3G ကွန်ရက်ကို WCDMAဖုန်း တစ်မျိုးသာမက မိုဘိုင်းဖုန်းအား လုံးကို ပါပေး ရန် ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ ''နောက်ပိုင်း ဖုန်းတွေ အားလုံးမှာ 3G ထည့်ပေးထားမှာပါ။
3G ရမရ ဟန်း ဆက်သုံးစွဲမှုပဲ ကွာခြားမှာပါ'' ဟု မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ်တစ်ဦး က ပြောသည်။ လက်ရှိတွင် မြန်မာ့ဆက်သွယ် ရေးမှ မိုဘိုင်းဖုန်းများ အင်တာနက် သုံးစွဲခွင့်ပေးရာတွင် ကျပ်နှစ်သိန်းခွဲ တန်WCDMA ဖုန်းတစ်မျိုးသာလျှင် 3G စနစ်ထည့်သွင်း အသုံးပြုခွင့်ပေး ထားပြီး ဂျီဖုန်းများကိုမူ 2.7Gသာ သုံးစွဲခွင့်ပြု ထားကြောင်း သိရသည်။ အဆိုပါဖုန်းများ အင်တာနက် အသုံးပြုခွင့်ကို မေ ၇ ရက်နေ့တွင် စတင် အသုံးပြုခဲ့သည်။ 3G စနစ်ဖြင့် ပေးထားသညWCDMA ဖုန်းများကို တစ်မိနစ်သုံးစွဲခ ၄ ကျပ်နှုန်းဖြင့် လည်းကောင်း၊ 2.7G ဖြင့် ပေးထား သည့် ဂျီဖုန်းများအားလုံးကိုမူ တစ်မိ နစ် ၂ ကျပ်နှုန်းဖြင့် ကောက်ခံသွား မည်ဖြစ်သည်။ အင်တာနက်အသုံး ပြုခွင့် လျှောက်ထားမှုအား မည်သည့် မိုဘိုင်းဖုန်းမဆို ကျပ်တစ်သောင်း ပေးသွင်းရုံဖြင့် သုံးစွဲ ခွင့်ပေးထား ကြောင်း သိရသည်။ ''3G အဆင့်ကနေ 4G အ ဆင့်အထိ တိုးချဲ့ပြီးပေးမှာပါ။ ဒီစနစ် တွေအားလုံး လာမယ့် တစ်နှစ် နှစ် နှစ်အတွင်း အပြီး သတ်ဆောင်ရွက် ပေးသွားမှာပါ''ဟု ၄င်းက ဆက် လက်ပြောသည်။
လက်ရှိတွင် ဖုန်းအလုံးရေနည်း ပါးပြီး 3Gစနစ်ရရှိသည်WCDMA ဖုန်း တစ်မျိုးသာလျှင် အင်တာနက် သုံးစွဲရာတွင် အဆင်ပြေနေပြီး ဂျီဖုန်း များမှာမူ အင်တာနက်သုံးစွဲမှု နှေး ကွေးနေကြောင်း သိရသည်။ ကျောက်တံတားမြို့နယ်မှ ဖုန်း ဖြင့် အင်တာနက်သုံးစွဲသူ ကိုနေ အောင်က ''ပိုက်ဆံ ၂ ကျပ်ကွာပြီး 3G လိုမြန်နှုန်းကောင်းကောင်းပဲ သုံး ရတာ အဆင်ပြေမှာပါ။ မြန်နှုန်း မကောင်းရင် အလကားပေးတာ တောင် မသုံးချင်ပါဘူး''ဟုပြောသည်။ မိုဘိုင်းဖုန်းများ အင်တာနက် လျှောက်ထားခြင်းကို လက်ရှိတွင် အလုံဆက်သွယ်ရေးရုံး၊ ရွှေဂုံတိုင် ဆက်သွယ်ရေးရုံး၊ ပန်းဆိုးတန်း ဆက်သွယ်ရေးရုံး၊ လမ်း(၄ဝ)အော် တိုတယ်လီဖုန်းရုံး၊ ရန်ကုန်စာတိုက် ကြီးနှင့် ဖုန်းများရောင်းချပေးသည့် ကုမ္ပဏီများတွင် လျှောက်ထားနိုင်ပြီး မိုဘိုင်းဖုန်းဟန်းဆက်ရောင်းချသည့် ဆိုင်များတွင်လည်း ဝန်ဆောင်ခပေး ၍ လျှောက်ထားနိုင်သည်။
0 comments :
Post a Comment