Sunday, May 27, 2012

R ဇာနည်နှင့် ခဏတာ

R Zarni

မေး - ကို R ဇာနည် မင်္ဂလာပါ။

ဖြေ - မင်္ဂလာပါ။

မေး - ကို R ဇာနည် အနေနဲ့ ဒီနေ့ပွဲလေး စီစဉ်ဖြစ်ခဲ့ပုံလေးကို ပြောပြပေးပါဦး။

ဖြေ - ဒီနေ့ ပွဲလေးကတော့ ကျွန်တော့် တတိယ single album ထွက်ပြီးရင် Show ပွဲလေးတစ်ခု လုပ်မယ်ဆိုပြီး ရည်ရွယ်ထားတဲ့ အတိုင်း လုပ်ဖြစ်တယ်လို့ ပြောရမှာပါ။

မေး - ဒီနေ့ပွဲမှာ သီချင်း ဘယ်နှစ်ပုဒ်လောက် ဆိုသွားမယ်လို့ ရည်ရွယ်ထားပါသလဲ။

ဖြေ - အနည်းဆုံးတော့ ၃၀ လောက်တော့ ဆိုသွားမယ်လို့ စီစဉ်ထားပါတယ်။

မေး - ဒီပွဲ ဒီလို အကောင်အထည်ပေါ် ဖြစ်လာတဲ့အပေါ်မှာ အစ်ကို့ရဲ့ ပီတိလေး ကိုရော ပြောပြပေးပါဦး။

ဖြေ - ကျွန်တော် အရမ်းကို အတိုင်းမသိ ၀မ်းသာတယ်။ အရမ်းလည်း စိတ်လှုပ်ရှားရပါတယ်။ ကိုယ့်ပွဲဆိုတော့ အမှားအယွင်းဖြစ်မှာ စိုးလို့ပေါ့။

မေး - အစ်ကို့ရဲ့ "အဆိပ်တက်အိပ်မက်" VCD က ဘယ်တော့လောက် ထွက်ဖြစ်မလဲမသိဘူး။

ဖြေ - ဒီပွဲပြီးရင် ကျွန်တော် အဲသည်ဘက်ကို ပြန်လှည့်မှာပါ။ ရိုက်ပြီးတာကတော့ ၆ ပုဒ်လောက် ရှိပါပြီ။

မေး - X’mas လည်းရောက်ခါနီးပြီဆိုတော့ အစ်ကို ဒီ X’mas မှာ ဘယ်မှာရှိမလဲမသိဘူး။

ဖြေ - ရန်ကုန်မှာပဲရှိမှာပါ။ New Year မှ နေပြည်တော် သွားရမှာပါ။

မေး - ဟုတ်ကဲ့အစ်ကို ပွဲအတွက် အလုပ်ရှုပ်နေတဲ့ကြားကနေ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဖြေ - ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။


R ဇာနည်ရဲ့ပွဲကို အာဇာနည်နဲ့အတူ ပွဲပေါင်းများစွာ လက်တွဲလာခဲ့တဲ့ The Trees တေးဂီတရဲ့ လိဒ်ဂစ်တာ ကိုမင်းဦး ကို ဒီလို One Man Show မှာ တာဝန်ယူ တီးခတ်ရတဲ့အတွက် သူ့ရဲ့ ရင်ခုန်သံကို မေးမြန်းရာမှာ ကိုမင်းဦး (The Trees) က -

"R ဇာနည်ရဲ့ပွဲဟာ ဇာနည့်အတွက်လည်း အရေးကြီးတယ်၊ အားလုံးအတွက်လည်း အရေးကြီးတယ်လေ။ ဒီလိုပွဲကြီးမျိုးမှာ ပါဝင်ခွင့်ရ တဲ့အတွက်လည်း ဂုဏ်ယူ ကျေနပ်ပါတယ်။ သူ့အတွက်ရော၊ ကျွန်တော်တို့အတွက်ပါ ထူးခြားတဲ့ ပွဲတစ်ပွဲ ဖြစ်တာကြောင့် အရမ်းကို ကြိုးကြိုးစားစားနဲ့ အားထည့်ပြီး နေ့မအား၊ ညမအား သီချင်းတွေနားထောင်၊ သီချင်းတွေတိုက်၊ Idea တွေ ထုတ်ပြီး သေသေချာချာ​ပြင်ဆင်ထားပါတယ်။ ရွှေလုံးက ယခုလို လာရောက်ဆက်သွယ် မေးမြန်းတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။" ဟု ပြောကြား သွားခဲ့သည်။

---

Organized by ရွှေလုံး (ရန်ကုန်) အဖွဲ့သားများ။

0 comments :

Post a Comment