Sunday, May 27, 2012

အမျိုးသမီးနှစ်ဦးအား အမျိုးသားတစ်ဦးက ဓာတ်ဆီဖြင့်လောင်းကာ မီးရှို့ခဲ့သည့်ဖြစ်စဉ်ဖြစ်ပွား

ယနေ့ ညနေ ၆ နာရီဝန်းကျင်တွင် ရန်ကုန်မြို့၊ လှည်းတန်း ၇ လမ်းရှိ တိုက်ခန်းတစ်ခန်း၏ သုံးလွှာတွင်နေထိုင်သည့် အသက် ၂၇ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးအား အမျိုးသားတစ်ဦးက ဓာတ်ဆီများဖြင့်လောင်းကာ မီးရှို့ခဲ့သည့်ဖြစ်ရပ်ဖြစ်ပွားခဲ့သည်။ မီးရှို့ခံခဲ့ရသည့် အမျိုးသမီးနှစ်ဦးမှာ ညီမများဖြစ်ကြသည်။ ၄င်းတို့နှစ်ဦးကို ဓာတ်ဆီဖြင့်လောင်းကာ မီးရှို့ခဲ့သည့် အမျိုးသားဆိုသူမှာ ညီမနှစ်ဦးအနက်မှ အစ်မဖြစ်သူနှင့်ပတ်သတ်သည့် အမျိုးသားတစ်ဦးဖြစ်သည်။ ယခုအခါတွင် အဆိုပါအမျိုးသမီးနှစ်ဦးလုံးမှာ ရန်ကုန်ဆေးရုံကြီး အရေးပေါ်လူနာဆောင်တွင် ရောက်ရှိနေသည်။ ယင်းဖြစ်စဉ်တွင် အဓိက ဓာတ်ဆီဖြင့် လောင်းကာ မီးရှို့ခံခဲ့ရသည့် အသက် ၂၇ နှစ်အရွယ် အစ်မဖြစ်သူသည် ဒဏ်ရာများပြားစွာဖြင့် တစ်ကိုယ်လုံး ပတ်တီးများဖြင့် သတိမေ့မြောနေပြီး ညီမဖြစ်သူမှာ ခြေထောက်ကိုမီးလောင်ခဲ့သည်ဟု ရန်ကုန်ဆေးရုံကြီးရောက် 7 Day News သတင်းထောက်က သတင်းပေးပို့သည်။

0 comments :

Post a Comment