Sunday, May 27, 2012

တယောထိုး ဖို့ပဲ အားစိုက်နေတယ် ဂျူဂျူးကေ“အခုလတ်တလောကတော့ တယောပွဲလေးတွေကို လက်ခံ တီးဖြစ်နေပါတယ်။ ဗီဒီယို အနေနဲ့ကတော့ ရိုက်ကူးထားတာ (၁၀) ကားပါတယ်။ ဒါပေမဲ့ သုံးလေး ကားလောက်ပဲ ထွက်လာသေးတယ်” လို့ ဆိုလာသူကတော့ သရုပ်ဆောင် တယောပညာရှင် ဂျူဂျူးကေပဲ ဖြစ်ပါတယ်။

ဂျူဂျူးကေ အနေနဲ့ ယခုအခါတွင် ကြော်ငြာများ၊ ဗီဒီယိုများကို လက်ခံ ရိုက်ကူးလျက် ရှိသလို၊ လောလောဆယ် MRTV-4 ဇာတ်လမ်းတွဲအတွက် အကြမ်းဖျင်း ရွေးချယ်ထားတဲ့ အထဲတွင် ပါဝင်လျက် ရှိပေမယ့် ကာယကံရှင်ကတော့ မသေချာသေးတဲ့အကြောင်း၊ တစ်ဆင့် ကျန်ရှိနေသေးကြောင်း ပြောသွားခဲ့ပါတယ်။ ဆက်လက်ပြီး ဂျူးဂျူးကေမှ “ဒီကြားထဲမှာတော့ ကုမ္ပဏီ နှစ်ပတ်လည် အခမ်းအနားတွေ တော်တော်များများမှာ တယောနဲ့ ဖျော်ဖြေရတယ်။ ဇာတ်ကားတွေ ရိုက်ကူးနေရပေမယ့် တယောနဲ့ ပတ်သက်ပြီး အိမ်မှာတော့ Family နဲ့ အမြဲတမ်း လေ့ကျင့်ဖြစ်တယ်။ နောက်ပိုင်းကျရင်တော့ တယောလိုင်းဖက်ကို ပိုကောင်းအောင် လုပ်ချင်တယ်။ တယောဖက်ကို ပိုပြီး လေ့ကျင့်ဖြစ်မယ်” လို့ ဖြေကြားသွားခဲ့ပါတယ်။

0 comments :

Post a Comment