ဗြိတိန်နိုင်ငံ GIRLS ALOUD’ အဖွဲ့ရဲ့အဆိုတော်၊ အဆိုတော် ဖြစ်ချင်သူများပြိုင်ပွဲဝင်ရတဲ့’THE X FACTOR’ ရဲ့ ကြီးကြပ်ဒိုင်၊ တစ်ကိုယ်တော်တေးသီချင်းများကို ALBUMထုတ်လုပ်သူ၊ ပရီးမီးယာ လိဂ်ကနာမည်ကျော် ဘောလုံး သမား ‘ASHLEY COLE ‘ ရဲ့ ဇနီးဟောင်း “CHERYL COLE” ဟာ အင်္ဂလန်နိုင်ငံရဲ့ အကျော်ကြားဆုံး CELEBRITYကြယ်ပွင့်များ မှာ တစ်ယောက်အပါအဝင်ဖြစ်ပါ တယ်။CHERYL ဟာ နဂိုကတည်း ကပိုင်ဆိုင်ထားပြီးဖြစ်တဲ့ ချောမော လှပတဲ့ ရုပ်ရည်နဲ့စတိုင်လ်လှ၊ ဖက်ရှင်ကျကျ ဝတ်ဆင်တတ်မှုတို့ ကြောင့်လည်း ထင်ပေါ်ကျော်ကြား သူ ဖြစ်ပါတယ်။ ‘GIRLS ALOUD’ အဖွဲ့ဟာ အင်္ဂလန်နိုင်ငံရဲ့ ‘SPICE GIRLS’ အဖွဲ့လောက်က မ္ဘာကျော် ကြား၊ နာမည်တအားမကြီးခဲ့ပေ မယ့် တေးဂီတလောကမှာတော့ ဘာသာသီးခြားရပ်တည်နိုင်ခဲ့ပါ တယ်။ GIRLS ALOUD’အဖွဲ့မှာ သီချင်းဆို နာမည်ရနေစဉ် မှာပဲ ပရီး မီးယားလိဂ် CHELSEA အသင်း က ကမ္ဘာကျော်ဘောလုံးသမား ASHLEY COLE နှင့် တွဲနေရာမှ လက်ထပ်ပေါင်းသင်းလိုက်တဲ့ အခါမှာတော့ CHERYL ဟာ ‘WAGS’ (ဘောလုံးသမားများ၏ ဇနီးများနှင့် ချစ်သူများကို အတိုကောက်ခေါ်သောအမည်) အဖွဲ့ဝင် ဖြစ်သွားပြီး လူအများပိုပြီး အာရုံ စိုက်စရာဖြစ်လာခဲ့ပါတယ်။ လိုက် ဖက်ညီတဲ့စုံတွဲမို့ လူအများသဘော တကျရှိစဉ်မှာပဲ ASHLEYရဲ့ ဖောက်ပြန်မှုသတင်းများ ပေါ်ထွက် လာပြီး နောက်ဆုံးမှာတော့ ကွဲကွာ တဲ့ ဘဝကိုရောက်ရှိသွား ခဲ့ပါတယ်။ ဒီအချိန်ကာလက ဃံနျွူ့ ဟာ စိတ်ဆင်းရဲ ဖိစီးမှုများကြောင့် ပြောစမှတ်ပြုရလောက်အောင် ခန္ဓာ ကိုယ်အလေးချိန်များ ကျဆင်းသွား ခဲ့ပြီး၊ “ASHLEY နဲ့ ကွဲရရင်တော် ပါပြီ။ သူ့ဆီက ဘာပစ္စည်းမှ မလို ချင်ပါဘူး” လို့ ပြောခဲ့ရတဲ့အထိကြီးကျယ်စွာ နာကျင်ထိခိုက်ခဲ့ရပါ တယ်။ အိမ်ထောင်ရေးကိစ္စများ ကြောင့် လူအများ အာရုံစိုက်စရာ ဖြစ်နေတဲ့ ကာလမှာပဲ CHERYL ဟာ အမေရိကန်နိုင်ငံTVက ကမ္ဘာ ကျော်အစီအစဉ်တစ်ခုဖြစ်တဲ့ ‘AMERICAN IDOL’အဆိုပြိုင်ပွဲ က ကြီးကြပ်ဒိုင်၊ ကမ္ဘာကျော်ကြယ်ပွင့် အင်္ဂလိပ်လူမျိုးMON COWELL ရဲ့ ဖိတ်ခေါ်မှုနဲ့ အင်္ဂလန်မှာလွှင့်မယ့် ‘THEX FACTOR ‘မှာ ဒိုင်အဖြစ်ပါဝင်ဖို့ သဘောတူလိုက်ပါတယ်။ ‘THEX FACTOR ‘ ဟာ အောင်မြင်မှုအကြီး အကျယ်ရသလို CHERYL ဟာ လည်း ပရိသတ်အများ သဘောကျ နှစ်ခြိုက်ပြီးသတင်းများမှာ အဆက် မပြတ်ပါဝင်လာတဲ့၊ ပရိ သတ် အသည်းစွဲ ထိပ်တန်းကြယ်ပွင့် အဖြစ် ရောက်ရှိလာခဲ့ပါတယ်။ CHERYL နှင့်အတူ ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်တဲ့ သြစတြေးလျန်း သူ နာမည်ကျော် အဆိုတော် KYLIE MINOGUE ရဲ့ ညီမ DANNI ဟာလည်းCHERYL နည်းတူ နာမည်ကြီးလာပါတယ်။ သူမတို့ နှစ်ယောက်ရဲ့ ပွဲဝင်ဝတ်စုံ များကို ဒီဇိုင်နာကြီးငယ်တို့က အပြိုင် အဆိုင်Sponsor ပေးခဲ့ကြ ပြီး သူတို့ရဲ့ ဖက်ရှင်များကြောင့် ပွဲ ဟာပိုမြိုင်ဆိုင်လာတယ်လို့တောင် ဆိုနိုင်ပါတယ်။ ဝတ်စားဆင်ယင်မှု မှာ ဘယ်သူကပိုပြီး ဖက်ရှင်အကျဆုံး လဲဆိုတာ ပရိသတ်များကို ရွေးချယ် စေတဲ့အထိ နာမည်ကြီးလာခဲ့ပါ တယ်။ ဒီအချိန်က CHERYL ရဲ့ သြဇာဘယ်လောက်ကြီးမား ခဲ့သလဲ ဆိုရင် CHERYLက ဆံပင်ကို အနီ ရောင်ဆိုးတဲ့အခါမှာ သူမ ဆိုးတဲ့ L’OREAL PARIS ရဲ့ CASTING CRE`ME GLOSS IN MAHOGANYဆိုးဆေးရဲ့ ရောင်း အားဟာ (၂ဝဝ%)နှစ်ရာ ရာခိုင်နှုန်း ခုန်တက်သွားခဲ့ပါ တယ်။ CHERYL ရဲ့ မျက်နှာပုံနဲ့သူမရဲ့ လက်မှတ်ထိုး ထားတာ ပါဝင်တဲ့ အကန့်အသတ် နှင့်ထုတ်လုပ်တဲ့ ပန်းရောင် ELNE ဆံပင်ဖျန်းဆေး HAIRSPRAY ဟာတစ်မိနစ်တိုင်း သုံးဘူးရောင်းရတဲ့အထိ ရောင်းအား တက်ခဲ့ပါတယ်။ သူမတSHOWအစီအစဉ်ပြသတဲ့ ညတိုင်းရဲ့ နောက်တစ်နေ့တွေမှာ သူမဝတ် ဆင်ခဲ့တဲ့ ဝတ်စုံများအားလုံးဟာ ရောင်းမလောက်အောင် ဖြစ်ခဲ့ ပါတယ်။ တော်ရုံတန်ရုံလူ မဝတ် ဆင်ရဲတဲ့ အသားကပ် ဘောင်း ဘီအကျပ်များတောင် တစ်ခဏချင်း ကုန်အောင်ရောင်းထွက်ခဲ့ပါတယ်။ သူမရဲ့ ဖက်ရှင်များကို ပရိသတ်များ သဘောကျနှစ်သက်မှုကို CHERYL ကိုယ်တိုင်မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။ CHERYL ဟာ’XFACTOR’ နှင့်အတူ ကြီးကျယ် ခမ်းနားတဲ့ အောင်မြင်မှုကိုရရှိခဲ့ တယ်လို့ဆိုနိုင်ပါတယ်။ ခုအချိန်မှာ တော့CHERYL ဟာ ‘XFACTOR’ ရဲ့ တခြားေ သာနာမည်ကျော် ကြယ်ပွင့်များဖြစ်ကြတဲ့ PE’NELO PE CRUZ, J.LO တို့လိုပဲ L’ORE’ALရဲ့ကြော်ငြာစံပြမယ် လည်း ဖြစ်နေပါပြီ။ ခုချိန်မှာ CHERYL ကို GOOGLE လုပ် ကြည့်မယ်ဆိုရင်သူ့ FAN (၃၇)သန်းထိရှိတာတွေ့ရပါမယ်။တချို့နိုင်ငံခေါင်းဆောင်များထက် ပိုသာ တာကိုတွေ့ရမှာ ဖြစ်ပါတယ်။ CHERYL ဟာ ‘GIRLS ALOUD’ အဖွဲ့နဲ့ TOP TEN ဝင်တဲ့ တေးဂီတ SINGLE (၂ဝ) ထိ ထွက်ခဲ့ပြီး သူမရှဲ့ SOLO တစ်ကိုယ်တော် ALBUM (2) ခုနှင့် SOLO SINGLE ALBUM (2)ခု တို့က လည်းအရောင်းရဆုံးစာရင်း ဝင်ခဲ့ပါတယ်။ CHERYL ဟာ အင်္ဂလန်နိုင်ငံ ရဲ့ ‘X FACTOR’ အောင်မြင်မှု ကြောင့် ‘US-X FACTOR’ မှာ ပါဝင်ခဲ့ပေမယ့် သူမရဲ့ လေယူ လေသိမ်းစကားဝဲမှုကို အမေရိကန် များ သိပ်နားမလည်တာကြောင့် ‘U S-X FACTOR ‘ ကြီးကြပ်ဒိုင်အဖြစ်မှ နုတ်ထွက်ခဲ့ရပါတယ်။ဒီအဖြစ် ကြောင့် L.A မှ အင်္ဂလ န်နိုင်ငံကို ပြန်လာပြီး နောက်ထပ် SIMON COWELL က ခေါ်တော့လည်း မပါတော့ဘဲ အင်္ဂလန် X FACTORကလည်း နုတ်ထွက်ခဲ့ပါတယ်။ ဒီ ကြားထဲမှာလည်း ခင်ပွန်းဟောင်း ဖြစ်သူASHLEY COLE ရဲ့ ထပ် ပြန်တလဲလဲတောင်းဆိုမှုကြောင့် ခဏပြန်တွဲသလို ဖြစ်ပေမယ့် ကြာ ကြာမခံပါဘူး။ သူမအသိုင်းအဝိုင်း အားလုံးက လည်း ASHLEY COLE နဲ့မပတ်သက်ဖို့သူမကို စိုးရိမ်တကြီး သတိပေးခဲ့ကြပါတယ်။ ခွဲခွာစက ပြင်းထန်နာကျင်စွာ ခံစားခဲ့ရပေမယ့် ယခုအချိန်မှာတော့ CHERYL က
ဗှူံန့ ကို အေး ဆေးအတိတ်မှာ ထားရစ်နိုင်ခဲ့ပါပြီ။ ဒီကြားထဲမှာ ASHLEY COLE ရဲ့ လောက၊ အလုပ်၊ ပတ်ဝန်းကျင်ပေါ်မှာထား တဲ့အမြင်တွေလည်း ပြောင်းသွား ခဲ့ပါတယ်။ ပြောင်းသွားရတဲ့ အကြောင်းရင်းကတော့ လွန်ခဲ့တဲ့ တစ်နှစ်ကCHERYLဟာ ခရီး တစ်ခုထွက်ပြီးကအပြန်မှာ ငှက်ဖျား ပိုးကူးစက်ခံရပြီး ရောဂါဒဏ်အကြီး အကျယ် ခံစားခဲ့ရပါတယ်။ ဆရာဝန် များက သူမဟာ ‘၂၄’နာရီပဲ ခံတော့ မယ်လို့တောင် ပြောကြတဲ့အထိ ငှက်ဖျားရောဂါကို ပြင်းထန်စွာ ခံစားခဲ့ရပါတယ်။ ဒီလိုဖြစ်ပြီးတဲ့ နောက် အားလုံးက ပြောင်းလဲသွားခဲ့တယ်။ ကျွန်မတွက်တော့ ကြီး မားလှတဲ့ ပြောင်းလဲမှုလို့ ဆိုရမယ် ထင်တယ်။ အဲဒီတုန်းက ကျွန်မရဲ့ ကျောက်ကပ်ကြောင့် အသားေ တွ လည်း ဝါနေတာ၊လိုက်ဖက်တဲ့ မိတ် ကပ်တောင် ရှာလို့မရဘူး။ ဆရာဝန် တွေက လေ့ကျင့်ခန်း ဆက်မလုပ်ဖို့နဲ့ ခန္ဓာ ကိုယ်အလေးချိန်တက်အာင် လုပ်ရမယ်ဆိုလို့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး ကောင်းကောင်းစားရ တယ်။ ငှက်ဖျားကြောင့် ကျွန်မကြွက် သားတွေလည်း တင်းတင်းမာမာ မရှိတော့ဘူး။ ဒါပေမဲ့ ကျန်းမာရေးနဲ့ အတူ တခြားတစ်ခါမှ အာရုံထား မစဉ်းစားဘူးတဲ့ ကိစ္စတွေကို မြင်ခွင့်ရလာခဲ့တယ်။ မြင်လာခဲ့တယ်။ အခု တော့ အလုပ်၊ အလုပ်၊ အလုပ်ဆိုပြီး အာရုံထားခဲ့ တာတွေကိုလျှော့ ပြီး၊ အေးဆေး သက်သာနေဖို့နဲ့ မိဘ မိသားစု၊ သူငယ်ချင်းတွေကို အချိန် ပေးအရေးထားတဲ့ အပိုင်းကိုရောက် လာခဲ့ပြီလို့ CHERYL ကဆိုပါ တယ်။’X FACTOR’ မှာ မပါဝင် တော့ပေမယ့် CHERYL ရဲ့ထင်ပေါ် ကျော်ကြား အောင်မြင်မှုကတော့ လျော့ကျမသွားခဲ့ပါဘူး။ CHERYL ဟာ (၂ဝ၁၁) ဆောင်းဦးပေါက် ကာလက အာဖဂန် နစ္စတန်မှာရှိတဲ့ စစ်သည်များကို ဖြေဖျော်ဖို့ သွားခဲ့ပြီး (၂ဝ၁၂)နွေရာသီမှာပြသမယ့်’WHAT TO EXPECT WHEN YOU’RE EXPECTING’ ဆိုတဲ့ ရုပ်ရှင်ကားကြီး မှာလည်း မျက်နှာ သစ်အဖြစ် ပါဝင်ရိုက်ကူးခဲ့ရပါ တယ်။ ဒီရုပ်ရှင်မှာ ကမ္ဘာကျော်ဟော လီးဝုဒ်မင်းသမီးများဖြစ်တဲ့ CAMERON DIAZ နဲ့ JENNIFER LOPEZ တို့လ ည်း ပါဝင်ပြီး CHERYL ကတော့ဧည့်သည် သရုပ်ဆောင်အဖြစ်သာ ပါဝင်ရမှာ ဖြစ်ပေမယ့် CHERYLအနေနဲ့ ရင်ခုန်လှုပ်ရှား သဘောကျခဲ့ရတယ် လို့ဆိုပါတယ်။
CHERYLရဲ့နာမည်အရင်းကCHERYL ANN TWEEDY ဖြစ်ပါတယ်။ ညိုရွှေရောင်ဆံပင် (ခုချိန်မှာ ရွှေဝါရောင်ဆံပင်အသစ်၊ ပါးချိုင့်လေးများနှင့် အလှသခင်မ လေး CHERYLဟာ (30 JUNE ၁၉၈၃) မှာမွေးဖွားခဲ့ပြီး ယခုအချိန်မှာ အသက် (၂၉) နှစ်ထဲဝင်လာပြီဖြစ်ပါတယ်။ CHERYL ဟာ ငယ်စဉ်က ဆင်းရဲချို့တဲ့သူဖြစ်ပြီး အင်္ဂလ န်နိုင်ငံ၊ NEWCASTLE UPON TYNE မြို့ကလေးက COUNCIL ESTATE ကိုယ်ပိုင် အိုးအိမ်မရှိသူများကို ပေးတဲ့ အိမ်ရာ တိုက်ခန်းမှာကြီးပြင်းလာခဲ့ရသူ ဖြစ်ပါ တယ်။ သူမကြီးပြင်းရာ ဇာတိမြို့ကိုတော့ သူမရဲ့ အိမ်အဖြစ် အမြဲသတ်မှတ်ထားတယ်လို့ CHERYL ကဆိုပါတယ်။ CHERYL မှာမွေးချင်းမောင်နှမ ငါးယောက်ရှိပါ တယ်။ CHERYLရဲ့မွေးရပ်ဒေသ အင်္ဂလန်မြောက် ပိုင်းက လူအများကCHERYL ရဲ့ အမာခံပရိသတ်လည်း ဖြစ်ပါတယ်။CHERYL ဟာ’GIRLS ALOUD’ အဖွဲ့သား များနှင့်လည်း ချစ်ခင် စည်းလုံးမှုရှိပြီး၊ သူမနှင့် အနီးဆုံးမှာ နေထိုင်တဲ့KIMBERLEY WALISH နဲ့လည်း မကြာခဏ တွေ့ဆုံပြီး ရင်းနှီးချစ်ကြည်တဲ့ သူငယ်ချင်းဆက် ဆံရေးမျိုးရှိပါ တယ်။ CHERYL ဟာ အလှအပ ပြင်ဆင်ခြင်းကိုနှစ်သက်သူဖြစ်ပြီး၊ တကယ်လို့ အဆိုတော်၊ သရုပ် ဆောင်မဖြစ်ခဲ့ရင် မိတ်ကပ်တို့၊ စတိုင်တို့နှင့် ပတ်သက် တဲ့ အလုပ် တစ်ခုခုကို လုပ်ဖြစ်နေမှာ ဖြစ်တယ် လို့ ဆိုပါတယ်။ ရေမွှေးများကို လည်းCHERYLကအလွန်တရာ နှစ်သက်သူဖြစ်ပါတယ်။ကြယ်ပွင့် များအဖြစ်မှ ဒီဇိုင်နာ ဘဝကိုပါ ကူး ပြောင်း လုပ်ကိုင်သူများမှာ CHERYL လည်း တစ်ယောက်အပါ အဝင်ဖြစ် လာပြီလို့ ဆိုနိုင်ပါတယ်။CHERYL ဟာ ONLINEလက် လီအရောင်း LIST- PICK.CO.UKကနေ ဒီဇင်ဘာလက သူမ ရဲ့ပထမဆုံး SHOE COLLECTI ONကိုရောင်းချခဲ့ပါတယ်။ CHERYL ရဲ့တခြားဝါသနာဟာ TATTOO ဆေးမင်ကြောင် ထိုးခြင်း ဖြစ်ပါတယ်။ သူမ တစ်ဦးတည်း အလိုဆန္ဒအရဆိုရင် ကျောတစ်ပြင် လုံးTATTOOထိုးဖို့ ဖြစ်ပေမယ့် မိတ်ဆွေများရဲ့ တားမြစ်ကန့်ကွက်မှု များကြောင့် မလုပ်ဖြစ် တာလို့ဆိုပါတယ်။ ”ကျွန်မ အတွက်တော့ ဒါက အနုပညာ တစ်ရပ်ပဲ။ လူဆိုတာ ကိုယ်လိုချင်တာ ဘာမဆိုရပြီး လုပ် ချင်တာတွေလည်း လုပ်လို့ရတာ မကောင်းဘူးလား။ ကိုယ့်ဘာသာ အရှိအတိုင်း ဖြစ်တည်နေရတာကပဲ နှစ်သက်စရာ ကောင်းတယ် မဟုတ် လား။ လူတွေကတခြားလူတွေနဲ့ ပတ်သက်လို့ သေချာမသိဘဲ ဆုံး ဖြတ်ဝေဖန် ချင်ကြပြီး သူများ အကြောင်းလည်း အရမ်းကာရော ပြောချင်ကြတာ စိတ်မကောင်းစရာ ဘဲ”လို့ သူမနဲ့ပတ်သက်တဲ့ ကော လာဟလ သတင်းများကို အကြောင်း ပြုပြီး ဝမ်းနည်းစကားဆိုပါတယ်။ဒါပေမဲ့ ခုချိန်မှာတော့ CHERYL ဟာ အမှန်တကယ် ပြောင်းလဲသွားခဲ့ပြီး အမှန်တကယ် လည်း ပျော်ရွှင်လျက်ရှိပါတယ်။ အရင်တစ်ချိန်တုန်း က X’MAS ခရစ္စမတ်ကာလတွေမှာ မိသားစု သူငယ်ချင်းများကို လက်ဆောင်ပေး ဖို့ စီစဉ်ချိန်တစ်ပတ်ပဲရပြီး ဖြစ်သလို လုပ်ရပေမယ့်၊ ခုအချိန်မှာ တော့ တစ်ဦးချင်းစီရဲ့ လိုအပ်ချက် တွေကိုသေချာစဉ်းစားပြီး လက် ဆောင်များပေးဖို့ စီစဉ်ခဲ့ပါတယ်။ CHERYL မှာ တူ၊ တူမ (၁ဝ) ယောက်ခန့်ရှိပြီး ပွဲတော်ချိန်ခါမှာ မိသားစုများဆုံစည်းကြ ပြီး ကလေး များ တရုန်းရုန်း၊ ခွေးလေးများ တဝုန်းဝုန်းနှင့် သူမတို့မိသားစုရဲ့ ဇာတိ NEW CASTLE လေသံ အပြော အဆိုဆူဆူညံညံနှင့် ပျော်ရွှင်ခဲ့ကြ တယ်လို့ ဆိုပါတ ယ်။ ကလေးများရဲ့ အပြစ်ကင်းစင်မှု၊ ကလေးများရဲ့ စပ်စုသိလိုမှုများကို နှစ်သက် သဘောကျတဲ့ CHERYL ဟာ ကလေးများကို ချစ်ခင်နှစ်လိုပြီး ကလေးများနှင့်နေရ တာကိုလည်း ပျော်ရွှင်ကြည်နူးတတ်သူ ဖြစ်ပါ တယ်။ တစ်နေ့တစ်ချိန်မှာတော့ ကိုယ်ပိုင်မိသားစုတစ်ခုကို ခိုင်ခိုင် မာမာ ထူထောင် အခြေချနိုင်ပြီး ကိုယ်ပိုင်ရင်သွေးကေ လးများနှင့် ချစ်ခင်ကြည်နူးပျော်ရွှင်ဖို့က CHERYLရဲ့ အကြီးမားဆုံး မျှော်လင့်ချက်ပဲ ဖြစ်ပါလိမ့်မယ်။ ။
တင်လတ်သန္တာဗိုလ်

0 comments :
Post a Comment