Sunday, May 27, 2012

သက်သက်ချစ်ဇော်ရဲ့ အနုပညာလှုပ်ရှားမှု

Thet Thet Chit Zaw1

Model စလုပ်တုန်းကတော့ အိမ့်ဖူးငယ် ဆိုတဲ့ နာမည်နဲ့ လုပ်ခဲ့တာပါ။ အခုတော့ နာမည်အရင်းကိုပဲ သုံးချင်လို့ ပြောင်း လိုက်တာ ပါ။ ရှေ့က သက်သက်ဆိုတဲ့ နာမည်ကနာမည် အရင်းပေါ့။ Model အနေနဲ့ စလုပ်ဖြစ်တာကတော့ ၂၀၀၈ တုန်းတည်းကပါ။ သူငယ် ချင်းတစ်ယောက်က Designer လုပ်ချင်တယ်၊ Miss People 2008 မှာ Designer က ကိုယ့် Model နဲ့ ကိုယ် ၀င်ပြိုင်ရမယ် ဆိုလို့ သူ့အတွက် Model ၀င်လုပ်ပေးတာပါ။ အဲဒီပွဲမှာ ၀င်ပြိုင်ရင်းနဲ့ Top Ten ထဲပါသွားတာ။ ကိုယ့်ကိုယ်ကို အဲဒီလောက် လုပ်နိုင်မယ် လို့ မထင်မိဘူး။ အဲဒီနောက်ပိုင်းမှာ show တွေ ဆက်လျှောက်ဖြစ်ရင်းနဲ့ ဆက်ပြီးတော့ လုပ်ဖြစ်သွားတာပါ။

Model တစ်ယောက် ဆိုတာ ကိုယ်ပိုင် Style နဲ့ Talent ရှိဖို့ လိုအပ်မယ် ထင်ပါတယ်… လို့ ဆိုလာတဲ့ သက်သက်ချစ်ဇော်က Photo Model လုပ်ရတာကို ပိုပြီးနှစ်သက်ပါတယ်တဲ့ …

“ဓာတ်ပုံတွေ ရိုက်ရတာတော့ ငယ်ငယ်ထဲက ၀ါသနာပါတယ်ဆိုတော့ ညီမနဲ့ ပိုပြီးအဆင်ပြေတယ်။ နောက်ဆိုလဲ Photo Model သီးသန့်ပဲ လုပ်ဖြစ်တော့မယ် ထင်ပါတယ်။”

သူမရဲ့ မော်ဒယ်ခရီး အမှတ်တရလေးတွေကို မေးဖြစ်တဲ့ အခါမှာတော့ …

အမှတ်တရတွေကတော့ အများကြီးပဲ။ ၂၀၀၉ သင်္ကြန်မကျခင်တုန်းက ကိစ္စကတော့ ခုထိအမှတ်ရနေတုန်းပဲ။ အဲဒီနေ့က အလုံဆိပ် ကမ်းက သင်္ကြန်အကြိုပွဲတစ်ခု လုပ်တယ်။ အဲဒီမှာ ညီမတို့ သူငယ်ချင်း ၄ ယောက် သွားကရတယ်။ မကခင် ၅ မိနစ်လောက် အလို မှာ တစ်ခြားအဖွဲ့တစ်ခုက တစ်ယောက်လက်ဆော့ထားတာ။ အအေးဘူးကိုခွဲပြီးတော့ ပစ်ထားတဲ့သံပြားက တစ်ခြားတစ်ယောက်နဲ့ တိုက်မိပြီး ညီမရဲ့ခြေမကို တည့်တည့်စိုက်သွားတာ။ အဲဒီအချိန်တုန်းက အရမ်းလည်းနာတယ်၊ သွေးတွေကလည်း အများကြီးပဲ၊ အဆိုတော်တွေရော၊ တစ်ခြားအဖွဲ့က လူတွေရော အားလုံးဝိုင်းပြီးတော့ ညီမကို ဆေးထည့်ပေးကြတယ်။ တော်တော်လည်း လန့် သွားတယ်။ ငါ ဆက်ကနိုင်ပါ့မလား ဆိုပြီးတော့ စိတ်လည်းညစ်သွားတယ်။ ညီမ ဒဏ်ရာရသွားလို့ ညီမတို့ အဖွဲ့တောင် နောက် ကျမှ ကလိုက်ရတယ်။ ကမယ်ဆိုတော့လည်း CD က ထစ်နေတယ်။ ဒါပေမဲ့ အဆင်ပြေသွားပါတယ်။ ကနေတုန်းတော့ စိတ်ကြောင့် လားမသိဘူး မနာပေမဲ့ အိမ်ပြန်ရောက်တော့ လမ်းတောင် မလျှောက်နိုင်တော့ဘူး။ ၂ ရက်လောက် ဖျားသွားတယ်။ အဲဒါကတော့ လုံးဝကို အမှတ်တရ ဖြစ်နေတာပေါ့။

သူမ ကြိုက်နှစ်သက်တဲ့ Style ကတော့ …

Free Style ပဲ ကြိုက်ပါတယ်။ ညီမက ရှုပ်ရှုပ်ယှက်ယှက်တွေ ၀တ်ရတာကို မကြိုက်ဘူး။ ရိုးရိုးလေးနဲ့ လူတွေအမြင်မှာ မျက်စိအေး မယ့် design မျိုးပဲ ကြိုက်တယ်။

ကိုယ့်ကိုယ်ကို အမြဲ up to date ဖြစ်နေအောင် လေ့လာတဲ့ အနေနဲ့ …

Online ကနေ အင်္ကျီလေးတွေ ၀င်ကြည့်ဖြစ်တယ်။ နောက်ပြီးတော့ Korea episode ထဲကအင်္ကျီ design တွေလည်း ကြည့်ဖြစ် တယ်။ ပြီးတော့ ညီမရဲ့ designer aunty နဲ့လည်း အမြဲ discuss လုပ်ဖြစ်တယ်။

ပြည်တွင်း၊ ပြည်ပမှာ သူမအားကျတဲ့ မော်ဒယ်တွေက …

Tyra Banks (Tyra Lynne Banks) American model နဲ့ ထက်ထက်ဝင့်

အနုပညာ မျိုးရိုးနဲ့ ပတ်သက်ပြီး …

ဟုတ်ကဲ့ … ။ အဆိုတော် ကိုရဲလေးနဲ့ ဘိုလေးတို့က ၀မ်းကွဲ အစ်ကိုတွေပါ။

အဆိုတော် ရဲလေး၊ ဘိုလေးတို့ရဲ့ ညီမ ပီသစွာနဲ့ပဲ သူမကလည်း သီချင်းဆိုရတာကို ၀ါသနာ ပါပါတယ်တဲ့။

သီချင်းဆိုတာကို ၀ါသနာပါတယ်။ 2004-2005 တုန်းကတော့ သီချင်းတွေ လုပ်ဖြစ်သေးတယ်။ ဗိုလ်လုပွဲ ၁ မှာတုန်းကတော့ သီချင်းတစ်ပုဒ် ၀င်ဆိုဖူးတယ်။ နောက်ပိုင်းအစ်ကိုတွေက မလုပ်နဲ့ဆိုလို့ ဆက်မလုပ်ဖြစ်တာ…။

အားလပ်ချိန်တွေ အသုံးပြုပုံကို သက်သက်ကိုချစ်တဲ့ ပရိသတ်တွေကို share လိုက်တာက …

အိပ်တယ်၊ Online ၀င်တယ်၊ Korea Episode တွေကြည့်တယ်၊ သူငယ်ချင်းတွေနဲ့ မုန့်သွားစားတယ်၊ နောက်တစ်ခုကတော့ ဖုန်းပြောတယ် … :P

ချစ်တဲ့ ပရိသတ်ကြီး Online ကနေ ဆက်သွယ်ဖို့…

Facebook ကတော့ ThetThet Chit Zaw နာမည်နဲ့ပါပဲ။ gmail ကတော့ mc.shinsawpu@gmail.com ပါ။

အနုပညာလောကမှာ ကိုယ့်အားကိုယ်ကိုးပြီး ရပ်တည်နေတဲ့ သူမရဲ့အကြောင်းကိုလည်း ခုလိုသိခဲ့ရပါတယ်။

“အခက်အခဲတွေကတော့ ခုထိရှိနေတုန်းပါပဲ။ ညီမက ဘယ်သူ့ရဲ့ အကူအညီမှ ရခဲ့တာမဟုတ်ပါဘူး။ ကိုရဲ (ရဲလေး) နာမည်ကြီး တယ်ဆိုပေမယ့် သူလည်းပဲ သူကိုယ်တိုင်ပဲ ကြိုးစားခဲ့ရတာလေ။ သူ့ညီမဆိုတာတောင် သိတဲ့သူတွေရှိသလို မသိတဲ့သူတွေလည်း ရှိ တယ်။ အခုခေတ်မှာက များသောအားဖြင့် နောက်ခံ background ရှိမှ အဆင်ပြေတာလေ။ တိုက်ခိုက်မှုတွေ ရှိခဲ့ပေမယ့် ခံနိုင်ရည် ရှိအောင် အမြဲကြိုးစားနေပါတယ်။”

သူမရဲ့ အချစ်ရေးကတော့ အေးဆေးပါပဲ တဲ့ …

ညီမကခံစားရမှာ ကြောက်တယ်။ အခုတော့ ကိုယ့်ကိုယ်ကိုအချစ်ဆုံးလို့ ပြောရမယ်…

သူမရဲ့ အနုပညာ လှုပ်ရှားမှုတွေအကြောင်းကို ပြောပြရာမှာ …

MRTV-4 က Program လေးတွေ ရိုက်ထားတယ်။ Who is Photogenic program မှာ Miss Best Smile… ဆုရထား တယ်။ နောက်ပြီး စမ်းချောင်း၊ မင်းလမ်းက Exotica Photo Studio အတွက် ဓာတ်ပုံတွေ ရိုက်ထားတယ်။ 7-Days News ရဲ့ Fashion ကဏ္ဍ အတွက်လည်း ရိုက်ပေးထားတယ်။ VCD လည်း ၃ပုဒ် ရိုက်ထားတယ်။ ဒီရေတိုးရဲ့ VCD မှာလည်း ၀င်ရိုက်ပေး ထားတယ်။

ပရိသတ်အတွက် စကားလက်ဆောင် …

“သက်သက်ကိုချစ်တဲ့ ပရိသတ်ကြီးအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ နေနိုင်ပါစေလို့ … သက်သက်ကပရိသတ်ရဲ့ အားပေး မှု ရှိနေလို့သာ ခုအချိန် အထိ ဒီနေရမှာ ရှိနေခဲ့ရတာပါ။ ဘာတွေပဲ ဖြစ်လာဖြစ်လာပါ အားပေးမဲ့သူတွေ ရှိနေခဲ့လို့ အမြဲစိတ်ဓာတ်မ ကျဘဲ နေနိုင်ခဲ့တာပါ။ အားလုံးကို ကျေးဇူးတင်ပါ တယ်။ ချစ်လည်းချစ်ပါတယ်။ ရွှေလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အခုလိုမျိုး သက်သက်ကိုပရိသတ်နဲ့ ထိတွေ့ခွင့်ရအောင် လုပ်ပေးခဲ့လို့ပေါ့။ ရွှေလုံး media ကိုလည်း သည့်ထက် အောင်မြင်ပါစေလို့ ဆုတောင်း​ပေးလိုက်ပါတယ်"။

Interviewed by: Shwelone Yangon Crew

Organized by: Shwelone Yangon Crew

Photos by: မိုးဆွေ (ရွှေလုံး). All Rights Reserved.

0 comments :

Post a Comment