Friday, May 25, 2012

ရန်ကုန်လျှပ်စစ်မီးရရေး တတိယနေ့မြောက် ဆန္ဒထုတ်ဖော်ပွဲ

လျှပ်စစ်မီးပြတ်တောက်မှုအတွက် လျှပ်စစ်မီး ၂၄ နာရီရရှိရေး ဖယောင်းတိုင်မီးထွန်း၍ငြိမ်းချမ်းစွားဆန္ဒဖော် ထုတ်မှု တတိယမြောက်နေ့ကို ယနေ့ မေလ ၂၄ ရက် ည ၇ နာရီအချိန်က ရန်ကုန်ဆူးလေဘုရားဝန်းကျင် မှာပြုလုပ်ခဲ့သည်။

ယင်း ငြိမ်းချမ်းစွာဖယောင်းတိုင်မီးထွန်းဆန္ဒဖော်ထုတ်မှုအား မနက်ဖြန် မေလ ၂၅ ရက်မှ စတင်ပြီး တစ်ပတ် တိတိ ရပ်နားစောင့်ကြည့်သွားမည်ဖြစ်ပြီး အဆိုပါရက်အတွင်းတွင်မှ လျှပ်စစ်မီး ၂၄ နာရီ ပြန်လည်မရရှိလျှင် ထပ်မံ၍ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သွားဦးမည်ဖြစ်ကြောင်းသိရသည်။

Popular Myanmar News Journal

0 comments :

Post a Comment