Sunday, May 27, 2012

နေတိုးတပ်ဖွဲ့ အာဖဂန်မှ ဆုတ်ခွာသော်​လည်း ဆက်လက်ကူညီ ​နေဦးမည်

2726 nato 2provide aid evenwhen withdrawn

မေ ၂၁၊ ချီကာဂို။ ။ နေတိုးတပ်ဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီး Anders Fogh Rusmussen သည် အာဖဂန် နစ္စတန်နိုင်ငံနှင့် ပတ်သက်၍ အောက်ပါအတိုင်း ကြေညာချက် အသစ်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
၂၀၁၄ ခုနှစ်အကုန်တွင် နိုင်ငံတကာတပ်ဖွဲ့များ အာဖဂန်မြေမှ ဆုတ်ခွာမည်ဆိုသော်လည်း ထောက်ပံ့မှုများ၊ လေ့ကျင့်သင်ကြားမှု များ ဆက်လက်ရှိနေမည် ဖြစ်သည်။ ထို့ပြင် နေတိုးဦးဆောင်သော နိုင်ငံတကာ လုံခြုံရေးတပ်ဖွဲ့ ISAF (International Security Assistance Force) တပ်ဆုတ်ခွာသော်လည်း ပုံစံတစ်မျိုး အမည်တစ်မျိုးဖြင့် ကူညီထောက်ပံ့ရေးတပ်ဖွဲ့ ထားရှိဦးမည် ဖြစ်သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ တရားဝင်သတ်မှတ် ဖွဲ့စည်းပေးထားသော နေတိုးဦးဆောင်သည့် တပ်ဖွဲ့တစ်ခုဖြစ်မည်ဖြစ်ကြောင်း သိရသည်။ သို့သော် ISAF နှင့် လုံးဝမတူတော့ဘဲ လုပ်ဆောင် ချက်များကအစ ကွဲပြားမည်ဟု သိရသည်။
၂၀၁၃ ခုနှစ်အကုန်တွင် အာဖဂန် အမျိုးသား လုံခြုံရေးတပ်ဖွဲ့ (ANSF - Afghan National Security Forces) တွင် တပ်အင်အား ၃၅၂,၀၀၀ ရှိလာမည် ဖြစ်သည်။ လုံခြုံရေး တာဝန်ကို အာဖဂန်အစိုးရအား အပြည့်အဝလွဲပြောင်းပေးမည် ဖြစ်ပြီး တပ်အင်အား၏ လိုအပ်ချက်များကို ဆက်လက်ထောက်ပံ့သွားမည်ဟု သိရသည်။ ANSF တပ်အင်အား ၂၂၈၅၀၀ အတွက် တစ်နှစ်လျှင် အမေရိ ကန် ဒေါ်လာ ၄.၁ ဘီလျံလိုအပ်ချက်များကို အာဖဂန်အစိုးရက ၂၀၁၅ တွင် စတင်၍ အမေရိကန် ဒေါ်လာ သန်း ၅၀၀ စိုက်ထုတ်ဟု အာမခံထားသော်လည်း မည်ဖြစ်ပြီး၊ နေတိုးနှင့် အခြားအလှူရှင်နိုင်ငံများကလည်း ထောက်ပံ့ကြေးများ ပေးအပ်မည်ဖြစ်သော်လည်း မည်မျှ ပေးအပ်မည်ကိုမူ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။
“ဇူလိုင်လ ၈ ရက်နေ့၊ ဂျပန်မှာ အာဖဂန်အရေးကိစ္စ သီးသန့်ဆွေးနွေးပါမယ်။ အဲ့အချိန်ကျရင် အာဖဂန်နစ္စတန် ပြန်လည် ထူထောင်ရေး၊ စီးပွားရေး ပြန်လည်မြှင့်တင်ရေးနဲ့ ငွေကြေးထောက်ပံ့မှုများကို အဓိကထား ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတ ကမှ အလှူရှင်များစွာလည်း ပေါ်ပေါက်လာမယ်လို့ ယုံကြည်ပါတယ်” ဟု အမေရိကန် အစိုးရ အိမ်ဖြူတော်မှ ထုတ်ပြန်သော ကြေ ညာချက်အရ သိရှိရသည်။

0 comments :

Post a Comment