Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts

Tuesday, August 27, 2013

" လမ်းပေါ်ရောက်ကလေးငယ်များရဲ့ ဘဝကိုပြန်လည် လေ့ကျင့်ပျိုးထောင်ပေးတဲ့ ငှက်အော်စမ်းလူငယ်ပြုပြင်ထိန်းသိမ်းရေးသင်တန်းကျောင်း "

လမ်းပေါ်က ကလေးတွေရဲ့ ဘဝဟာ အန္တရာယ် ကြီးမားလှ သလို အသုံးချ လည်း ခံရနိုင်ပါတယ်။ အဲ့ဒီလိုစိုးရိမ်စရာကောင်းတဲ့ လူမှုဘဝ ရှင်သန် နေ ရတဲ့ လမ်းပေါ်က ကလေးတွေကို ထိန်း သိမ်းစောင့် ရှောက်ပေးနေ တာက တော့ ကော့မှူးမြို့နယ် ရှိ ငှက်အော်စမ်း လူငယ်ပြုပြင် ထိန်းသိမ်းရေးသင်တန်း ကျောင်းပဲဖြစ်ပါ တယ်။ ရန်ကုန်မြို့ တစ်ဖက်ကမ်း
ဒလဆိပ်ကမ်းကတစ်ဆင့် ၁၆မိုင် ကျော် မှာတည်ရှိပါတယ်။

အဲဒီငှက်အော်စမ်းလူငယ်ပြုပြင်ရေးသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချ ထားရေးဝန်ကြီးဌာန လက် ထောက်ညွှန်ကြား ရေးမှူး ဦးလွင်ဦးကို မေးမြန်းဖြစ်ခဲ့ပါတယ်။

ငှက်အော်စမ်း သင်တန်း ကျောင်းကိုရောက်ရှိလာကြ တဲ့ကလေးသူငယ်တွေရဲ့ ဘဝ ဖြတ်သန်းပုံတွေနဲ့ အနေအ ထားအကြောင်းကို မေးကြည့်တော့

"ကျွန်တော်တို့ လူမှုဝန် ထမ်း အနေနဲ့ နိုင်ငံတော်က စောင့်ရှောက်ရန်လိုသောက
လေးများ ဆိုပြီး စောင့်ရှောက် ထားတာရှိပါတယ်။ အဲဒီအ ထဲမှာမှလမ်းပေါ်နေ ကလေး တွေလည်းပါပါတယ်။ကလေး ၁၄၉ ယောက်လုံးက ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်း ရုံးက ပို့ထားပေးရတာဖြစ်ပါ တယ်။များသောအားဖြင့် ကလေး တွေလမ်းပေါ်ရောက်တဲ့ အကြောင်းရင်းကတော့ အ ကြမ်းဖျင်းပြောရရင် အ ချက် ၂ ချက်ရှိတယ်။ ပထမအချက်က ကလေးတွေက မိ သားစုနဲ့မနေချင်တာ။မိသား စုရဲ့ဒုက္ခတွေသူတို့ပခုံး ပေါ် ရောက်လာတာကို မခံ နိုင်လို့ လမ်းပေါ်ရောက်လာတဲ့ ကလေးတွေရှိတယ်။

တချို့ ကတော့ မိဘတွေကိုယ်တိုင်က ခြေသလုံးအိမ်တိုင်လျှောက် သွားနေတဲ့မိသားစုတွေ။အဲ ဒီလိုမိသားစုမှာပါတဲ့ ကလေး တွေက သူတို့လည်း သွားချင် ရာသွားရင်းနဲ့ လမ်းပေါ်မှာ
အဖွဲ့တွေဖြစ်လာတယ်။စု ပေါင်းပြီးနေကြတယ်။ နောက်နှစ်နဲ့ချီကြာလာတယ်။ ဒီလိုမျိုးကလေးတွေလည်း ကျွန်တော်တို့ဆီကိုရောက် တာပေါ့။ ကျွန်တော်တို့ဆီမှာ မိဘကို ပြန်အပ်လို့မရတဲ့ ကလေးတွေရှိတယ်။ အဲဒီလို ကလေးတွေကို ကျွန်တော်တို့ က အသက် ၁၈ နှစ်ပြည့် တဲ့ အထိ စောင့်ရှောက်ထားပေးတယ်" လို့ ရှင်းပြပါတယ်။

ဒါ့အပြင် လမ်းပေါ်နေ ကလေးတွေမှာ အများဆုံး တွေ့ရတဲ့ ဆိုက်ကိုက ဘာဖြစ်နိုင်မလဲလို့မေးကြည့်တော့

"လမ်းပေါ်နေကလေး အများ စုကတော့သူ့ဘဝကို ရပ်တည် နေရတာ။ငယ်ငယ်ရွယ်ရွယ်နဲ့ စာလည်းမသင်ရဘူး။ ကျန်း မာရေးလည်းဂရုမစိုက်ဘူး။တစ်နေ့တစ်နေ့စားဖို့ပဲဖြေ
ရှင်းနေရတာ။အဲဒီတော့ လုပ် ချင်ရာလုပ်တယ်။အရမ်းကို လွတ်လပ်တယ်။ဒီကလေး တွေကိုထိန်းသိမ်းရတာ သိပ် ကိုခက်ခဲပါတယ်။ ဒါ ကြောင့် မို့များသောအားဖြင့် ပညာ သင်ကြားနိုင်တဲ့
အရွယ်ဆို ပညာသင်ကြားတယ်။ပညာ သင်လို့မရဘူး ဆိုရင်တော့ သူတို့ကို ကျွန်တော်တို့ ကအတင်းအဓမ္မ ပညာသင် မပေးတော့ဘူး။

သူတို့ကို အသက်မွေးဝမ်းကျောင်းပညာ သင်ပေးပြီး လူ့ဘဝရပ်တည် နိုင်အောင်လုပ်ပေးရပါတယ်" လို့ဆရာဦးလွင်ဦးကပြောပါ တယ်။ ဒီနောက်မှာ လေလွင့် ကလေးသူငယ်တွေဟာ လမ်း ပေါ်မှာဆိုတာထက် စာသင်ခန်းထဲရှိနေရမယ့် အရွယ်ဆို တော့ဘယ်သူတွေဆီမှာ တာ ဝန်ခံမှုတာဝန်ယူမှုတွေရှိ မလဲ လို့မေးကြည့်တော့ " အဓိက ကတော့ မိသားစု ပြဿနာက ကလေးတွေပေါ်ကျလာတယ်။

ကလေးတွေတာဝန် ဖြစ်လာတယ်။ကလေးတွေက မနိုင်မနင်းတာဝန်တွေထမ်း လာရတဲ့အခါကျတော့ အိမ် မှာမနေချင်တော့ဘူး။ အိမ်မှာ မပျော်တော့ဘူး။အိမ်မှာ
မပျော်ဘယ်မှာပျော်လဲဆို တော့လမ်းပေါ်ကိုတက်လာ တယ်။လမ်းပေါ်မှာအနေ ကြာလာတာနဲ့အမျှအိမ်မှာ ပိုပြီးမပျော်တော့ဘူး။ လမ်း ပေါ်မှာပထမလမ်းပျော် ကလေး။လမ်းပျော်ကလေး
ဘဝမှာသူက အိမ်ကိုလာသေးတယ်။

သူ့မှာ ပိုက်ဆံလေးရှိ တယ်။မုန့်လေးရတယ်ဆို အိမ်လာသေးတယ်။အိမ်မှာ တစ်ရက်နှစ်ရက်နေပြီးပြန် သွားတယ်။ တဖြည်းဖြည်းနဲ့ မိသားစုပြဿနာက ကြီးထွား လာတယ်။သူကလည်း ဒီတာ ဝန်ကို မယူနိုင်တော့ဘူး ဆို တဲ့အချိန်ကျ တဖြည်းဖြည်းနဲ့ အိမ်ကို မပြန်တော့ဘူး။ လမ်း ပေါ်အပြီးထွက်လာတယ် ။ လမ်းပေါ်မှာပဲနေတော့တယ်။ လမ်းပေါ်နေဖို့ကသူတစ် ယောက်တည်းနေလို့ရလား ဆိုတော့မရဘူး။မရတော့ သူ့မှာလည်းအသိုင်းအဝိုင်း တစ်ခုရှာရတယ်။သူငယ်ချင်း ဖြစ်ချင်ဖြစ်မယ်။မွေးစား အမေ၊အဖေဖြစ်ချင်ဖြစ်မယ် အဲဒီလိုလမ်းပေါ်မှာနှစ်နဲ့ချ

ကြာလာ၊ကျင်လည်လာတယ်။ အဲဒီအချိန်မှာသူ့ဘဝထမင်း စားဖို့အတွက်သူနေဖို့အတွက် ကြုံတဲ့သူနဲ့ကြုံသလို ဆက်ဆံ ပြီးနေတတ်တဲ့အကျင့်ကရ လာတယ်။အရမ်းလည်း လွတ် လပ်တယ်။အမှိုက်ပုံမှာ ကောက်ချင်ကောက်မယ်။ ဒီ ထက်ဆိုးတာဆိုလစ်ရင်ခိုး ချင်ခိုးမယ်။ဒီလိုမျိုးတွေဖြစ် လာတယ်။ဖြစ်လာတော့ ဒီ ကလေးတွေကလမ်းပေါ် မှာအနေ ကြာလာတာနဲ့အမျှ ပြဿနာတွေ အများကြီးဖြစ် လာတယ်" လို့ ဆရာဦးလွင်ဦး ကရှင်းပြပါတယ်။

နောက်ဆုံး အနေနဲ့ဆရာကြီး ဖြည့် စွက် ပြောချင်တာရှိရင် ပြောကြား ပေးပါလို့ဆိုတော့ " ကျွန်တော်ပြောချင်တာကတော့ ကလေးတွေက ကလေးပဲဖြစ်ပါတယ်။ အဲဒီလိုမိသားစု ကိစ္စဝင်ပါရင်းနဲ့ မိသားစုက မစောင့်ရှောက်နိုင်တဲ့အခါ ကျတော့သူ့ဘဝသူရပ် တည်ဖို့ လိုလာတယ်။အိမ်ကနေ အပြင် ကိုရောက်လာပြီဆိုရင် ကလေးရဲ့ပြဿနာက အများ ကြီး
ပိုပြီးကြီးထွားသွားတာ ပေါ့။ ဒါကြောင့်မို့ အိမ်ထဲမှာ မိသားစုထဲမှာ ဒီကလေး တွေပျော်နေဖို့။

မိသားစုထဲ ပျော်တဲ့ကလေးတွေဖြစ်ဖို့ ကျွန်တော်တို့တွေ ဝိုင်းဝန်း ကူညီပံ့ပိုးပေးဖို့ လိုအပ်ပါ တယ်။သင်တန်းကျောင်းကိုရောက်လာမယ်ဆိုရင် သူတို့ ရဲ့ပြဿနာက အများကြီး ကြီးထွားလာမယ်။ ကြီးထွား လာရင်အဲဒါတွေကိုပြန် ကုစားဖို့ကတော်တော် ခက် တယ်။ကလေးကို
ကုစားလို့ ရတယ်ဆိုရင်တောင်ဒီ ကလေးက မိသားစုထဲပြန်ဝင် ဖို့အတွက်ကျွန်တော်တို့က မိသားစုကို မကုစားနိုင်ရင် အလကားပဲ။ဒီကလေးကို ကျွန်တော်တို့ကဘယ်လောက်
ပဲကုစားပြီးကောင်းအောင် သွန်သင်ပေး ဒီမိသားစုထဲပြန် ထည့်လိုက်လို့ ဒီမိသားစုက ပြဿနာတွေ မပြေလည်သေး ဘူးဆိုရင်ဒီမိသားစုက မကြာ ခင် လမ်းပေါ်ပြန်ရောက်လာတာပဲ။တကယ်လူမှုအရေးအ ရလိုအပ်တဲ့ပြဿနာတွေကို လည်းဖြေရှင်းပေးဖို့ လိုအပ်ပါတယ်"
လို့ ရှင်းပြခဲ့ပါတယ်။

ဥာဏ်လင်းအောင်

Posted By Online News Media Group 2:57 PM

တောင်ဥက္ကလာပမြို့နယ် လုံခြုံရေး အရေးပေါ် တိုးမြှင့်
Tuesday, August 27, 2013

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် (၁၀) ရပ်ကွက် အဿကလမ်းနှင့် ၂၅ လမ်းထိပ်တွင် သြဂုတ်လ ၂၆ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က အနှေးယာဉ် (ဆိုက်ကား) ပေါ် လိုက်ပါလာသော အသက် ၄၄ နှစ်အရွယ် အမျိုးသမီး တစ်ဦး၏ မျက်နှာကို အမျိုးသား တစ်ဦးက ဓားဖြင့် ရုတ်တရက် လှီးကာ အကြမ်းဖက်ခံရသဖြင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရန် လုံခြုံရေးအရေးပေါ် တိုးမြှင့်ထားကြောင်း မျက်မြင် တွေ့ရှိသူများထံမှ သိရှိရသည်။

ယင်းနေ့ ညနေပိုင်း မြို့နယ် ရဲစခန်းရှေ့တွင် တောင်ဥက္ကလာပမြို့နယ်တွင်း လုံခြုံရေးအဖြစ် ရဲလုံခြုံရေး ရှေ့ပြေးယာဉ် ရှစ်စီးခန့်နှင့် လုံခြုံရေးယာဉ် နှစ်စီး တို့ဖြင့် တိုးမြှင့်ထားကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောကြားသည်။

ဒေါ်ချိုချိုဝင်းသည် (၁၃) ရပ်ကွက် အနော်မာလမ်းရှိ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း တွင် စာသင်ကြားနေသည့် သားကို ကျောင်းသွားကြိုရာ လမ်းခုလတ်တွင် မျက်နှာကို ဓားဖြင့် အလှီးခံရ သာကြောင့် ၎င်း၏ ညာဘက် ပါးတွင် ဒဏ်ရာ ရရှိကာ ၁၆ ချက် ချုပ်ရကာ သင်္ဃန်းကျွန်း မြို့နယ် ဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း ၎င်းက ပြောဆိုသည်။

“ဆိုက်ကားရှေ့ကနေ တစ်ယောက်က ပိတ်ရပ်တယ်။ နောက်တစ်ယောက် က ဘေးမှာ တွေ့လို့ လှည့်ကြည့်လိုက်တော့ လက်မနဲ့ လက်ညှိုးကြား ညှပ်ထားတဲ့ ဘလိတ်ဓားလို ဟာမျိုးနဲ့ မျက်နှာကို ဆွဲခြစ်မိပြီး ပူခနဲ ဖြစ်သွား တယ်။ မျက်နှာသာ မလှည့်မိရင် လည်ပင်းများ လှီးမလား မသိဘူး” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ ဓားဖြင့်လှီးသူ အမျိုးသား နှစ်ဦးသည် ဓားဖြင့် လှီးပြီးနောက် ထွက်ပြေးခဲ့ရာ အနှေးယာဉ် မောင်းသူသည် အသက်အရွယ် ကြီးရင့်သဖြင့် စတင် ဖြစ်ပွားချိန်၌ ရုတ်တရက် မှင်တက်နေခဲ့ကြောင်း၊ ပုံမှန် လူပြတ်ခြင်း မရှိသော အဆိုပါလမ်းတွင် ဖြစ်ပွားချိန်၌ လူပြတ်နေခြင်းကြောင့် ဖမ်းဆီးနိုင်ခြင်း မရှိကြောင်း အဿက ၂၅ လမ်းတွင် နေထိုင်သူ ဦးသိန်းလွင် က ပြောကြားသည်။

“ထွက်ပေါက် လမ်းတွေကိုလည်း သိနေတယ်။ ဆေးကြောင်နေတဲ့သူဆိုရင် တစ်ယောက်ကိုလုပ်ပြီးရင် နောက်တစ်ယောက်ကို ထပ်လုပ်ဖို့ ဝန်မလေးဘူး။ ဘာတစ်ခွန်းမှ မပြောဘဲ ဒီလို လုပ်သွားတာ စဉ်းစားစရာပဲ” ဟု ဒေါ်ချိုချိုဝင်းနှင့် မောင်နှမ တော်စပ်သူ ဦးဇော်ဝင်းက သုံးသပ်သည်။

ယင်းနေ့ ညနေ ၅ နာရီက (၁၀) ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးထံသို့ သွားရောက် မေးမြန်းခဲ့သော်လည်း ရပ်ကွက်တွင်း ဖြစ်ပွားမှုနှင့် ပတ်သက်၍ ဖြေကြားနိုင်ခြင်း မရှိကြောင်းနှင့် မြို့နယ် ရဲစခန်းကို သာ မေးမြန်းပါရန် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

အမျိုးသမီးမျက်နှာ ဓားလှီးခံရမှုနှင့် ပတ်သက်၍ (ပ) ၃၁၂/၁၃၊ ပြစ်မှု ပုဒ်မ ၃၂၆၊ ၃၄၁၊ ၁၁၄ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိပြီး ပြစ်မှု ကျူးလွန်သူများကို စုံစမ်းလျက်ရှိကာ ၎င်းတို့ နှစ်ဦးထဲမှ တစ်ဦးသည် အိန္ဒိယနွယ်ဖွားနှင့် ဆင်တူကြောင်း တောင်ဥက္ကလာပ မြို့မ ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly

Posted By Online News Media Group 2:55 PM

ယခုနှစ် ဇူလိုင်လကုန်အထိ အသေးစားနှင့်အလတ်စားလုပ်ငန်းရှင် ၆၂ ဦးအား ငွေကျပ်၁ဝဘီလီယံ ထုတ်ချေးထား
Tuesday, August 27, 2013

နိုင်ငံတော် သမ္မတ၏အစီအစဉ်ဖြင့် အသေး စားနှင့်အလတ်စားလုပ်ငန်းများ အား အထောက်အကူပြုနိုင်ရန်အ တွက် လုပ်ငန်းရှင် ၆၂ ဦးအားSMEs Loan အနေဖြင့် ငွေကျပ် ၁၀ ဘီလီယံအား ထုတ်ချေးထား ပြီဖြစ်ကြောင်း အသေးစား အ လတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုး တက်ရေးဗဟိုဌာနမှ သိရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ ၏ အစည်းအဝေးအမှတ် ၂၈/ ၂၀၁၂ အရ အသေးစားနှင့်အ လတ်စားနှင့်စက်မှုလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဘဏ်မှတစ်ဆင့် အဆိုပါချေးငွေအား နှစ်ကြိမ်ခွဲ၍ ထုတ်ချေးပေးခဲ့ခြင်းဖြစ်ကြောင်း ယင်းဌာနမှ သိရသည်။
အသေးစားနှင့်အလတ်စား လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမောင်က ''နိုင်ငံတော်အစိုးရ က ငွေကျပ် ၅ဘီလီယံကို ၂၀၁၂ ခုနှစ် အောက်တိုဘာမှာ လုပ်ငန်း ရှင် ၂၅ဦး စချေးပေးခဲ့တယ်။ အခု ၂၀၁၃ခုနှစ်အတွက် လုပ်ငန်းရှင် နောက်ထပ် ၃ရ ဦးအား ၅ဘီ လီယံကို တစ်နှစ်အတိုးနှုန်း ၈ ဒသမ ၅ရာခိုင်နှုန်းကို ပြန်ဆပ် ကာလသုံးနှစ်ထားပြီး ချေးပေးခဲ့ တာပါ''ဟုဆိုသည်။

ယင်းက ဆက်လက်ပြောဆို ရာတွင် ၂၀၁၃ခုနှစ် ဇူလိုင်လကုန် အထိ မြေ(စက်မှုဇုန်)အတွက် လာ ရောက်တွေ့ဆုံသည့်လုပ်ငန်းရှင် ၃၅ဦးအား မြေယာနှင့်ပတ်သက် သောအကူအညီများ၊ ငွေကြေး ဆိုင်ရာအကူအညီအနေဖြင့် ၄၅၂ ဦး၊ နည်းပညာပိုင်းဆိုင်ရာအကူ အညီတောင်းခံသူ ၁၀၁ဦး၊ စက် ပစ္စည်းကိရိယာများတင်သွင်းခြင်း အတွက် လုပ်ငန်းရှင် ၆၄ဦး၊ လုပ် ငန်းအကြံဉာဏ်ကို လာရောက် တောင်းခံသူ ၂၆ဦး၊ မှတ်ပုံတင် ခြင်းကိစ္စများအတွက် လာရောက် အကူအညီတောင်းခံသူ ၈၅ဦးတို့ အား အကူအညီများပေးထား ကြောင်း ပြောဆိုသွားသည်။
ယင်းနှင့်ပတ်သက်၍ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းက ''လက်ရှိ ကူညီနေတာတွေအပြင် တခြား နိုင်ငံက ပညာရှင်အဖွဲ့တွေရဲ့ အ ကူအညီတွေရဖို့အတွက်လဲ လုပ် ဆောင်ပြီး ကူညီပေးရမယ်။ ဒီလို အကူအညီတွေပေးနိုင်အောင်လဲ တစ်နိုင်ငံလုံးမှာရှိနေတှဲ့နျြ အရေအတွက်ကို အရင်သိအောင် ဗဟိုဌာနက လုပ်ပေးရမယ်။ တစ် နိုင်ငံလုံးအတိုင်းအတာနဲ့သိဖို့ဆို ရင် လုပ်ငန်းတွေရှိတဲ့နေရာ အ ရောက်သွားပြီး မှတ်ပုံတင်တာတွေ ကို လုပ်ပေးရမယ်။ ရုံးမှာနေပြီး စာရွက်တွေ သီအိုရီတွေနဲ့ အချိန် ကုန်တာမဟုတ်ဘဲ လက်တွေ့အ သုံးချနိုင်တဲ့ပုံစံမျိုး အသက်ဝင်မှ လုပ်ငန်းရှင်တွေရဲ့အားကိုးမှုကို ရနိုင်မယ်''ဟုဆိုသည်။

ယင်းက ဆက်လက်ပြောဆို ရာတွင် အဆိုပါငွေချေးမှုအား ပြုလုပ်ရာတွင် ဘဏ်အပိုင်းနှင့် တာဝန်ယူမှုအပိုင်းတွင် တိကျစွာ ဆောင်ရွက်သွားရန်နှင့် ငွေကြေး ဆိုင်ရာအဖွဲ့အစည်းများအား သီး ခြားဖွဲ့စည်းလုပ်ဆောင်ရန်သာ မက ဗဟိုဌာနပိုင်းတွင်ရှိနေသည့် ရုံးအဖွဲ့ဝင်များအား ယင်းတို့၏ ကျွမ်းကျင်မှုအလိုက် တာဝန်ခွဲပေး ခြင်းဖြင့ှ်နျြ လုပ်ငန်းများအား ကူညီရာတွင် ပိုမိုကောင်းမွန်နိုင် မည်ဟု ဖြည့်စွက်ပြောသွားသည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်း အတာဖြင့် အကြီးစားစက်မှုလုပ် ငန်းပေါင်း ၅၁၃၁ခု၊ အလတ်စား လုပ်ငန်းပေါင်း၇၆၄၈ခု၊ လုပ်ငန်း ငယ်ပေါင်း ၃၀၅၁၄ခုအထိရှိနေ သည်။ ယင်းလုပ်ငန်းများအတွက် ဂျာမနီနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ဂျပန်နိုင်ငံမှ ပညာရှင်များမှ နည်း ပညာနှင့် စက်ပစ္စည်းအကူအညီ များရရှိအောင် ဆောင်ရွက်ပေးနေ သည့်အပြင် နိုင်ငံတကာပြပွဲများ နှင့် သင်တန်းများအား စေလွှတ် ခြင်းဖြင့် လုပ်ငန်းများတိုးတက်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

Yangon Media Group

Posted By Online News Media Group 2:40 PM

Monday, August 26, 2013

အမေရိကန်အပါအဝင် ၁ဝနိုင်ငံက အိုင်စီတီ နည်းပညာများ လာရောက်ပြသရန်စီစဉ်

သြဂုတ်လ ၂၆ ရက် ၂၀၁၃

အမေရိ ကန်အပါအဝင် နိုင်ငံ၁ဝနိုင်ငံမှ အိုင် စီတီနည်းပညာများ အဓိကလာ ရောက်ပြသမည့် International Myanmar ICT Exhibition 2013 ပြပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် စင်ကာပူ၊ မလေးရှား၊ ဂျပန်၊ ထိုင်း၊ အစ္စရေး၊ ကိုရီးယား၊ ဟောင်ကောင်၊ ဂျာမနီ၊ အင်္ဂလန်နှင့် အမေရိကန် အစရှိ သည့် နိုင်ငံတကာမှ နည်းပညာ ကုမ္ပဏီများကို ဦးစားပေးဖိတ်ခေါ် သွားမည်ဖြစ်ပြီး ပြည်တွင်းမှ ကုမ္ပဏီငါးခုခန့်သာ ပါဝင်ပြသခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။
''ပြည်တွင်းမှာလဲ အိုင်စီတီ ကို အရင်ကထက် စိတ်ဝင်စားမှု ပိုများလာတယ်။ ပြည်ပကုမ္ပဏီ တွေက လာရောက်ပြသမယ့် အိုင် စီတီနည်းပညာတွေ၊ ဗဟုသုတတွေ ကို ဖလှယ်နိုင်တဲ့သဘောနဲ့ ဒီပြပွဲ လုပ်ရခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကလဲ နိုင်ငံတကာအဆင့်သွား ချင်တယ်ဆိုရင် အင်တာနေရှင်နယ် စနစ်တွေကိုသိဖို့အတွက် လို အပ်ပါတယ်။ ဒါကြောင့် ပြည်ပ ကုမ္ပဏီတွေပဲ သီးသန့်ပြသရ တာပါ။ ကဏ္ဍပေါင်းစုံက ပါဝင် ပြသနိုင်ဖို့တော့ စီစဉ်ထားပါတယ်'' ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်း ချုပ်မှ တာဝန်ရှိသူ ဒေါ်ချောခင် ခင်က ပြောသည်။

ယင်းပြပွဲအား ပြခန်းပေါင်း ၁၀ဝကျော် ခင်းကျင်းပြသသွား မည်ဖြစ်ကာ အောက်တိုဘာ ၁ရ ရက်မှ ၁၉ရက်အထိ တပ်မတော် ပြခန်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံ ကွန်ပျူတာအသင်း ချုပ်၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းနှင့် မြန်မာ နိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အ သင်းတို့မှ ပူးပေါင်းကျင်းပခြင်း ဖြစ်သည်ဟု သိရသည်။

ယင်းနှင့်ပတ်သက်၍ မြန်မာ နိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အ သင်းမှ တာဝန်ရှိသူတစ်ဦးက ''နိုင်ငံကလဲ ပွင့်လင်းလာပြီဆိုတော့ နိုင်ငံတကာက အိုင်စီတီလုပ်ငန်း တွေကလဲ ဒီနယ်ပယ်ကို စိတ်ဝင် စားလာကြတယ်။ ယူအက်စ်၊ ဟောင်ကောင် အစရှိတဲ့နိုင်ငံတွေ ကလဲ စိတ်ဝင်စားမှုများနေတယ်။ ဒီပွဲကတော့ နိုင်ငံတကာ Brand တွေပဲ ပြမှာပါ။ ပြည်တွင်းကုမ္ပဏီ တွေဆိုရင်လဲ နိုင်ငံတကာအသိ အမှတ်ပြုထားတဲ့ Brand တွေပဲ ပါဝင်ပြသခွင့်ပြုမှာပါ''ဟု ပြော သည်။

မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်မှ ကြီးမှူး၍ တိုင်းနှင့် ပြည်နယ်အသီးသီးတွင် တစ်နှစ် အတွင်း အိုင်စီတီပြပွဲ ၁၅ပွဲမှ ၂ဝအထိ ကျင်းပပေးလျက်ရှိပြီး ယခုကျင်းပမည့် International Myanmar ICT Exhibition အနေဖြင့် လေးကြိမ်မြောက်ကျင်း ပခြင်းဖြစ်ကြောင်း သိရသည်။

Yangon Media Group

Posted By Online News Media Group 4:00 PM

မီးရထားများ(၁)နာရီ(၇၅)မိုင်နှုန်းအထိမောင်းနှင်နိုင်ဖို့ပြင်ဆင်မယ်ဆိုပါက
အမေရိကန်ဒေါ်လာသန်း(၅၈၀၀၀)လောက်ကုန်ကျမည်
Monday, August 26, 2013

ရန်ကုန်-မန္တလေးမီးရထားလမ်းပိုင်းအား အဆင့်မြှင့်တင်ခြင်း အပါအ၀င်
မီးရထားများကိုမြန်နှုန်းမြင့် သွားလာနိုင်ဖို့ပြင်ဆင်မယ်ဆိုပါက ကုန်ကျစရိတ်
မှာအမေရိကန် ဒေါ်လာသန်း(၅၈၀၀၀)ခန့် ကုန်ကျမယ်လို့ သိရပါတယ်။

“မီးရထားလမ်းတွေကို အဆင့်မြှင့်တင်ဖို့ရာမှာ လက်ရှိအတိုင်း တစ်မီတာ
အကျယ်ရထားလမ်းအတိုင်းသာ ထားရှိပြီးတော့ ရထားလမ်းတွေ
ပြုပြင်မယ် ရထားထိန်းချုပ်ကွပ်ကဲရေးတို့၊တံတားတွေနဲ့ဆက်သွယ်ရေး
အချက်ပြတွေကို အဆင့်မြှင့်တင်မယ်ဆိုရင် တစ်မိုင်ကိုပျမ်းမျှအနေနဲ့ အမေရိကန်ဒေါ်လာ(၃.၆)သန်းလောက် ကုန်ကျမှာဖြစ်ပါတယ်လို့
ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးချစ်မောင်ကပြောကြား
ပါတယ်။ မီးရထားများရဲ့အမြန်နှုန်းမှာ (၁)နာရီ(၄၅)မိုင်နှုန်း မောင်းနှင်ဖို့
သတ်မှတ်ထားသော်လည်းရထားသံလမ်းများကောင်းမွန်ခြင်းမရှိတော့တဲ့အတွက်လမ်းတွေကောင်းမွန်အောင်ပြုပြင်မယ်ဆိုပါက(၁)နာရီကို(၇၅)မိုင်နှုန်းအထိမောင်းနှင်နိုင်မယ်လို့သိရပါတယ်။

အဓိကဦးစားပေးလမ်းအဖြစ်ရန်ကုန်-မန္တလေးလမ်းကိုအဆင့်မြှင့်တင်ဖို့ အတွက် ဂျပန်နိုင်ငံရဲ့အကူအညီနဲ့လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ကုန်ကျစရိတ်ကိုတွက်ချက်ရာမှာရန်ကုန်-မန္တလေးခရီးမိုင်(၃၈၆)မိုင်ကို အဆင့်မြှင့်တင်ဘို့အတွက်အမေရိကန်ဒေါ်လာသန်း(၁၄၀၀)ခန့်ကုန်ကျမယ်လို့ရထားပို့ဆောင်ရေး ၀န်ကြီးဌာနက တာဝန်ရှိသူရဲ့ပြောပြချက်အရ သိရှိရသည်။

SkyNet TV Browser

Posted By Online News Media Group 3:17 PM