Sunday, May 27, 2012

၂၀၁၁ ခုနှစ်အတွင်း အမေရိကန်တွင် အမှည့်အများဆုံး အမည်များမှာ Sophia နှင့် Jacob ဖြစ်

2746-jpg-popularnames2011

Sophia ဆိုသည့် အမည်သည် ၂၀၁၁ ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ လူကြိုက်အများဆုံး မိန်းကလေး အမည်တစ်ခု ဖြစ်လာခဲ့ပြီး Jacob ဆိုသည့် အမည်မှာမူ ၁၃ နှစ် ဆက်တိုက် လူကြိုက်အများဆုံး ယောက်ျားလေးအမည် အဖြစ် ဆက်လက် ရပ်တည်နေကြောင်း သိရသည်။

နှစ် နှစ်ဆက်တိုက် လူကြိုက်အများဆုံး ဖြစ်ခဲ့သည့် Isabella ဆိုသည့် အမည်မှာမူ ၂၀၁၁ ခုနှစ်တွင် ဒုတိယနေရာသို့ ကျဆင်းသွား ခဲ့ကြောင်း အမေရိကန်နိုင်ငံ လူမှုလုံခြုံရေးဆိုင်ရာ အုပ်ချုပ်မှုအဖွဲ့က ထုတ်ပြန်သည့် စာရင်းအရ သိရသည်။ Emma၊ Olivia နှင့် Ava အမည်များ သည်လည်း ထိပ်တန်း ၅ မျိုး စာရင်းဝင် လူကြိုက်အများဆုံး မိန်းကလေးအမည်များ ဖြစ်ကြသည်။

Mason ဆိုသည့် အမည်သည် ပြီးခဲ့သည့်နှစ်က အဆင့် ၁၀ ဆင့် ခုန်တက်ကာ မွေးဖွားလာသည့် ယောက်ျားလေးများကို ဒုတိယ မှည့်ခေါ်မှုအများဆုံး အမည် ဖြစ်လာခဲ့ပြီး ၆၃ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် Michael ဆိုသည့် အမည်ကို ထိပ်တန်း အမည် ငါးခု စာရင်းမှ ဖယ်ရှားခဲ့သည်။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် TV Star တစ်ဦးဖြစ်သည့် Kourtney Kardashian မွေးဖွားခဲ့သော သားငယ်၏အမည် Mason ၏ လွှမ်းမိုးမှုကြောင့် ဖြစ်ဖွယ်ရှိသည်။

အခြား ထိပ်တန်း ယောက်ျားလေး အမည် ၅ မျိုးမှာ William၊ Jayden နှင့် Noah တို့ ဖြစ်ကြသည်။ Michael ဆိုသည့် အမည်သည် ၁၉၄၈ ခုနှစ်မှ ယနေ့ထိ အနိမ့်ဆုံးဖြစ်သည့် အဆင့် ၆ တွင် ရပ်တည်နေသည်။

အမေရိကန်နိုင်ငံ လူမှုလုံခြုံရေးဆိုင်ရာ အုပ်ချုပ်မှုအဖွဲ့သည် ၎င်းတို့၏ website တွင် အသစ်မွေးဖွားလာသည့် ကလေးငယ်များ၏ အမည်များ စာရင်းကို ၁၈၈၀ ပြည့်နှစ်အထိ ဖော်ပြပေးထားခြင်း ဖြစ်သည်။ ၁၈၈၀ ပြည့်နှစ်က လူသုံးအများဆုံး အမည် ၂ ခုမှာ John နှင့် Mary တို့ ဖြစ်ကြသည်။ နိုင်ငံအတွင်း အသုံးအများဆုံး ကလေးအမည်များ စာရင်းသည် လူသန်းပေါင်း များစွာကို စွဲဆောင်နိုင်ခဲ့ပြီး ကလေး အမည်များကို လာရောက် ကြည့်ရှုကြရင်း ဌာန၏ အခြား ဝန်ဆောင်မှုများ အကြောင်းကိုပါ လေ့လာမိ သွားကြရန် မျှော်လင့်ကြောင်း လူမှုဘဝ လုံခြုံရေးဆိုင်ရာ ကော်မရှင်နာ Michael J. Astrue က ပြောကြားခဲ့သည်။

မိန်းကလေး အမည်များအပေါ် နှစ်သက်မှု ပုံစံသည် အပြောင်းအလဲ မြန်ပြီး နှစ်စဉ်နှင့်အမျှ ပြောင်းလဲနေကာ ယောက်ျားလေး အမည် များအပေါ် နှစ်သက်မှုမှာမူ ကြာရှည်သည်ဟု Astrue က ဆိုသည်။ ဥပမာအားဖြင့် William ဆိုသည့် အမည်သည် နှစ်ပေါင်း ၁၀၀ ကျော်ခန့် လူကြိုက်အများဆုံး အမည် ဖြစ်ခဲ့ပြီး မည်သည့်အခါမျှ ထိပ်ဆုံး ၂၀ စာရင်းမှ လျှော့ကျသွားခြင်း မရှိပေ။ Mason ဆိုသည့် အမည်မှာမူ ခြွင်းချက်အားဖြင့် ၁၉၉၇ ခုနှစ်ကျမှသာ ထိပ်ဆုံး ၁၀၀ စာရင်းသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

မိန်းကလေး အမည်များတွင်လည်း Sophia ဆိုသည့် အမည်သည် ၁၉၉၇ ခုနှစ်တွင်မှ ထိပ်ဆုံး ၁၀၀ စာရင်းသို့ ဝင်ရောက် လာခြင်း ဖြစ်ပြီး Isabella အမည်မှာမူ ၁၉၄၉ ခုနှစ်မှ ၁၉၉၀ ခုနှစ်အထိ တဖြည်းဖြည်း မှည့်ခေါ်မှု ကျဆင်းလာခဲ့ကြောင်း တွေ့ရသည်။

မှည့်ခေါ်သူ အရေအတွက် အမြန်ဆုံး မြင့်တက်လာသည့် မိန်းကလေး အမည်မှာ Briella ဖြစ်ပြီး အဆင့်ပေါင်း ၃၉၄ ဆင့် ခုန်တက် လာခဲ့ပြီး အမှတ်စဉ် ၄၉၇ သို့ ရောက်ရှိလာခဲ့သည်။ Brantley အမည်သည် မှည့်ခေါ်သူ အရေအတွက် အမြန်ဆုံး မြင့်တက်လာ သည့် ယောက်ျားလေးအမည် ဖြစ်ပြီး အဆင့် ၄၁၆ ဆင့် ခုန်တက်လာကာ အမှတ်စဉ် ၃၂၀ တွင် ရပ်တည်နေကြောင်း သိရသည်။

---

0 comments :

Post a Comment