Sunday, May 27, 2012

မှုန်ဝါးသော အနာဂတ်နှင့် မပျံ တတ်သော တောင်ပံများ

မှုန်ဝါးသော အနာဂတ်နှင့် မပျံ တတ်သော တောင်ပံများ  ကျွန်တော်တို့ အုပ်စု လက်ဖက်ရည် ဆိုင်ထဲကို ဝင်ထိုင် မိသည်နှင့် စားပွဲ ထိုးလေး က အနားကို လာရပ်သည်။ သူ့အသက် ရှိလှ ဆယ်ကျွန် နှစ် ဝန်းကျင်ပေါ့။ ကျွန်တော် တို့ကို ဘာမှလည်းမမေး၊ ဘာမှလည်း မပြော၊ သည် အတိုင်း တောင့်တောင့်ကြီး ရပ်နေ၏။

"ဒီအတိုင်း ရပ်နေရသလား ။မေးလေဘာသောက် မလဲလို့" ။ "သူကအ သစ်ဆရာ၊ မနေ့ ကမှ ရောက်တာ။ ဘာမှမလုပ်တတ်သေးဘူး။ လက်ဖက် ရည်ခွက်တောင်ငြိမ်အောင် မကိုင် တတ်သေးဘူး။ အတော်သင်ရဦးမှာ" ကောင်တာမှာ ထိုင်နေသည့်ဆိုင်ရှင်က သူ့စားပွဲထိုးလေး ကိုလည်း လှမ်းပြော။ လက်ဖက်ရည် လာသောက်သည့် ကျွန်တော်တို့ကို လည်း ရှင်းပြ နေသည်။ " အရင်ခပ်ကြီးကြီး ကောင်လေးရော" ဟု ကျွန်တော်က လှမ်းမေး တော့၊ " အလုပ်ထွက်သွားပြီဆရာ။ ကမ်းနားမှာ ကုန်သွားထမ်းနေတယ်။ ဒီကောင်တွေက နည်းနည်းကြီးလာရင် ခိုင်းမကောင်းတော့ဘူးဆရာ။ ဒီ အရွယ်တွေပဲ ကောင်းတယ်" " ဪ" ကျွန်တော့်နှုတ်ကဪသ်ာတစ်လုံးသာဆိုနိုင်တော့သည်။

ရင်ထဲမှာ ပြောစရာ စကားလုံးတွေ ခန်းခြောက်သွား၏။ မူလတန်းဆရာအဖြစ် အမှု ထမ်းခဲ့ဖူးတော့ဒီအရွယ်ကလေးငယ်တွေကိုဒီလိုအလုပ်ခွင်တွေမှာ တွေ့ရ တိုင်းရင်ထဲမှာ တစ်မျိုးတစ်မည် ခံစားရသည်။သူတို့အရွယ်ဟူသည်အလုပ် ခွင်မှာ ရှိသင့်သည့်အရွယ်တွေ ဟုတ်ပါရဲ့လား။ စာသင်ခန်းတွေအတွင်း မှာပဲ ပြေးလွှားကစား စာပေသင်ကြားရမည့် အရွယ်တွေမဟုတ်ပါလား။ ခုတော့ဖြင့် သူတို့တစ်တွေမှာ ရှိရမယ့်နေရာမှာ မရှိ၊ မရှိရမယ့်နေရာမှာ ရှိ နေကြပါလား။ စားပွဲထိုးကောင်လေး လက် ဖက်ရည်လာချပေးတော့ "ချာ တိတ်၊ မင်းကျောင်းနေဖူးလား" ဟု ကျွန်တော်က မေးကြည့်မိသည်။ " နေဖူးတယ်ဗျ။ ဒီနှစ် သုံးတန်း အောင်တယ်" ဟု အရောင်လက် နေသော မျက်လုံးများဖြင့် ကောင် လေးက ဖြေသည်။ " လေးတန်း ဆက်မတက်တော့ဘူးလား" ဟု ကျွန်တော်ကမေးတော့ ကောင် လေးမျက်နှာညှိုးသွားသည်။

ခေါင်း ကိုဖြည်းညင်းစွာ ယမ်းရင်း "အဖေ ဆုံးသွားလို့ အမေက မထားတော့ ဘူးတဲ့" လက်ဖက်ရည်ဆိုင်ရဲ့ အ တွင်းဘက် ထောင့်တစ်နေရာမှာ တော့ ထိုစားပွဲထိုးကောင်လေးနှင့် ရွယ်တူလောက် ရှိမည့် ဆိုင်ရှင်ရဲ့ သားကလေးကတော့ တီဗီဂိမ်းကို စိမ်ပြေနပြေဆော့နေသည်။ စား ပွဲထိုးကောင်လေးကတော့အဖျော် ခုံရှေ့က အုတ်ရေကန်လေး မှာ သောက်ပြီးသားလက်ဖက်ရည်ခွက် တွေကို ဒန်ခွက်ကြီး တစ်ခုထဲမှာ ထည့်ပြီးဆေးနေလေရဲ့။ ဪသာ် ဘဝတွေ ဘဝတွေ။ လူချင်းတူတူ သူချင်းမျှမျှ လူတန်းစေ့ဘဝကို မရ နိုင်ကြတဲ့ ဘဝတွေ။ လက်ဖက်ရည်ဆိုင်ထဲက ထွက်လာခဲ့သည့်တိုင် ကျွန်တော့် မျက်လုံးထဲမှာ သည်မြင်ကွင်း ကလေးက ကပ်ငြိပါလာခဲ့သည်။ မြန်မာပြည် တစ်နံတစ်လျားက လက်ဖက်ရည်ဆိုင်တွေ၊ ထမင်း ဆိုင်တွေမှာ သည်အရွယ်ကလေး ငယ်တွေ အကြောင်းအမျိုးမျိုးနှင့် ကလေးအလုပ်သမားဘဝ ရောက် နေကြသည်။ အချို့က အဖေမရှိ တော့လို့။ အချို့က အမေမရှိ တော့လို့။ အချို့က အဖေရော၊ အမေရော မရှိတော့လို့။ အချို့ ကျတော့ အဖေရော၊ အမေရော ရှိပါလျက် ဒုက္ခိတတွေ ဖြစ်နေလို့။ အချို့ကျတော့ မောင်နှမတွေ များပြီး မိဘက ဝင်ငွေနည်းလို့။ အကြောင်းမျိုးစုံနှင့် သူတို့၏ အ နာဂတ်ပန်းချီကားတွေ မှုန်ဝါးနေ ကြသည်။ တချို့ကလေးငယ်တွေက မူလတန်းပညာပင် ဆုံးခန်းတိုင် အောင် မသင်ဖူးကြ။ မြို့ပြတွေက ခွာပြီး ကျေးလက်တောရွာကို လှမ်း ကြည့်လိုက်ပါဦး။ လယ်ထဲချောင်း ထဲမှာပဲ ငါးရှာ၊ ဖားရိုက်၊ ကဏန်း နှိုက်ရင်း ကျေးလက်က စာသင် ခန်းတွေ ရှိရာကို ရောက်မလာနိုင် တဲ့ ကလေးတွေ ဒုနဲ့ဒေးပါ။ နွေ မိုး၊ ဆောင်း၊ သုံးရာသီစလုံးမှာ သီး ထပ်တွေ၊ သီးညှပ်တွေနဲ့ လယ် ကွင်းတွေ စိမ်းလန်းနေသလောက် လယ်ကွင်းထဲက အချို့ကလေး ငယ်တွေရဲ့ ဘဝကတော့ ခြောက် သွေ့နေဆဲပါ။ မူလတန်းပညာရေး ကို နိုင်ငံတော်က အခမဲ့သတ်မှတ် ပြဋ္ဌာန်းပေးပေမယ့် ပညာရေးနဲ့ ဝေးနေဆဲ ကလေးတွေ ဒုနဲ့ဒေး ပါ။ ပြီးခဲ့တဲ့နှစ် အခုလို ကျောင်း ဖွင့်ခါနီးမှာ ပရဟိတစိတ်ရှိကြသူ ကျွန်တော်တို့ဝါသနာတူ လူရွယ် တစ်စု စုပေါင်းပြီး အဖွဲ့လေးတစ် ဖွဲ့ ဖွဲ့ကြသည်။ အတန်းအောင်ပြီး နောက် အတန်းသစ် မတက်နိုင် လောက်အောင်ဆင်းရဲချို့တဲ့သည့် ကလေးငယ်များကို တစ်နှစ်တစ် ရာသီဖြစ်ဖြစ် ကျောင်းဆက်တက် နိုင်အောင် ထောက်ပံ့ပေးဖို့ ဖြစ်ပါ သည်။ ကျွန်တော်တို့တစ်တွေ ကိုယ့်ခွန်ကိုယ့်အားနှင့် တတ်နိုင် သမျှ စုပေါင်းထည့်ဝင်ကြတာ လေးသိန်းကျော် ငါးသိန်းနီးပါးရ ပါသည်။

ကျွန်တော်တို့အစီအစဉ် က နီးစပ်ရာ မူလတန်းကျောင်း ၁၀ ကျောင်းမှ တစ်ကျောင်းလျှင် အဆင်းရဲဆုံး ၁၀ ယောက်ကို စာ သင်နှစ် တစ်နှစ်အတွင်းကုန်ကျ မည့် ဗလာစာအုပ်၊ ခဲတံ၊ ပေတံ၊ ဘောပင်၊ ကွန်ပါဘူးမှစ၍ မိဘ ဆရာအသင်းကြေး၊ အားကစား ကြေးပါမကျန် ထောက်ပံ့မည်။ ထို့ ပြင် လုံးဝကျောင်းဆက်မထား တော့သည့် ကလေးများကို စာ သင်နှစ် တစ်နှစ်တော့ ဆက်တက် ဖြစ်အောင် ကျောင်းဝတ်စုံ၊ လွယ် အိတ်၊ ထီး၊ ဖိနပ် တစ်နှစ်တာ မုန့် ဖိုးကအစ ထောက်ပံ့မည်။ ဘာပဲ ဖြစ်ဖြစ် နောက်နှစ် နောက်နှစ်တွေ မှာ ဆက်မလုပ်နိုင်တောင် အနည်း ဆုံးတစ်နှစ်တော့ ထိုကလေးငယ် အတွက်ပညာသင်ခွင့်ရသွားမည်။ လုပ်ကြမည်ဟု အားလုံးသဘော တူဆုံးဖြတ်ကာ သက်ဆိုင်ရာ မူလ တန်းကျောင်းများသို့သွား၍ စာ ရင်းကောက်ကြသည်။ သည်တွင် ကျွန်တော်တို့ တွေ့ရသည်မှာ လေးတန်းအောင် ပြီး ငါးတန်းဆက်မတက်တော့ သည့် ကလေးက အများစုဖြစ် နေသည်။ သက်ဆိုင်ရာ ကျောင်း များမှ ဆရာများကလည်း အား တက်သရော ရှိကြပါသည်။ ဘယ် ကလေးကတော့ စာတော်သည်၊ ကျောင်းထားပေးမည့်သူရှိလျှင် တက်လိမ့်မည် စသဖြင့် သတင်း ပေးကြသည်။ သူတို့ကိုယ်တိုင် ကလေးမိဘ၊ အုပ်ထိန်းသူများကို ခေါ်၍ ကျွန်တော်တို့နှင့် တွေ့ပေး သည်။ အစ ပထ မတော့ မိဘ ၊ အုပ်ထိန်းသူများက အထောက် အပံ့ပေးလျှင် ကျောင်းဆက်ထား ပါ့မည်ဟု ကတိပေးကြသည်။ တကယ် ကျောင်းအပ်မည်ဟု သွား ခေါ်သောအခါ အကြောင်းအမျိုး မျိုးပြ၍ ငြင်းကြသည်။ သူတို့အ ထဲက နှစ်ယောက်သာ ကျွန်တော် တို့ ကျောင်းထားပေးခွင့်ရခဲ့ကြ သည်။ ဒါလည်း တစ်ယောက်က နှစ်မကုန်။ စပါးရိတ်ချိန်တွင် အိမ် မှာအစောင့်မရှိ၍ဟုဆိုကာကျောင်း ထုတ်သွားလေသည်။ ကျွန်တော်ပြောလိုသည် မှာ ကျောင်းထားပေးမည့်သူ ရှိ သည့်တိုင် အချို့ကလေးငယ်များ ကျောင်းပြန်မတက်နိုင်ကြပါ။ အ ချို့ မိသားစုများအတွက် ထိုက လေးငယ်များ၏ ဝင်ငွေသည် အ ရေးပါပါသည်။

အချို့ မိသားစု များတွင် မိဘနှစ်ပါး အလုပ်သွား ချိန်၌ ထိုကလေးငယ်များက အိမ် စောင့်၊ ကလေးထိန်းလုပ်ကြရပါ သည်။ သူတို့တစ်တွေသည် အ နာဂတ်ကိစ္စအတွက် မစဉ်းစားနိုင် ကြပါ။ မစဉ်းလည်း မစဉ်းစား တတ်ကြပါ။ မိဘများကိုယ်တိုင်က သည်လိုပဲ ကြုံသလို ကြီးပြင်းလာ သဖြင့် သူတို့၏သားသမီးများကို လည်း သည်လိုပဲ ကြီးလာလိမ့် မည်ဟု ထင်ထားကြ ပါသ ည်။ လောလောဆယ် ထမင်းနပ်မှန် အောင်စားရဖို့က သားသမီးတွေ ကို ကျောင်းထားဖို့ထက် ပိုအရေး ကြီးနေသည် မဟုတ်ပါလား။ ကျွန်တော်တို့ရပ်ကွက်ထဲမှာ မိသားစုတစ်စုရှိသည်။ မွေးထား သည့် ကလေးက လေးယောက်။ ဖအေက အရက်သမား။ ဆိုက် ကားနင်းရသမျှ အရက်သောက် ပစ်သည်။ ဘိုးအေကြီးရှိစဉ်က တော့ ဘိုးအေကြီးက ကုန်းရုန်းရှာ ကာ မြေးများကိုကျောင်းထားပေး ပါသည်။ ဘိုးအေကြီး ရုတ်တရက် ဆုံးသွားတော့ အကြီးဆုံး ကောင် လေးမှာ သုံးတန်းလောက်နှင့် ကျောင်းထွက်လိုက်ရသည်။ ဝပ် ရှော့တစ်ခုမှာ အလုပ်လည်း သင် ရင်း မုန့်ဖိုးလေးရရ ဆိုပြီးဝင်လုပ် ရသည်။ ခုတော့လည်း ကောင် လေးက အတော်ကလေး လုပ် တတ်လာတော့ ဝပ်ရှော့ပိုင်ရှင်က တစ်လသုံးသောင်းလောက် လခ သဘောမျိုး သတ်သတ်မှတ်မှတ် ပေးလာသည်။ ထိုဝင်ငွေကလေး နှင့်ပင် ကျန်တဲ့ကလေးတွေကို ကျောင်းထားပေးနေရသည်။ ကောင်လေးခမျာ စာတောင် ကောင်း ကောင်း မဖတ်တတ်ရှာပေ။ မြို့ပြတွေရဲ့ လမ်းကြို လမ်း ကြား၊ အိမ်ကြို အိမ်ကြားတွေမှာ ပလတ်စတစ် လိုက်ကောက်နေ တဲ့ ကလေးတွေ၊ သင်္ဘောဆိပ် တွေ၊ ကားဂိတ်တွေ၊ ဘူတာရုံ တွေမှာ ကွမ်းယာ၊ ဆေးလိပ်၊ ရေ သန့်၊ တစ်ရှူး လိုက်ရောင်းနေတဲ့ ကလေးတွေကို မမြင်ချင်အဆုံး တွေ့နေရသည်။

နောင်ဆယ်နှစ်၊ ဆယ့်ငါးနှစ်ကြာသည့်အခါ ထို ကလေးတွေ ကောင်းကောင်းအ ရွယ်ရောက်ကြပြီ။ သူတို့တစ်တွေ ၏ အနာဂတ်အတွက်သာမက နိုင်ငံ၏အနာဂတ်အတွက်ပါ တွေး ကြည့်လျှင် ရင်လေးစရာ။ ဆရာချစ်ဦးညိုက စင်ကာပူ နိုင်ငံ၏ ပထမဆုံးအကြိမ် စာပေ ဟောပြောပွဲမှာ ပြောသွားသည်။ " ကျွန်တော်တို့နိုင်ငံက သယံဇာတ အင်မတန် ပေါတယ်။ ဆန်စပါး၊ သစ်၊ ရေနံ၊ သဘာဝဓာတ်ငွေ့ အ ကုန်ထွက်တယ်။ စင်ကာပူနိုင်ငံက လူပဲထွက်တယ်" ဆိုတော့ ပရိသတ် ပွဲကျသွားသည်။ " အဲဒီလူကို ပညာ နဲ့ပေါင်းပစ်လိုက်တယ်။ ဟော အာ ရှမှာ ထိပ်တန်းနိုင်ငံတစ်ခု ဖြစ်လာ တာပဲ" တဲ့။ ကျွန်တော်တို့ နိုင်ငံမှာရော။ လူကို ပညာနှင့်ပေါင်းကာ တန် ဖိုးရှိတဲ့ လူ့စွမ်းအားအရင်းအမြစ် တွေဖြစ်အောင် ဘယ်လောက် လုပ်နိုင်ပါပြီလဲ။ မူလတန်းမပြီးတဲ့ ကလေးတွေ၊ အလယ်တန်းမပြီးတဲ့ ကလေးတွေ၊တောရွာတွေကဘုန်း ကြီးကျောင်းတွေမှာကိုရင်လေးငါး ဝါဝတ်ပြီး စာသင်၊ နောက်လူထွက် ပြီး လယ်ထဲရောက်ကုန်ကြတဲ့ ကလေးတွေ၊ ကိုယ့်ရပ် ကိုယ့်ရွာက မငြိမ်းချမ်းလို့ ပြေးရင်း၊ ပုန်းရင်း ကျောင်းတောင် ကောင်းကောင်း မနေလိုက်ရတဲ့ ကလေးတွေ၊ လက် ဖက်ရည်ဆိုင်တွေ၊ ထမင်းဆိုင်တွေ မှာ စားပွဲထိုးလုပ်ရင်း မိသားစုအ တွက် ငွေရှာပေးနေရတဲ့ ကလေး တွေ၊ လမ်းကြိုလမ်းကြား အိမ်ကြို အိမ်ကြားတွေမှာ ပလတ်စတစ် လိုက်ကောက်နေတဲ့ ကလေးတွေ။ သည်ကလေးတွေကနိုင်ငံ၏အနာ ဂတ်ကိုစိန်ခေါ်နေပေသည်။

ကျွန်တော်တို့သည် ကျောင်း နေအရွယ် ကလေးများ အားလုံး ကျောင်းနေနိုင်ရမည်ဟုဆိုင်း ဘုတ် ထောင်ရုံ၊ ကြွေးကြော်နေရုံဖြင့် ထို ကလေးတွေအားလုံး ကျောင်းခန်း ထဲ ရောက်လာမည် မဟုတ်ပါ။ ထို ကလေးငယ်တွေအားလုံး ပညာ သင်ကြားခွင့်ရရေးအတွက် ဘယ် လိုစီမံဖန်တီးကြမလဲဆိုတာ ဝိုင်း ဝန်းစဉ်းစားကြဖို့ဖြစ်ပါသည်။မကြာ မီ ကျောင်းတွေဖွင့်ပါတော့မည်။ တချို့ကလေးတွေက တန်ဖိုးကြီး ကြီး ပေးရသည့် ပုဂ္ဂလိကကျောင်း တွေဆီသွားရန် ခြေလှမ်းပြင်နေ ချိန်မှာ တချို့ကလေးတွေက တော့ နောက်တစ်တန်းတက်ရန် မသေ ချာဖြစ်ကြသူတွေ ရှိနေပါသည်။ ကျွန်တော် ဤစာကို ရေး နေစဉ်မှာပင် လမ်းမပေါ်က "ဂ လိုင်၊ ဂလိုင်" အသံကြားလို့ ခေါင်း ထောင်ကြည့်လိုက်တော့ ဆယ့်တစ် နှစ်၊ ဆယ့်နှစ်နှစ် လောက်ရှိမည့် ကလေးငယ်လေးတစ်ယောက်။ ဖဲထီးရောင်စုံလေး မိုးထားသည့် နို့အေးချောင်းလှည်းကလေးကို တွန်းလို့။ အရိပ်မဲ့မဲ့ နေပူပြင်လမ်း မကြီးပေါ်မှာ။ သူ့ဖဲထီးလေးက ဘယ်လောက်များ အပူဒဏ်လုံ အောင် မိုးထားပေးနိုင်မှာပါလိမ့်။

မင်းသန်းထိုက်(ဒေးဒရဲ)

0 comments :

Post a Comment