Sunday, May 27, 2012

တရုတ် သမ္မတ၊ တောင်ကိုရီးယား သမ္မတ နှင့် ဂျပန် ဝန်ကြီးချုပ်တို့တွေ့ဆုံ PDF Print E-mail

2701 china jpn rok leaders met for fta

မေ ၁၄။ ။ တရုတ်သမ္မတ ဟူကျင်တောင်းသည် တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်၊ ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါတို့နှင့် တရုတ်နိုင်ငံ ဘေကျင်းမြို့တွင်တွေ့ဆုံခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယားနှင့် ဂျပန်ခေါင်းဆောင်များသည် တရုတ်နှင့် ငါးကြိမ်မြောက် သုံးနိုင်ငံ ထိပ်သီးအစည်းအဝေး (Trilateral Summit Meeting) သို့ တက်ရောက်ရန် ရောက်ရှိနေခြင်းဖြစ်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခေါင်းဆောင် ဟူကျင်းတောင်းနှင့် တွေ့ဆုံခဲ့ပြီး သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။

တရုတ်ဦးဆောင်သော သုံးနိုင်ငံ ကုန်သွယ်ရေးရာ ကိစ္စရပ်များအပြင် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးတို့ကို တိုးမြှင့်ရန် သဘောတူညီခဲ့ကြသည်။ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့် နှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်ရန်လည်း သဘောတူညီခဲ့ကြသည်။ တရုတ်သည် ဂျပန်နှင့် တောင်ကိုရီးယားတို့အတွက် ကူးသန်းရောင်းဝယ်ရေး ထိပ်တန်း လက်တွဲဖော်ဖြစ်ကြောင်း သိရသည်။ ဂျပန်နှင့် တောင်ကိုရီး ယားနိုင်ငံများတွင် တရုတ်စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးလုပ်ကိုင်ရန် သဘောတူညီခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ပညာရေး ကိစ္စရပ်များပါ ပူးပေါင်း မြှင့်တင်ရန် တိုင်ပင်ဆွေးနွေးခဲ့သည်။

အဆိုပါ သုံးနိုင်ငံ အဖွဲ့ကို အရှေ့တောင်အာရှအဖွဲ့ အာဆီယံ နှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့ တွေ့ဆုံသည့် ၁၉၉၉ ခုနှစ်တွင် တစ်ပြိုင်နက် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၀၈ ခုနှစ်မှစတင်၍ သုံးနိုင်ငံခေါင်းဆောင်များသည် အာဆီယံ၊ တရုတ်၊ ဂျပန် နှင့် တောင် ကိုရီးယား တွေ့ဆုံဆွေးနွေးပွဲပြင်ပတွင် ငါးကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပြီးဖြစ်သည်။ ၎င်းသုံးနိုင်ငံ ကုန်သွယ်မှုတန်ဖိုးသည် ၁၉၉၉ ခုနှစ် က အမေရိကန်ဒေါ်လာ ၁၃၀ ဘီလျံရှိခဲ့ ရာမှ ၂၀၁၁ ခုနှစ်တွင် ၆၉၀ဘီလျံသို့ မြင့်တက်ခဲ့ကြောင်း သိရသည်။

---

0 comments :

Post a Comment