Monday, May 28, 2012

မသမာသည့် ပညာရေး ၀န်ထမ်းများအား ထိရောက်စွာ အရေးယူမည်

မသမာသည့် ပညာရေး ၀န်ထမ်းများအား အချိန်မဆိုင်း ထိရောက်စွာ အရေးယူသွားမည်ယခုနှစ် ကျောင်းဖွင့်ချိန်တွင် တရားမ၀င် ငွေကြေး ကောက်ခံခြင်း၊ ကျောင်းဝင်ကြေး များ ပိုမို ကောက်ခံခြင်း အစရှိသည် တို့ကို ပြုလုပ်သည့် ပညာရေး ၀န်ထမ်းများအား ထိရောက်စွာ အရေးယူ သွားမည်ဟု ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေး က ပြောသည်။ မေလ(၂၇)ရက်နေ့က အဆင့်မြင့် ပညာ ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြု လုပ်သော အဆင့်မြင့် ပညာ ဦးစီးဌာန (အောက် မြန် မာပြည်) မှ တာဝန်ရှိ သူများနှင့် တွေ့ဆုံပွဲ အပြီးတွင် စာနယ်ဇင်းများ၏ မေးမြန်းမှုကို ၀န်ကြီးက ပြန် လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။ "ယူတဲ့သူ အရေးယူမယ်။ တစ်ခါတည်း ပြောထားပြီးသား။ နယ်အဝေးကို ပို့မယ်၊ ဖြုတ်သင့်ရင် ဖြုတ်မယ်။ ဆင်းရဲ နွမ်းပါးမှု လျော့ကျရေး လုပ်နေတဲ့ အချိန်မှာ ဒါမျိုး ယူရင် အရေးယူမယ်။ ညွှန်ချုပ် တွေကိုလဲ ပြောပြီးသား။ တိုင်း ပညာရေးမှူးတွေ၊ မြို့နယ် ပညာရေးမှူးတွေ၊ ကျောင်းအုပ်ကြီး တွေကိုလဲ ပြောပြီးသား။ ဒါမျိုး လုပ်တာတွေကို ကျွန်တော့် ဆီကို တိုက်ရိုက် တိုင်နိုင်တယ်။ တိတိ ကျကျ သိရင် တိုင်ပါ" ဟု ပြည်ထောင်စု ၀န်ကြီးက ပြောသည်။ ၀န်ကြီးထံသို့ တိုင်စာများ ရောက်ရှိသည့် အနက် အချက် အလက် မမှန်ကန်သည့် ပစ်စာများလည်း ပါဝင်နေကြောင်း၊ ထိုသို့သော ပစ်စာများမှာမူ ပုဂ္ဂိုလ်ရေး ဆိုင်ရာ မကြေနပ်မှု များကြောင့် ဖြစ်နိုင်ပြီး ခိုင်လုံ တိကျသည့် အချက်အလက်များ ပါဝင်မှု မရှိသဖြင့် အရေးယူရန် မဖြစ်နိုင်ကြောင်း ပြည်ထောင်စု ၀န်ကြီးက ထပ်လောင်း ပြောကြားသည်။

"အထောက် အထား ခိုင်လုံရင် စာနဲ့သာ တိုင်ပါ။ စာတွေက ကျွန်တော့်ဆီ ရောက်ပါတယ်။ လက်ရှိကို အရေးယူ နေတာတွေလဲ ရှိပါတယ်။ ဟုတ်တာ ဆိုရင်၊ စစ်ဆေးလို့ ပေါ်ရင်တော့ ကျွန်တော်တို့က အရေးယူမှာပဲ။ ကျွန်တော်တို့ အချိန်မဆိုင်း အရေးယူမယ်။ ကျူးလွန်တဲ့ အပြစ်ပေါ် မူတည်ပြီးတော့ လိုအပ်သလို အရေးယူမယ်"ဟု ပြည်ထောင်စု ၀န်ကြီး ဒေါက်တာမြအေးက ပြောပါသည်။

4 comments :

  1. ဒါဆိုရင်ပြောမယ်..ကျွှန်တော်ကအခုထိုင်းမှာနေပါတယ်..လွန်ခဲ့တဲ့2013သင်္ကြန်မတိုင်မှီက ရန်ကုန်တိုင်း လှိုင်သာယာ မီးခွက်ဈေးအနီးမှာနေတဲ့ ကျွှန်တော့် ညီမလေးမိသားစုကိုခေါ်လိုက်ပါတယ်..သူ့သားလေးတန်းစာမေးပွဲဖြေပြီးပါပြီ၊၊သူမလာမှီက သားရဲ့ကျောင်းကလှိုင်သာယာ ၇ ရပ်ကွက် အမှတ် ၂၂ ...၄တန်း .Dခန်းအတန်းပိုင်ဆရာမ ဒေါ်အေးသိန်းကို ကျောင်းပြောင်းမယ့်အကြောင်းအားလုံးပြောခဲ့တယ်။ အောင်စာရင်းထွက်ရင်လာထုတ်ပါလို့ပြောပြီး ငွေ၃၀၀၀ တောင်းတဲ့အတွက် ပေးခဲ့ပါတယ်။ ရန်ကုန်မှာရှိတဲ့ ညီလေးကိုလည်းမှာခဲ့ပါတယ်။ အောင်စာရင်းထွက်တဲ့အခါ အဲ့ဒီ ဆရာမဆီသွားပြီး မင်းတူရဲ့ ကျောင်းပြောင်းလက်မှတ် သွားယူပြီး စာတိုက်ကနေ ကော့သောင်းကိုထည့်ပေးလိုက်ဖို့မှာခဲ့ပါတယ်။..အောင်စာရင်းထွက်ချိန် ရောက်တော့ ညီလေးဖုန်းဆက်လာတယ်။ တူလေးစာမေးပွဲအောင်တယ်..ကျောင်းပြောင်းလက်မှတ်တော့မရသေးဘူး..ဒီလိုနဲ့ ၅လပိုင်းလယ်ရောက်တော့ ညီလေးဆီဖုန်းမေးတော့ ဆရာမက ဟိုနေ့လာ ဒီနေ့လာနဲ့ချိန်းနေတယ်..ဒီလိုနဲ့ပဲ ညီလေးလဲ ဆရာမအိမ်ကို ၇ ခေါက် ၈ခေါက်လောက်ရောက်သွားခဲ့တယ်။ ကျောင်းအုပ်ကြီမရှိလို့တမျိုး...ပညာရေးမှူးလက်မှတ်မထိုးရသေးလို့ တမျိုးနဲ့ ရှောင်နေတာ အခုဆို ၆လပိုင်းထဲရောက်ခဲ့ပြီ။ ဒီက တွဲဖက်ကျောင်းကဆရာတွေက ၆လပိုင်း ၃ ရက်နေ့ထိနောက်ဆုံးထားပြီးစောင့်ပေးပါတယ်..ညက ကျွှန့်တော့်ညီမလေးငိုပြီးတော့ဖုန်းဆက်လာတယ် သူ့သားကျောင်းတနှစ်အောက်သွားပြီတဲ့။ တခုလောက်သိပါရစေ..၄ တန်းကျောင်းသားတယောက် ကျောင်းထွက်လက်မှတ်အတွက် ပညာရေးမှူးလက်မှတ်လိုအပ်ပါသလား..ကျောင်းအုပ်နဲ့တင်မပြီးဘူးလား သိချင်ပါတယ်။အဲဒီ ဆရာမ ဘာလိုချင်လဲသိချင်ပါတယ်။ ဒါအမှန်တွေပါ။ ကျွှန်တော့်တူလေးနံမည် ကျေုာ်မင်းခန့် ပါ။ လူကြီးမင်းများ ...ဘာ့ကြောင့်ဒီလိုဖြစ်ရတာလဲ စုံစမ်းပေးကြပါခင်ဗျား။ အဒီဆရာမကိုလည်း အရေးယူပေးကြပါ။ အခုဆို ကျွှန်တော့်ညီမလေး သူ့သားကိုကြည့်ကြည့်ပြီး မျက်ရည်ကျနေပြီ။ ကျွှန်တော့် အိမ်လိပ်စာက အမှတ် ၁၀၂၁ အောင်ဘောဂလမ်း မီးခွက်ဈေးအနီး လှိုင်သာယာ ။ဦးပွါး..ဒေါ်ခင်ရီ တို့၏ သမီး အေးအေးမျိုး၏ သား မောင်ကျော်မင်းခန့်သည်၂၀၁၃ တွင်ကျောင်းတက်ခွင့်မရရှိတော့သောကြောင့် ။အထက်ကရေးထားသောကျောင်းတွင်စုံစမ်း ပေးပါလို့ပြောချင်ပါတယ်။ကျွှန်တော့်အကောင့်က htooko5@gmail.com ပါ။ ဒီကဆရာတွေကပြောပါတယ်..အပြင်ကနေသင်ယူပြီး စာမေးပွဲဖြေခွင့်ရရှိဖို့အတွက် ကျောင်းထွက်လက်မှတ် ရအောင်ယူရမယ်လို့ပြောတဲ့အတွက် ကူညီဖြေရှင်းပေးပါလို့ တောင်းဆိုပါတယ်။ ကျွှန်တော့်တူလေးနဲ့ ညီမလေးကို မကြည့်ရက်တော့လို့ပါ။
    လေးစားစွာဖြင့်
    နေမျိုးဦး

    ReplyDelete
  2. အထက၂ကမာရွတ်ကျောင်းမှသူငယ်တန်းဆရာမကျူရှင် ပြ ကျောင်းတွင်အခြေခံမကျသောသင်ရိုးညွှန်းတန်းများ

    ပို့ချနေပါသည်။နောင်အနာဂတ်ကလေးများအတွက်စာမတက်အခြေမခိုင်
    ဖြစ်ပေါ်လာမည့်အရေးကိုမျော်တွေး၍ကွင်းဆင်းဆောင်
    ရွက်ပေးပါ

    ReplyDelete
  3. ကျွန်တော်က မြင်းခြံသားပါ၊ မြင်းခြံက ဆရာ/မ တွေလစာထုပ်တဲ့ အခါတိုင်း ပညာရေးမှုးရုံက
    အနဲဆုံး ၂၅၀၀ အမြဲတမ်း ပဲ အဖြတ်ခံရပါတယ်။ သူတို့အကြောင်းပြချက် ကတော့ ရုံဖုန်း
    ဘေလ်ဖိုး၊ရေဖိုး၊မီးဖိုး၊ ဘယ်အငြိမ်းစားဝန်ထမ်းနာရေး ဘာကြေး၊ညာကြေးတွေနဲ့ အမြဲတမ်းကို
    မြို့နယ် အတွင်းက ပညာရေးဝန်ထမ်းတွေရဲ့ လုပ်ခလစာလေးကို ဖြတ်နေကြပါတယ်။
    မြင်းခြံ မြို့နယ်အတွင်းက ပညာရေးဝန်ထမ်းတွေကို ကူညီကြပါဦး။
    မြင်းခြံ ခရိုင်တွင်းက နွားထိုးကြီး မြို့နယ်က ဆရာ/မ တွေဆို လစာ အပြည့်ရ ကြတယ်
    အဲဒါဘာကြောင့်လဲ ဖြေရှင်းကြပါဦး။

    ReplyDelete
  4. ရုံးဒီနေ့ဖွင့်နေပါတယ် ဒါပေမဲ့ ရုံးစာရေးမလာပါဘူး ကျွန်တော်ဆီမှာအခက်အခဲရှိပါတယ် ဧရာဝတီတိုင်း၊ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ၊ အထက(1) စာရေး အလုပ်တွင်းမရှိပါသဖြင့် ကျွန်တော်အလုပ်လျောက်ရာတွင်အခက်အခဲဖြစ်ရပါတယ် ဌာနသက်ဆိုင်ရာမှာကူညီဖြေရှင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်

    ReplyDelete