Sunday, May 27, 2012

ကျပ်တစ်သိန်းဖြင့် မိုဘိုင်းဖုန်း ချပေးမည် ဆိုခြင်းမှာ လုံးဝမဟုတ် ဟုဆို

ကျပ်တစ်သိန်းဖြင့် မိုဘိုင်းဖုန်း ချပေးမည် ဆိုခြင်းမှာ လုံးဝမဟုတ် ဟုဆိုအများ ပြည်သူများ ကြားတွင် စိတ်ဝင်စားမှု များပြား နေသော ကျပ် တစ်သိန်း ဖြင့် မိုဘိုင်းဖုန်းများ ချ ထားပေးမည် ဆိုခြင်းမှာ လုံးဝ မဟုတ်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ မိုဘိုင်း ဌာနမှ တာဝန်ရှိသူ တစ်ဦးက Mobile Guide ဂျာနယ် မှဖုန်းဖြင့် မေးမြန်းချက်ကို ပြန် လည်ဖြေကြားသည်။

တန်ဖိုးနည်းမိုဘိုင်းဖုန်းများကို ကျပ်တစ်သိန်းဖြင့် ချပေးမည်၊ ကျပ်ငါးသောင်းဖြင့် ချပေးမည်ဆို ပြီး အများပြည်သူများကြားတွင် ရေပန်းစားနေပြီး အင်တာနက်စာ မျက်နှာများတွင်လည်း ပျံ့နှံ့လျက်ရှိ ရာ ယခုလကုန်နှင့် နောက်ထပ် ခြောက်လခန့်အတွင်း ချပေးမည် ဖြစ်သည်ဟု သတင်းများဖြစ်ပေါ် နေပြီး ယင်းသတင်းများမှ လုံးဝ ဟုတ်မှန်ခြင်းမရှိဟု မြန်မာ့ဆက် သွယ်ရေးမှပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊မိုဘိုင်းဌာနမှ တာဝန်ရှိသူတစ်ဦးက "ကျပ်တစ်သိန်းနဲ့ ချပေးမယ်ဆို တာ လုံးဝမဟုတ်ပါဘူး။ ဒါတွေ ဘယ်သူတွေ ပြောနေလဲလို့လည်း မသိပါဘူး။ ချပေးဖို့ အစီအစဉ် မရှိသေးပါဘူး" ဟု ပြောသည်။

ပြည်တွင်းတွင် အမှန်တကယ် တန်ဖိုးနည်းသည့် မိုဘိုင်းဖုန်းများကို ကျပ်တစ်သိန်းဖြင့်ချပေးမည်၊ ကျပ် ငါးသောင်းဖြင့် ချပေးမည်ဖြစ်သည် ဟု သတင်းများ ထွက်ပေါ်နေပြီး ယင်းသို့သတင်းထွက်ပေါ်နေခြင်းနှင့် ပတ်သက်ပြီး ပြည်တွင်းတွင် အွန် လိုင်းအသုံးပြုသည့် လူငယ်တစ်ဦး က "အွန်လိုင်းပေါ်မှာတော့ ဖုန်း တွေ တစ်သိန်းနဲ့ ချပေးမယ်လည်း ပြောတယ်။ ငါးသောင်းနဲ့ ချပေး မယ်လည်းပြောတယ်။ ဒီလကုန်ချ ပေးမယ်လည်း ပြောတယ်။ နောက် ထပ်ခြောက်လလောက် အတွင်းမှာ ချပေးမယ်လည်း ပြောတယ်။ သေ ချာထွက်နေတဲ့ သတင်းဟုတ်မ ဟုတ်မသိပေမယ့် အွန်လိုင်းပေါ်မှာက တော်တော်လေးပျံ့နေတာပေါ့။ ပြီးတော့ တော်တော်များများလည်း ပြောနေကြတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ ဈေးသက် သာမယ်ဆိုရင် ကောင်းပါတယ်။ တော်တော်များများ ဖုန်းသုံးနိုင်တာ ပေါ့။ နှစ်သိန်းဆိုတဲ့ ဈေးကလူတိုင်း မသုံးနိုင်တဲ့အနေအထားပါ။ ချပေး မယ်ဆိုတော့ ဝမ်းသာနေတဲ့လူတွေ လည်း ရှိပါတယ်။ ပြောနေကြတာ ကတော့ ချပေးမှာက တကယ်ချ ပေးမှာ။ ဒါပေမယ့် လက်ရှိနှစ်သိန်း တန်ဖုန်းတွေ ရောင်းမကောင်းမှာ စိုးလို့သတင်းကိုလျှို့ဝှက်ထားတယ် လို့ပြောနေပါတယ်" ဟု ပြော သည်။

ပြည်တွင်းမိုဘိုင်းဖုန်းဆိုင် တစ်ဆိုင်၏ မန်နေဂျာတစ်ဦးက လည်း "ကျွန်တော်တို့လည်း ဒီ သတင်းကိုကြားနေပါတယ်။ အခိုင် အမာပြောတဲ့သူကလည်း ပြောနေ ပါတယ်။ သတင်းက အတိအကျ ဟုတ်မဟုတ် ဆိုတာကိုတော့ မပြောနိုင်ပါဘူး။ ဒီလိုမျိုးတွေ ပြောတဲ့ အတွက် မိုဘိုင်းဖုန်း ဈေးကျမယ် ဆိုပြီး တော်တော်များများ ကတော့ စိတ်ဝင်စားပါတယ်။ ကျွန်တော့် အမြင်ပြောရမယ်ဆိုရင် ဖုန်းတွေကို ဈေးသက်သက်သာသာနဲ့ ချပေး တာ ကောင်းပါတယ်။

ဒါပေမယ့် လိုင်းတွေ ၊ ဝန်ထမ်းအင်အားတွေ နိုင်မှ ချပေးစေလိုပါတယ်။ ဘာလို့ လဲ ဆိုတော့ ဖုန်းကတော့ ချပေး တယ်။ ဒါပေမယ့် လိုင်းမပွင့်သေး တာတို့ ဘာတို့ဖြစ်တယ်။ နောက် ပြီး လိုင်းကျပ်တာဖြစ်တယ်။ ဈေး ကအခုဈေးထက် ထက်ဝက်ကျ မယ်ဆိုရင် သုံးတဲ့သူကလည်း အခု ထက် နှစ်ဆများလာမှာပါ။

ငါး သောင်းဆိုရင်တော့ သုံးတဲ့သူက အများကြီးကို ဖြစ်လာမှာပါ။ လိုင်းကျပ်တာက ပြဿနာဖြစ်နိုင်ပါ တယ်။ လိုင်းမကျပ်ဖို့ သေသေချာ ချာစီမံနိုင်မှ လုပ်တာပိုကောင်း တယ်လို့ ကျွန်တော်က ထင်ပါ တယ်" ဟု သူ၏အမြင်ကို ပြော သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း က မိုဘိုင်းဖုန်းဈေးနှုန်းများကို အ ဆင့်လိုက် လျော့ချပေးခြင်း ဖြစ်ပြီး ယခင်က ကျပ်သိန်းဆယ်ဂဏန်း ကျော်အထိ ဈေးပေါက်ခဲ့သည်။ ပြီးခဲ့သည့် နှစ်နှစ်ကစပြီး မိုဘိုင်း ဖုန်းဈေးနှုန်းများကို ကျပ်ငါးသိန်းသို့ လျော့ချပေးခဲ့ပြီး ယင်းဈေးနှုန်းတွင် ပြည်တွင်း၌ မိုဘိုင်းဖုန်းကိုင်နိုင် သည့် အရေအတွက် များပြားလာ ခဲ့သည်။ ယခုနှစ်အတွင်းမှစပြီး မိုဘိုင်းဖုန်းများကို ကျပ်နှစ်သိန်းဖြင့် ချထားပေးခဲ့ရာ ယင်းဈေးနှုန်း ဖြင့် မိုဘိုင်းဖုန်းအသုံးပြုသည့် လူဦးရေ များပြား လာခဲ့သည်။

တင်ဇာအောင်

0 comments :

Post a Comment