Sunday, May 27, 2012

ဘာလုပ်မလဲ မောင်ရေခဲ

ဘာလုပ်မလဲ မောင်ရေခဲထိုင်းနိုင်ငံ Kanchanaburi ခရိုင်မှ Vita Food Factory (၁၉၈၉) Co., Ltd မှ အထောက် အထားမဲ့ တရားမဝင် လာရောက်သော မြန်မာ အလုပ်သမားကို ကိုသည် ထိုင်းနိုင်ငံ အခြေစိုက် အလုပ်သမားများ အခွင့်အရေး ကာကွယ် စောင့်ရှောက်ပေး သော အဖွဲ့အစည်း တစ်ခုသို့ ၄င်းအ ပေါ်လုပ်အား ခေါင်းပုံဖြတ်ခံနေရမှု ကို ကျန်မြန်မာ အလုပ်သမားများ သင်ခန်းစာ ရယူလိုသည့် အနေဖြင့် လည်းကောင်း၊ ၄င်းကိုယ်တိုင် ရွှေ့ ပြောင်း မြန်မာအလုပ်သမားများ ထိုစက်ရုံတွင် တွေ့ကြုံ ခံစားနေရ မှုများကို ကမ္ဘာသိအောင်ပြောပြ ချင်သည့် ဆန္ဒရှိခြင်းကြောင့် လည်း ကောင်းကိုကိုက ၄င်းအတွေ့အကြုံ ကို ပြောပြခဲ့သည်။ မြန်မာအလုပ် သမားကိုကို (၃၄)နှစ်သည် ထားဝယ် ဇာတိဖြစ်သည်။

ပညာအရည် အချင်းမှာ ၈တန်းဖြစ်သည်။ ၄င်း၏ ဇနီးမှာမြဝတီဘက်မှ တစ်ဆင့် ထိုင်းနိုင်ငံသို့ အလုပ်သွားလုပ် နေခဲ့သည်။ ထိုသို့အလုပ်သွားလုပ် ကတည်းက သူနှင့် မတွေ့သည်မှာ လအနည်းငယ် ကြာပြီ ဖြစ်သည်။ ထို့ ကြောင့် ၄င်း ကိုယ်တိုင် ထိုင်းနိုင်ငံ ဘက်သို့သွားကာ ဝင်ငွေရရန်၊ဇနီး သည်နှင့်တွေ့ရန် အတွက် အလုပ် သွားလုပ်တော့မည် ဟု ဆုံးဖြတ်ချက် ချခဲ့လိုက်သည်။

ပွဲစားလိမ်ပြီ

၂၀၁၁ခုနှစ် ဒီဇင်ဘာ ၂၀ ရက်တွင် ကျော်မိုးဆိုသူ၏ မိတ်ဆက် ပေးမှုကြောင့် လူပွဲစားတစ်ဦးနှင့် အဆက်အသွယ်ရလိုက်သည်။ ထို ပွဲစား၏ အကူအညီဖြင့် မြဝတီမဲ ဆောက်လမ်းမှထိုင်းနိုင်ငံသို့ သွား ခဲ့သည်။ ထိုလူပွဲစားကိုထိုင်း ဘတ် ငွေ၄၅၀ဝပေးကာ Kampenphet သို့သွားခဲ့သည်။

ထို Kampenphet တွင် တစ်ရက်ခန့်နေကာ ဘန် ကောက်တွင် အလုပ်သွားလုပ်နေ သည့်ဇနီးသည် လာအတွေ့ကို တစ် ရက်လုံးစောင့်နေခဲ့သည်။ သို့သော် ဇနီးသည်လာတွေ့ခြင်းမရှိခဲ့။ အစ ကပွဲစားသည်ကိုကိုကိုရေခဲသေတ္တာ ထုတ်လုပ်သည့်စက်ရုံတွင် အလုပ် လုပ်ရန် ပို့ဆောင်ပေးမည်ဟု က တိပေးခဲ့သော်လည်း နောက်ဆုံး တော့ Kanchanaburi မှ VITA Company ကိုသာ တိုက်ရိုက်ပို့ ဆောင်ပေးခဲ့သည်။

ဘန်ကောက် အထိပို့ဆောင်ပေးခ ထိုင်းဘတ်ငွေ ၈,ဝ၀ဝ၊ ၉,ဝ၀ဝပတ်ဝန်းကျင် ဝန် ဆောင်ခပေးရမည်ဟု အစကပြော ထားသော်လည်း Kanchanabu -ri မှVITA Company သို့ ရောက် သည့်အခါပွဲစားခမှဘတ်ငွေ၁၂,ဝ၀ဝ ထိ ဈေးမြင့်တောင်းဆိုခဲ့သည်။

ဘာ ကြောင့် ပွဲစားခတိုးတောင်းခြင်းကို ကိုကိုမေးသည့်အခါမည်သည့် အ ကြောင်းပြချက်မှ အဖြေမရခဲ့ပေ။ မည်သည့် လမ်းကြောင်းမှကားဖြင့် တင်ဆောင်လာသည်ကို ကိုကိုမသိ၊ လမ်းတွင် ယူနီဖောင်းဝတ်ထိုင်းရဲများ ကို တွေ့ခဲ့ရသည်။ ထိုစက်ရုံကိုမနက် ၆နာရီ ရောက်လာခဲ့သည်။ ကိုကိုနှင့် အတူ ကားနှစ်စီးဖြင့်ရွှေ့ပြောင်း မြန် မာ အလုပ်သမားများကို ထိုစက်ရုံသို့ ပို့ဆောင်ပေးခဲ့ကြခြင်းဖြစ်သည်။

လုပ်ငန်းခွင်အခြေအနေ

ထိုစက်ရုံသို့ရောက်လာသည့် အလုပ်သမားများကို ပို့ဆောင်ခ ကုန်ကျစရိတ်ဘတ် ၁၂çဝ၀ဝ ပေးရ မည်ဟုအလုပ်ရှင်မှ ပြောကြားထား သည်။ ကိုကိုမှပွဲစားခ ပို့ဆောင်ခ ဈေးမြင့် တောင်းရသည့် အခြေအ နေကိုမေးခွန်းထုတ်မေးမြန်းခဲ့သော် လည်း မည်သူကမျှ အကြောင်းပြ ချက်ခိုင်လုံစွာ ရှင်းလင်းပြောကြား ခြင်းမရှိခဲ့။

မသိကျိုးကျွံပြုခြင်းပြုခံ ခဲ့ရသည်။ ကိုကိုထိုစက်ရုံသို့ရောက် လာသည့် လမ်းကြောင်းတွင် ပွဲစား သုံးဦး အဆင့်ဆင့်မှ လက်လွှဲပို့ ဆောင်ပေးခဲ့သောကြောင့် ရောက် ခဲ့ရခြင်းဖြစ်သည်။ မဲဆောက်တွင် ပွဲစားတစ်ဦး၊ ဘန်ကောက်တွင် ပွဲ စားတစ်ဦးနှင့် VITA Company တွင် ပွဲစားတစ်ဦးတို့ဖြစ်ကြသည်။

ထိုစက်ရုံတွင် အလုပ်လုပ်ကိုင်ရသော အလုပ်သမားအများစု၏ နေ ထိုင်ရသည့် အခန်းများသည် ကျဉ်း ကျပ်သည်။ သက်သောင့် သက်သာ အိပ်စက်နိုင်ခြင်းမရှိကြ။ တစ်ရက် လုပ်ခထိုင်းဘတ်၁၈၁ဘတ်ဖြင့်လုပ် ကြရသည်။ အချိန်ပိုကြေးအဖြစ်တစ်နာရီလျှင် ဘတ်ငွေ ၃၂ဘတ် ရကြသည်။

တစ်လခန့် အလုပ်ဆင်း ပြီးသည့် အချိန်တွင်ပွဲစားသည် ကို ကို၏ဝင်ငွေအားလုံးကို ဝတ်စုံစရိတ် စသည့် အကြောင်းအမျိုးမျိုးပြကာ ဖြတ်တောက်လိုက်သည်။နောက်ဆုံး မလောက်မငသည့် ဝင်ငွေကိုသာ ပွဲစားကပြန်ပေးသလောက်ရ သည်။ အလုပ်သမားအများစု၏ လုပ်ခ များသည်ပွဲစားမှဖြတ်တောက် ပြီးကျန်ရှိသည့် ငွေသာလျှင်ရကြရ သည်။တစ်လနှင့်တစ်လ ထိုငွေအ နည်းဖြင့်ရပ်တည်ရန် အနိုင်နိုင်ဖြစ် ကြရသည်။

အလုပ်ပြောင်းလုပ်ရန်ထွက်ပြေး ရပြီ

နောက်ဆုံးတော့ ကိုကိုသည် ထိုစက်ရုံမှထွက်ပြေးရန် စိတ်ပိုင်း ဖြတ်ခဲ့သည်။ ကံအားလျော်စွာ တစ်ရွာ တည်းနေခဲ့သည့်သူငယ်ချင်း ၏အကူအညီဖြင့်အဝေးသို့ထွက် ပြေးခဲ့သည်။ ဘန်ကောက်ထိထွက် ပြေးလာခဲ့သည်။သူငယ်ချင်း၏ အကူအညီဖြင့် Pathumthani ခရိုင်ရှိဆောက်လုပ်ရေးလုပ်ငန်း တွင်အလုပ်ရပြန်သည်။ကိုကိုသည် အခြားသူငယ်ချင်းများထံမှ ငွေအနည်းငယ်ချေးကာ ထိုငွေဖြင့် Vita Food Factory (၁၉၈၉) Co.,Ltd မှသူငယ်ချင်းနှစ်ဦးကိုသွား ရောက်ကယ်တင်လိုက်သေးသည်။

လက်ရှိကိုကို လုပ်ကိုင် နေသော အ လုပ်သည်တစ်ရက်လျှင် ဘတ် ၃၀ဝရသည့် Pathumthani ခရိုင်ရှိ ကား ပစ္စည်းထုတ်လုပ်သည့် စက်ရုံတွင်အ လုပ်ပြောင်းလုပ်နေပြီ ဖြစ်သည်။ အလုပ်လုပ်ချိန်သည် မနက် ၈ နာရီ မှ ညနေ၅ နာရီထိဖြစ်ပြီးအချိန်ပို အလုပ်ဆင်းရကာဘတ်ငွေ ၅၆ ဘတ် ရရှိနေ ပြီဖြစ်သည်။

အလှည့်စားခံနေရသူများ

Vita Food Factory (၁၉၈၉) Co., Ltd တွင်အလုပ်လုပ်နေကြရသော မြန်မာအလုပ်သမားများသည်ပွဲစား များ၏လှည့်ကွက်တွင် သက်ဆင်း ရောက်ကာလုပ်အား အမြတ်ထုတ်ခံ နေရသည်ကိုကိုကိုက ယှဉ်တွဲကာ သိမြင်လာခဲ့သည်။ထိုစက်ရုံမှ ထွက် ပြေးကြသည့် အလုပ်သမားများကို ထိုင်းရဲမှဖမ်းမိလျှင်လည်း ထိုစက်ရုံ သို့ပင်ပြန်ပို့ခြင်းခံကြရသည်။ ပွဲစား များကလည်းထိုစက်ရုံသို့ပြန် အလုပ် လုပ်နိုင်ရန် အလုပ်လုပ်ခွင့်ပါမစ် အတုများကိုထုတ်ပေးလေ့ရှိကြသည်၊ ထိုစက်ရုံတွင် အလုပ်လုပ်နေကြသူ များသည် ယာယီနိုင်ငံကူးလက် မှတ်ကိုင်ဆောင်ထားသူမြန်မာအလုပ် သမား ၃၀ဝ၀ရှိကာမှတ်ပုံတင်ထား သူအလုပ်သမား ၃၀ဝ၀ခန့်ရှိနေသည်။

ကိုကိုကဲ့သို့ တရားမဝင် လာရောက်လုပ်ကိုင်သူ အထောက် အထားမဲ့ အလုပ်သမားပေါင်း ၇၀ဝ ခန့်ရှိသည်။ စုစုပေါင်းအလုပ်သမား ၇၀ဝ၀ ခန့်ရှိရာအများစုသည်မြန်မာ အလုပ်သမားများဖြစ်ကြသည်။ လူကုန်ကူးခံနေရသည့် အနေအထား များမှာြွေကးမြီနှောင်ဖွဲ့ခိုင်းစေခံ နေရခြင်း၊လုပ်အားခေါင်းပုံဖြတ်ခံနေ ရခြင်းကြောင့်အနည်းဆုံး အလုပ်သ မား ၁၀ဝ၀ခန့် ခံစားနေရသည်။

ဆန္ဒပြသည့်အကြောင်းရင်းများ

Vita Food Factory (၁၉၈၉) Co., Ltd မှ မြန်မာအလုပ်သမားများ၏ အနိမ့်ဆုံးလုပ်အားခရလိုမှုဖြင့် ဆန္ဒ ပြမှုဖြစ်ပွားလျက်ရှိခဲ့သည်။ ၂၀၁၂ ခုနှစ်ဧပြီ ၁ရက်မှ စ၍နေ့စားခဘတ် ၃၀ဝ ထိတိုးမြှင့်နှုန်းထားများအရ ယခင်ရရှိထားသော ရက်မှန်ကြေး နှင့်ဆုကြေးငွေများကိုဖြတ်တောက် မည်ဟူသော သတင်းများထွက်ပေါ် လာသည့်အချိန်မှ စကာထိုပြဿနာ စတင်ဖြစ်ပွားလာခြင်းဖြစ်သည်။ ထိုစက်ရုံတွင်အလုပ်လုပ်ကြသော တရားမဝင်လာရောက် လုပ်ကိုင်ကြ သူများကိုပွဲစားများက မြန်မာပြည်မှ လမ်းစရိတ်အကြွေးဖြင့်ခေါ်ဆောင် လာကြသည်။

နေထိုင်ရန်နှင့် စား သောက်မှုကို ပွဲစားများက စီမံပေး သည်။ ထို့အတွက် ပွဲစားများက တစ်လလျှင်ဘတ်၂၄၀ဝယူကြသည်။ လုပ်အားခထုတ်သည့် အခါ ပွဲစားများကပင် လက်ခံပြီး အလုပ်သမားများ ကိုသုံးစွဲရန်ဘတ် ၁၀ဝ/၂၀ဝ သာ ပြန်ခွဲပေးသည်။ အလုပ်လုပ်ခွင့်ရှိ သည့်အလုပ်သမားများသည်ထိုစက်ရုံ အနီးမှာပင် အခန်းငှား နေထိုင်ကြရ သည်။

အခြားစက်ရုံသို့ အလုပ်ရှင် ပြောင်းလိုပါက အလုပ်ရှင်ပြောင်း ခြင်း စာရွက်ရရှိရန် ဘတ် ၂၀ဝ၀မှ ၅၀ဝ၀ အထိပေးကြရသည်။ အလုပ် လုပ်ခွင့် လက်မှတ်ပြုလုပ်ခအဖြစ် ဘတ် ၅၅၀ဝပေးဆောင်နေကြရ သည်။ တရားဝင်ကုန်ကျစရိတ်မှာ ဘတ် ၂၉၈၀သာကုန်ကျမှုရှိသည်။ လုပ်အားခကိုလစဉ် ၉ ရက်နှင့်၂၂ ရက်များတွင် အလုပ်ရှင်က ပွဲစား ကန်ထရိုက်များကို ထုတ်ပေးလေ့ ရှိသည်။ ပွဲစားများကမှ တစ်ဆင့် လုပ်အားခ တချို့ပြီးမှ အလုပ်သ မားများသို့ လုပ်ခထုတ်ပေးသည်။

ပွဲစားများ၏ လုပ်ခဖြတ်တောက် မှုများတွင် ထိုင်းရဲသို့ ပေးရသည့် လိုင်းကြေးဟုပြောကာ ယာယီနိုင်ငံ ကူးလက်မှတ်ရှိသူနှင့် အလုပ်လုပ် ခွင့်ရှိသူများထံမှ တစ်လဘတ် ၃၀ဝ၊ အလုပ်လုပ်ခွင့်မရှိသူများထံမှ တစ် လဘတ် ၆၀ဝဖြတ်တောက်ထား သည်။ အလုပ်လုပ်ခွင့် လက်မှတ် ပြုလုပ်ရန်အတွက် တစ်လဘတ် ၁၀ဝ၀အား ကြိုတင်ဖြတ်တောက် သည်။ ထိုစက်ရုံမှထွက်ခွာမည်ဆိုက ကြိုတင် ဖြတ်တောက်ငွေများနှင့်ရ ရန်ကျန်ရှိသောလုပ်ခများကိုထုချေ ရှင်းပေးလေ့မရှိချေ။

Wal Mart ၏ဖောက်သည်

Vita Food Factory (၁၉၈၉) Co., Ltd မှ ထုတ်ကုန်ဖြစ်သော နာနတ်သီးသစ်သီးစည်သွတ်ဘူး များသည် Wal Mart သို့တင်ပို့ ရောင်းချနေသော စက်ရုံကြီးများ ဖြစ်ကြသည်။ Wal Mart အသည်အ မေရိကန်နိုင်ငံတွင် အခြေစိုက်ကာ ကမ္ဘာ့လက်လီကုန် စည်များဖြန့်ချိရာ အကြီးမားဆုံးအရောင်း စတိုးဆိုင် ကြီးဖြစ်သည်။ ထိုစတိုးဆိုင်ကြီး သည် စားသုံးသူများ၏ဖိအားပေးမှု ကိုခံနိုင်ရည်မရှိချေ။

စားသုံးသူများ ၏ ငြိုငြင်မှုကို ခံနိုင်ရည်မရှိချေ။ ထိုလက်လီဖြန့်ချိသည့် ဈေးကွက် ကြီးသို့ပေးသွင်းသော သူများကိုပါ စားသုံးသူများဝယ်ယူသူများက စိတ် ကျေနပ်မှု မရှိငြိုငြင်မိပါ ဒေါ်လာ သန်းပေါင်းများစွာနှင့်ထောင်ပေါင်း များစွာသော အလုပ်အကိုင်အများ အပြားဆုံးရှုံးမှု နှင့်ရင်ဆိုင်ရဖွယ် ရှိနိုင် သည်။ ယခုထိုစက်ရုံများ၏ ဖြစ်ရပ် များသည်ထိုင်းနိုင်ငံ၏ ဂုဏ်သတင်း ကျော်ဇောမှုနှင့်လည်းသက် ဆိုင်နေ ပြန်သည်။

ဝင်းနိုင်ထွန်း

0 comments :

Post a Comment