Sunday, May 27, 2012

မြန်မာဒုက္ခသည်အရေး အိန္ဒိယ လူ့အခွင့်အရေးကော်မရှင် ပြော

အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသော မြန်မာဒုက္ခသည်များအရေးနှင့် ပတ်သက်၍ မြန်မာအစိုးရ အနေနှင့်အတူ မြန်မာ့အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ကိုင်တွယ်ဖြေရှင်းရန် အိန္ဒိယလူ့အခွင့် အရေး ကော်မရှင် NHRC က တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြနှင့် ကြာသပတေးနေ့က တွေ့ဆုံစဉ် NHRC ဥက္ကဋ္ဌ တရားသူကြီး K G Balakrishnan က ထိုသို့ တောင်းဆိုလိုက်ခြင်းဖြစ်ပြီး ထိုဒုက္ခသည်များအဆိုအရ လက်ရှိအစိုးရ လက်ထက် စနစ်တကျ နှိပ်စက်ညှဉ်းပမ်းမှုများကြောင့် ထွက်ပြေးလာကြခြင်းဟု သိရကြောင်းလည်း အသိပေး ပြောဆို လိုက်သည်။

ဦးဝင်းမြ အနေနှင့်လည်း ဤကိစ္စနှင့်ပတ်သက်၍ အစိုးရအနေနှင့် အရေးယူဆောင်ရွက်ဖို့ စဉ်းစားနိုင်ရန်အတွက် တင်ပြပေးမည်ဟု အာမခံ ပြောဆိုသွားခဲ့ကြောင်း PTI သတင်းတရပ်တွင် ရေးသားထားသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှာ သမ္မတ ဦးသိန်းစိန်၏ ထောက်ပံ့ငွေဖြင့် ရပ်တည်နေခြင်းဖြစ်ကာ အတွင်းရေးမှူးအဖြစ် ဦးစစ်မြိုင်က ဆောင်ရွက်နေသည်။

0 comments :

Post a Comment