Sunday, May 27, 2012

သက်ကြီးများ အတွက် ကူညီဖေးမရာ နည်းလမ်းကောင်းများ

သက်ကြီးများ အတွက် ကူညီဖေးမရာ နည်းလမ်းကောင်းများ-အလည် သွားပါ။

ဘိုးဘွား ရိပ်သာမှာ နေထိုင် ကြသော သက်ကြီး ရွယ်အိုများ အပါအဝင် အဘွားအို၊ အဘိုးအို များဟာ တစ်ကိုယ်တည်း အထီးကျန် နေတတ်ကြ ပါတယ်။ ဒါ့ကြောင့် သင် သူတို့ဆီ အလည်သွား ပြီး နှုတ်ဆက်လိုက်တဲ့ မိနစ်အနည်း ငယ်အတွက် သူတို့မှာ ဘယ်လောက် ထိကြာ ပျော်ရွှင်မှုကို ခံစားရမလဲ ဆိုတာကို သင်နားလည်ကြည့်ပေးပါ။

- ချက်ပြုတ် ကျွေးမွေးပါ။

အသက်အရွယ်ကြီးမြင့်လာတဲ့ အတွက် ကိုယ်တိုင်ချက်ပြုတ်စား သောက်ဖို့ဆိုတာ လွယ်ကူလှတဲ့အလုပ် မဟုတ်တော့ပါဘူး။ ဒါ့ကြောင့် သင် ထမင်း၊ ဟင်းချက်ပြုတ်တဲ့အခါ အနည်း ငယ်ပိုချက်လိုက်ပြီး သင့်ရဲ့ပတ်ဝန်း ကျင်ရှိ အဘွားအို၊အဘိုးအိုများကို ဝေ ငှပေးခြင်းဖြင့် ကုသိုလ်ယူပါ။

- စာဖတ်ပြပါ။

အသက်အရွယ် အိုမင်းလာတဲ့ အခါ အမြင်အာရုံချို့တဲ့လာမှာမို့ စာ ဖတ်နိုင်တော့မှာမဟုတ်ပါဘူး။ သူတို့ ဆီ အလည်သွားတဲ့အခါ စာအုပ် သို့ မဟုတ် သတင်းစာကို ဖတ်ပြပါ။ ဒါမှ မဟုတ်လည်း အသံသွင်းထားတဲ့ တိတ်ခွေလေး လက်ဆောင်ပေးလိုက် ပေါ့။

- အတူကစားပါ။

အဘွားအို၊ အဘိုးအိုများနှင့်အတူ စစ်တုရင်ထိုးခြင်း၊ ကျားထိုးခြင်းစတဲ့ ဂိမ်းများကို ကစားပါ။ သူတို့ကိုယ်သူ တို့ ငယ်ရွယ်တဲ့ခံစားမှုများ ရရှိအောင် ကူညီပေးပါ။

- ရာသီဥတုမကောင်းမွန်တဲ့အခါ သူတို့ကို သွားရောက်ကြည့်ရှုပေးပါ။

-ငယ်စဉ်က ဓာတ်ပုံတွေကို ပြန်ကြည့် ပါစေ။ - အိမ်မှုကိစ္စအချို့ကို သွားရောက်လုပ် ကိုင်ပေးပါ။ တစ်ယောက်တည်းနေတတ်တဲ့ အဘွားအို၊အဘိုးအိုရဲ့အိမ်မှာ သူတို့ မပြုလုပ် နိုင်တဲ့ အိမ်မှုကိစ္စများကို သွား ရောက်လုပ်ကိုင်ပေးခြင်းဖြင့် ကူညီပေး ပါ။

- နားထောင်ပါ။

လူတိုင်းဟာ ကိုယ်စကားပြော တာကိုနားထောင်ပေးဖို့လူတစ်ယောက် ကတော့ အမြဲလိုအပ်ပါတယ်။ အသက် ကြီးအထီး ကျန်နေတဲ့သူဆိုရင် ပိုမို လိုအပ်ပါတယ်။ ဒါ့ကြောင့် သူတို့ ပြောတာကို သေချာနားထောင်ပေးခြင်းဖြင့် သူတို့ရဲ့ဘဝကို သင် ကူညီပေးနိုင်ပါလိမ့်မယ်။

- ဖုန်းဆက်ပါ။

အကယ်၍ သူတို့ထံသို့ သွား ရောက်လည် ပတ်ဖို့မအား လပ်ဘူး ဖြစ်နေတယ်ဆို ရင် အနည်းဆုံးတော့ ဖုန်းလေးဆက်ပြီး သာကြောင်းမာ ကြောင်း မေးဖို့ လိုအပ်ပါတယ်။ အဆက်အသွယ် မပြတ်စေနဲ့ပေါ့။

ဇင်မာမြင့်

0 comments :

Post a Comment