Monday, May 28, 2012

မဟာမြတ်မုနိ ဈေးဆိုင်ခန်း ပိုင်ရှင်များ ဆန္ဒပြ

မဟာမြတ်မုနိ ဈေးဆိုင်ခန်း ပိုင်ရှင်များ ဆန္ဒပြမန္တလေးမြို့ မဟာမြတ်မုနိ ဘုရားမှ ဆိုင်ခန်း ပိုင်ရှင် အချို့သည် ဂေါပက အဖွဲ့က ဆိုင်ခန်း လခများ သုံးဆခန့် တိုးမြှင့် ကောက်ခံခြင်းကို သဘော မတူသည့် အတွက် ယနေ့ နေ့လည် ၁၂ နာရီ ခန့်မှ စတင်၍ ဆိုင်ခန်းများ ပိတ်သိမ်း၍ ဆန္ဒပြနေကြောင်း မန္တလေး မြို့ခံများထံမှ သိရသည်။

ဆန္ဒပြကြသူများတွင် မဟာမြတ်မုနိ ဘုရား အရှေ့ဘက်မုခ်မှ ဆိုင်ခန်း ၈၀ နှင့် အနောက်ဘက်မုခ်မှ ဆိုင်ခန်း ၁၀၀ ကျော်မှ ပိုင်ရှင်များ ပါဝင်သည်။

မဟာမြတ်မုနိ ဘုရား ဂေါပက အဖွဲ့က ယနေ့နေ့လည် ၁ နာရီတွင် ဆိုင်ခန်း ဈေးနှုန်းများ ညှိနှိုင်းရန် မုခ်လေးမုခ်မှ ဆိုင်ခန်း ပိုင်ရှင်းများနှင့် တွေ့ ဆုံ ဆွေးနွေးပွဲ ကျင်းပရန် ခေါ်ယူခဲ့သော်လည်း အဆိုပါ ဆိုင်ခန်း ပိုင်ရှင်များက မတက်ရောက်ဘဲ ဆန္ဒပြခဲ့ကြခြင်း ဖြစ်ကြောင်း The Voice Weekly မန္တလေး သတင်းထောက်က သတင်း ပေးပို့သည်။

အရှေ့ဘက်နှင့် အနောက်ဖက် မုခ်ရှိ ဆိုင်ခန်းများတွင် ဆန္ဒပြမှု ဖြစ်ပွားနေသော် လည်း တောင် ဘက်နှင့် မြောက်ဘက် မုခ်ရှိ ဆိုင်ခန်းများမှာမူ ဖွင့်လှစ် ရောင်းချဆဲ ဖြစ်ကြောင်း၊ ဘုရားကြီး၏ မုခ် လေးမုခ်တွင် အရပ်ဝတ်နှင့် ယူနီဖောင်းဝတ် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး အပြည့် ယူထားသည် ကို တွေ့ရကြောင်း ၎င်းက ဆက်လက် သတင်း ပေးပို့သည်။

နောက်ဆုံး ရရှိသော သတင်းများအရ မဟာမြတ်မုနိ ဘုရားဂေါပက အဖွဲ့သည် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် မဟာမြတ်မုနိ ဘုရား သြဝါဒ ဆရာတော်များ သြဝါဒ ပေးသည့်အတိုင်း ဆိုင်ခန်းခများကို တိုးမြှင့်ကောက်ခံ သွားမည် ဖြစ်ကြောင်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌက အတည်ပြု ပြောကြားသည်။

0 comments :

Post a Comment