Sunday, May 27, 2012

Porn star များနှင့် ဓာတ်ပုံ အရိုက်ခံခဲ့သည့် ဘီလ် ကလင်တန်

2744-bill-clinton-with-porn-starlets

မိုနာကိုတွင် ပြုလုပ်ခဲ့သည့် ညစာစားပွဲ အခမ်းအနားတစ်ခုတွင် အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန်၏ စိတ်ဝင်စားမှု ခံခဲ့ရပြီး ၎င်းနှင့်အတူ ဓာတ်ပုံ တွဲရိုက်ခဲ့ရတယ်လို့ အပြာဇာတ်ကားများမှာ ပါဝင် သရုပ်ဆောင်သူ porn star နှစ်ဦးက သူမတို့ရဲ့ twitter စာမျက်နှာမှတဆင့် ကြွားလုံး ထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။

William J. Clinton Foundation နဲ့ Prince Albert II of Monaco Foundation တို့အတွက် ရံပုံငွေ ရှာဖွေသည့်အနေဖြင့် မိုနာကိုတွင် ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ ညစာစားပွဲတွင် ကလင်တန်ဟာ သူမတို့ ထိုင်နေရာ စားပွဲကို မကြာခဏ စိုက်ကြည့်နေခဲ့တယ်လို့ နာမည်ကျော် porn star ဘရွတ်ကလင်း လီက ပြောကြားခဲ့သည်။

လီနဲ့ သူမ သူငယ်ချင်း အဖော်အချွတ်မယ် တာရှာ ရိန်းတို့ဟာ Penthouse မဂ္ဂဇင်းကို ပိုင်ဆိုင်သော ကုမ္ပဏီ၏ CEO ဖြစ်သူ မတ် ဘဲလ်ရဲ့ ဧည့်သည်များအဖြစ် အဆိုပါ အခမ်းအနားကို တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

သူမတို့ နှစ်ဦးဟာ ကလင်တန်နဲ့ တွေ့နိုင်ရန် ကြိုးစားတဲ့အခါ လုံခြုံရေး တပ်ဖွဲ့ဝင် များက နှင်လွှတ်ခဲ့ကြကြောင်း၊ နောက်မှသာ ကလင်တန်က သူမတို့ကို အနားသို့ လာခွင့်ပြုခဲ့ပြီး အခြား အမျိုးသမီး တစ်ဦးနှင့်အတူ သူနဲ့ ဓာတ်ပုံ တွဲရိုက်ခွင့်ပြုခဲ့တာ ဖြစ်ကြောင်း၊ သူမတို့ဟာ ကလင်တန်နဲ့ ခဏသာ စကားပြောခွင့်ရခဲ့ပြီး “ရှင်ဟာ အရမ်းတော်တဲ့ သမ္မတ တစ်ယောက်ပါ” လို့ လီက ပြောခဲ့ရာ ကလင်တန်က ပြုံး၍ မျက်စိတစ်ဖက် မှိတ်ပြခဲ့ကာ သူမတို့ကို ပွေ့ဖက် နှုတ်ဆက်ခဲ့တယ်လို့ TMZ က တယ်လီဖုန်းဖြင့် အမေးအဖြေ ပြုလုပ်ရာမှ လီက ပြောပြခဲ့ပါတယ်။

လုံခြုံရေး တပ်ဖွဲ့ဝင်များက တားဆီးခဲ့သော်လည်း ကလင်တန်က သူမတို့ ဘယ်လို မိန်းကလေးတွေ ဖြစ်တယ်ဆိုတာကို ဂရုမထားဘဲ တွေ့ဆုံခွင့် ပြုခဲ့ကြောင်း လီက ပြောကြားခဲ့ပြီး ရိန်းကလည်း ယခုလို ဓာတ်ပုံများ အွန်လိုင်းတွင် ပျံ့နှံ့သွားမှုကြောင့် ကလင်တန်ရဲ့ ရွေးကောက်ပွဲ ပြန်ဝင်မည့် အစီအစဉ်နှင့် အခြား သူ့ရဲ့ လုပ်ငန်း အစီအစဉ်တွေကို မထိခိုက်နိုင်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

0 comments :

Post a Comment