Saturday, May 26, 2012

စင်ပေါ်ရောက်ရင် နည်းနည်းလွတ်သွားတဲ့ စန္ဒီမြင့်လွင် ရဲ့ ဗီဇ

Sandi-Myint-Lwin“ဆေးရောင်လှလှခြယ်ရအောင်”အခွေထဲက သီချင်းတွေက လူငယ်တွေပါး စပ်ဖျားမှာ ရေပန်းစားခဲ့တယ်။ ပရိသတ် လက်ခံတဲ့အခွေဖြစ်ခဲ့တော့ ဒီးဒီကြိုး စားပန်းစား လုပ်ခဲ့ရကျိုး နပ်တယ်လို့ဆို ရမလား လို့မေးကြည့်တော့ စန္ဒီမြင့်လွင် က “ကိုယ်ကြိုးစားခဲ့သလောက်တော့ ပရိသတ်ကအသိအမှတ်ပြုပါတယ်။ ကြိုး စားရကျိုးနပ် တယ် လို့ ပြောလို့ရပါတယ်။ ဒီ့ထက်တော့ အများကြီးကြိုးစားရဦးမှာ ပေါ့။ နောက်တစ်ခွေကျရင် ဘယ်လို ဆန်းသစ်အောင်လုပ်မလဲ။ ဒီထက် ပိုပြီး တော့ဘယ်လို ဆန်း သစ် မလဲဆိုပြီး တွေးရ တာပေါ့။ ပိုပြီးတော့ တာဝန် ကြီးတာပေါ့။ ဒီအခွေထက် နောက်တစ်ခွေက ကျော်နိုင်မှ ပိုကောင်းမှာပေါ့။ ဒီးဒီက အဲဒီလိုမျိုး ခံယူထားတယ်။ ဒီအခွေ ထက်ပိုကောင်း ရမယ်ပေါ့” လို့ ပြောပါတယ်။ နောက်ပိုင်းတက်လာတဲ့ ရက်ပ် ဆိုတဲ့ ကောင်မလေးတွေကတောင် ဒီးဒီကို အားကျတယ်။ ဒီးဒီလိုဖြစ်ချင်တယ် လို့ပြော ကြတဲ့အပေါ်မှာ ဒီးဒီရဲ့အမြင် ကဘယ်လိုရှိလဲလို့ မေးကြည့်တော့ “အဲဒီလိုမျိုးကြားရတဲ့အတွက် ဝမ်းသာပါတယ်။ ဒီလိုမျိုး ကိုယ့်ကို တချို့ကစံပြအနေနဲ့ သတ်မှတ်ကြ တယ်။ လိုက်ဆိုကြတယ်။ အဲဒီ လိုမျိုး နောက်မှာ ဆိုမယ့်လူ တွေရှိတဲ့အတွက် ဟစ် ဟော့ပ်လောကအတွက် လည်း ကောင်းပါတယ်။ ဂုဏ်လည်း ယူပါတယ်။ ဒါပေမဲ့ အရေးကြီးတာက ကြိုးစားဖို့ပါပဲ။ ဘယ် အလုပ်မဆို ကြိုးစားရင်တော့ အောင်မြင်မှာပါပဲ။ ပရိသတ် ကို ဒီ့ထက်ပိုပြီး ဘာတွေများထူး ခြားမှုတွေ လုပ်ပေးနိုင်မလဲ။ အဲဒီလိုလုပ်နိုင်ရင် ပိုကောင်းပါ တယ်”လို့ ပြောပါတယ်။ အနုပညာဗီဇကြောင့် စင်ပေါ် ကို ရောက်ရင်အကတိုက်ထားတာ တွေကိုလည်း မသိတော့ဘဲ လွတ် သွား တယ်လို့ပြောတဲ့ စန္ဒီမြင့်လွင်က “ဒီးဒီက ဗီဇကြောင့်ပဲပြောရမလား မသိဘူး။ စင်ပေါ်ကိုရောက်ရင် သိပ် ပြီးတော့ မသိတော့ဘူး။ ဘယ် လောက် ထိဆိုး လဲဆိုရင် အက တိုက်ထားရင် တောင်အဲဒီအကကို မသိတော့ဘူး။ လူက လည်းနည်းနည်း လွတ်နေတာပေါ့။ စင် ပေါ်မှာ လှုပ် လှုပ်ရှားရှားနဲ့ Free Style လုပ်တာ ပိုများတယ်။ ဒီနေရာ မှာဒီလိုလုပ်ရ မယ်လို့ သတ်မှတ်ထားရင် ဘယ်တော့မှ မမှတ်မိဘူး။ အရင်တုန်းက စာကျက်တုန်း ကလည်း ဒီစာကျက် ဆို၊ ကျက်ရမယ်ဆိုရင် လုံးဝမကျက် နိုင်ဘူး။ မှတ်ထားတယ်ဆိုရင် ခေါင်းထဲချက်ချင်းရောက်တယ်။ ဗီဇ လို့ပဲပြောရမလားမသိဘူး။ ဒီသီချင်းနဲ့ လိုက်ဖက်တဲ့ပုံစံမျိုး ကိုယ့်စိတ်ထဲက သိနေ တယ်။ အဓိကက ဒါကြီးကို ဒီလိုကြီး လုပ်မယ်ဆိုပြီး အတင်း အကျပ်ကြီးမလုပ်ဘဲ ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ပုံစံ အတိုင်းပဲ လှုပ်ရှားသွား လို့ရှိရင်တော့ ပိုပြီးတော့ အဆင်ပြေမယ်လို့ ထင် တယ်။ စင်ပေါ်မှာပါဖောမန့်ကောင်းတယ်ဆိုတာ က ဒီးဒီရဲ့ ပင်ကိုဗီဇကြောင့် ဖြစ်ပါလိမ့်မယ်”လို့ ပြောပါတယ်။
ခိုင်ဝေလွင်

0 comments :

Post a Comment