အမေရိကန် သမ္မတ ဘားရက်အို ဘားမားသည် မေလ ၁၇ ရက်နေ့တွင် ဒဲရက်မစ်ချယ် အား မြန်မာ နိုင် ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် အမည် စာရင်းတင်သွင်း လိုက်ရာ ဒဲရက် မစ်ချယ် သည် နှစ်ပေါင်း ၂၂နှစ်အတွင်း ပထမဦး ဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံ အမတ် ဖြစ်လာတော့ မည်ဖြစ်သည်။
ဒဲရက်မစ်ချယ်ကို မြန်မာနိုင်ငံဆိုင်ရာ သံ အမတ်အဖြစ် ရွေးချယ်လိုက်ကြောင်း အို ဘားမားက အိမ်ဖြူတော်မှ ထုတ်ပြန်သော ကြေညာချက်တစ်ရပ်၌ ဖော်ပြခဲ့သည်။ ဒဲရက်မစ်ချယ် သည် အိုဘားမား၏ သမ္မတသက်တမ်း အတွင်း မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒ ညှိနှိုင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။ အမေရိကန်နှင့် မြန်မာနိုင်ငံတို့အကြား စီးပွားရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှု တိုး တကလ်ာခြင်း သည် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများကို အားပေး ကူညီရန် အတွက် အရေးကြီးကြောင်း လည်း အိုဘားမားက ပြောကြားခဲ့သည်။
0 comments :
Post a Comment