ယူရို-၂၀၁၂ပြိုင်ပွဲ တွင်အောင်မြင်မှု ရရှိရန် အတွက်ပြင်ဆင်နေသည့် အင်္ဂလန် အသင်းနည်းပြ ရွိုင်းဟော့ဒ်ဆန် အတွက် ဒဏ်ရာ ပြဿနာများမှာ အဓိက ထိုးနှက်ချက်များ ဖြစ်နေသည်။ အင်္ဂလန် အသင်းရဲ့ အဓိက ကစားသမား များဖြစ်သည့် ၀ဲလ်ဘတ်နှင့် ဂလင်းဂျွန်ဆင်တို့မှာ ကြံ့ခိုင်မှုပြဿနာ များ ရှိနေပြီး ယူရိုပြိုင်ပွဲကြီးတွင် ပါဝင်ရန် သံသယဖြစ်ဖွယ် အနေအထားတွင် ရှိနေကြောင်း သိရသည်။ ကွင်းလယ် ကစားသမား တစ်ဦးဖြစ်သည့် ပါကားမှာလည်း ယမန်နေ့က ပြုလုပ်ခဲ့သည့် အသင်း၏ လေ့ကျင့်ခန်း အစီအစဉ်များတွင် ပါဝင် ခဲ့သော်လည်း ကြံ့ ခိုင်မှု အခြေအနေမှာ စိုးရိမ်ဖွယ်ရာ အနေအထားတွင် ရှိနေသေးကြောင်း သိရသည်။ ဟော့ဒ်ဆန်သည် ပါကားနှင့် ဂျွန်ဆင်တို့ နှစ်ဦးအား ပြင်သစ်နှင့် ကစား ရမည့် ပွဲဦးထွက် ပွဲစဉ်တွင် ထည့်သွင်း အသုံးပြုရန် ရည်ရွယ်ထားပြီး ပွဲပယ် ခံထားရသည့် တိုက်စစ်မှူး ရွန်းနီ မပါဝင်နိုင်သည့် ပထမ ပွဲစဉ်နှစ်ပွဲတွင် ၀ဲလ်ဘတ် အား အသုံးပြုရန် စီစဉ်ထားခြင်းကြောင့် အဆိုပါ ကစားသမားများ၏ ကြံ့ခိုင်မှု အခြေအနေမှာ နည်းပြအတွက် ခေါင်းခဲစရာ ဖြစ်နေသည်။
0 comments :
Post a Comment