Sunday, May 27, 2012

နေပြည်တော်နှင့် ရှမ်းပြည်နယ်တွင် စက်မှု ဇုန်နှစ်ခု ထူထောင်မည်

နေပြည်တော်နှင့် ရှမ်းပြည်နယ်တွင် စက်မှု ဇုန်နှစ်ခု ထူထောင်မည်   အစိုးရ ဝန်ကြီးရုံးများ ရုံးစိုက်ရာ နေပြည်တော် တွင် ဧက ၅၀၀ကျော်ကျယ်ဝန်းသော စက်မှုဇုန်ကြီး တစ်ခုထူထောင်သွားရန် ရှိနေကြောင်းနှင့် နိုင်ငံတော်၏ အကြီးဆုံး ပြည်နယ် ဖြစ်သော ရှမ်းပြည် နယ်တွင်လည်း ဧက ၅၀၀ဝန်းကျင်ရှိ စက်မှုဇုန်တစ်ခု ထူထောင်သွားရန်ရှိနေ ကြောင်း နေပြည်တော်ရှိ မြန်မာ့စက်မှု လက်မှုဖွံ့ဖြိုး တိုးတက်ရေးကော်မတီမှ ၁၅- ၅-၂၀၁၂ ရက်က သိရသည်။

လက်ရှိတွင် စက်မှုဇုန် ၂၄ဇုန်အထိ ရှိပြီဖြစ်သော မြန်မာနိုင်ငံ အနေဖြင့် နောက်ထပ် စက်မှုဇုန်နှစ်ခုကို ထပ်မံတည် ထောင်ရန် ရည်ရွယ်နေကြခြင်းဖြစ် သကဲ့ သို့ အဆိုပါ ဇုန်များကို ပုဂ္ဂလိက လုပ်ငန်း ရှင်များအား တင်ဒါခေါ်ယူရန် အစီအစဉ် ရှိနေကြောင်း သိရသည်။"လျှပ်စစ်မီးကိစ္စ ကတော့ နည်းနည်းခေါင်းခဲ ရဦးမယ်ထင် တာပဲ။ ပြီးတော့ ဇုန်တွေဖော်ပြီးရင် ရောင်းချပစ်မှာဆိုတော့ ဇုန်ကို အစိုးရက တာဝန်ယူဖော်မှာလား၊ ပုဂ္ဂလိက က တာဝန် ယူဖော်မှာလားဆိုတာ သိဖို့လိုလာတယ်။ လက်ရှိမှာတောင် တချို့ဇုန်တွေက လုပ် ငန်းလည်ပတ်မှုသိပ်မရှိဘူး"ဟု လှိုင်သာ ယာစက်မှုဇုန်မှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောကြားသည်။

မြန်မာ့ စက်မှု လက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ အဆိုအရ ပုဂ္ဂလိက လုပ်ငန်းရှင်များကို ဖိတ်ခေါ်သွားမည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကို မထိခိုက်သော လုပ်ငန်းများသာ လုပ်ခွင့်ပေးမည်ဟု သိရကာ ယင်းစက်မှုဇုန်များတွင် မည်သည့်စက်မှု လုပ်ငန်းမဆို လုပ်ကိုင်ခွင့် ရှိမည်ဟု သိရသည်။ နေပြည်တော်နှင့် တပ်ကုန်းကြား၊ မူဆယ်မြို့နှင့် ကွတ်ခိုင်မြို့ကြားတွင် တည်ဆောက်ရန် လျာထားသော အဆိုပါ စက်မှုဇုန် မြေကွက်များနှင့် ပတ်သက်၍ တင်ဒါစတင်ခေါ်ယူမည့်လ ကို မကြာမီကြေညာသွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဇုန်နှစ်ခုမှာ ကုန်းလမ်းပို့ဆောင် ရေးအတွက် အဓိကဇုန်နှစ်ခုဖြစ်လာဖွယ်ရှိ နေကြောင်း သိရသည်။ ယင်းအပြင် အဆိုပါ ဇုန်များအတွက် လျှပ်စစ်မီးကို ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံများဖြင့် ရယူ လုပ်ဆောင်သွားမည်ဟု သိရကာ စက်ရုံတစ်ရုံစာ အတွက် အနည်းဆုံးမြေနှစ် ဧက ရောင်းချပေးရန်ရှိ နေကြောင်းနှင့် အီလက်ထရွန် စက်မှုဇုန် အဖြစ်ထူထောင်သွားမည် ဖြစ်ကြောင်း သိရသည်။

0 comments :

Post a Comment