Sunday, May 27, 2012

အဂ္ဂမဟာ သဒ္ဒမဇောတိကဓဇ မဟာဂန္ထ၀ါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ အလိုတော်ပြည့်ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တ အရိယ၀ံသအား ဗိုလ်မှူးဝင်းမောင်မောင်(ငြိမ်း)မိသားစုက အလှူငွေ(၂



အဂ္ဂမဟာ သဒ္ဒမဇောတိကဓဇ မဟာဂန္ထ၀ါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ အလိုတော်ပြည့်ဆရာတော် ကြီး ဒေါက်တာ ဘဒ္ဒန္တ အရိယ၀ံသအား ဗိုလ်မှူးဝင်းမောင်မောင်(ငြ
ိမ်း)မိသားစုက အလှူငွေ(၂၇)သိန်းလှူဒါန်းပွဲကို ရန်ကုန် အလိုတော်ပြည့်ကျောင်းတိုက်တွင်မေ(၂၇)ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။



အလှူရှင်အနေဖြင့် အနာဂတ် သာသနာတော်အတွက် မဖြစ်မနေဖြည့်ဆည်းလှူဒါန်းသင့်သော ကိစ္စရပ်တစ်ခုဟု ခံယူလှူဒါန်းခြင်းဖြစ်ကြောင်းသိရသည်။ "ကျွန်တော်အလုပ်ကိစ္စနဲ့ မောင်တောကိုရောက်ခဲ့တော့ ဆရာတော်ကြီးရဲ့တပည့်ဆရာတော်ရဲ့ ဆောက်လက်စနှစ်ထပ်ကျောင်းတစ်ကျောင်းကိုတွေ့ခဲ့ရတယ်။ အလှူငွေအခက်အခဲကြောင့် ဆက်မဆောက်နိုင်ဖြစ်နေရတာကိုလဲသိခဲ့ရတယ်။ ပြီးတော့ မောင်တော ဟာ မြန်မာနယ်စပ်ရဲ့ အစွန်ဆုံးမြို့ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်(၂)ရာခိုင်နှုန်း၊ ဘာသာခြား(၉၈)ရာခိုင်နှုန်းရှိနေတယ်ဆိုတာကိုလဲ သိခဲ့ရတယ် ဒီတော့ကာ ဆရာတော်တွေအတွက်ရော၊ အနာဂတ်သာသနာတော် အတွက်ပါ မဖြစ်မနေဖြည့်ဆည်းလှူဒါန်းသင့်တယ်လို့ ကျွန်တော်ခံယူပြီး ခုလိုလှူဒါန်းရတာဖြစ်ပါတယ်။ ခုလှူဒါန်းတာကလဲ ပထမဆင့်အဖြစ်ပါ။ နောက်ကိုလဲဆက် လှူဦးမှာပါ။ အခုလှူဒါန်းတဲ့အထဲမှာ စစ်တွေ လောကနန္ဒာစေတီတော် သိမ်တော်ကြီးမှာ သီတင်းသုံနေတော်မူ တဲ့ အောင်စကြာမုနိ ဗုဒ္ဓရုပ်ပွားတော်ကြီးရဲ့ သိမ်တော်ကြီးပြုပြင်ဖို့ရယ်၊ အလိုတော်ပြည့်ဆရာတော်ကြီးအမှူးပြုတဲ့ ဆရာတော် သံဃာတော်တွေအတွက် တစ်နေ့တာ နေ့ဆွမ်းအတွက်ရယ်၊ ဆောက်လုပ်ဆဲကျောင်းတိုက်တစ်တိုက်အတွက် ရယ်ပါ ပါပါတယ်"ဟု ဗိုလ်မှူးဝင်းမောင်မောင်(ငြိမ်း)ကပြောသည်။

အခမ်းအနားအပြီးတွင် အလိုတော်ပြည့်ဆရာတော်ကြီးက စာနယ်ဇင်းဆရာများ၏ လျှောက်ထားမေးမြန်းချက် များကိုပြန်လည်ဖြေကြားခဲ့သည်။

0 comments :

Post a Comment