Sunday, May 27, 2012

လည်ချောင်း နာနေသလား

လည်ချောင်းနာလည်ချောင်း ရှတတ ဖြစ်နေ သလား ဒါမှ မဟုတ် ရေမျိုရ ခက်နေ သလား။ ဝေဒနာ ခံစား ရတဲ့ လက္ခဏာ တွေကို သိရှိ ပြီး လည်ချောင်းနာရတဲ့ အကြောင်းရင်း တွေကိုရှာဖွေကာ လည်ချောင်းနာ အမြန် ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။

၁) သင့်လည်ချောင်း ကြမ်းတမ်းပြီး ရှတ တဖြစ်နေရင် အအေးမိဗိုင်းရပ်စ်ပိုး ဝင် ရောက်လို့ပါ

အအေးမိဝေဒနာခံစားရတဲ့ ပထမဆုံး လက္ခဏာဟာ လည်ချောင်းကြမ်းပြီး ရှတတ ဖြစ်နေတာပါ။
ဘယ်လိုကုသမလဲ
Sea buckthorn အဆီသောက်ပါ။ အဲဒီအဆီကို တစ်ခါသောက် စားပွဲဇွန်း တစ်ဇွန်းစာနဲ့ တစ်နေ့နှစ်ကြိမ်သောက် တာကြောင့် ၄၈ နာရီအတွင်း လည်ချောင်း နာတာ သက်သာသွားနိုင်ပါတယ်။ အဲဒီ အဆီမှာပါဝင်တဲ့ Palmitoleic အက်စစ် ဟာ ကျန်းမာတဲ့ လည်ချောင်းဆဲလ်တွေ ကို ကာကွယ်ထားနိုင်လို့ပါ။ Sea buckthorn အဆီကို Health Food စတိုး ဆိုင်တွေမှာ ရရှိနိုင်ပါတယ်။

၂) လည်ချောင်းရောင်ရမ်းပြီး အစာမျို ရတာခက်ခဲနေရင် လေထုညစ်ညမ်းမှု ကြောင့်ပါ

လည်ချောင်းကို ယားယံစေတဲ့လေထု ညစ်ညမ်းမှုတွေ (ဥပမာ - ဆေးလိပ်ငွေ့၊ ကားအိပ်ဇောငွေ့နဲ့ သန့်ရှင်းရေးသုံးပစ္စည်း) ကြောင့် လည်ချောင်းတစ်သျှူးတွေ ရောင် ရမ်းပြီး နာကျင်လာနိုင်တယ်လို့ UCLA မှ သုတေသနပြုသူတွေက ဆိုပါတယ်။
ဘယ်လိုကုသမလဲ
အိမ်တွင်းသစ်ပင်တွေ စိုက်ပါ။ ရုံးခန်း ဒါမှမဟုတ် အိမ်ခန်းထဲမှာ အိမ်တွင်းစိုက် နိုင်တဲ့အပင်တွေ စိုက်ထားတာကြောင့် အပင်တွေမှ ပတ်ဝန်းကျင်မှ ဓာတုပစ္စည်း တွေကို ၇၀ ရာခိုင်နှုန်းထိ စုပ်ယူနိုင်တယ် လို့ ဩစတြေးလျမှ သုတေသနပြုသူတွေ က တွေ့ရှိခဲ့ပါတယ်။

၃) လည်ချောင်းနာတာဟာ အစာစား ပြီးဖြစ်ရင် အစာအိမ်မှ အက်စစ်တွေ ဆန်တက်လာလို့ပါ

အစာအိမ်မှ အက်စစ်ဆန်တက်တာ ကြောင့် ရင်ပူတဲ့ဝေဒနာခံစားရသူတွေရဲ့ ၆၀ ရာခိုင်နှုန်းဟာ လည်ချောင်းပူနေတာ ကို သူတို့ရဲ့ အဓိကလက္ခဏာအဖြစ်ဖော် ပြတတ်ပါတယ်လို့ ကိုလံဘီယာတက္ကသိုလ် မှ သုတေသီတွေက ဖော်ထုတ်ထားပါ တယ်။
ဘယ်လိုကုသမလဲ
ဗီတာမင် အေ မှီဝဲပါ။ နေ့စဉ် ဗီတာ မင်အေ အားဖြည့်ဆေး ၅၀ဝ၀ IU မှီဝဲ တာကြောင့် လည်ချောင်းမှ ချွဲအမြှေးပါး တွေ သန်မာလာတဲ့အပြင် အစာအိမ် အက် စစ်ကြောင့် ပျက်စီးသွားတဲ့တစ်သျှူးတွေကို လည်း အနာကျက်မြန်စေနိုင်တယ်လို့ သိ ရပါတယ်။ အစာအိမ်ထဲမှာ အစာမရှိဘဲ အစာနဲ့အတူ အသီးအနှံစားရင်လည်း သစ် သီးဟာ အစာအိမ်တွင်းမှ အစာမှ အဆီတွေ နဲ့အတူ အချဉ်ဖောက်သွားပြီး အစာအိမ် လျှာခင်ကို ဖိအားပိုမိုသက်ရောက်စေတာ ကြောင့် အက်စစ်ဆန်တက်တာ ပိုဆိုးစေ နိုင်ပါတယ်။

၎) သင်စကားပြောချိန်မှာ လည်ချောင်း နာခဲ့ရင် အသံအိုးအသုံးပြုတာများလို့ပါ

အားကစားပြိုင်ပွဲတွေမှာ ဟစ်အော် ပြီး အားပေးရတာ ဒါမှမဟုတ် ပါတီပွဲ၊ အလုပ်အတွင်း တင်ပြရတာ ဒါမှမဟုတ် ဖုန်းနဲ့ စကားပြောရတာတွေဟာ ပုံမှန် စကားပြောတာထက် ပိုမိုများပြားသွား ရင် လည်ချောင်ြးွကက်သားတွေမှာ ဖိအား သက်ရောက်မှုများပြီး အသံဝင်သွားတတ် ပါတယ်။
ဘယ်လိုကုသမလဲ ငုံဆေးပြား ငုံပါ။ လေ့လာမှုအသစ် အရ လည်ချောင်းငုံဆေးပြားကို ငုံတာ ကြောင့် အသံအိုးဒဏ်ကြောင့်ဖြစ်တဲ့ အံ ဝင်မှုပျောက်ကင်းတာဟာ ပုံမှန်ထက် နှစ်ရက်ပိုစောနိုင်တယ်လို့ သိရပါတယ်။

၅) လည်ချောင်းယားယံပြီး သလိပ်ထွက် နေရင် ဓာတ်မတည့်တာကြောင့် လည် ချောင်းတွင်း နှာရည်စီးကျလို့ပါ

ဖုန်မှုန့်၊ မှိုပိုး ဒါမှမဟုတ် တိရစ္ဆာန် အညစ်အကြေးတွေနဲ့ ဓာတ်မတည့်တတ် သူတွေ ၈၅ ရာခိုင်နှုန်းဟာ ဆောင်းရာ သီမှာ လည်ချောင်းနာတတ်ပါတယ်။ နှာ ခေါင်းလိုဏ်ခေါင်းအတွင်းမှ နှာရည်တွေ လည်ချောင်းတွင်း စီးဆင်းတာကြောင့်ပါ။
ဘယ်လိုကုသမလဲ
ပြတင်းပေါက်ဖွင့်ထားပါ။ တစ်ကြိမ် ကို ၁၀ မိနစ်နဲ့ တစ်နေ့ နှစ်ကြိမ်ခန့် ပြ တင်းပေါက်ဖွင့်ထားတာကြောင့် အိမ် တွင်းမှတိရစ္ဆာန် အညစ်အကြေးတွေ၊ ဖုန် ပိုးတွေနဲ့ မှိုပိုးတွေရဲ့ ၅၀ ရာခိုင်နှုန်းဟာ အိမ်ပြင်ကို ထွက်သွားနိုင်တယ်လို့ သုတေ သီတွေက ဆိုပါတယ်။ ဒါ့အပြင် လက်ဖက် ရည်ဇွန်းတစ်ဝက်စာဆားကို ရေနွေး ခြောက် အောင်စနဲ့ရောပြီး တစ်မိနစ်ခန့် ပလုတ် ကျင်းပေးပါ။ တစ်နေ့နှစ်ကြိမ်ပြုလုပ်တာ ကြောင့် လည်ချောင်းတစ်သျှူးရောင်ရမ်း မှုတွေ လျော့သွားပြီး ၂၄ နာရီအတွင်း နာကျင်မှုဝေဒနာ သက်သာသွားတယ်လို့ UCLA မှ သုတေသီတွေက ဆိုပါတယ်။

၆) လည်ချောင်းခြောက်ပြီး ယားယံနေ ရင် ထိပ်ကပ်နာကြောင့်ပါ

ထိပ်ကပ်နာရောဂါရှိသူတွေရဲ့ ၅၀ ရာခိုင်နှုန်းမှာ လည်ချောင်းနာတာဟာ သူတို့ရဲ့ အဆိုးရွားဆုံးလက္ခဏာပါလို့ Loyola တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။
ဘယ်လိုကုသမလဲ
သွပ်ဓာတ်ပါဝင်တဲ့ ငုံဆေးပြား ငုံပါ။ ထိပ်ကပ်နာရောဂါနဲ့ ဆက်စပ်တဲ့ လည် ချောင်းနာဝေဒနာသက်သာအောင် သွပ် ဓာတ်ပါတဲ့ ငုံဆေးပြားကို နှစ်နာရီကြာ တိုင်း ငုံပေးပါလို့ Cleveland ဆေးခန်းမှ ဆရာဝန်တွေက အကြံပေးထားပါတယ်။ သွပ်ဓာတ်ဟာ ဗိုင်းရပ်စ်ပိုးတွေကို ဖျက်ဆီး ပစ်လိုက်နိုင်တာကြောင့် လည်ချောင်းနာ ကျက်နှုန်း ၆၇ ရာခိုင်နှုန်း ပိုမိုမြန်ဆန် တယ်လို့ သုတေသီတွေ တွေ့ရှိထားလို့ပါ။

ဆရာဝန်နဲ့ ဘယ်အချိန်ပြမလဲ

- လည်ချောင်းနာတာဟာ ခုနစ်ရက် ထက် ပိုမိုကြာနေရင်
- လည်ချောင်းနာတာနဲ့အတူ အဖျား ရှိတာ၊ အကျိတ်တွေ ရောင်နေတာ ဒါမှ မဟုတ် အစက်အပြောက်တွေ ထွက်နေ တာရှိရင်
- လည်ချောင်းရောင်ရမ်းတာကြောင့် အသက်ရှူရခက်ခဲနေရင်
- လည်ချောင်းရောင်ရမ်းနေတာဟာ အရမ်းနာကျင်ပြီး အရည်တောင်မျိုလို့ မရရင။်

ဒေါက်တာခင်မိုးမိုး

0 comments :

Post a Comment