Monday, May 28, 2012

ဗိုလ်မှူး ၀င်းမောင်မောင် (ငြိမ်း) မိသားစုက အလိုတော်ပြည့် ကျောင်း အတွက် ၂၇ သိန်း လှူ

win maung maung donationအဂ္ဂမဟာ သဒ္ဒမဇောတိကဓဇ မဟာဂန္ထ ၀ါစက ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ အလိုတော်ပြည့် ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တ အရိယ၀ံသအား ဗိုလ်မှူး ၀င်းမောင်မောင် (ငြိမ်း) မိသားစုက အလှူငွေ(၂၇)သိန်း လှူဒါန်းပွဲကို ရန်ကုန် အလိုတော်ပြည့် ကျောင်းတိုက်တွင် မေ (၂၇) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အလှူရှင် အနေဖြင့် အနာဂတ် သာသနာတော် အတွက် မဖြစ်မနေ ဖြည့်ဆည်း လှူဒါန်းသင့်သော ကိစ္စရပ် တစ်ခုဟု ခံယူ လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

"ကျွန်တော် အလုပ်ကိစ္စနဲ့ မောင်တောကို ရောက်ခဲ့တော့ ဆရာတော်ကြီးရဲ့ တပည့် ဆရာတော်ရဲ့ ဆောက်လက်စ နှစ်ထပ်ကျောင်း တစ်ကျောင်းကို တွေ့ခဲ့ရတယ်။ အလှူငွေ အခက်အခဲကြောင့် ဆက် မဆောက်နိုင် ဖြစ်နေရတာကိုလဲ သိခဲ့ရတယ်။ ပြီးတော့ မောင်တောဟာ မြန်မာနယ်စပ်ရဲ့ အစွန်ဆုံးမြို့ ဖြစ်ပြီး ဗုဒ္ဓဘာသာဝင် (၂) ရာခိုင်နှုန်း၊ ဘာသာခြား (၉၈) ရာခိုင်နှုန်း ရှိနေတယ် ဆိုတာကိုလဲ သိခဲ့ရတယ် ဒီတော့ကာ ဆရာတော်တွေ အတွက်ရော၊ အနာဂတ် သာသနာတော် အတွက်ပါ မဖြစ်မနေ ဖြည့်ဆည်း လှူဒါန်း သင့်တယ်လို့ ကျွန်တော် ခံယူပြီး ခုလို လှူဒါန်းရတာ ဖြစ်ပါတယ်။ ခု လှူဒါန်း တာကလဲ ပထမဆင့် အဖြစ်ပါ။ နောက်ကိုလဲ ဆက်လှူဦးမှာပါ။ အခု လှူဒါန်းတဲ့ အထဲမှာ စစ်တွေ လောကနန္ဒာ စေတီတော် သိမ်တော်ကြီးမှာ သီတင်းသုံ နေတော်မူတဲ့ အောင်စကြာမုနိ ဗုဒ္ဓ ရုပ်ပွားတော်ကြီးရဲ့ သိမ်တော်ကြီး ပြုပြင်ဖို့ရယ်၊ အလိုတော်ပြည့် ဆရာတော်ကြီး အမှူးပြုတဲ့ ဆရာတော် သံဃာတော်တွေအတွက် တစ်နေ့တာ နေ့ဆွမ်း အတွက်ရယ်၊ ဆောက်လုပ်ဆဲ ကျောင်းတိုက် တစ်တိုက် အတွက်ရယ်ပါ ပါပါတယ်"ဟု ဗိုလ်မှူး ၀င်းမောင်မောင် (ငြိမ်း) က ပြောသည်။

အခမ်းအနား အပြီးတွင် အလိုတော်ပြည့် ဆရာတော်ကြီးက စာနယ်ဇင်းဆရာများ၏ လျှောက်ထား မေးမြန်းချက်များကို ပြန်လည် ဖြေကြားခဲ့သည်။

0 comments :

Post a Comment