Sunday, May 27, 2012

မိမိကိုယ် မိမိ အိမ်ထောင်ပြုခဲ့သည့် အမျိုးသမီး

2753 Nadine Schweigert

မကြာသေးမီက အမေရိကန်ပြည်ထောင်စု North Dakota ပြည်နယ်တွင်နေထိုင်သူ အသက် ၃၆ နှစ်အရွယ် ယောဂ (yoga) သင်တန်းနည်းပြ ဆရာမ တစ်ဦးဖြစ်သူ Nadine Schweigert အမည်ရသည့် အမျိုးသမီးတစ်ဦးသည် လက်ထပ်မင်္ဂလာပွဲ ပြု လုပ်ပြီး မိမိကိုယ် မိမိ အိမ်ထောင်ပြုခဲ့ကြောင်း သိရှိရပါတယ်။

Nadine ဟာ ယခင်အိမ်ထောင်သည်နှင့် သားသမီး နှစ်ဦးထွန်းကားခဲ့သော်လည်း လွန်ခဲ့သည့် ၆ နှစ်ခန့်က သူ၏ အိမ်ထောင်နှင့် နှစ် ဦး သဘောတူ ကွာရှင်းပြတ်စဲခဲ့ပါတယ်။ ကွာရှင်းပြတ်စဲအပြီးမှာတော့ သားသမီး နှစ်ဦးစလုံး ဖခင်နှင့် နေထိုင်လို မှုကြောင့် ယခင် အိမ်ထောင်သည် အား မိမိ၏ သားသမီး နှစ်ဦးစလုံးကို ထိန်းသိမ်းစောင့်ရှောက်ခွင့် ပေးအပ်ခဲ့ရသည့် အချိန်မှစ၍ စိတ်မချမ်း မြေ့စရာ အချိန်များကို ကုန်လွန်ဖြတ် သန်းခဲ့ရကြောင်း သိရပါတယ်။

"ကျွန်မကို ပျော်ရွင်အောင်ထားနိုင်မယ့်သူ တစ်စုံတစ်ယောက်ကို ကျွန်မ စောင့်မျှော်နေခဲ့မိပါတယ်။ ဒါပေမယ့် တစ်နေ့မှာ ကျွန်မ သူငယ်ချင်း တစ်ယောက်က ကျွန်မကို 'နင့်ကို ပျော်ရွှင်အောင်ထားနိုင်မယ့်သူ တစ်စုံတစ်ယောက်ကို လက်ထပ်ဖို့ ဘာဖြစ်လို့ အချိန် ကုန်ခံ စောင့်နေရတာလဲ။ ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်အောင်ထားနိုင်ဖို့ ကိုယ့်ဘာသာကိုယ် လက်ထက်လိုက်ပေါ့' လို့ အကြံပေးပါ တယ်" ဟု Nadine က အင်တာ ဗျူးတစ်ခုမှာ ယခုလို သူ့ကိုယ်ကိုယ် သူ* အိမ်ထောင်ပြုရခြင်း၏ ပဏာမ အကြောင်းရင်းခံကို ရှင်းပြသွားခဲ့ပါတယ်။ (*မှတ်ချက် - "သူ" ကို ယောက်ျား နှင့် မိန်းမ ကိုယ်စား နာမ်စား အဖြစ်အသုံးပြုရာတွင် အသုံးပြုသည်။ She ကို "သူ (မ)" ဟု အဖို နှင့် အမ ကွဲစေလို၍ ရေးသား ထားခဲ့ရာမှ "သူမ" ဟူ၍ အမှတ်မှားနေကြခြင်းဖြစ်ပါသည်။)

ဒါပေမယ့် Nadine ဟာ သူ့မှာ ဒီလို အကြံအစည် ရှိနေတယ်လို့ သူငယ်ချင်းတွေကို ပြောပြတဲ့အခါမှာတော့ သူတို့ရဲ့ ထောက်ခံမှု မရ ရှိခဲ့ဘဲ ထူးဆန်းတဲ့ အကြံအစည်ရယ်လို့ အပြောခံခဲ့ရတာကြောင့် အကောင်အထည်မဖော်ဖြစ်ခဲ့ဘဲ၊ အခု လတ်တလောကမှ အဲ့ဒီ ငုပ်လျှိုးနေတဲ့ အကြံအစည်ဟာ ပြန်ပေါ်လာလို့ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး၊ သူ့ရဲ့ လက်ထပ်မင်္ဂလာပွဲသို့ သူ၏ အရင်းနှီးဆုံး သူငယ်ချင်း အယောက် ၄၀ တက်ရောက်ခဲ့ပြီး သူနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲခဲ့ပါတယ်။

"ကျွန်မ အခုလောက် ဘယ်တုန်းကမှ မပျော်ရွှင်ခဲ့ရ ဖူးပါဘူး။ ကျွန်မကိုယ် ကျွန်မ အိမ်ထောင်ပြုခဲ့ရတဲ့ အကြောင်းအရင်း ကတော့ လွန်ခဲ့တဲ့ ၆ နှစ်လောက်က ကျွန်မရဲ့ ဘ၀အခြေအနေနဲ့ အခုလက်ရှိ ဘ၀အခြေအနေကို နှိုင်ယှဉ်ပြီး တိုးတက်လာတဲ့ အခြေ အနေ တွေကို ကိုယ့်ကိုယ် ကိုယ် ချီးကျူးဂုဏ်ပြုချင်လို့ ဖြစ်ပါတယ်" လို့ အဆိုပါ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။

0 comments :

Post a Comment