Sunday, May 27, 2012

ချစ်သူဖြစ်သူနှင့် အမှတ်မထင် လက်ထပ်လိုက်သည့် Mark Zuckerberg

2717 Mark Zuckerberg Married2

ကမ္ဘာ့အကြီးဆုံး လူမှုရေးကွန်ယက်အား စတင်တည်ထောင်ခဲ့သူ၊ အမှုဆောင်အရာရှိချုပ် Mark Zuckerberg သည် Facebook စတော့ခ် များအား Nasdaq စတော့ခ်အိတ်ချိန်းတွင် သောကြာနေ့က ပထမဆုံးအကြိမ် စတင်ရောင်းချပြီးနောက် စနေနေ့တွင် ယင်း၏ ကာလရှည် ကြာ ချစ်သူဖြစ်ခဲ့သူ အသစ်စက်စက် ဆရာဝန်မလေး Priscilla Chan နှင့် ကြိုတင်ကြေညာထားခြင်းမရှိဘဲ အမှတ်မထင် လက်ထပ်သွားခဲ့ ပြီဖြစ်သည်။

အဆိုပါ သတင်းအား ထုတ်ပြန်ကြေညာခဲ့သည်မှာလည်း Facebook မှ တပါး အခြားမရှိပေ။ ယင်းတို့ နှစ်ဦးစလုံးသည် Facebook ပေါ် တွင် “Married” ဟု status ပြောင်းခဲ့ကြပြီး၊ သတို့သား Zuckerberg ၏ page ပေါ်တွင် "Mark added a life event to May 19, 2012 on his timeline: Married Priscilla Chan," ဟု ရေးသားထားသည်ကို တွေမြင်ရမည်ဖြစ်သည်။

2717 Mark Zuckerberg Married1

အသက် ၂၈ နှစ် အရွယ် Zuckerberg သည် ယင်းတို့၏ စုံတွဲပုံအား Facebook တွင် post လုပ်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်သည်။ ယင်း ပုံထဲတွင်မူ Zuckerberg အား ထူးထူးခြားခြားအဖြစ် hoodie အစား အနက်ရောက် Suit ဖြင့် တွေ့မြင်ခဲ့ရပြီး သတို့သမီးမှာ အဖြူရောင် ဇာထိုးလက်ပြတ် သတို့သမီးဝတ်စုံ ဝတ်ဆင်ထားခဲ့သည်။

မေ ၁၉ ရက်နေ့သည် Zuckerberg ၏ မွေးနေ့လည်းဖြစ်ပြီး အဆိုပါပွဲသို့ ဖိတ်ကြားခံထားရသူများက မွေးနေ့ပွဲဟုပင် ထင်မှတ်နေခဲ့ကြ သည်ဟု သိရှိရသည်။

၎င်းတို့ နှစ်ဦးသည် Harvard တက္ကသိုလ်တွင် ဆုံတွေ့ခဲ့ကြပြီး Priscilla သည် ၂၀၀၇ ခုနှစ်တွင် ရုက္ခဗေဓ အထူးပြုဖြင့် ဘွဲ့ရရှိခဲ့ပြီး ထို့နောက် ယခုအခါတွင် California တက္ကသိုလ် ဆန်ဖရန်စ္စကိုမှ ဆရာဝန်ဘွဲ့အား ရရှိခဲ့ခြင်းဖြစ်သည်။

Priscilla သည် ယခင်က မူလတန်းကျောင်းတွင် ဆရာမလုပ်ခဲ့ဖူးပြီး Facebook တွင် အလုပ်လုပ်ရန်လည်း စိတ်ဝင်စားကြောင်း ပြော ကြားခဲ့ဖူးသည်။

---

0 comments :

Post a Comment