| မေလ ၂၄ ရက်နေ့ ညက ပေါင်းတည်မြို့ မှာ လုံခြုံရေးတင်ကြပ်ထားစဉ် |

၂၄.၅.၂၀၁၂ ပဲခူးတိုင်း၊ပေါင်းတည်မြို့  ၊ဘုရားကြီးလမ်းထိပ် ညနေ(၆း၄၇)တွင် ပေါင်းတည်ပြည်သူလူထု မှ ဒုတိယမြောက် နေ့ အဖြစ်(၂၄)နာရီမီးရရှိရေး ဖယောင်းတိုင်ထွန်း ဆန္ဒဖော်ထုတ်မည် စိုးသဖြင့် လုံခြုံရေး များအပြည့်ချထားခဲ့ပါသည်။
ဘုရားကြီးလမ်းထိပ် နှင့် ရထားလမ်းအနီးအစရှိသည်ဖြင့်နေရာခွဲပြီးချထားသဖြင့် ဘုရားကြီး အတွင်းဘုရားဖူး လုပ်သားပြည်သူများလည်း ဘုရားဆီမီးပူဇော်ခွင့် မရရှိသဖြင့် စိတ်အနှောင့်အယှက်များစွာဖြစ်ပေါ်နေရကြောင်း
ပေါင်းတည်မြို့ ခံတဦးက ပြောပြပါသည်။

0 comments :
Post a Comment