။

ကြက်ခြေနီအဖွဲ့နှင့် ဆက်ထားခြင်းက ပြန့်နှံ့ရောက်ရှိနိုင်တဲ့ သဘာဝကပ်ဘေးများရဲ့ အတိုင်းအတာ အခြေအနေကို မြန်မြန် ဆန်ဆန် တိတိကျကျ ရရှိဖို့ကူညီပေးပါတယ်။အပြန်အလှန်အားဖြင့် ကြက်ခြေနီ အဖွဲ့ဟာလည်း ဝမ်း ဖောင်ဒေးရှင်း ရနေတဲ့ ပြည်သူ့ အမြင်ဆိုင်ရာအကျိုးအမြတ် ရခဲ့ပါတယ်။

“သူတို့တွေက ပြည်သူတွေပိုမို သတိထားမိစေပြီး လူသားချင်း စာနာတဲ့ အားထုတ် လုပ်ကိုင်မှုတွေ ကို ထောက်ပံ့ကူညီကြဖို့ လူပေါင်းများစွာကို တွန်းအားပေးပါတယ်”လို့ တရုတ်ကြက်ခြေနီအဖွဲ့ရဲ့ ဖွံ့ဖြိုးရေးနှင့် ထောက်ပံ့ရေး အစီအစဉ်ရဲ့ လက်ထောက်ညွန်ကြားရေးမှူး ဖြစ်သူ ဝမ်ရှုနွန်က ပြောပါတယ်။

by ဘုန်းဉာဏ်

Posted By Lps 11:42 AM

မလေးရှားနိုင်ငံမှ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးနှင့် အင်တာဗျူး



မင်္ဂလာပါ။ ဒီတစ်ပတ် အင်တာဗျူး အစီအစဉ်လေးကို တင်ဆက်ပေးဖို့ အချိန် ရောက်ပါလာပြီ ဖြစ်ပါတယ်။ ဒီတစ်ပတ် အင်တာဗျူး အစီအစဉ်လေးမှာ မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူမြို့တော်မှာ တည်ရှိတဲ့ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးနဲ့ တွေ့ဆုံပြီး နိုင်ငံတကာမှ စာဖတ်သူ မိတ်ဆွေများကို အသေးစိတ် အချက်အလက်များ သိရှိနိုင်ဖို့ အတွက် အင်တာဗျူး အစီအစဉ်လေးနဲ့ တင်ဆက် ပေးသွားမှာ ဖြစ်ပါတယ်။



ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ ဆိုရင် နာရေးကူညီမှု ကိစ္စတွေကို အဖက်ဖက်က ကူညီ လုပ်ဆောင်လျက်ရှိနေပြီး သွေးလှူဒါန်းမှုများနဲ့ လိုအပ်သော အဖက်ဖက်မှ ကျန်းမာရေး စောင့်ရှောက်မှု ကိစ္စများကို လုပ်ဆောင်လျှက်ရှိနေပြီး မလေးရှားနိုင်ငံရောက် ရွှေမြန်မာများ အားလုံးအတွက် အကျိုးပြုနေသော အဖွဲ့ကြီး ဖြစ်ပါတယ်။ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးနှင့် တွေ့ဆုံပြီး အင်တာဗျူးလေး မေးမြန်းဖြစ်ခဲ့ပါတယ်။



မင်္ဂလာပါ ....

မေး = အစ်ကို နာမည်လေးကို ဖြေကြားပေးပါဦး ...

ဟုတ်ကဲ့ ... ကျွန်တော်နာမည်ကတော့ ကိုဆန်းဝင်း ဖြစ်ပါတယ်။

မေး = ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ ဘယ်လိုတာဝန်ခံ ယူထားပါသလဲ?

ကျွန်တော် ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ ဥက္ကဌ တာဝန်ကို ယူထားပါတယ်။

မေး = မလေးရှားမှာ အစ်ကိုကြီး နေတဲ့ နေရပ်လိပ်စာ နဲ့ မြန်မာပြည်မှာ နေတဲ့ လိပ်စာလေးကို ဖြေပေးပါဦး။

မလေးရှားမှာက ကပုန်းမှာ နေပါတယ်။ မြန်မာပြည်မှာကတော့ လှိုင်သာယာ (၂၀) ရပ်ကွက်မှာ နေပါတယ်။

မေး = အစ်ကိုက ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ ဥက္ကဌအဖြစ် တာဝန် ယူကူညီ ပေးနေတယ် ဆိုတော့ အခုလို ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးကို စတင်ဖြစ် ပေါ်လာခဲ့ပုံလေးကို ပြောပြပေးပါဦး။

ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးကို စတင်ဖြစ်ပေါ်လာကတော့ ၁၁.၃.၂၀၁၁ နေ့လေးမှာ ကျွန်တော်တို့ ရပ်ကွက်လေးကို ရွေ့ပြောင်း အလုပ်သမား အိမ်ထောင်သည် လင်မယားနှစ်ဦး ရောက်လာခဲ့ပါတယ်။ သူတို့ရောက်လာပြီး ရက်ပိုင်းအတွင်းမှာ သူ့အမျိုးသမီးက နှလုံးရောဂါဖြစ်တယ်။ ပထမအကြိမ် ဆေးရုံတက် လိုက်တယ် သူ့တို့က အလုပ်ကလည်း မယ်မယ်ရရ မရှိသေးတဲ့အချိန်မှာ သူတို့လက်ထဲမှာ ပိုက်ဆံမရှိဘူး။ ရှိတဲ့ပိုက်ဆံ လေးတွေက ဆေးရုံတက်ထားတော့ ဆေးဖိုးနဲ့ ဝယ်စရာတွေ ဝယ်ရတော့ ကုန်သွားတယ်။



ဒါနဲ့ ပထမအကြိမ်မှာ ကျန်းမာရေးကောင်းတယ် ဆိုပြီးတော့ ပြန်ဆင်းလာတယ်။ များမကြာမီ ဒုတိယအကြိမ် နှလုံးရောဂါ ပြန်ဖြစ်တယ်။ ပြန်ဖြစ်တယ် အခါမှာ ကျွန်တော့်ကို အကူညီတောင်းတယ်။ ကျွန်တော့်ကို အကူညီတောင်းတော့ သူ့တို့မှာလည်း ဘာမှအထောက်အထား တစ်စုံတစ်ရာ မရှိတော့ မလေးရှားနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် UN ဆေးခန်းကို သွားရပါတယ်။

UN ဆေးခန်းက မြန်မာလူမျိုး ဖြစ်တဲ့အတွက်ကြောင့် သက်ဆိုင်ရာဌာန တွေရဲ့မန်ဘာကဒ် သက်ဆိုင်ရာ အဖွဲ့ဝင်ကဒ်ပေါ့နော်။ ဒါတွေပြမှ UN ဆေးခန်းကို ပြလို့ရမှာ အဲဒီတော့ အဖွဲ့အစည်းတစ်ခုမှာ မန်ဘာဝင်ရပါတယ်။ ဝင်ပြီး သူတို့မှာ လင်မယားမှာ နောက်ဆုံး ပိုက်ဆံစု လိုက်တဲ့ အချိန်မှာ နောက်ဆုံး အားလုံးပေါင်းမှ ငွေလေး ၅၀၀ နီးနီးပဲရှိတယ်။

မန်ဘာကဒ်လုပ်တာ တစ်ယောက်ကို ၁၅၀ စီပေးလိုက်ရတယ်။ အဲဒီမှာ အဖွဲ့အစည်းတွေကို ပေးလိုက်တာနဲ့တင် ၃၀၀ ကုန်သွားပြီ။ သူတို့သွားစရိတ်လာစရိတ်နဲ့ဆိုတော့ သူတို့ လက်မှာငွေ ၁၀၀ အစွန်းလေးပဲ ကျန်တော့တယ်။ မန်ဘာကဒ်ရတော UN ဆေးခန်းကိုပြတယ်။ သူမှာ နှလုံးရောဂါက အခြေအနေဆိုးနေတဲ့ အတွက်ကြောင့် နေ့ခင်း ၂ နာရီမှာ မလေးရှား ကွာလာလမ်ပူဆေးရုံကြီးတင်ကို တင်လိုက်ရတယ်။



ဆေးရုံရောက်တော့ ချက်ချင်းပဲ Operations လုပ်လိုက်တယ်။ အဲဒီမှာ လူနာက သတိမေ့သွားပြီး ၁၄ ရက်နေ့မနက်၆ နာရီမှာ ဒီအမျိုးသမီးလေးမှာ သေဆုံးသွားပါတယ်။ သေဆုံးသွားတဲ့အခါမှာ ကျွန်တော်တို့ အဖွဲ့အစည်းတစ်ခုကို အကြောင်းကြားတယ်။ သေဆုံးသွားတဲ့သူကလည်း ဒီအဖွဲ့အစည်းရဲ့ မန်ဘာဆိုတော့ နာရေးကိစ္စများ လာရောက်ကူညီပေးဖို့အတွက် အကြောင်းကို ပြောတော့ အဖွဲ့အစည်းက လာခဲ့မယ် လာခဲ့မယ်ပြောပြီး တော်တော်နဲ့ ရောက်မလာခဲ့ဘူး။

ကျွန်တော်တို့ ဖုန်းဆက်တိုင်း လာနေပြီ လာနေပြီပဲ ပြောတယ်။ အဲဒါနဲ့ နေ့လည် ၁၂ နာရီလောက်မှာ အဖွဲ့အစည်း ခေါင်းဆောင်တစ်ယောက် ရောက်လာတယ်။ ရောက်လာပြီး အကျိုးအကြောင်း သူ့ကိုပြောပြတယ်။ ဆရာဝန်တွေနဲ့ ဝင်တွေ့တဲ့အခါမှာ အမျိုးသမီးက သေဆုံးသွားပြီဖြစ်လို့ နာရေးကိစ္စနဲ့ ပက်သက်ပြီး ကူညီပေးဖို့ သူတို့မှာလည်း ပိုက်ဆံမရှိတဲ့အကြောင်း အတတ်နိုင်ဆုံး ကူညီပေးဖို့ပြောပြပါတယ်။

ပြောပြတဲ့အခါမှာ သူတို့အသင်းခေါင်းဆောင်က ဘာပြောလဲဆိုတော့ နာရေးကိစ္စသဂြိင်္ုလ်ဖို့အတွက် ပိုက်ဆံ ၉၀၀ ပေးရင် လုပ်ဆောင်ပေးမယ်လို့ ပြောပါတယ်။ ကျွန်တော်တို့လည်း ဘယ်လို လုပ်ဆောင်ရမယ်ဆိုတာ မသိနားမလည်ကြဘူး။ အဲဒါမှာ ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ရှိတဲ့ နီးစပ်ရာ မြန်မာတွေဆီမှာ အလှူငွေ ကောက်ခံပြီး ပေးလိုက်ရပါတယ်။

သွားပေးပြီး ၁၆ ရက်နေ့မှာ အဲဒီအမျိုးသမီး နာရေးကိစ္စကို သဂြိင်္ုလ်လိုက်ပါတယ်။ သဂြိင်္ုလ်ပြီးည ၇ နာရီမှာ ရပ်ကွက်မှာရှိတဲ့ လူငယ်တွေကို စုစည်းပြီး နောက်နောင် ဒီလိုနာရေးကိစ္စတွေကို ကြုံလာတဲ့အခါမှာ ကူညီပေးနိုင်ဖို့အတွက် အတွက် နာရေးကူညီမှု အသင်းလေးဖွဲ့မှာပဲ ဆိုပြီး စတင်ဖွဲ့စည်းဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ရပ်ကွက်က ဆိုတော့ အားလုံး ပါတယ်ပေါ့။

မလေးရှားကို ရောက်နေတဲ့ ဗုဒ္ဓဘာသာ ၊ ခရစ်ယာန်ဘာသာ ၊ အစွမ်လာမ်ဘာသာ ဝင်တွေပေါ့။ မြန်မာလူမျိုးတိုင်းကို အကူညီ တောင်းခံလာရင် အားလုံး ကူညီနိုင်ရန်အတွက် အခုလို နာရေးအသင်းလေးကို ဖွဲ့ဖြစ်ပါတယ်။ ကျွန်တော်တို့ နာရေးအသင်းကို မဖွဲ့ခင်ကတည်းက ၂၀၁၁ -၂ လပိုင်းလောက်မှာ စွန်းလွန်းဂူ ၀ိပဿနာ ဓမ္မရိပ်သာ အစင်ရွာ ကနေပြီး ဆရာတော် ဦးတိလောက ကြွရောက်လာတဲ့အချိန်မှာ ပီနန်မြို့မှာ နာရေးကူညီမှု အသင်းကြီးကို စတင်ပေးခဲ့တယ်။

နာရေးကိစ္စတွေမှာ လူငယ်တွေကူညီနေကြတာတွေ့လို့ ကျွန်တော်တို့ကိုလည်း ဒီလို နာရေးကိစ္စရပ်တွေကို ကြုံကြိုက်တဲ့ အခါမှာ ကူညီပေးဖို့ အတွက် မိန့်ကြားခဲ့ပါတယ်။ ဒါတွေကို ကျွန်တော်တို့ လူငယ်တွေကလည်း လက်ခံကြတယ်။ ၁၆ ရက်နေ့မှာ ကျွန်တော်တို့ နာရေးအသင်းလေးကို ဖွဲ့စည်းပြီး ၁၇.၄.၂၀၁၁ မှာမလေးရှား တစ်နိုင်ငံလုံးကို ဂျာနယ်တွေဆီကနေ ကြေငြာတယ်။

နာရေးကိစ္စတွေကို လူမျိုးမရွေး ဘာသာမရွေး မြန်မာနိုင်ငံသား မှန်သမျှ ကူညီပေးမဲ့ အကြောင်းကို ကြေငြာချက်ပြီး ကျွန်တော်တို့ရဲ့ ဖွင့်ပွဲလေးကို ကပုန်းဘုန်းကြီးကျောင်းမှာ လုပ်တယ်။ ကပုန်း ဘုန်းကြီးကျောင်းမှာ လုပ်တဲ့အချိန်မှာ ကျွန်တော်တို့မှာ ငွေကြေးမရှိတဲ့ အတွက်ကြောင့် ဦးသက်ဆွေ ဒေါက်တာစီလေးခိုင် တို့ရဲ့အလှူဒါန လုပ်တဲ့အချိန်မှာ ကျွန်တော်တို့ ကိုယ်တိုင်ကိုယ်ကျ လုပ်အားနဲ့ ဒါနယူပြီး ဖွင့်ပွဲလေးကို ကျွန်တော်တို့ လုပ်ပေးဖြစ်ခဲ့ပါတယ်။


(မလေးရှားနိုင်ငံအတွင်း နာရေးကိစ္စများ ကူညီ လုပ်ဆောင်နေသော အမှတ်တရ ဓာတ်ပုံ)

မေး = ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးကို စတင်ဖွဲ့စည်းတဲ့ အချိန်ကပေါ့နော်။ ဘယ်လို အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်း ကြုံတွေ့ခဲ့ရသလဲ ဆိုတာ ဆက်လက်၍ ဖြေကြားပေးစေ လိုပါတယ်။

ကျွန်တော်တို့ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးကို စတင်ဖွဲ့စည်းတဲ့ အချိန်က အခက်အခဲတွေအများကြီး ရှိပါတယ်။ ဒီလိုအသင်းကြီးကို စဖွဲ့တဲ့ အခါမှာ ကျွန်တော်တို့လည်း အားလုံး နားမလည်သေးဘူး ဆိုတော့ လိုအပ်တဲ့ ပညာသင်ရတယ် လေ့လာရတယ်။ နောက်တစ်ခုက ငွေကြေးအပိုင်းတွေမှာ အခက်အခဲ ဖြစ်ရပါတယ်။ နာရေးတစ်ခုကို မလေးရှားမှာ ငွေ ၁၈၀၀ နဲ့ ၂၀၀၀ ပတ်ဝန်းကျင် လောက်ကုန်ကျပါတယ်။

ဒါကြောင့်မို့ ကျွန်တော်တို့ အလုပ်ပိတ်ရက်တွေမှာ သက်ဆိုင်ရာမြို့နယ်တွေမှာ ရှိတဲ့မြန်မာ စားသောက်ဆိုင်တွေ နီးစပ်ရာမှာ ရှိတဲ့ကျွန်တော်တို့ အလှူခံလုပ်တာတွေ လုပ်ရပါတယ်။ အဲလိုလုပ်ဆောင် နေကြတာကို မြန်မာတွေက ကဲ့ရဲ့လှောင်ပြောင်ကြတာကို ကျွန်တော်တို့ ခံခဲ့ရပါတယ်။ အများပြောဆိုတာတွေပေါ့။ နောက်တစ်ခုက အသင်းအဖွဲ့တွေက တိုက်ခိုက်တာတွေကို ခံခဲ့ရပါတယ်။

အဲလိုကြီးစားရင်း အခုဆိုရင်တော့ ကျွန်တော်တို့ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှ နာရေးကိစ္စပေါင်း ၄၀ လောက်ကို အောင်မြင်စွာ ကူညီပေးနိုင်ခဲ့ပါတယ်။ မြန်မာပြည်ကိုလည် တစ်လောင်း ကူညီသဂြိုလ်ဖို့ ပို့ဆောင်ပေးခဲ့ပါတယ်။ တစ်ခါတစ်လေ မလေးရှားမှာ တစ်ရက်တည်း ၂ လောင်းကနေ ၃ လောင်းအထိရှိပါတယ်။ အဲလိုအချိန်မှာ ကျွန်တော်တို့ဖက်ကနေ အဆင်ပြေအောင် လူစုခွဲပြီး ဆောင်ရွက်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ အသင်းက လုပ်ဆောင်မှုတွေကို လူတွေကလည်း ပိုသိလာတော့ အခုဆိုလာရောက်ပြီး ငွေကြေးပိုင်းတွေကို လှူဒါန်းကြပါတယ်။ အရင်လောက်တော့ အခက်အခဲ မရှိတော့ဘူး ။ အားလုံး သူ့ဟာလေးသူ အဆင်ပြေလာပါတယ်။



မေး = မင်္ဂလာပါ ... အစ်မ နာမည်နဲ့ နေရပ်လိပ်စာ လေးကို ပြောပြပေးပါဦး။

မင်္ဂလာပါ .... အစ်မနာမည်က မသီသီအောင် ဖြစ်ပါတယ်။ အစ်မနေတဲ့ မြန်မာပြည်လိပ်စာက ဗဟန်းမြို့နယ် ရန်ကုန် မှာပါ။ မလေးရှားမှာက Bukit Bintang မှာပါ။

မေး = ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ အစ်မက ဘယ်လိုတာဝန်ခံ ယူထားပါသလဲ ?

မလေးရှားမှာ တည်ထောင်ထားတဲ့ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ အစ်မက အမှုဆောင် တာဝန်ကို ယူထားပါတယ်။

မေး = ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးရဲ့ ဦးတည်ချက် ၊ ရည်ရွှယ်ချက်လေးကို ပြောပြပေးပါဦး။

ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးရဲ့ ဦးတည်ချက် ရည်ရွှယ်ချက်လေးကတော့ ၅ ချက်ရှိပါတယ်။

၁။ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းသည် မည်သူတစ်ဦးတစ်ယောက်၏ အကျိုးစီးပွားအတွက် မဖြစ်စေရ ၊ အများမကျိုးအတွက် ကူညီဆောင်ရွက်ပေး နိုင်သော အသင်းကြီးသာ ဖြစ်စေရမည်။

၂။ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းသည် သေဆုံးသူ၏ ရုပ်အလောင်းအား ကိုးကွယ်သည့် ဘာသာအလိုက် အကောင်းဆုံး ကူညီသဂြိုလ် ဆောင်ရွက်ပေးနိုင်စေရမည်။

၃။ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှုအသင်း အသင်းသားအားလုံးတို့သည် နာရေးကိစ္စဆောင်ရွက်သည့် အချိန်တွင်ဖြစ်စေ ပြင်ပအချိန်တွင် ဖြစ်စေ နာရေးရှင်ထံမှ ငွေကြေးတောင်းခံခြင်းနှင့် အခြားသော အရာများ တောင်းခံခြင်းများ မပြုလုပ်ရန် ထိန်းသိမ်းကာကွယ်နိုင်ရမည်။

၎။ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းသည် တိုးတက်ခိုင်မာ လာသည်နှင့်အမျှ အခြားသော ပရဟိတကိစ္စများကိုလည်း တတ်အားသဖြင့် ကူညီဆောင်ရွက်ပေးနိုင်ရမည်။

၅။ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းဝင်များသည် နိုင်ငံရေးနှင့် အခြားသော လူမှုရေး ဖောက်ပြန်မှုများ ပက်သက်ဆက်နွယ်မှု မရှိစေရန် ထိန်းသိမ်း စောင့်ရှောက်စေနိုင်ရမည်။ ဆိုတဲ့ အချက်တွေကို ဦးတည်ချက် ရည်ရွှယ်ချက်လေးအဖြစ် ချမှတ်ထားပါတယ်။



မေး = မင်္ဂလာပါ ... အစ်မ နာမည်နဲ့ နေရပ်လိပ်စာ လေးကို ပြောပြပေးပါဦး။

မင်္ဂလာပါ .... အစ်မနာမည်က မအိအိမိုး ဖြစ်ပါတယ်။ အစ်မနေတဲ့ မြန်မာပြည်လိပ်စာက ဒေါပုံ သဘောင်္ကျင်း မှာပါ။ မလေးရှားမှာက ကလန်း မှာနေပါတယ်။

မေး = ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ အစ်မက ဘယ်လိုတာဝန်ခံ ယူထားပါသလဲ ?

ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ အစ်မက အမျိုးသမီး အလုပ် အမှုဆောင် နေရာကတာဝန် ယူထားပါတယ်။

မေး = ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးကို ဦးစီးဦးဆောင် လုပ်နေတဲ့ နာမည်လေးတွေကို သိချင်ပါတယ်။

ကျွန်မတို့ရဲ့ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးကို ဦးစီးဦးဆောင် လုပ်နေတဲ့ အမာခံ အသင်းဝင် ၁၁ ဦးရှိပါတယ်။ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးကို နာယကအဖြစ် မွန်ပြည်နယ် သံဃာနာယာက ဆရာတော် ဘဒ္ဒန္တ ဦးတိလောကမှ ဖြစ်ပါတယ်။

ဥက္ကဌအဖြစ်ကတော့ ဦးဆန်းဝင်း ဖြစ်ပြီး အတွင်းရေးမှူး (၁) ကိုရဲ့လင်းစိုး နှင့် အတွင်းရေးမှူး (၂) ဖြစ်ပါတယ်။

ဘဏ္ဍာရေးမှုးအဖြစ် ကိုဇော်ဇော် နဲ့ စာရင်းစစ် စာရင်းကိုင်အဖြစ် မနီနီထွန်း တို့ကတာဝန် ယူထားပါတယ်။

သတင်းနှင့်ပြန်ကြားရေးပိုင်းကိုတော့ ကိုကျော်သူ နှင့် မနှင်းရွှေရည်ခိုင် တို့ကတာဝန်ယူထားပြီး

အမျိုးသမီး အလုပ်အမှုဆောင်အဖြစ် မအိ ၊ မသိ ၊ မလွင်လွင်မာ ၊ မဇင်မာလွင် တို့က နေရာကနေ အသီးသီး တာဝန်ယူထားကြပါတယ်။



မေး = မင်္ဂလာပါ ... အစ်ကို နာမည်နဲ့ နေရပ်လိပ်စာ လေးကို ပြောပြပေးပါဦး။

မင်္ဂလာပါ .... ကျွန်တော်နာမည်က ကိုကျော်သူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာက မိထ္တိလာ တိုးချဲ့ရပ်ကွက်မှာနေပြီး မလေးရှားမှာတော့ ကပုန်းမှာ နေပါတယ်။

မေး = ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ အစ်ကိုက ဘယ်လိုတာဝန်ခံ ယူထားပါသလဲ ?

ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ ကျွန်တော်က သတင်းနှင့်ပြန်ကြားရေး တာဝန်ကိုယူထားပါတယ်။

မေး = ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးက တည်ထောင်ထားတာ ကြာပြီဆိုတော့ အစ်ကိုတို့ အသင်းကြီးရဲ့ လုပ်ဆောင်မှု လုပ်ဆောင်ချက် လေးတွေကို ဖြေကြားပေးပါဦး။

ကျွန်တော်တို့ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးရဲ့ လုပ်ဆောင်ချက်များကတော့

၁။ သေစာရင်းအတည်ပြုချက်များ ကူညီဆောင်ရွက်ပေးခြင်း ....

အသေးစိတ် အနေနဲ့ ရှင်းပြရမယ်ဆိုရင် မြန်မာသံရုံးမှာ စာတင်ပြီး သေဆုံးကြောင်းနှင့် မီးသဂြိုလ်ခွင့်ကို တောင်းခံရပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့နေပြည်တော် ကောင်စစ်ဝင်ရုံးကို စာတင်ပေးရပါတယ်။ မြန်မာနိုင်ငံရုံးကို စတင်တဲ့ အခါမှာတော့ သေဆုံးသူမိသားစုမှ စာတင် အကြောင်းကြားရပါတယ်။ လုပ်ထိုး လုပ်နည်းကတော့ အသင်းက ညွန်ကြားပေး ရပါတယ်။

ကျွန်တော်တို့အသင်းက မြန်မာနိုင်ငံမှာ အသင်းခွဲ မရှိတဲ့အတွက် ဖြစ်ပါတယ်။ နေပြည်တော်မှာ စတင်ပြီးရင် မလေးရှားက မြန်မာသံရုံးကို တိုက်ရိုက်ပို့ပေး ရပါတယ်။ မလေးရှားက မြန်မာသံရုံး ကစာအထွက်ရမှ သာလျှင် သေဆုံးသူရဲ့ ရုပ်အလောင်းကို မီးသဂြိုလ်ခွင့် ရရှိပါတယ်။ အကယ်၍ သေဆုံးသူက UN (ဒုက္ခသည်လက်မှက်) ကိုင်ဆောင်ထားတယ်ဆိုရင် UN ရုံးကို အကြောင်းကြားပြီး နာရေးကိစ္စများကို ဆောင်ရွက်ရပါတယ်။

၂။ နာရေးဖိတ်ကြားလွှာများ ကူညီဆောင်ရွက်ပေးခြင်း ...

သေဆုံးသူနဲ့ ပက်သက်တဲ့ မိဘဆွေမျိုး ညီအစ်ကို မောင်နှမတွေနဲ့ မိသားစုဝင် အသိ မိတ်ဆွေတွေကို အကြောင်းကြား ပေးရပါတယ်။

၃။ ဘုန်းကြီးကျောင်း ၊ ဘုရားကျောင်း ၊ ဗလီ ၊ ခရစ်ယာန်ကျောင်း စတဲ့သဂြိုလ်မည့် သုဿန်သို့ ဆက်သွယ် ကူညီဆောင်ရွှက်ပေးခြင်း ...

သေဆုံးသူရဲ့ ကိုးကွယ်တဲ့ ဘာသာအလိုက် ဘုန်းကြီးကျောင်း ၊ ဘုရားကျောင်း ဗလီ ခရစ်ယာန်ကျောင်း စသဖြင့် ကျွန်တော်တို့ ကပုန်း(၇) ရက် သားသမီး နာရေးကူညီမှု အသင်းကြီးက ပြုလုပ်ဆောင်ရွက်ပေးရပါတယ်။

၎။ သေဆုံးသူရဲ့ ဓလေ့ထုံးတမ်း အစဉ်လာအရ မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စများကို ကူညီ ဆောင်ရွက်ပေးခြင်း ...

သေဆုံးသူရဲ့ ကိုးကွယ်တဲ့ ဘာသာအလိုက် အစဉ်လာအရ မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စများကို လုပ်ဆောင်ပေးပါတယ်။

၅။ ရုပ်အလောင်း သယ်ဆောင်မည့် ယာဉ်နှင့်လိုက်ပါ ပို့ဆောင်မည့်ယာဉ်များ ကူညီဆောင်ရွက်ပေးခြင်း ...

ရုပ်အလောင်း သယ်ဆောင်မည့် ယာဉ်နှင့်လိုက်ပါ ပို့ဆောင်မည့်ယာဉ်များကို ဆောင်ရွက်တဲ့နေရာမှာ တစ်ချို့သေဆုံးသူတွေက နယ်ဝေးမှာ သေဆုံးကြတယ်ဆိုတော့ အလောင်းတွေကို ဆေးရုံကို ပို့ဆောင်ပေးရပါတယ်။

မှက်ချက် ။ တစ်ခုအနေနဲ့ကတော့ နာရေးကိစ္စများ ဖြစ်ပေါ်လာလျှင် အမှန်တကယ်လိုအပ်တဲ့ ကိစ္စများ အတွက်သာ ကျွန်တော်တို့ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးအဖွဲ့မှ စီစစ်ပြီး ကူညီဆောင်ရွက် ပေးပါတယ်။



မေး = မင်္ဂလာပါ ... အစ်ကို နာမည်နဲ့ နေရပ်လိပ်စာ လေးကို ပြောပြပေးပါဦး။

မင်္ဂလာပါ .... ကျွန်တော်နာမည်က ကိုဇော်ဇော် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာက ပဲခူးတိုင်း ၊ ဒိုက်ဦးမြို့နယ် သုံးခွကျေးရွှာမှာ နေပြီး မလေးရှားမှာတော့ ကပုန်းမြို့မှာ နေပါတယ်။

မေး = ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ အစ်ကိုက ဘယ်လိုတာဝန်ခံ ယူထားပါသလဲ ?

ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ ကျွန်တော်က ဘဏ္ဍာရေးမှုးအဖြစ် တာဝန်ကိုယူထားပါတယ်။

မေး = ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးက ပရဟိတကိစ္စတော်တော်များများကို လုပ်ဆောင်နေတယ် ဆိုတော့ ရန်ပုံငွေ အလှူငွေ မတည်ငွေနဲ့ ပက်သက်ပြီး ဘယ်လိုစီစဉ် ဆောင်ရွက် ထားသလဲဆိုတာ အသေးစိမ် ဖြေကြားပေးစေလိုပါတယ်။

ကျွန်တော်တို့ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးက ဘဏ္ဍာငွေ ရှာဖွေပုံကတော့ ကျွန်တော်တို့ ပထမဦးဆုံး ကျွန်တော်တို့ အသင်းသား ၃၃ ယောက်မှနေပြီး ၁၄.၃.၂၀၁၁ ရက်နေ့မှ စတင်၍ အစည်းအဝေးပွဲတွင် တစ်ဦးကိုရင်းဂစ် ၁၀ မှ ၅၀ ၊ ၁၀၀ အထိမတည်ပြီးတော့ ၁၇.၄.၂၀၁၁ မြန်မာနှစ်ဆန်း တစ်ရက်နေ့မှာ အသင်းဝင်တွေဆီမှငွေ ၁၀၀၀ ကျော်ဖြင့်စတင် တည်ထောင်လာပြီးနောက် အသင်းများ မန်ဘာအသစ်များ ဖိတ်ခေါ်ခြင်း စေတနာရှင် အလှူငွေများ ကောက်ခံချင်းနှင့် ဘဏ္ဍာငွေ များကိုစုဆောင်းခြင်း အသင်းဝင်တစ်ဦးကို လစဉ်အလှူငွေ ၁၀ ဖြင့်ထည့်ဝင်ခိုင်းပြီး K L နှင့်တစ်ခြားသော မြန်မာဆိုင်တွေမှာ အလှူခံပုံးတွေ ထားပေးထားပါတယ်။ အလှူငွေတွေကို လက်ခံတဲ့နေရာမှာ မှတ်တမ်း စရင်းနှင့်တကွ ဘောက်ချာဖွင့်ပြီး လက်ခံခဲ့ပါတယ်။

နောက်ထပ် အသင်းကြီးရန်ပုံငွေ ရရှိရေးအတွက် ပြက္ခဒိန်များပြုလုပ်၍ ရောင်းချခြင်း ၊ အသင်းဝင် အင်္ကျီများရောင်းချခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ ရှာဖွေစုဆောင်း စုဆောင်းခဲ့ပါတယ်။ မလေးရှားမှာရှိတဲ့ ရွှေမြန်မာတွေကလည်း သူတို့အသိစိတ်ဓာတ်နဲ့ သက်ဆိုင်ရာနယ်မြေတွေမှာ အသီးသီး တာဝန်ယူပြီးတော့ ဘဏ္ဍာငွေ တွေကို စုဆောင်းပေးခဲ့ပါတယ်။ ကျွန်တော်တို့ အသင်းကြီးမှ ဝင်ငွေ ၊ ထွက်ငွေ ၊ ကျန်ငွေတွေကို စရင်းနဲ့တကွ စီစစ်လုပ်ဆောင်ပြီး ထိန်းသိမ်းခဲ့ပါတယ်။ လစဉ်ဘဏ္ဍာငွေကြေးနဲ့ ပက်သက်ပြီးရငွေ ၊ သုံးငွေတွေကို လစဉ်လပတ် အစည်းအဝေးပွဲမှာ အသေးစိပ် အသင်းသားများ အားလုံးကို ရှင်းလင်း တင်ပြပေးခဲ့ပါတယ်။



ကျွန်တော်တို့ ဘဏ္ဍာငွေရှာဖွေတဲ့ နေရာမှာလည်း အခက်အခဲလေးတွေ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ မလေးရှားမှာ လာရောက်အလုပ်လုပ်နေတဲ့ မြန်မာတွေမှာ ရွေ့ပြောင်း အလုပ်သမားတွေ ဖြစ်တယ်။ အခက်အခဲ တနည်းအားဖြင့် မိသားစုအတွက် အလုပ်လာလုပ်နေကြရတယ်ဆိုတော့ အားလပ်တယ် ငွေကြေး ပိုလျှံတယ်ဆိုတာ နည်းပါးကြပါတယ်။ သို့ပေမဲ့လည်း မအားမလပ်တဲ့ကြား ငွေကြေးအဆင်မပြေတဲ့ကြားကနေ သူတို့ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ ပရဟိတ စိတ်ဓာတ်နဲ့ နာရေးကိစ္စများကို ငွေအားထက် လူအားနဲ့ ပရဟိတ စိတ်ဓာတ်ရှိဖို့သာ အဓိကဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ ကျွန်တော် ပြောချင်တာကတော့ မလေးရှားရောက် ရွှေမြန်မာများရဲ့ နာရေးကိစ္စများကို ဆက်လက်ပြီး ကူညီပေးနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမများအားလုံး တတ်နိုင်သည့်ဖက်မှ ပါဝင်ပြီး ကူညီဆောင်ရွက်ပေးဖို့ အတွက် ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးက လေးစားစွာ ဖိတ်ခေါ်ပါကြောင်း ပြောချင်ပါတယ်။



မေး = မင်္ဂလာပါ ... အစ်ကို နာမည်နဲ့ နေရပ်လိပ်စာ လေးကို ပြောပြပေးပါဦး။

မင်္ဂလာပါ .... ကျွန်တော်နာမည်က ကိုကျော်လင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာက ဧရာဝတီတိုင်း ၊ ဓနုမြို့နယ်မှာ နေပြီး မလေးရှားမှာတော့ ကေအယ် စီတာပတ်မှာ နေပါတယ်။

မေး = ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ အစ်ကိုက ဘယ်လိုတာဝန်ခံ ယူထားပါသလဲ ?

ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ ကျွန်တော်က အလုပ်အမှုဆောင် တာဝန်ကိုယူထားပါတယ်။

မေး = ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ အသင်းဝင်မန်ဘာအနေနဲ့ လူဦးရေ ဘယ်လောက်ရှိလဲ ?

ကျွန်တော်တို့ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ အသင်းသား မန်ဘာအရေအတွက် ၁၅၀ လောက်ရှိပါတယ်။ မန်ဘာအသင်းဝင်တွေကိုတော့ ပုံသေသတ်မှတ်လို့ မရပါဘူး မန်ဘာတွေက မလေးရှားက ရွေ့ပြောင်းအလုပ်သမားတွေဆိုတော့ နေရာပြောင်းသွားတာတွေ မြန်မာပြည်ကို့ ပြန်သွားတာတွေ စသဖြင့် ရှိပါတယ်။ ဆိုတော့ မန်ဘာ အသင်းဝင်တွေက များလာနိုင်သလို လူဦးရေလည်း နည်းလာနိုင်ပါတယ် ခင်ဗျာ။

မေး = အသင်းဝင် မန်ဘာ တစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်ပါသလဲ? မန်ဘာတစ်ယောက်ရဲ့ အသင်းဝင်ကြေးကိုလည်း ဖြေကြားပေးစေလိုပါတယ်။

ကျွန်တော်တို့ရဲ့အသင်းကြီးကိုမန်ဘာဝင်တဲ့နေရာမှာ မန်ဘာဝင်တွေကို လျှောက်လွှာပုံစံဖြင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရယူပြီး အသင်းဝင်မန်ဘာအဖြစ် အသိအမှတ်ပြုလက်ခံပါတယ်။ လစဉ်အသင်း ဝင်ကြေးအဖြစ် မန်ဘာ တစ်ယောက်ကို ရင်းဂစ် ၁၀ သတ်မှတ်ထားပါတယ်။

မေး = သေဆုံးသူတွေနဲ့ ပက်သက်ြ့ပီး ကိုယ်ရေးကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရေးသား မှတ်တမ်းယူတာမျိုးတွေ လုပ်ဖြစ်လား ?

ဟုတ်ကဲ့ ... ကျွန်တော်တို့ အသင်းက သေဆုံးသူရဲ့မှတ်တမ်းတွေကိုပါ မှတ်တမ်းတင် ထားပါတယ်။ အဲဒီမှတ်တမ်းမှာ သေဆုံးသူရဲ့ ကိုယ်ရေးကိုယ်တာ အသေးစိပ်ရယ် အကူအညီ တောင်းခံလာတဲ့ နေ့ရက် ၊ အမည် ၊ အသက် ၊ သေဆုံးသူရဲ့ နာမည် မိသားစုပေါ့။

ဒီလူကိုသဂြီင်္ုလ်ဖို့အတွက် ဘယ်သူကတောင်းခံတယ် ဆိုတာရယ်ကို မှတ်တမ်းတင် ထားပါတယ်။ ဒီလိုမှတ်တမ်း ထားရှိတာကလည်း ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေကို အသင်းဝင်မန်ဘာတွေနဲ့ အကူညီတောင်းခံလာတဲ့ လူတွေအကြားပေါ့ ယုံကြည့်မှု အားကိုးမှုတွေ ခိုင်မာစေချင်လို့ပါပဲ။



မေး = မင်္ဂလာပါ ... အစ်ကို နာမည်နဲ့ နေရပ်လိပ်စာ လေးကို ပြောပြပေးပါဦး။

မင်္ဂလာပါ .... ကျွန်တော်နာမည်က ကိုတင်စိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာက မွန်ပြည်နယ် ၊ ရေးမြို့၊ အစင်ကျေးရွှာ မှာနေပြီး မလေးရှားမှာတော့ ကပုန်းမှာ နေပါတယ်။

မေး = ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ အစ်ကိုက ဘယ်လိုတာဝန်ခံ ယူထားပါသလဲ ?

ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ ကျွန်တော်က အခြားသော ပရဟိတ တာဝန်ကို ယူထားပါတယ်။

မေး = ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာဆိုရင် နာရေးကိစ္စ တော်တော်များများကို ကူညီ လုပ်ဆောင်ပေးနေတာ တွေ့ရပါတယ်။ ဆိုတော့ နာရေးကိစ္စ တစ်ခုတည်းပဲ အစ်ကိုတို့ အသင်းက လုပ်ပေးဖြစ်လား ? တစ်ခြားသော ပရဟိတကိစ္စတွေရော ဘယ်လိုအရာတွေမှာ အကူအညီပေး လုပ်ဆောင် ပေးဖြစ်လဲ ဆိုတာ ဖြေကြားပေးပါဦး။

ကျွန်တော်တို့ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးအနေနဲ့ နာရေးကိစ္စများကို အဓိကထား လုပ်ဆောင်နေပြီးတော့ အခြားသော ပရဟိတ အလုပ်များကိုလည်း တစ်ဖက်တစ်လမ်းမှ ပါဝင် လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့ ပါဝင်လုပ်ဆောင်ခဲ့တဲ့ ပရဟိတကိစ္စတွေမှာဆိုရင် ကပုန်းမြို့မှာရှိတဲ့ သမ္မာသမ္ဘောဓိ မြန်မာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်တဲ့ဝါဆိုသင်္ကန်းကပ်ပွဲ ၊ ကထိန်ပွဲတို့တွင် ပါဝင်ပြီး လုပ်ဆောင်ခဲ့သလို စမုံညှင်းဘုရား ဌာပနာပိတ်ပွဲနှင့် ထီးတော်တင်ပွဲမှာ ထီးတော်သယ်ဆောင်ရာ လမ်းတစ်လျောက်ကို ပန်းခင်းလှူဒါန်းခဲ့ပြီး အမှိုက်သန့်ရှင်းရေး ကိစ္စတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

၂၁.၁.၂၀၁၂ ရက်နေ့မှာ အသင်း နှစ်ပတ်လည်နေ့တွင် ပထမအကြိမ် သွေးလှူဒါန်းပွဲကြီးကို ပြုလုပ်ခဲ့ပါတယ်။ သွေးအလှူရှင် ၃၉ ဦးရရှိပြီး မလေးရှား ဆေးက္ကသိုလ်တွင် သွားရောက်လှူဒါန်းခဲ့ပါတယ်။ ၂၂.၄.၂၀၁၂ ရက်နေ့မြန်မာ နှစ်သစ်ကူး အလှူဒါနအဖြစ် ဒုတိယအကြိမ် သွေးလှူဒါန်းပွဲကြီးကို ကပုန်း ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ပါတယ်။

သွေးအလှူရှင် ၁၇၄ ဦးရရှိခဲ့ပြီး ၈၉ ဦးသာ လှူဒါန်းခဲ့ရပါတယ်။ ကျန်ရှိသော အလှူရှင်များမှာ အချိန်မလောက်တဲ့ အတွက် လှူဒါန်းခွင့် မရခဲ့ကြဘူး။ သွေးများကိုတော့ ဆရင်ဘန်း ဆေးရုံမှ ဆရာဝန် ဆရာမများက လာရောက်ပြီး လှူဒါန်းမှုကို လက်ခံခဲ့ပါတယ်။

မလေးရှားနိုင်ငံ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များမှ ပြုလုပ်သော စာပေဟောပြောပွဲတွင် ကျွန်တော်တို့ရဲ့ အသင်းမှ လူအားဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွှက်ပေးခဲ့ပါတယ်။ ဆက်လက်ပြီး အကူအညီ တောင်းခံလာတဲ့ သူတွေကိုနောက်ထပ် လိုအပ်တဲ့နေရာ အဖက်ဖက်ကနေ ကူညီပေးသွားဖို့ အဆင်သင့် ရှိနေပါတယ်။



မေး = မင်္ဂလာပါ ... အစ်ကို နာမည်နဲ့ နေရပ်လိပ်စာ လေးကို ပြောပြပေးပါဦး။

မင်္ဂလာပါ .... ကျွန်တော်နာမည်က ကိုရဲလင်းစိုး(ခ) ကိုရဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာက ရန်ကုန် ၊ တောင်ဒဂုံ မှာနေပြီး မလေးရှားမှာတော့ ကပုန်းမှာ နေပါတယ်။

မေး = ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ အစ်ကိုက ဘယ်လိုတာဝန်ခံ ယူထားပါသလဲ ?

ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ ကျွန်တော်က အတွင်းရေးမှူး (၁) တာဝန်ကို ယူထားပါတယ်။

မေး = ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီး အနာဂတ် ရေရှည်တည်တံ့ရေးအတွက် အမာခံ အသင်းဝင်တွေနဲ့ မန်ဘာတွေအကြား ဘယ်လိုလုပ်ဆောင်ထားသလဲ ဆိုတာ အသေးစိတ်ရှင်းပြ ဖြေကြားပေးပါဦး။

ပထမဆုံးအနေနဲ့ ကျွန်တော်တို့ အသင်းကြီးဟာ ဝင်ရောက်လာတဲ့ အသင်းဝင်တွေကို ကျွန်တော်တို့ အသင်းရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်တွေကို ရှင်းပြပါတယ်။ ကျွန်တော်တို့ စတင်လုပ်ဆောင်တဲ့ လုပ်ဆောင်ချက် တွေကစပြီး နာရေးတစ်ခုဖြစ်လို့ အကူအညီတောင်းခံလာတာနဲ့ သေဆုံးသူရဲ့ မှတ်တမ်းတွေကို စတင်(Record)

ယူတာကအစ ရှင်းပြရပါတယ်။ ကျွန်တော်တို့ဒီလို လုပ်ဆောင်တာကလည်း အကယ်၍များ အသင်းဝင်တွေက လုပ်ဆောင်ချက်တွေအပေါ် ကြည့်ချင်တယ်။ သိချင်တယ် ဆိုတာမျိုးတွေ ရှိရင် ပြောပြနိုင်အောင်ပါ။ ပြီးတော့ ကျွန်တော်တို့နာရေး တစ်ခုဖြစ်လာပြီ ဆိုတာနဲ့ လိုက်ကူညီလိုသူ အသင်းဝင်အားလုံးကို ကျွန်တော်တို့က လိုက်ပါစေပါတယ်။

ဒါကလည်း ကျွန်တော်တို့ အနေနဲ့ နာရေးတစ်ခုဖြစ်လာပြီ ဆိုတာနဲ့ အစအဆုံးဘယ်လိုလုပ်ရတယ် ဒီနာရေးကို သဂြိုင်္လ်ပြီးစီးသည် အထိပေါ့။ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်ကလည်း ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေကို အသင်းဝင်အားလုံး ရှင်းရှင်းလင်းလင်း သိစေချင်လို့ ဖြစ်ပါတယ်။ ပြီးတော့ အသင်းဝင်တွေအားလုံး လစဉ်ထည့်ဝင်တဲ့ ဘဏ္ဍာငွေနဲ့ ပက်သက်ပြီး တစ်လတစ်ခါ အစည်းအဝေးခေါ်ပြီး စာရင်းရှင်းတမ်းပြုလုပ်ပါတယ်။


(ကပုန်း (၇) ရက်သားသမီးများ နာရေးကူညီမှု အသင်းကြီးဝေယျာဝစ္စများကို ထောက်ပံ့ပေးနေသော တရုတ်သူဌေး)

ဒီလိုပြုလုပ်တဲ့နေရာမှာ လစဉ် နာရေးဘယ်နှစ်ခု သဂြီင်္ုလ်ရတယ် ၊ ကုန်ကျစရိတ် ဘာတွေရှိတယ်။ ပြီးတဲ့အခါမှာ နာရေးရှင်တွေက ပြန်လှူတဲ့ အလှူငွေရယ် အစရှိတဲ့ ဝင်ငွေ ၊ ထွက်ငွေတွေကို အသေးစိပ် ရှင်းလင်းတာပါ။ ရှင်းလင်းပြီးတဲ့ စရင်းအသေးစိပ်ကိုလည်း အစည်းအဝေး တက်နိုင်တဲ့ ဖြစ်စေ မတက်နိုင်တဲ့ အသင်းဝင် တွေဆီကို စာရွက်စာတမ်းနဲ့ လက်ဆင့် ကမ်းပေးပါတယ်။

အသင်းဝင်တွေ အားလုံး မိသားစုတွေဖြစ်တဲ့ အတွက် စည်းစည်းလုံးလုံး နွေးနွေးထွေးထွေးနဲ့ ပရဟိတ ကိစ္စတွေကို လုပ်ဆောင်လျက်ရှိနေပါတယ်။ ဒီလို လုပ်ဆောင်မှုတွေဟာ ကျွန်တော်တို့နဲ့ အသင်းဝင်မန် ဘာတွေအကြား စိတ်ထား တစ်ခုတည်းနဲ့ ယုံကြည်ခိုင်မာမှုတွေ ရှိစေချင်လို့ပဲ ဖြစ်ပါတယ်။



မေး = မင်္ဂလာပါ ... အစ်ကို နာမည်နဲ့ နေရပ်လိပ်စာ လေးကို ပြောပြပေးပါဦး။

မင်္ဂလာပါ .... ကျွန်တော်နာမည်က ကောင်းမြတ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာက တနင်္သာရီတိုင်း ထားဝယ် ဝဲကျွန်းညောင်ရမ်း မှာနေပြီး မလေးရှားမှာတော့ ကပုန်းမှာ နေပါတယ်။

မေး = ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ အစ်ကိုက ဘယ်လိုတာဝန်ခံ ယူထားပါသလဲ ?

ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ ကျွန်တော်က အမှုဆောင် တာဝန်ကို ယူထားပါတယ်။

မေး = မလေးရှားရောက်နေတဲ့ ရွှေမြန်မာတွေထံမှ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးက အကူအညီလိုအပ်ပါက ဆယ်သွယ်နိုင်တဲ့ နေရပ် ၊ လိပ်စာ ၊ ဖုန်းနံပတ် လေးတွေကို ပြောပြပေးပါဦး။



မလေးရှား ရောက်နေတဲ့ မြန်မာတွေ အားလုံးပေါ့ နာရေးကိစ္စများနဲ့ ပက်သက်ပြီး အကူအညီ တောင်းလိုပါက မလေးရှားမှာရှိတဲ့ လမ်းသစ်ဂျာနယ် ၊ ဟဲလိုမြန်မာဂျာနယ် ၊ ခေါင်းလောင်းသံဂျာနယ် ၊ ခေတ်သစ်မြန်မာဂျာနယ် မှာ ဆက်သွယ် စုံစမ်းနိုင်သလို ကျွန်တော်တို့ရဲ့ နာရေး ကူညီမှုအသင်းဖိတ်စာ လက်ကမ်းစာစောင်များကို ကေအယ်မှာ ဆိုရင် လမ်းသစ်ရုံးခန်း၊ မြတ်သုခ စားသောက်ဆိုင် အပေါ်ထပ်မှာပါ ၊ပန်းတော်ဝင်(ကုန်ပစ္စည်းပို့ ဆောင်ရေး) ရုံးခန်းနဲ့ ကပုန်းမှာဆိုရင် Carrefour အနီးရှိ ကျွန်တော်တို့ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းရုံးခန်းတွင် လာရောက်အကူအညီ တောင်းခံနိုင်ပါတယ်။

ဆက်သွယ်ရမယ့် မေးလ်လိပ်စာများ ကတော့ kosanwin555@gmail.com ၊ koyee.kl@gmail.com ၊ zaw363@gmail.com ၊ eieihan1@gmail.com ၊ thithiapril@google.com နဲ့ ဝဘ်ဆိုက် လိပ်ကတော့ http://www.mmfss.com/ မှာ ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။

ဆက်သွယ်ရမယ့် ဖုန်းနံပါတ်များကတော့ ဦးဆန်းဝင်း - 016 6577 930 ၊ ကိုဇော်ကြီး - 017 3636 179 ၊ ကိုထွန်းထွန်းလင်း - 017 695 0297 ၊ ကိုဇင် - 016 2162 986 ၊ ကိုရဲလင်းစိုး - 010 2196 342 ၊ ကိုရန်နိုင်စိုး ၊ 014 263 359 ၊ ကိုကောင်းထက် ၊ 016 3411 914 တို့ကို ဆက်သွယ် နိုင်ပါတယ်။



မေး = မင်္ဂလာပါ ... အစ်ကို နာမည်နဲ့ နေရပ်လိပ်စာ လေးကို ပြောပြပေးပါဦး။

မင်္ဂလာပါ .... ကျွန်တော်နာမည်က ဦးသောင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာက တောင်ဒဂုံ ၅၅ ရပ်ကွက် မှာနေပြီး မလေးရှား မှာတော့ ကပုန်းမှာ နေပါတယ်။

မေး = ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ အစ်ကိုက ဘယ်လိုတာဝန်ခံ ယူထားပါသလဲ ?

ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ ကျွန်တော်က ဘာသာရေးနေရာကနေ တာဝန်ကိုယူ ဆောင်ရွက်ပါတယ်။

မေး = အစ်ကိုက ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ ကျွန်တော်က ဘာသာရေးနေရာကနေ တာဝန်ယူတယ် ဆိုတော့ သေဆုံးသူနဲ့ ပက်သက်ပြီး နောက်ဆုံးအချိန်မှာ ဘာသာရေး ဆောင်ရွက်ပေးခြင်းနဲ့ ပက်သက်ပြီး လုပ်ဆောင်ချက်တွေကို မျှဝေပေးပါဦး။

သေဆုံးသူနဲ့ ပက်သက်ပြီး နာရေးကိစ္စများ လုပ်ဆောင်တဲ့နေရာမှာ သေဆုံးသူဟာ ဗုဒ္ဒဘာသာပါတယ် ခရစ်ယာန်ပါမယ် အစ္စလ်ဘာသာတွေ ပါဝင်မယ်။ ဒီလိုပါခဲ့ရင် သူတို့ရဲ့ဘာသာအလိုက် နောက်ဆုံးအချိန်မှာ ပြုလုပ်ရမည့် အရာများကို လုပ်ဆောင်ပေးပါတယ်။

မေး = အစ်ကိုက သေဆုံးသူတို့ရဲ့ ဘာသာရေးအပိုင်းကို တာဝန်ယူ ဆောင်ရွက်ပေးတယ် ဆိုတော့ မလေးရှားရောက် ရွှေမြန်မာများ အတွက်အထဲမှ သေဆုံးသူတို့နဲ့ ပက်သက်ပြီး ကိုယ်တိုင်ကြုံတွေဖြစ်ခဲ့တဲ့ စိတ်ခံစားမှု အပိုင်းနဲ့ ပက်သက်ပြီး တစ်ခုခုပြောပြပေးပါဦး။

မလေးရှားရောက်မြန်မာများ သေဆုံးမှု နာရေးကိစ္စများနဲ့ ပက်သက်ပြီး လူတိုင်းကတော့ သေမျိုးပါပဲ။ ဒါပေမဲ့ သေနည်းလေးတွေ ကွာခြားချက်လေးတွေ ရှိတယ်လို့ ကျွန်တော်မြင်တယ်။ ကောင်းသော သေဆုံးခြင်းနဲ့ မကောင်းသော သေဆုံးခြင်းပေါ့။ ဘာလို့လဲ ဆိုတော့ သေဆုံးသူနဲ့ပက်သက်ပြီး အလောင်း တစ်လောင်းကို ထုပ်လိုက်တဲ့ အချိန်မှာ မျက်နှာကြည့်ယုံနဲ့ ကိုင်ယုံနဲ့ သိတဲ့သဘောမျိုးမှာ ရှိပါတယ်။

တစ်ချို့ဆိုရင် သူတို့ဘာသာရေးအရပေါ့။ တရားကို အင်တမန် လိုက်စားတဲ့ အလောင်းဆိုရင် ကိုင်ရထိရတာ အဆင်ပြေတဲ့ အနေအထားမျိုးမှာ တွေ့ရပါတယ်။ တရားသဘောအရ ပြောမယ်ဆိုရင်တော့ ဒေါသ မောဟမပါတဲ့ ကောင်းတဲ့ ဝိညာဉ်ချုပ်နည်းပေါ့။ ရောက်တဲ့နေရာတိုင်းမှာ လူကြီးလူငယ် အားလုံးကို တရားအသဘောကို လိုက်နာ ကျင့်သုံးအားထုပ် စေချင်ပါတယ်။ အဲဒီတော့ သေနည်း တစ်နည်းနည်း လူတိုင်းမှာတတ်ထားဖို့ လိုအပ်ပါတယ်။ ဒါမှနောင်ဘဝ အတွက် ဘဝကူးကောင်းမှာ ဖြစ်ပါတယ်။


(နာရေးကိစ္စ အခက်အခဲများအတွက် အကူအညီ အကြံညဏ် လာရောက်တောင်းခံနေသော မြန်မာနှစ်ဦး)

မေး = မလေးရှားရောက် မြန်မာနိုင်ငံသားများ အားလုံးအတွက် အခုလိုပြည်ပကို ရောက်နေတဲ့ အချိန်လေးမှာ ဘယ်လိုပြုမူ ပြောဆို နေထိုင်သင့် လုပ်ဆောင်သင့်တယ် ဆိုတဲ့ အသိပေးဆုံးမတဲ့ စကားလေးများ ပြောပေးစေ လိုပါတယ်။

ကျွန်တော်ရောက်တဲ့ နာရေး ကိစ္စတွေမှာဆိုရင် မြန်မာအများစုနဲ့ ဝိုင်းဖွဲ့ပြီး စကားပြောဖြစ်ခဲ့ပါတယ်။ ဝိုင်းဖွဲ့တဲ့ အခါမှာ များသောအားဖြင့် မလေးရှားကို ရောက်လာတာက လူငယ်တွေများပါတယ်။ ချုပ်အုပ်မှုတွေ ကင်းလွတ်ကြတယ်။ မလေးရှားကို လာတုန်းကတော့ အသောက်အစား ကင်းရှင်းပြီး ရှိကြတာပေါ့။ ဒီရောက်တဲ့အခါမှာ အုပ်ချုပ်မှု ကင်းဝေးတာ တစ်မျိုး အလုပ်မှာ စိတ်ဖိစီးတော့ ထွက်ပေါက်ရှာကြရင်း နည်းလမ်းမှားတာတွေ ရှိလာကြပါတယ်။ လူငယ်တွေလည်း ဖြစ်တယ်ဆိုတော့ သူတို့လုပ်ချင်တာကို လုပ်တတ်ကြပါတယ်။

ဒီတော့ ကျွန်တော်တို့ သွားရောက်တဲ့ နေရာတိုင်းမှာတော့ ကောင်းကောင်းမွန်မွန်နေတတ် ထိုင်တတ်ဖို့နဲ့ ဘာသာရေးကိစ္စတွေကိုလည်း မမေ့ကြဖို့ တတ်နိုင်သလောက်တော့ မြန်မာတွေကို ဆုံးမပြောပြဖြစ်ပါတယ်။ ဒီလိုနေထိုင်တာကလည်း သူတို့ရဲ့ဘဝလေးကို ကောင်းမွန်စေချင်လို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် မလေးရှားရောက် ရွှေမြန်မာများကို အသိပေး ပြောကြားချင်တာက ကိုယ်ရောက်နေတဲ့ နေရာလေးမှာ လူအများနဲ့ တတ်နိုင်သလောက် သည်းခံပြုမူပြောဆို နေထိုင်ကြဖို့နဲ့ အခုလိုမိဘတွေနဲ့ ဝေးကွာပြီး စီးပွားလာရှာရတဲ့ အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် ခင်မင်ရိုင်းပင်း စည်းစည်းလုံးလုံး နဲ့ နေထိုင်ကြဖို့ အသိပေး ပြောကြားလိုပါတယ်။



မလေးရှားရောက် ရွှေမြန်မာများ အနေဖြင့် ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ ဆိုရင် နာရေးကူညီမှုကိစ္စတွေကို အဖက်ဖက်က ကူညီ လုပ်ဆောင်လျက်ရှိနေပြီး သွေးလှူဒါန်းမှုများနဲ့ လိုအပ်သော အဖက်ဖက်မှ ကျန်းမာရေး စောင့်ရှောက်မှု ကိစ္စများက ဆောင်ရွက်လိုပါက ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးနဲ့ အတူလက်တွဲပြီး နာရေးကိစ္စများနဲ့ ပရဟိတ ကိစ္စလေးကို ပါဝင်ကူညီနိုင်ပါကြောင်း အသိပေးရင်း အင်တာဗျူး အစီအစဉ်လေးကို ဒီလောက်ပဲ ကျေနပ်နိုင်ကြပါစေ။ အချိန်ပေး လာရောက်ကြသော နိုင်ငံတာကာမှ ရေဒီယို အစီအစဉ်များ နှင့် စာပေဗဟုသုများကို ဖတ်ရှု နားထောင် အားပေးကြသော မိတ်ဆွေ သူငယ်ချင်းများ အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါသည်။

ဆက် လက် ကြိုး စား သွား ပါ မည်။



News Information & Online Radio Media (Malaysia)

http://www.nayzawlin.com/ နေဇော်လင်းတွေ့ဆုံမေးမြန်းသည်။

Posted By Lps 5:03 AM