Saturday, May 26, 2012

သူ့ ဘ၀မှာ မေ့ထားလို့မရတဲ့ ဂီတတစ်ခုကို ပြောပြတဲ့ရဲလေး


ရဲလေးက စက်တင်ဘာ ၄ရက်မှာ ကျင်းပမယ့် သူ့ရဲ့တစ်ကိုယ်တော်ရှိုးအတွက် အစွမ်းကုန်ပြင်ဆင် မှုတွေပြု လုပ်နေပြီး ဒီကြားထဲမှာ တခြားရှိုးတွေလည်း သိပ်မဆို ဖြစ်ဘဲတစ်ကိုယ်တော်ရှိုးအတွက် အားမွေး ထားတယ်လို့ သိရပါတယ်။ ကြားထဲမှာ တော့ ရဲလေးကအတွဲခွေတွေဆိုထားပါ တယ်။ အတွဲခွေထဲကသီချင်းတွေကို ရဲလေး အနေနဲ့ ဘယ်လိုရွေးချယ်ဆိုဖြစ်လဲလို့ မေးတော့…
”အတွဲခွေအတွက်ကတော့ သီချင်း သီးသန့်ရေးပါတယ်။ တစ်ကိုယ်တော်အခွေ အတွက် ဆိုဖို့လုပ်ထားတဲ့ အထဲကတော့ မပေး ဖြစ်ပါဘူး။ အတွဲခွေ မှာပါတဲ့ လူ အပေါ်ကြည့်ပြီးမှပါတဲ့လူတွေ အအေးတွေ လုပ်မလား၊ အမြူးတွေလုပ်မလားကြည့် ပြီးတော့မှ ကျွန်တော်သီချင်းစရေးပါတယ်။ အဓိက ကတော့ ကိုယ့်သီချင်း လည်းပေါ် အောင်ဘာပဲ လုပ်လုပ်စေတနာထားပြီး တော့လုပ်ဖြစ်ပါတယ်”လို့ ပြောပါတယ်။ မကြာမီက ထွက်ရှိ ထားတဲ့ Gate way အခွေကလည်း လူငယ်တွေကြားမှာတော် တော်ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီအခွေရဲ့ ပရိသတ် အားပေးမှုကိုရဲလေးကိုယ်တိုင် ပြန်ကြားရပြီ လားလို့ မေးတော့….
”Gate way က ဖြည်းဖြည်းချင်း တော့ ကြိုက်လာကြတယ်ပေါ့။ ဝုန်းဒိုင်းကြီး ထပေါက်သွားမယ့်ပုံစံတော့ မဟုတ်ဘူး။ ဖြည်းဖြည်းချင်း ကြိုက်လာ ပြီးနောက်ဆုံးကျ မှ လူစိတ်ဝင်စားမှုရတဲ့ အခွေတွေပါ။ ပရိသတ် အားပေးမှုကတော့ ခုလောလော ဆယ်မှာသိပ်အားမရသေးဘူး။ လူငယ်တွေ က သူ့အလုပ်နဲ့သူရှုပ်နေ ကြတာလည်းပါ တာပေါ့။ ကျွန်တော်တို့လုပ်ထားတဲ့ ပုံစံတွေ ကိုတော့ကျွန်တော်တို့ကိုယ်တိုင် အားရပါ တယ်။ ပရိသတ်ရဲ့ အားပေး မှုကိုပဲ ပိုအား ရချင်တာပေါ့။ ဒါပေမဲ့ ဒီခေတ်ကြီးမှာ ဒီလောက်အားပေးတယ် ဆိုတာ ပဲ တော် တော်အားရပါတယ်” လို့ ပြောပါတယ်။ Gate way အခွေကR&B ဂီတကို ပိုမိုကြီးထွားအောင် လုပ်လိုက်တဲ့အခွေလို့ ပြောတဲ့ရဲလေးက ခုချိန်မှာသူ့အနေနဲ့ R&B ရော၊Hip Hop ရောကို အရမ်း လုပ် ချင်နေပြီး Hip Hop က သူ့ဘဝ အတွက်မေ့ထား လို့မရတဲ့ ဂီတတစ်ခုပါ လို့ ပြောပါတယ်။ ပရိသတ်ကတော့ ကျွန်တော့်ကို မယ်လိုဒီဆန်ဆန် သီချင်း ချိုချိုလေး တွေ ပိုသဘောကျကြတယ်။ အဲဒီ လို ချည်းပဲသီးသန့်ကျတော့လည်း သူတို့ကမကြိုက်ဘူး။ ရက်ပ် ပါတာ လေးတွေလည်း ကြိုက် ကြတော့ ပရိသတ်မရိုးအောင်ပုံစံဆန်း ဆန်းလေးတွေ တစ်ခုမဟုတ် တစ် ခု အမြဲလုပ်ဖြစ်ပါတယ်”လို့ပြော ပါတယ်။ ရဲလေးက သူ့ရဲ့ တစ်ကိုယ် တော်ရှိုး ပြီးရင်တော့ ‘ရူးသွပ် ခြင်းပင်လယ်’လို့ အမည်ပေး ထားတဲ့ သူ့ရဲ့ဘိုင်အိုဂရပ်ဖီ စာ အုပ်ကိုဓာတ်ပုံသီးသန့် မဟုတ် ဘဲ သူ့ဘဝဖြစ်စဉ် အကြောင်း တွေ ဝေဝေဆာ ဆာနဲ့ထွက်ရှိလာ မှာဖြစ်ပြီးသူ့ရဲ့ ‘ရကောက်ဘဝနဲ့ နေထိုင်ခြင်း’ဆိုတဲ့တစ်ကိုယ်တော် အခွေကိုတော့ ၂ဝ၁၂ လောက်မှ ပဲထွက်ဖြစ် မှာဖြစ်ကြောင်းချစ်တဲ့ ပရိသတ်ကိုသတင်းပေးလိုက် ပါတယ်။
ရဲရဲ

0 comments :

Post a Comment