Tuesday, May 29, 2012

တမိနစ်အတွင်း ဆိုက်ရောက်ဗီဇာ ထုတ်ပေးမည် .......


မြန်မာနိုင်ငံမှာတော့ ဆိုက်ရောက်ဗီဇာ (Arrival Visa) ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးမှာ လူတယောက်ကို တမိနစ်တွင်း အပြီးဆောင်ရွက်ပေးတော့မှာ ဖြစ်တဲ့ အကြောင်း ဒီကနေု့ထုတ် ကြေးမုံ သတင်းစာမှာ ဖော်ပြပါရှိလာပါတယ်။

လူဝင်မှုကြီးကြပ်ရေး (လ၀က) အရာရှိကြီးက သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး ပြောရာမှာ မြောက်ကိုရီးယား အပါအ၀င် နိုင်ငံပေါင်း ၂၇ နိုင်ငံကို ဆိုက်ရောက်ဗီဇာ ပေးမှာ ဖြစ်ပါတယ်တဲ့။

အာဆီယံ ၉ နိုင်ငံနဲ့ တရုတ်၊ ဂျာမဏီ ပြင်သစ်၊ သြစတြေးလျ၊ ဒိန်းမတ်၊ အိန္ဒိယ၊ အီတလီ၊ ဂျပန်၊ နော်ဝေ၊ နယူးဇီလန်၊ ဆွစ်ဇာလန်၊ စပိန်၊ ဗြိတိန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ အမေရိကန် စတဲ့ နိုင်ငံပေါင်း ၂၇ နိုင်ငံ အတွက် ဖြစ်ပြီး စည်းကမ်း ချက် ၉ ချက်ပြည့်စုံတာနဲ့ ဆိုက်ရောက်ဗီဇာကို လူတစ်ဦး ၁ မိနစ်အတွင်း အပြီးဆောင်ရွက်ပေးမှာ ဖြစ်ကြောင်းပါတဲ့။

ယခင်ကလည်း ဆိုက်ရောက်ဗီဇာ ပေးတဲ့စနစ်ကို ကျင့်သုံး ခဲ့ပေမယ့် အဆင်မပြေတာတွေ ဖြစ်တဲ့ အကြောင်း နိုင်ငံခြားသား ခရီးသွားများက ဆိုကြပါတယ်။

0 comments :

Post a Comment