Sunday, May 27, 2012

အချစ်ရေးက လောလောဆယ် ပြောစရာ မရှိပါဘူး ယုသန္တာတင်

အချစ်ရေးက လောလောဆယ် ပြောစရာ မရှိပါဘူး ယုသန္တာတင်အခု လတ်တလော ကြော်ငြာတွေ ရိုက်တယ်။ ဇာတ်ကားကတော့ ကိုနေတိုးနဲ့ ရိုက်တဲ့ ကား ပြီးသွားပြီ၊ ကာရိုက်တာတွေကို ပီပြင်အောင်တော့ ကိုယ်တတ်နိုင်သမျှ ကြိုးစား တယ်။

ဇာတ်ကားတွေ ကြည့်ပြီး အမြဲတမ်း လေ့လာဖြစ်တယ်။ အချစ်ရေး ကတော့ လောလောဆယ် ပြောစရာမရှိပါဘူး။ ကိုယ်တကယ် ချစ်သူ ရွေးချယ်တော့ မယ်ဆိုရင် ဘယ်လို ပုံစံ ရွေးမှာလဲဆိုတော့ ကိုယ့်အပေါ် နားလည်တဲ့သူ၊ ကိုယ်နဲ့ အဆင်ပြေတဲ့သူကို ရွေးချယ်မှာပါ။ ပုံသဏ္ဍာန်ကတော့ ဘယ်လိုပုံစံ ဖြစ်ရမယ်ဆိုပြီး မှန်းထားတာ မရှိပါဘူး။ ကိုယ့်ရဲ့ ချစ်သူက ကိုယ့်ရဲ့ အနုပညာကို အားပေးရမယ်။ ကိုယ့်ကို အနုပညာအလုပ်တွေ လုပ်ခွင့်မပြုတဲ့ ချစ်သူဆိုရင်တော့ ရွေးချယ်ဖြစ်မှာ မဟုတ်ပါဘူး။ အခု လောလောဆယ်တော့ ဘယ်လိုလူမျိုးကို ရွေးမလဲဆိုတဲ့ စိတ်ကူးတော့ မထားသေးပါဘူး။ ကိုယ်ဘယ်လိုမျိုးမှ စိတ်ကြိုက်ဖြစ်မလဲ ဆိုတာလည်း မသိသေးပါဘူး။ ပရိသတ်ကိုတော့ ကိုယ့်ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ဘာမှ မပြောချင်သေးပါဘူးလို့ ကြော်ငြာမော်ဒယ် သရုပ်ဆောင် ယုသန္တာတင်က 8 DAYS ကို သူ့အချစ်ရေးနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

0 comments :

Post a Comment