Sunday, May 27, 2012

“အကယ်၍များ” ဂီတဖြေဖျော်ပွဲတွင် ဖယောင်းတိုင် ထွန်းညှိသည့် လှုပ်ရှားမှု




ယမန်နေ့ည (မေလ ၂၆) ရက်နေ့က ကျင်းပသည့် “အကယ်၍များ” ဂီတဖြေဖျော်ပွဲတွင် ဖယောင်းတိုင် ထွန်းညှိသည့် လှုပ်ရှားမှုကို ယခုလိုတွေ့မြင်ရသည်။
ပုသိမ်မြို့ HIV/AIDS ဖြေဖျော်ပွဲတွင်လည်း ဖယောင်းတိုင်ထွန်းညှိဆန္ဒထုတ်ဖေါ် မေလ ၂၇ ရက်၊ ၂၀၁၂ ခုနှစ်-မျိုးမင်းထွန်း (YPI) ယမန်နေ့ည က ပုသိမ်မြို့ ပြည်ထောင်စုကွင်းတွင် ကျင်းပသည့် HIV/AIDS ရံပုံငွေ ဖြေဖျော်ပွဲတွင်လည်း ပရိတ်သတ်နှင့် အဆိုတော်အချို့ လျှပ်စစ်မီးမှန်ရေး ဖယောင်းတိုင်များ ထွန်းညှိကာ ဆုတောင်းခဲ့ကြသည်။ `တကယ်လို့များ´ ဟုအမည်ပေးထားသည့် R ဇာနည်၊ ဆောင်းဦလှိုင်၊ ချမ်းချမ်း ၊ စန္ဒီမြင့်လွင် အစရှိသည့် အဆိုတော်များပါဝင်သည့် ယမန်နေ့ည ဂီတဖြေဖျော်ပွဲ၌ အဆိုတော် လင်းလင်းက ၎င်း အလှည့်ရောက်သည့်အခါ ဖယောင်းတိုင်မီးထွန်းညှိပြီး ဆန္ဒထုတ်ဖေါ်သူများအား နားလည်ကြောင်း ပြသသည်မှ စတင်ပြီး ပရိတ်သတ်များပါ ဖယောင်းတိုင်ထွန်းညှိ ခဲ့ကြသည်။ ပုသိမ်မြို့သည်လည်း အခြားသော မြို့ကြီးများနည်းတူ လျှပ်စစ်မီးမှန်ရေး ဖယောင်းတိုင်ထွန်းညှိလှုပ်ရှားမှုတွင် ပါဝင်လာခဲ့သည့် ၂ ရက်မြောက်နေ့တွင် ယခုကဲ့သို့ ဂီတဖြေဖျော်ပွဲတွင်ပါ ဖယောင်းတိုင် ဖြင့်ဆန္ဒထုတ်ဖေါ်လာကြခြင်းဖြစ်သည်။ ယခုအခါ မန္တလေး၊ ရန်ကုန်၊ ပေါင်းတည်၊ ပြည်၊ သုံးခွနှင့် ပုသိမ်မြို့များတွင် ဖယောင်းတိုင်လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြပြီးဖြစ်သည်။ ။

0 comments :

Post a Comment