Sunday, May 27, 2012

ဖုန်းများ SMSပို့ရာတွင် ပိုက်ဆံ ဖြတ်ခြင်း မရှိတော့ ဟူသည့် သတင်း မဟုတ်မှန်

ဖုန်းများ SMS ပေးပို့ရာတွင် ပိုက်ဆံ ဖြတ်ခြင်း မရှိတော့ ဟူသည့် သတင်းမှာ မဟုတ်မှန်ယနေ့ အွန်လိုင်း စာမျက်နှာ များပေါ်တွင် မိုဘိုင်းဖုန်းများ SMS ပေးပို့ရာတွင် ပိုက်ဆံဖြတ်တောက်ခြင်း မရှိတော့ ဟူသည့် သတင်းမှာ လုံးဝ မဟုတ် မှန် ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဌာန၏ အကြီးတန်း တာဝန်ရှိသူတစ်ဦးက 7Day News သို့ပြောကြားလိုက်သည်။

၎င်းကဆက်လက်ပြီး ''ဖြစ်မှမဖြစ်နိုင်တာ မက်ဆေ့ခ်ျပို့ရင် ပိုက်ဆံမဖြစ်ဘူးဆိုတာ။ အရင်အတိုင်းပဲ ကျသင့်တဲ့နှုန်းကို ဖြတ်မှာပါ" ဟု 7Day News သို့ဖြေကြားသည်။ လက်ရှိတွင် ဂျီအက်စ်အမ်ဖုန်းကိုင်ဆောင်သူများမှ လတ်တလောပေးပို့ထားသည့် မက်ဆေ့ခ်ျများအတွက် ဆက်သွယ်ရေးမှ ပိုက်ဆံဖြတ်တောက် ထားခြင်း မရှိခြင်းဖြစ်ပေါ်နေခြင်းမှာ Server Error ကြောင့်သာဖြစ်ပေါ်နေခြင်းဖြစ်ပြီး မကြာမီအချိန်အတွင်းတွင် ပိုက်ဆံဖြတ်တောက် ထားခြင်းမရှိသည့် မက်ဆေ့ခ်ျအထွက်စာများ အတွက် ပြန်လည်ဖြတ်တောက် မည်ဖြစ်ကြောင်း ရတနာပုံ တယ်လီဖုန်း စင်တာ၏ မြန်မာ့ ဆက်သွယ်ရေး ကဏ္ဍမှ ဖြေကြားပေးသည်။

0 comments :

Post a Comment