KERRY WASHINGTON ဆိုတာ ဟောလီးဝုဒ်ဖျော်ဖြေရေးလောကရဲ့ တောက်ပ လင်းလက်၊ ပျိုမျစ်နုနယ်၊ ငယ်ရွယ်တဲ့ ကြယ် တစ်ပွင့် ဖြစ်ပါတယ်။ KERRY ဟာ ရုပ်ရှင်များ၊ TV များမှာ သရုပ်ဆောင် အောင်မြင်နေသူဖြစ်ပြီး ယခု လောလောဆယ်မှာတော့ ABC ရဲ့ TV ဇာတ်လမ်းတွဲ ”SCANDAL” မှာ ပါဝင်သရုပ်ဆောင်လျက် ရှိပါတယ်။ ”KERRY” ရဲ့ လူသူမသိ တဲ့အကြောင်းအရာ ငါးခုထဲမှာ ပထမဆုံး အကြောင်းအရာကတော့ သူမ အထက်တန်း ကျောင်းသူဘဝတုန်းက TV ဇာတ်လမ်းတွဲ GLEE မှာ ပါဝင်သီဆိုဖျော်ဖြေဖို့ စိတ်ကူးယဉ်ခဲ့ ခြင်းပဲ ဖြစ်ပါတယ်။ မင်းသမီး GWYNETH PALTROW ဟာ ဒီကျောင်းကပဲ အထက်တန်း အောင်မြင်သွားတဲ့အပြင် GWYNETH ဟာ ဒီကျောင်းရဲ့ CHOIR စုပေါင်းသီချင်းဆို အဖွဲ့ဝင် ဖြစ်ခဲ့ဖူးတာကြောင့် ဒီ CHOIR ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ KERRY က သူလည်း GWYNETH ရဲ့ ခြေလှမ်း တွေကို အမီလိုက်လှမ်းလိုတဲ့ မျှော်လင့် ချက်ဆန္ဒရှိခဲ့တာ ဖြစ်ပါတယ်။ ဒုတိယအကြောင်း အရာကတော့ KERRY ဟာ လူတွေကို ရယ်မော ပျော်ရွှင်အောင် လုပ်လေ့ရှိသူ ဟာသမယ်လေး ဖြစ်ပါတယ်။ သူ့လို ပေါကြောင်ကြောင် လုပ်တတ်သူက ဇာတ်လမ်းတွေမှာ အလေးအနက် သရုပ်ဆောင် နေတာကို မြင်ရတဲ့ သူမရဲ့ မိသားစုတွေမှာ ဆန်းကြယ် လှချည်ရဲ့လို့ အံ့သြဘနန်း ဖြစ်ရတယ်လို့ ဆိုပါတယ်။ တတိယအကြောင်းအရာကတော့ KERRY မှာ ပြင်းထန်တဲ့ ဓာတ်မတည့်မှုမျိုး ရှိနေ ခြင်းပါပဲ။ တချို့ အစားအစာတွေဟာ KERRY အတွက် အသက်အန္တရာယ်ကို ဖြစ်စေနိုင်တဲ့အထိ ပြင်းထန်စွာ ဓာတ်မတည့်ဘူးလို့ ဆိုပါတယ်။ KERRY ဟာ သာမန်လူတွေအတွက် ဘာမှမဖြစ် လောက်တဲ့ ပင်လယ်စာ၊ အစေ့အဆန်များ၊ သရက်သီး၊ နှမ်းစေ့များနဲ့ လုံးဝမတည့်ဘူးလို့ ဆိုပါတယ်။ KERRY ရဲ့ လူသူမသိတဲ့ စတုတ္ထ အကြောင်းအရာ ကတော့ KERRYဟာ အမေရိကန်သမ္မတကြီး OBAMA ရဲ့ အစိုးရအဖွဲ့အစည်း ဝင်တစ်ယောက် ဖြစ်နေခြင်းပါပဲ။ သမ္မတရဲ့ အနုပညာနဲ့ လူသားချင်းစာနာမှု အဖွဲ့ အစည်း ကော်မတီမှာ ဂုဏ်ယူစွာ အမှုထမ်း နေခြင်းပဲဖြစ်ပါတယ်။ သမ္မတကြီးပြန်လည် အရွေးချယ်ခံရေး မဲဆွယ်ပွဲတွေမှာ လှုပ်ရှားဖို့စိုင်းပြင်းနေရပြီး သဘောကျနှစ်သက် စရာကောင်းတဲ့ သမ္မတပုံ i PHONE COVERS တွေ လုပ်နေရတာကို KERRY က ဝမ်းသာဂုဏ်ယူလျက် ရှိပါတယ်။ KERRY ရဲ့ လူသူပရိသတ်မသိတဲ့ နောက်ဆုံး အကြောင်းအရာကတော့ KERRY ဟာ မြေပြင် ပေါ်မှာနေရတာထက် ရေပေါ်မှာ ရေထဲမှာနေရ တာကို ပိုပြီးပျော်ရွှင် တတ်သူဖြစ်ခြင်းပဲ ဖြစ်ပါ တယ်။ KERRYက သူကြီးပြင်းလာရာ BRONX အရပ်ဝန်းကျင်မှာ သိကျွမ်းကြသူများက သူမကို ”ငါး” FISHလို့ ခေါ်ဝေါ်ကြတယ်လို့ ဆိုပါတယ်။ KERRY က သူမတို့ မိသားစု ပိုင်ဆိုင်ကြတဲ့ ရေကန်ရှိရာအိမ်မှာ၊ မိသားစုဝင် အချင်းချင်း ကိုယ်ရေးကိုယ်တာ တီးတိုးကိစ္စတိုင်ပင်ချင်ရင် ရေကန်အလယ်ကိုသွားရင်း စကားသွားပြောကြ တယ်လို့လည်း ဆိုပါတယ်။
KERRY ကို နွေဦးရာသီအတွက် အလှဆုံး မိတ်ကပ်၊ နှုတ်ခမ်း၊ ပါးပြင်၊ မျက်ဝန်းခြယ်သမှုများ၊ အလှဆုံး ဆံကေသာပြင်ဆင်မှုများနဲ့အတူ ဖက်ရှင်မျက်နှာစာမှာ အကျော်ကြားဆုံး ဒီဇိုင်နာ များရဲ့ ဝတ်စုံများ၊ အဆင်တန်ဆာ၊ လက်ဝတ် ရတနာများကို ဆင်ယင် ဆင်မြန်းစေလိုက်တဲ့ အခါ မှာတော့ ငယ်ရွယ်နုနယ် ပျိုမျစ်မှုကြောင့် ချစ် မက်၊ နှစ်သက်စရာ ကောင်းမှုနဲ့အတူ စတိုင်(လ်)ကျ၊ လှပခေတ် မီလန်းဆန်းတဲ့ အပြည့်စုံဆုံး ဖက်ရှင်ကို တွေ့ရ တယ်လို့ ဆိုပါတယ်။ ပထမဆုံး ပုံကတော့ HOT PINK LIPS & DEMURE WAVES စိုရွှန်းတဲ့ ပန်းရောင် နှုတ်ခမ်းများနဲ့ နူးညံ့သိမ်မွေ့ညင်သာ လှိုင်းတွန့် ဆံကေသာဖက်ရှင်ပဲ ဖြစ်ပါတယ်။ ”အရေးပါမှု အခြေအနေပေါ် မှာလိုက်ပြီး ဒီနှုတ်ခမ်းအရောင် ကို နေ့ရောညပါဆိုးလို့ရတယ်” လို့ L’OREAL မိတ်ကပ်ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ KERRY့ က ဆိုပါတယ်။ သေချာဖြီးသင်ထားတဲ့ လှိုင်းတွန့် ဆံနွယ်များကလည်း ဒီနှုတ်ခမ်းအလှကို အထောက် အပံ့ ပြုနိုင်ကြပါတယ်။ HOT PINK နှုတ်ခမ်းအရောင် ကတော့ YSL ရဲ့ ပန်းဆီရောင် နှုတ်ခမ်းနီဖြစ်ပြီး နှုတ်ခမ်းအနား သတ်လိုင်းကိုတော့ MAC မှ ထုတ်လုပ်တဲ့ MAC LIP PENCIL IN MAG-ENTA ကို သုံးထားတယ်လို့ ဆိုပါတယ်။ ဒီလို ပန်းရောင်နဲ့ ခရမ်းရောင်ကို ရောစပ်အသုံးပြုခြင်း ဟာ အလွန်တရာပူတဲ့၊ အေးတဲ့အသွေး အရောင် မျိုး ဖြစ်ပေါ်စေခြင်းမှ ရှောင်ကြဉ်နိုင်ပြီး ဘယ်သူနဲ့ မဆို လိုက်ဖက် သုံးစွဲလို့ရတဲ့ အရောင် ဖြစ်တယ်လို့ ဆိုပါတယ်။ ”ဒီပန်းခရမ်း နှုတ်ခမ်းနီ အရောင်ဟာ ပွင့်ရိုက်အင်္ကျီနဲ့ လိုက်ဖက်သလို အနက်ရောင် အပေါ်ဝတ် ကုတ် အင်္ကျီတစ်ထည်နဲ့လည်း လိုက်ဖက်တဲ့ အရောင်ဖြစ်တယ်”လို့ မိတ်ကပ် ပညာရှင် ROMY SOLEIMANI က ဆိုပါတယ်။ KERRY ရဲ့ ဝတ်စုံက နာမည်ကျော်ဒီဇိုင်နာ PRABAL GURUNG ရဲ့ ပိုးနဲ့သိုးမွေး အရော ဝတ်စုံဖြစ်ပြီး စိန်နဲ့ခရမ်းစွဲ လက်စွပ်များက DIOR မှ ဖြစ်ပါတယ်။
KERRY WASHINGTON ရဲ့ ဒုတိယ အလှမျက်နှာနဲ့ ဆံကေသာဆင်ယင်မှုဖက်ရှင် ကိုတော့ ROSY GLOW & PUNK UPDO လို့ အမည်တပ်ထားတာ တွေ့ရပါ တယ်။ ROSY GLOW ဆိုတဲ့အတိုင်း နှင်းဆီရောင် မှုန်မှုန်သန်း နေတဲ့ နူးညံ့အိထွေး ပါးပြင်အလှကို တွေ့ရမှာ ဖြစ်ပါတယ်။ ”ဒီလို အိထွေး မှုန်ရီပါးပြင်မျိုးက မိန်းမသား ဆန်ပြီး နေ့တိုင်းဆင်ယင်ခြယ်သလို့ရတဲ့ ပြင်ဆင်မှုမျိုးဖြစ်တယ်” လို့ KERRY က ဆိုပါ တယ်။ ”ဒီလိုလတ်ဆတ် လန်းဆန်းတဲ့ ပန်းရောင်သန်းမှုဟာ မိန်းမသားတိုင်း လိုချင်ကြတဲ့ အရောင် အသွေးမျိုးဖြစ်တယ်” လို့ မိတ်ကပ်ပညာရှင်ROMY က ဆိုပါတယ်။ မျက်ဝန်းများမှာလည်း ပန်းရောင် EYE SHADOW ကို အသုံးပြုထား ပြီး မျက်ခုံးများကိုလည်း အညိုရောင်ခဲတံနဲ့သေချာကျနပုံဖော်ထားတာ တွေ့ရပါတယ်။ ပါးပြင်ကို နှင်းဆီရောင်အနုအရင့် ပါးနီသုံးမျိုးနဲ့ ပါးမို့ပေါ်မှာ ခြယ်သထားပြီး နှုတ်ခမ်း ကိုတော့ ပန်းဖျော့ရောင် ဆိုးထားတာ တွေ့ရပါတယ်။ ဆံပင်ကိုတော့ အပေါ်ပင့်တင်ပြီး သံမှိုများနဲ့ အလှဆင်ထားတဲ့ HEADBAND နဲ့ နဖူးဆံစများကို ပင့်တင်ဆင်ယင် ထားတာ ကို တွေ့ရပါတယ်။ ”ကျွန်မက နူးညံ့ လှပမှုကို မာကျောတင်းရင်း မှုမျိုးနဲ့ ရောစပ်ပြင်ဆင် ရတာမျိုးကိုနှစ်သက်တယ်” လို့ တင်းရင်းတဲ့ ဆံပင် ပုံစံနဲ့ နူးညံ့တဲ့ မျက်နှာအလှ ရောစပ်ပြင်ဆင်မှုကို ဖော် ဆောင်သူ မိတ်ကပ်ပညာရှင် ROMY က ဆိုပါတယ်။ KERRY ရဲ့ နှစ်ထပ်ဝတ်စုံက ကမ္ဘာကျော် VALENTI-NO တံဆိပ်ဖြစ်ပြီး ချည်အရောဝတ်စုံ ဖြစ်ပါတယ်။ သံမှိုများနဲ့ တန်ဆာဆင်ထားတဲ့ သားရေ HEADBAND ကတော့ JENNIFER BEHR ရဲ့ လက်ရာဖြစ်ပါတယ်။
KERRY ရဲ့ တတိယမျက်နှာအလှနဲ့ ဖက်ရှင် ကိုတော့ WINGED LINER နှင့် FLIRTY PONY လို့ ဆိုပါတယ်။ တောင်ပံလို ကော့ပျံနေတဲ့ မျက်လုံး လိုင်နာခြယ်သမှုနဲ့ ဆံကေသာကတော့ အဖျားပိုင်း လွင့် ပျံနေတဲ့ မြင်းမြီး PONY TAIL ချည်နှောင်ထားတဲ့ ပုံစံ ဖြစ်ပါတယ်။ ချစ်စရာ ကော့ပျံနေတဲ့ ဆံပင်ဟာ အထက် ကို ပျံတက်နေတဲ့ မျက်ခွံပေါ်က LINER ခြယ်သမှုရဲ့ ပဲ့တင်ဟပ်မှုလို့ ဆိုနိုင်ပါတယ်။ ”ကြောင်မျက်ဝန်း ခြယ်သမှုတွေ ပြန်လည် ခေတ်စားလာတာကို ကျွန်မ ကြိုက်တယ်။ အတိတ်က တစ်ယောက်ယောက်ကို ပြန်လည်ဂုဏ်ပြုနေသလိုမျိုး ခံစားနေရပေမယ့် ဒီ ပြင်ဆင်မှုက ခေတ်မီတယ်လို့ ကျွန်မထင်တယ်” လို့ KERRYက ဆိုပါတယ်။ မျက်ဝန်းရဲ့ အပေါ်မျက်ခွံ အနားလိုင်းတွေကို အနက်ရောင် EYELINER အရေ နဲ့ မဆွဲခင်မှာ မိတ်ကပ်ပညာရှင် ROMY က သူမရဲ့ လက်ချောင်းထိပ်လေးများနဲ့ KERRY ရဲ့မျက်ခွံကို ညင်သာစွာ အရင်ပင့်တင်ပြီးမှ တိကျတဲ့လိုင်းကို ဆွဲပါ တယ်။ ကော့ပျံတက်နေတဲ့ တောင်ပံပုံစံရဖို့အတွက် မျက်လုံးအပြင်ထောင့်ကနေ တစ်လက်မရဲ့ လေးပုံ တစ်ပုံ လောက် အပေါ်ဘက်ကို ဆွဲလိုက်တယ်လို့ ဆိုပါတယ်။ မျက်ဝန်းအလှကို ပိုပြီးပေါ်လွင်အောင် မျက်တောင်ကော့ ဆေး MASCARA ကိုလည်း မျက်တောင်များမှာ သုံးခါ လောက် ထပ်တလဲလဲ ဆွဲတယ်လို့လည်း ဆိုပါတယ်။ ပါးရိုးတစ်လျှောက်နဲ့ နှုတ်ခမ်းမှာတော့ POPPY ပန်း အရောင်၊ သန္တာအရောင် CREAM ကို အသုံးပြုပါတယ်။ HIGHLIGHTSအတွက်တော့ ငွေရောင် CREAM EYE SHADOWကို မျက်ဝန်းအတွင်းထောင့်များ၊ ပါးရိုးအပေါ်ပိုင်းနဲ့ နှုတ်ခမ်းအပေါ်ပိုင်း ထိပ်ချွန်အပိုင်း လေးများမှာ အသုံးပြု တယ်လို့ ဆိုပါတယ်။ မြင်းမြီးပုံ ဆံပင်အဖျားပိုင်းလေး ကော့ပျံစေဖို့အတွက် အပူချောင်း လေးနဲ့ နည်းနည်းကော့ သွားအောင် ပြုထားပါတယ်။ ဒီလိုပြုခြင်းဟာ PONYTAIL လေးကို လှပအသက်ဝင် အောင် ပြုခြင်းဖြစ်တယ်လို့ ROMYက ဆိုပါတယ်။ ဖက်ရှင်နဲ့ပတ်သက်ပြီး KERRY ဆင်မြန်းထား တာကတော့ ကျောက်များ စီခြယ်ထားတဲ့ PRADA မှ GABARDINE COAT ၊ ရှီဖွန်အောက်ခံအင်္ကျီတို့ ဖြစ် ကြပါတယ်။ သားရေနဲ့ သလင်းကျောက်နားဆွဲကလည်း PRADA မှပဲ ဖြစ်ပါတယ်။
တင်လတ်သန္တာဗိုလ်KERRY ကို နွေဦးရာသီအတွက် အလှဆုံး မိတ်ကပ်၊ နှုတ်ခမ်း၊ ပါးပြင်၊ မျက်ဝန်းခြယ်သမှုများ၊ အလှဆုံး ဆံကေသာပြင်ဆင်မှုများနဲ့အတူ ဖက်ရှင်မျက်နှာစာမှာ အကျော်ကြားဆုံး ဒီဇိုင်နာ များရဲ့ ဝတ်စုံများ၊ အဆင်တန်ဆာ၊ လက်ဝတ် ရတနာများကို ဆင်ယင် ဆင်မြန်းစေလိုက်တဲ့ အခါ မှာတော့ ငယ်ရွယ်နုနယ် ပျိုမျစ်မှုကြောင့် ချစ် မက်၊ နှစ်သက်စရာ ကောင်းမှုနဲ့အတူ စတိုင်(လ်)ကျ၊ လှပခေတ် မီလန်းဆန်းတဲ့ အပြည့်စုံဆုံး ဖက်ရှင်ကို တွေ့ရ တယ်လို့ ဆိုပါတယ်။ ပထမဆုံး ပုံကတော့ HOT PINK LIPS & DEMURE WAVES စိုရွှန်းတဲ့ ပန်းရောင် နှုတ်ခမ်းများနဲ့ နူးညံ့သိမ်မွေ့ညင်သာ လှိုင်းတွန့် ဆံကေသာဖက်ရှင်ပဲ ဖြစ်ပါတယ်။ ”အရေးပါမှု အခြေအနေပေါ် မှာလိုက်ပြီး ဒီနှုတ်ခမ်းအရောင် ကို နေ့ရောညပါဆိုးလို့ရတယ်” လို့ L’OREAL မိတ်ကပ်ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ KERRY့ က ဆိုပါတယ်။ သေချာဖြီးသင်ထားတဲ့ လှိုင်းတွန့် ဆံနွယ်များကလည်း ဒီနှုတ်ခမ်းအလှကို အထောက် အပံ့ ပြုနိုင်ကြပါတယ်။ HOT PINK နှုတ်ခမ်းအရောင် ကတော့ YSL ရဲ့ ပန်းဆီရောင် နှုတ်ခမ်းနီဖြစ်ပြီး နှုတ်ခမ်းအနား သတ်လိုင်းကိုတော့ MAC မှ ထုတ်လုပ်တဲ့ MAC LIP PENCIL IN MAG-ENTA ကို သုံးထားတယ်လို့ ဆိုပါတယ်။ ဒီလို ပန်းရောင်နဲ့ ခရမ်းရောင်ကို ရောစပ်အသုံးပြုခြင်း ဟာ အလွန်တရာပူတဲ့၊ အေးတဲ့အသွေး အရောင် မျိုး ဖြစ်ပေါ်စေခြင်းမှ ရှောင်ကြဉ်နိုင်ပြီး ဘယ်သူနဲ့ မဆို လိုက်ဖက် သုံးစွဲလို့ရတဲ့ အရောင် ဖြစ်တယ်လို့ ဆိုပါတယ်။ ”ဒီပန်းခရမ်း နှုတ်ခမ်းနီ အရောင်ဟာ ပွင့်ရိုက်အင်္ကျီနဲ့ လိုက်ဖက်သလို အနက်ရောင် အပေါ်ဝတ် ကုတ် အင်္ကျီတစ်ထည်နဲ့လည်း လိုက်ဖက်တဲ့ အရောင်ဖြစ်တယ်”လို့ မိတ်ကပ် ပညာရှင် ROMY SOLEIMANI က ဆိုပါတယ်။ KERRY ရဲ့ ဝတ်စုံက နာမည်ကျော်ဒီဇိုင်နာ PRABAL GURUNG ရဲ့ ပိုးနဲ့သိုးမွေး အရော ဝတ်စုံဖြစ်ပြီး စိန်နဲ့ခရမ်းစွဲ လက်စွပ်များက DIOR မှ ဖြစ်ပါတယ်။
KERRY WASHINGTON ရဲ့ ဒုတိယ အလှမျက်နှာနဲ့ ဆံကေသာဆင်ယင်မှုဖက်ရှင် ကိုတော့ ROSY GLOW & PUNK UPDO လို့ အမည်တပ်ထားတာ တွေ့ရပါ တယ်။ ROSY GLOW ဆိုတဲ့အတိုင်း နှင်းဆီရောင် မှုန်မှုန်သန်း နေတဲ့ နူးညံ့အိထွေး ပါးပြင်အလှကို တွေ့ရမှာ ဖြစ်ပါတယ်။ ”ဒီလို အိထွေး မှုန်ရီပါးပြင်မျိုးက မိန်းမသား ဆန်ပြီး နေ့တိုင်းဆင်ယင်ခြယ်သလို့ရတဲ့ ပြင်ဆင်မှုမျိုးဖြစ်တယ်” လို့ KERRY က ဆိုပါ တယ်။ ”ဒီလိုလတ်ဆတ် လန်းဆန်းတဲ့ ပန်းရောင်သန်းမှုဟာ မိန်းမသားတိုင်း လိုချင်ကြတဲ့ အရောင် အသွေးမျိုးဖြစ်တယ်” လို့ မိတ်ကပ်ပညာရှင်ROMY က ဆိုပါတယ်။ မျက်ဝန်းများမှာလည်း ပန်းရောင် EYE SHADOW ကို အသုံးပြုထား ပြီး မျက်ခုံးများကိုလည်း အညိုရောင်ခဲတံနဲ့သေချာကျနပုံဖော်ထားတာ တွေ့ရပါတယ်။ ပါးပြင်ကို နှင်းဆီရောင်အနုအရင့် ပါးနီသုံးမျိုးနဲ့ ပါးမို့ပေါ်မှာ ခြယ်သထားပြီး နှုတ်ခမ်း ကိုတော့ ပန်းဖျော့ရောင် ဆိုးထားတာ တွေ့ရပါတယ်။ ဆံပင်ကိုတော့ အပေါ်ပင့်တင်ပြီး သံမှိုများနဲ့ အလှဆင်ထားတဲ့ HEADBAND နဲ့ နဖူးဆံစများကို ပင့်တင်ဆင်ယင် ထားတာ ကို တွေ့ရပါတယ်။ ”ကျွန်မက နူးညံ့ လှပမှုကို မာကျောတင်းရင်း မှုမျိုးနဲ့ ရောစပ်ပြင်ဆင် ရတာမျိုးကိုနှစ်သက်တယ်” လို့ တင်းရင်းတဲ့ ဆံပင် ပုံစံနဲ့ နူးညံ့တဲ့ မျက်နှာအလှ ရောစပ်ပြင်ဆင်မှုကို ဖော် ဆောင်သူ မိတ်ကပ်ပညာရှင် ROMY က ဆိုပါတယ်။ KERRY ရဲ့ နှစ်ထပ်ဝတ်စုံက ကမ္ဘာကျော် VALENTI-NO တံဆိပ်ဖြစ်ပြီး ချည်အရောဝတ်စုံ ဖြစ်ပါတယ်။ သံမှိုများနဲ့ တန်ဆာဆင်ထားတဲ့ သားရေ HEADBAND ကတော့ JENNIFER BEHR ရဲ့ လက်ရာဖြစ်ပါတယ်။
KERRY ရဲ့ တတိယမျက်နှာအလှနဲ့ ဖက်ရှင် ကိုတော့ WINGED LINER နှင့် FLIRTY PONY လို့ ဆိုပါတယ်။ တောင်ပံလို ကော့ပျံနေတဲ့ မျက်လုံး လိုင်နာခြယ်သမှုနဲ့ ဆံကေသာကတော့ အဖျားပိုင်း လွင့် ပျံနေတဲ့ မြင်းမြီး PONY TAIL ချည်နှောင်ထားတဲ့ ပုံစံ ဖြစ်ပါတယ်။ ချစ်စရာ ကော့ပျံနေတဲ့ ဆံပင်ဟာ အထက် ကို ပျံတက်နေတဲ့ မျက်ခွံပေါ်က LINER ခြယ်သမှုရဲ့ ပဲ့တင်ဟပ်မှုလို့ ဆိုနိုင်ပါတယ်။ ”ကြောင်မျက်ဝန်း ခြယ်သမှုတွေ ပြန်လည် ခေတ်စားလာတာကို ကျွန်မ ကြိုက်တယ်။ အတိတ်က တစ်ယောက်ယောက်ကို ပြန်လည်ဂုဏ်ပြုနေသလိုမျိုး ခံစားနေရပေမယ့် ဒီ ပြင်ဆင်မှုက ခေတ်မီတယ်လို့ ကျွန်မထင်တယ်” လို့ KERRYက ဆိုပါတယ်။ မျက်ဝန်းရဲ့ အပေါ်မျက်ခွံ အနားလိုင်းတွေကို အနက်ရောင် EYELINER အရေ နဲ့ မဆွဲခင်မှာ မိတ်ကပ်ပညာရှင် ROMY က သူမရဲ့ လက်ချောင်းထိပ်လေးများနဲ့ KERRY ရဲ့မျက်ခွံကို ညင်သာစွာ အရင်ပင့်တင်ပြီးမှ တိကျတဲ့လိုင်းကို ဆွဲပါ တယ်။ ကော့ပျံတက်နေတဲ့ တောင်ပံပုံစံရဖို့အတွက် မျက်လုံးအပြင်ထောင့်ကနေ တစ်လက်မရဲ့ လေးပုံ တစ်ပုံ လောက် အပေါ်ဘက်ကို ဆွဲလိုက်တယ်လို့ ဆိုပါတယ်။ မျက်ဝန်းအလှကို ပိုပြီးပေါ်လွင်အောင် မျက်တောင်ကော့ ဆေး MASCARA ကိုလည်း မျက်တောင်များမှာ သုံးခါ လောက် ထပ်တလဲလဲ ဆွဲတယ်လို့လည်း ဆိုပါတယ်။ ပါးရိုးတစ်လျှောက်နဲ့ နှုတ်ခမ်းမှာတော့ POPPY ပန်း အရောင်၊ သန္တာအရောင် CREAM ကို အသုံးပြုပါတယ်။ HIGHLIGHTSအတွက်တော့ ငွေရောင် CREAM EYE SHADOWကို မျက်ဝန်းအတွင်းထောင့်များ၊ ပါးရိုးအပေါ်ပိုင်းနဲ့ နှုတ်ခမ်းအပေါ်ပိုင်း ထိပ်ချွန်အပိုင်း လေးများမှာ အသုံးပြု တယ်လို့ ဆိုပါတယ်။ မြင်းမြီးပုံ ဆံပင်အဖျားပိုင်းလေး ကော့ပျံစေဖို့အတွက် အပူချောင်း လေးနဲ့ နည်းနည်းကော့ သွားအောင် ပြုထားပါတယ်။ ဒီလိုပြုခြင်းဟာ PONYTAIL လေးကို လှပအသက်ဝင် အောင် ပြုခြင်းဖြစ်တယ်လို့ ROMYက ဆိုပါတယ်။ ဖက်ရှင်နဲ့ပတ်သက်ပြီး KERRY ဆင်မြန်းထား တာကတော့ ကျောက်များ စီခြယ်ထားတဲ့ PRADA မှ GABARDINE COAT ၊ ရှီဖွန်အောက်ခံအင်္ကျီတို့ ဖြစ် ကြပါတယ်။ သားရေနဲ့ သလင်းကျောက်နားဆွဲကလည်း PRADA မှပဲ ဖြစ်ပါတယ်။

0 comments :
Post a Comment