Saturday, May 26, 2012

လွှမ်းပိုင်နဲ့ Bobby Soxerတို့ရဲ့ စုံတွဲအခွေ ထွက်မယ်


Hlwan-Paingဒီဘက်ခေတ် ဟစ်ဟော့ပ် လောကမှာ လွှမ်းပိုင်ဆိုတာက Twist အမြန်ဆိုပေါက်တွေနဲ့ နာ မည်ရလာသူ တစ်ယောက်ပါ။ ဒီ Third Generation ခေတ်မှာ Twist တွေ ဆိုတာ လွှမ်းပိုင်အနေနဲ့ အရင်လို့ပြောရင်ရမလားလို့ မေးတော့ .. ”အဲဒီလိုပြောလို့ မရပါဘူး။ ကျွန်တော်တို့ရှေ့မှာ ဆိုခဲ့တဲ့ လူတွေလည်းရှိပါတယ်။ ဒုတိယမျိုးဆက်မှာဆို ကိုချစ်စိုးတို့ ဆိုကြတယ်။ ကိုBigg-Yတို့လည်း ဆိုကြတယ်။ အစောဆုံးပြောရမယ်ဆိုရင်တော့ ကိုစိုင်းစိုင်းပေါ့။ အက်စစ်အခွေတွေ မှာ အဲဒီလို Twistပုံစံ ဆိုခဲ့ဖူးတယ်။ ဒီဘက်မျိုးဆက်ရောက်မှကျွန်တော် တို့က ဆိုကြတာပါ။ ပထမဆုံးတော့ မဟုတ်ပါဘူး” လို့ပြောပါတယ်။
လွှမ်းပိုင်နဲ့အတူ lBobby Soxer ကလည်း Twister စတိုင်တွေ လူငယ်ပရိသတ်ကြားထဲမှာ ပျံ့နှံ့လာတဲ့အတွက် အတူတူ အောင်မြင်လာခဲ့တာ ဘယ်လိုအကြောင်း ကြောင့် လဲလို့မေးတော့…
”အဲဒါကတိုက်ဆိုင်မှုတစ်ခုပါ။ ကျွန်တော်လည်း နမူနာခွေဝေတယ်။ သူလည်း နမူနာခွေ ဝေ တယ်။ ကျွန်တော်က ပထမနေ့ ရှိုး မှာဝေတယ်။ သူကနောက်တစ်ပတ် ရှိုးမှာဝေတယ်။ သူနဲ့ကျွန်တော်က Underground ကတည်းက အခွေ ဝေတာချင်းအတူတူပေါ့။ ကိုရဲလေး အခွေမှာကျတော့လည်းနှစ်ယောက် စလုံးပါဖြစ်တယ်။ အရင်ကတည်း က သိကြတာတော့ မဟုတ်ပါဘူး။ ဆိုရင်းနဲ့မှ သိလာကြတာပါ” လို့ ပြောပါတယ်။
လွှမ်းပိုင်ပါဝင်သီဆိုတဲ့ အတွဲ ခွေများထဲက သီချင်းတွေက ပေါက်သီချင်းတွေဖြစ်တာမို့ တစ်ကိုယ်တော်အခွေအတွက် သီချင်းတွေ ဘယ်လိုချန်ထားလဲမေးတော့…”အဲဒီသီချင်းတွေ အကုန်လုံး ပျော်စရာကြီးထဲက ‘ခုန်လိုက်’ ကလွဲလို့ ကျန်တဲ့အခွေတွေက သီချင်းတွေက ကျွန်တော့် တစ်ကိုယ်တော်အခွေ အတွက်စုထားတဲ့ သီချင်းတွေပါပဲ။ တစ်ကိုယ်တော်အခွေထွက်ဖို့နောက် ကျနေသေးတဲ့အတွက် အချိန်မကြာ ချင်တာနဲ့အတွဲခွေတွေမှာ ထည့်ဖြစ် သွားတာပါ။ တစ်ကိုယ်တော်အခွေ ကျရင် လည်း အဲဒီလိုသီချင်းကောင်း တွေပါအောင် လုပ်မှာပါ။ ပရိသတ် အကြိုက်ပုံစံတွေရော ပုံစံအသစ် တွေပါ ပါမှာပါ” လို့ ပြောပါတယ်။
လွှမ်းပိုင်နဲ့ Bobby Soxer တို့ရဲ့ နှစ်ယောက်တွဲအခွေက အား လုံးပြီးသွားပြီဖြစ်ပြီး နာမည်တော့ မပေးရသေးဘူးလို့ပြောတဲ့ လွှမ်းပိုင် က…”သီချင်းတွေက အကုန်ပြီး သွားပြီ။ စတူဒီယိုမှာသွားပြီး သွင်း မယ်။တည်းဖြတ်မယ်။ အဲဒီလောက် ပဲကျန်တော့တယ်။ ၈ လပိုင်း လောက် ထွက်နိုင်ဖို့မှန်းထားတယ်။ နာမည်ကတော့ နှစ်ယောက် တိုင် ပင်ပြီး ရွေးရဦးမယ်။ ခုတော့ မပေး ရသေးပါဘူး” လို့ ပြောပါတယ်။
လွှမ်းပိုင်က နောက်ပိုင်းထွက် တဲ့အခွေတွေမှာ အရင်ဆိုပေါက် တွေအပြင် တခြားပုံစံသစ်တွေ လည်း ပြောင်းလဲဖန် တီးထားပြီး တစ်ကိုယ် တော်အခွေကတော့နည်း နည်းကြာဦးမယ်လို့ ပြောပါတယ်။
ရဲရဲ

0 comments :

Post a Comment