Sunday, May 27, 2012

အနုပညာကြေး မကြည့်ဘဲ အနုပညာကျန်မဲ့ ဇာတ်ရုပ်ဆို ရိုက်ချင်တယ် သီရိရှင်းသန့်

အနုပညာကြေး မကြည့်ဘဲ အနုပညာကျန်မဲ့ ဇာတ်ရုပ်ဆို ရိုက်ချင်တယ် သီရိရှင်းသန့်သီရိ အခုလတ်တလော ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ Cover တွေ ရိုက်ဖြစ်တယ်။ ဇာတ်ကား ရိုက်ဖို့ ပြောထား တာတော့ ရှိပါတယ်။

ဇာတ်ကားက ဘဝသရုပ်ဖော် ဇာတ်ကားပုံစံမျိုးပါ။ အင်္ကျီ ကြော်ငြာတွေလည်း ရိုက်ထားတာ ရှိပါတယ်။ နောက်ထပ်ရိုက်ဖို့ ပြောထားတာတွေလည်း နှစ်ခု သုံးခုလောက် ရှိပါတယ်။ နေမကောင်းတာ သုံးခါလောက် ဖြစ်တော့ စာမျက်နှာ ထက်ကနေ နည်းနည်းပျောက်ပြီး ပရိသတ်နဲ့ ဝေးနေတာပါ။ အခုတော့ ကျန်းမာရေး ကောင်းနေ ပါပြီ။ Media တွေနဲ့လည်း အဆက်သွယ် မပြတ်တော့ပါဘူး။

သီရိ ရိုက်ချင်တဲ့ ကာရိုက်တာတွေက အစုံပါပဲ။ မိဘစကား နားမထောင်တဲ့ အရမ်းကြမ်းတဲ့ ကာရိုက်တာတွေလည်း လုပ်ချင်တယ်။ အရမ်းဆိုး သွမ်းတဲ့ ကောင်မလေး ပုံစံတွေလည်း သရုပ်ဆောင် ချင်ပါ တယ်။ နေမကောင်း ဖြစ်နေ တာတောင် ဇာတ်ကားတွေ ကြည့်တာတော့ မပြတ်ဘူး။ တစ်ခါတလေ ကိုးရီးယားကားတွေ ကြည့်ပြီး မိုးလင်းသွားတာတောင် ရှိတယ်။ အခုချိန်မှာဆိုရင် အနုပညာကြေးကို ကိုယ့်ဘက်က မကြည့်ဘဲ အနုပညာကျန်မဲ့ ဇာတ်ရုပ်တွေဆို အကုန်လက်ခံပြီး ရိုက်မှာပါဆိုပြီး သရုပ်ဆောင် သီရိရှင်းသန့်က 8 DAYS ကို ပြောပြခဲ့ပါတယ်။

MTA

0 comments :

Post a Comment