Friday, May 25, 2012

တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားများ ထိုင်းတွင် ဖမ်းဆီးခံရပြန်

ထိုင်းနိုင်ငံရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် စစ်တပ်တို့ ပူးပေါင်းပါဝင်သော အဖွဲ့တစ်ခုသည် မေလ ၁၂ ရက် မွန်းလွဲ ၁ နာရီခန့်တွင် Khon Kaen စက်ရုံသို့ ဝင်ရောက်ပြီး အလုပ်သမားများအားလုံးကို ဖမ်းဆီးထိန်း သိမ်းခဲ့ကြသည်။ ၄င်းစက်ရုံသည် Dechapanich ပြည်နယ်တွင် ရှိသော စက်ရုံဖြစ်သည်။
အလုပ်သမားများ ဤကဲ့သို့ ဖမ်းဆီးခံရခြင်းမှာ ၄င်းတို့အားပေးနေသည့် လုပ်အားခ လစာငွေကို ထုတ်ယူခြင်းမပြုဘဲ တင်းခံနေသောကြောင့်ဖြစ်သည်ဟု ကိုယ်တိုင် အလုပ်လုပ်နေသူ အလုပ်သမား တစ်ဦးကပြောပြသည်။ လစာမှာ မဖြစ်စလောက်သောငွေအဖြစ် တစ်လလျှင် ဘတ် ၁ဝဝဝ နှင့် ၂ဝဝဝ အကြား ပေးနေခဲ့ခြင်း ဖြစ်သည်။
ရွှေ့ပြောင်းအလုပ်သမား အများအပြားမှာ ၄င်းစက်ရုံအတွင်း ဖမ်းဆီးခံခဲ့ကြရသော်လည်း ထိုကဲ့သို့ မဖြစ်ပွားမီကပင် အလုပ်ရှင်တစ်ဦးက ရဲများလက်မှ လွတ်မြောက်နိုင် ရန် မြန်မာအလုပ်သမားများ ရာချီလျက် ဥယျာဉ်အပန်းဖြေ စခန်းတစ်ခုရှိရာသို့ ကားကြီးများဖြင့် ရွှေ့ပြောင်းကာ ပုန်းအောင်းနေစေခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များက စက်ရုံအတွင်း ဝင်ရောက်စီးနင်းသောအခါ ဖမ်းဆီးရမိသော အလုပ်သမားများမှာ တရားဝင် နိုင်ငံကူး လက်မှတ်နှင့် အလုပ်ခန့်စာများဖြင့် လာရောက် အလုပ်လုပ်နေသူများသာ တွေ့ရှိခဲ့ ရသော ကြောင့် ထွက်ပြေးပုန်းအောင်းနေ သော အလုပ်သမားများနောက်သို့ ထပ်မံခြေရာခံလိုက်ခဲ့ကြသည်။
အလုပ်သမားများထဲတွင် ဖမ်းဆီးခံခဲ့ရသူ တစ်ဦး၏ပြောပြချက်မှာ မွန်းလွဲ ၁ နာရီခွဲခန့်တွင် အာဏာပိုင်များ စက်ရုံသို့ရောက်ရှိလာပြီး ဥယျာဉ်ခြံအတွင်းတွေ့ရှိရသော အလုပ်သမားများကို ရဲစခန်း သို့ ခေါ် ဆောင် သွားခဲ့ကာ ကြီးမားလှသော အခန်းကျယ်ကြီးတစ်ခုထဲတွင် ထိန်းသိမ်းထားခဲ့ကြသည်။ အလုပ်သမား ဦးရေမှာ ၇ဝဝ မှ ၁ဝဝဝ အထိရှိ သည်။ ¤င်းတို့အထဲတွင် အလုပ် ခန့်စာ တရားဝင်ကိုင်ဆောင်ထား သူ ၇ ဦးကိုသာ တွေ့ရှိရပြီး ၄င်းတို့ မှာလည်း နိုင်ငံကူးလက်မှတ်မရှိ ကြောင်း ¤င်းတို့ကို သူတို့၏ အလုပ် ရှင်ကပြည်လည်ခေါ်ယူသွားခဲ့သည် ဟု ပြောပြသည်။
ထိုကဲ့သို့ ဖမ်းဆီးခံထားရသော မြန်မာအလုပ်သမားများကို ရဲစခန်း တွင် လက်ဗွေရာများရယူခဲ့ကြပြီး ရဲများက အလုပ်သမားတစ်ဦးချင်းကို ”ယခင်စက်ရုံမှ ပေးထားသော လစာအတိုင်းယူမလား မယူဘူး လားပြော”ဟု မေးမြန်းခြိမ်းခြောကခဲ့ကြောင်း ပြန်လည်ပြောပြသည်။ ထိုင်းဘာသာစကားကို နားလည်သော အလုပ်သမားများ အနေဖြင့် ရှေ့မည်သို့ဖြစ်လာမည်ကို မသိနိုင်သော်လည်း နားမ လည်သော မြန်မာအများစုအနေဖြင့် အထူးစိုးရိမ်စရာတစ်ခု ဖြစ်နေသည်။ယခု ကဲ့သို့ ဖမ်းဆီးခံရသူများ ထဲတွင် အရွယ်မရောက်သေးသူအသက် ၁၅ နှစ်အောက်ကလေးငယ် ၃ဝ ဦးခန့်ပါဝင်နေကြောင်းသိရှိရသည်။ ၄င်းတို့ကို လည်းမိဘများနှင့်အတူ မထားဘဲသီးခြားစီ ခွဲထားကြောင်း ပြောပြသည်။

0 comments :

Post a Comment