Monday, May 28, 2012

ကျောက်ဆစ်သမားလို မဖြစ်စေလို

ကျောက်ဆစ်သမားလို မဖြစ်စေလို ဒီတစ်ပတ် မှာလည်း "The Stonecutter" ဆိုတဲ့ တရုတ် ဒဏ္ဍာရီ ပုံပြင် (Chinese Fable) တစ်ပုဒ်ကို ဖတ်ဖြစ် တာနဲ့ စာဖတ်သူ တွေကို တစ်ဆင့်ပြန်ပြီး ဖောက်သည် ချလိုက် ပါတယ်။ ဒဏ္ဍာရီ ပုံပြင်လေးကတော့ အောက် ဖော်ပြပါ အတိုင်း ဖြစ်ပါတယ်။

There was once a stonecutter, who was dissatisfied with himself and his position in life.

တစ်ခါတုန်းက သူ့ကိုယ်သူနဲ့ သူ့ဘဝ အခြေအနေကို မကျေနပ်၊ အားမရတဲ့ ကျောက်ဆစ် သမား တစ်ယောက် ရှိခဲ့သတဲ့။

One day, he passed a wealthy merchant's house, and through the open gateway, saw many fine possessions and important visitors. "How powerful that merchant must be!" thought the stonecutter. He be -came very envious, and wished that he could be like the merchant. Then he could no longer have to live the life of a mere stonecutter.

တစ်နေ့တော့ ဥစ္စာဓနြွကယ်ဝ ချမ်းသာတဲ့ ကုန်သည်ကြီးတစ်ယောက်ရဲ့ အိမ်ရှေ့က သူဖြတ်သွားတဲ့အခါ တကယ့် ကောင်းပေ့ဆိုတဲ့ အဖိုးတန်ပစ္စည်းတွေနဲ့ အရေးပါတဲ့ ဧည့်သည်တွေကို ပွင့်နေတဲ့ ဂိတ်တံခါးပေါက်က တစ်ဆင့် မြင်တွေ့ လိုက်ရသတဲ့။ "အဲဒီ ကုန်သည်ကြီးက အစွမ်းထက်လိုက်တာ"လို့ ကျောက်ဆစ် သမားက တွေးသတဲ့။ သူဟာ အရမ်းကို အားကျ၊ မနာလိုဖြစ်ပြီး အဲဒီကုန်သည်ကြီး လို ဖြစ်ချင်လာသတဲ့။ အဲဒါမှ သူဟာ ကျောက်ဆစ်သမားလောက်ဘဝနဲ့ မနေရ မှာ ဖြစ်ပါသတဲ့။

To his great surprise, he suddenly became the merchant, enjoying more luxuries and power than he had ever dreamed of, envied and detested by those less wealthy than himself. But, soon a high official passed by, carried in a sedan chair, accompanied by attendants, and escorted by soldiers beating gongs. Everyone, no matter how wealthy, had to bow low before the procession. "How powerful thatofficail is!" he thought. " I wish that I could be a high official!"

သူအရမ်းအံ့ဩသွားပြီး ချက်ချင်း ဆိုသလို ကုန်သည်ကြီးဖြစ်သွားကာ သူ စိတ်ကူးယဉ်ခဲ့တာတွေထက် ပိုမိုများပြား တဲ့ ဇိမ်ခံပစ္စည်းနဲ့အစွမ်းတွေကို ခံစား စံစားနေရတာကြောင့် သူ့လောက် ဥစ္စာဓန မကြွယ်ဝတဲ့ သူတွေရဲ့ မနာလို ဝန်တိုမှုနဲ့ မုန်းတီးစက်ဆုပ်မှုတွေကို ခံရသတဲ့။ ဒါပေမဲ့လည်း မကြာမီမှာ အြွေခအရံတွေနဲ့ အတူ စစ်သားတွေလိုက်ပါ စောင့်ရှောက်ပြီး မောင်းများတီးခတ်လျက် အဆင့်မြင့်အရာ ရှိ တစ်ယောက်ဟာ ဝေါယာဉ်နဲ့ဖြတ်ကျော် သွားသတဲ့။ ဘယ်လောက်ပဲ ဥစ္စာဓန ကြွယ်ဝချမ်းသာတဲ့သူ ဖြစ်ပါစေ။ လူတိုင်း လူတိုင်းဟာ အဲဒီလို လှည့်လည်လာတာကို တွေ့ရင် ဦးညွတ်ရသတဲ့။ "အဲဒီ အဆင့်မြင့် အရာရှိက ဩဇာတိက္ကမကြီးလိုက်တာ" လို့ သူက တွေးသတဲ့။ "ငါ အဆင့်မြင့် အရာရှိ ဖြစ်ချင်လိုက်တာ။"

Then, he became the high official, carried everywhere in his embroidered chair, feared and hated by the people all around, who had to bow down before him as he passed, It was a hot summer day, and the official felt very uncomfortable in the sticky sedan chair. He looked up at the sun. It shone proudly in the sky, unaffected by his presence. "How powerful the sun is!" he thought. "I wish that I could be the sun!"

အဲဒီနောက် သူဟာ အဆင့်မြင့် အရာရှိတစ်ယောက်ဖြစ်သွားပြီး တန်ဆာ ဆင်ထားတဲ့ ဝေါယာဉ်နဲ့နေရာတိုင်း သူ ဖြတ်သွားတဲ့အခါ ဘေးပတ်ဝန်းကျင်က ဦးညွတ်ရတဲ့ လူတွေရဲ့ ကြောက်ရွံ့မုန်းတီး တာကို ခံရသတဲ့။ ပူပြင်းတဲ့ နွေရက် တစ်ရက်ဖြစ်တာကြောင့် အရာရှိဟာ သူ့ရဲ့ ကျဉ်းကျပ်တဲ့ ဝေါယာဉ်ထဲမှာ အရမ်းကို မအီမ သာဖြစ်နေသတဲ့။ သူက နေကိုမော့ ကြည့်လိုက်သတဲ့။ နေမင်းဟာ သူရှိနေတာ ကိုတောင် ဂရုမစိုက်ဘဲ ကောင်း ကင်မှာ ဝင့်ဝင့်ကြွားကြွားတောက်ပနေပါသတဲ့။ "နေမင်းကြီးက အစွမ်းထက်လိုက်တာ"လသူက တွေးသတဲ့။ "ငါ နေမင်းကြီးဖြစ်ချင် လိုက်တာ။

"Then he became the sun, shining fiercely down on everyone, scorching the fields, cursed by the farmers and labourers. But a huge black cloud moved between him and the earth, so that his light could no longer shine on everything below. "How powerful that storm cloud is! he thought. "I wish that I could be a cloud!"

အဲဒီနောက် သူဟာ နေမင်းကြီးဖြစ် သွားပြီး လူတိုင်းအပေါ်မှာ ပြင်းထန်စွာ ထွန်းလင်းပြီး လယ်ကွင်းများ ကို ခြောက်သွေ့ ညှိုးနွမ်း စေတာကြောင့် လယ်သမား တွေနဲ့ အလုပ်သမား တွေရဲ့ ကျိန်ဆဲတာကို ခံရသတဲ့။ ဒါပေမဲ့လည်း သူနဲ့ကမ္ဘာမြေကြီး အကြားကို ကြီးမားတဲ့ တိမ်တိုက်မဲကြီး တစ်ခု ရွေ့လျား လာခဲ့ တာကြောင့် အောက် မှာ ရှိတဲ့ အရာရာ တိုင်းပေါ်ကို သူ့ရဲ့ အလင်းဟာ မထွန်းလင်းနိုင်တော့ဘူးတဲ့။ "အဲဒီ မိုးတိမ် တိုက်ကြီးက အင်အားကြီးမား လိုက်တာ"လို့ သူက တွေးသတဲ့။"ငါ တိမ်ဖြစ်ချင်လိုက်တာ။"

Then he became the cloud, flooding the fields and villages, shouted at by everyone. But soon he found that he was being pushed away by some great force, and realized that it was the wind. "How powerful it is!" he thought. "I wish that I could be the wind!"

အဲဒီနောက်သူဟာ တိမ်ဖြစ်သွားပြီး လယ်ကွင်းတွေ၊ ရွာတွေအပေါ် ဖုံးလွှမ်း သွားတာကြောင့် လူတိုင်းရဲ့ အော် ဟစ်တာကို ခံရသတဲ့။ ဒါပေမဲ့ သိပ်မကြာမီမှာ ကြီးမားတဲ့ အင်အားကြီးတစ်ခုရဲ့ တွန်း တိုက်ခံရတာကို သူတွေ့ရှိ လိုက်ပြီး အဲဒါ ဟာ လေဖြစ်တယ်ဆိုတာ သူသဘော ပေါက်သွားသတဲ့။ "အဲဒါက အင်အား ကြီးမားလိုက်တာ"လို့ သူက တွေးသတဲ့။ "ငါ လေဖြစ်ချင်လိုက်တာ"

Then he became the wind, blowing tiles off the roofs of houses, uprooting trees, hated and feased by all below him. But after a while,he raw up against something that would not move, nomatter how forcefully he blew against it a huge, towering stone. "How powerful that stone is!" he thought. "I wish that I could be a stone!"

အဲဒီနောက် သူဟာလေဖြစ်သွားပြီး အိမ်တွေရဲ့ အုတ်ြွကပ်အမိုးပြားခေါင်မိုး တွေကို တိုက်ခတ်ပြီး အပင်တွေကို လည်း အမြစ်ကနေ လှန်ပစ်တာကြောင့် သူရဲ့ အောက်မှာရှိတဲ့ လူအားလုံးရဲ့ မုန်းတီး ကြောက်ရွံ့ခြင်းကို ခံရသတဲ့။ ဒါပေမဲ့ ခဏ အကြာမှာ သူဘယ်လောက်ပဲ အင်အား ပြင်းပြင်းနဲ့ တိုက်ခတ်ပါစေ၊ မရွေ့လျားတဲ့ အရာတစ်ခုကို သူရင်ဆိုင်မိသတဲ့။ အဲဒါ ကတော့ ကြီးကြီးမားမား၊ မြင့်မြင့်ထည်ထည် ကျောက်တုံးကြီး တစ်တုံးပါပဲတဲ့။ "ဒီကျောက်တုံးကြီးဟာ ခွန်အားရှိလိုက် တာ"လို့ သူက တွေးသတဲ့။ "ငါ ကျောက် တုံး ဖြစ်ချင်လိုက်တာ။

Then he became the stone, more powerful than anything else on earth. But as he stood there, he heard the sound of a hammer pounding a chisel into the solid rock, and felt himself being changed. "What could be more powerful than I, the stone?" he thought. He looked down and saw far below him the figure of a stonecutter.

အဲဒီနောက် သူဟာ ကမ္ဘာပေါ်မှာ ရှိသမျှ ဘယ်အရာထက်မဆို ပိုမိုခွန်အား ကြီးမားတဲ့ ကျောက်တုံးကြီးဖြစ်သွား သတဲ့။ ဒါပေမဲ့လည်း သူအဲဒီမှာ ရပ်နေတုန်း ကျောက်အသားထဲကို ဆောက်နဲ့ထွင်းထု ရိုက်နှက်လိုက်တဲ့ တူရိုက်သံကို ကြားရပြီး သူ့ကိုယ်သူ ပြောင်းလဲသွားတာကို ခံစားလိုက်ရသတဲ့။ "ငါလို ကျောက်တုံးထက် ဘယ်ဟာက ပိုပြီး ခွန်အားကြီးမှာလဲ"လို့ သူတွေးလိုက်သတဲ့။ သူအောက်ကို ငုံ့ကြည့် လိုက်တဲ့အခါ သူ့ရဲ့အောက်အဝေးကြီးမှာကျောက်ဆစ်သမားရဲ့ သဏ္ဌာန်ကို တွေ့ မြင်လိုက်ရပါတော့သတဲ့။

Source: http://home.comcast. net/~jptillman/stonecutter.htm\

တရုတ်ဒဏ္ဍာရီပုံပြင်လေးကတော့ ဒီမှာအဆုံးသတ်သွားပါပြီ။ ဒီပုံပြင်လေး ကနေ စာရေးသူအပါအဝင် လူသား အားလုံးကို သင်ခန်းစာလေးတစ်ခုပေး ပါတယ်။ အဲဒါ ဘာလဲဆိုတော့ ကျွန်ုပ်တို့ အားလုံးထံမှာ အစွမ်းအစတွေရှိပါတယ်။ ကိုယ့်နေရာမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အစွမ်းထက်ကြတယ်ဆိုတာပါပဲ။ အဲဒါ တွေကို သိကြဖို့သာ လိုရင်းဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ အစွမ်းအစတွေကို လက်တွေ့အကောင်အထည်ဖော် အသုံးချ ရပါမယ်။ ဆန္ဒရှိရုံ၊ ဖြစ်ချင်နေရုံ၊ စိတ်ကူး ယဉ်နေရုံနဲ့ မရပါဘူး။ အဲဒါတွေကို သိဖို့ သာ လိုရင်းဖြစ်ပါတယ်။

"At the end of all our searching, we will arrive at the place we began."

"ကျွန်တော်တို့ ရှာဖွေနေတာတွေ အားလုံးရဲ့ အဆုံးမှာ ကျွန်တော်တို့ စတင် ခဲ့တဲ့ နေရာကို ရောက်မှာပါ"ဆိုတာ ဒီ ပုံပြင်လေးက အသိပေးလိုက်တာဖြစ် ပါတယ်။ မိမိရဲ့ ရှေ့မှာရှိတဲ့ ပန်းတိုင် (goal)ကို သေသေချာချာ စူးစူးစိုက်စိုက် focus လုပ်ပြီး ဆောင်ရွက်မယ်ဆိုရင် ဘယ်သူမဆိုအောင်မြင်မှာဖြစ်ပါ တယ်။ ကျောက်ဆစ်သမား လို မဖြစ်စေချင်ပါဘူး။ ဒါကြောင့် သူတစ်ပါးရဲ့ အစွမ်းအစ တွေ၊ အရည်အချင်းတွေကို စိတ်ကူးမယဉ်၊ သဘောမကျဘဲ မိမိမှာရှိတဲ့ မိမိရဲ့ စစ်မှန် တဲ့ အရည်အချင်း အစွမ်းအစတွေကိုသာ အားကျဖို့၊ အားကိုးဖို့နဲ့ အဲဒီ အရည်အချင်း တွေ၊ အစွမ်းအစတွေနဲ့ ပန်းတိုင်ကို လှမ်း ကိုင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

အုန်းဝမ်(ရန်ကုန်တက္ကသိုလ်)

အခွင့်အလမ်း

0 comments :

Post a Comment