အာရှတစ်ခွင်မှာ လူကြိုက် များလာတဲ့ ကိုရီးယား မိန်းကလေး အဆိုတော်အဖွဲ့ဖြစ်တဲ့ Girls’ Generation Tour ရဲ့ တရုတ် (တိုင်ပေ) ဖျော်ဖြေပွဲကို စက်တင်ဘာလ ၉ ရက်ကနေ ၁၃ ရက် အထိ Taipei Arena မှာ ကျင်းပခဲ့ရာ ထောင်သောင်းမက ပရိသတ်များစွာ တက်ရောက် အားပေးခဲ့ကြတဲ့အတွက် အတော့်ကို အောင်မြင်မှု ရခဲ့တယ်လို့ သိရပါတယ်။ သူတို့အကြိုက် မိန်းကလေး အဆိုတော် အဖွဲ့ရဲ့ ဖျော်ဖြေမှုကို ကြည့်ရှုခွင့်ရဖို့ ၁၃ ရက်နေ့က ကျင်းပခဲ့တဲ့ပွဲမှာ ပရိသတ် ၃ သောင်းကျော် အထိ တက်ရောက် ခဲ့ကြပါတယ်။ တစ်ခဲနက် အားပေးကြတဲ့ တရုတ် (တိုင်ပေ) ပရိသတ်များကြောင့် မူလက ၂ ရက်ပဲကျင်းပဖို့ စီစဉ်ထားခဲ့ရာကနေ ဖျော်ဖြေပွဲကို ၃ ရက်ကျင်းပခဲ့ရတာ ဖြစ်ပါတယ်။ Girls’ Generation အဖွဲ့ဟာ Gee, Tell Me Your Wish, Oh, Bad Girl, The Great Escape ဆိုတဲ့ သီချင်းများ အပါအဝင် စုစုပေါင်းသီချင်း ၃၁ ပုဒ်နဲ့ တရုတ်(တိုင်ပေ)ပွဲမှာ ဖျော်ဖြေခဲ့ကြတယ် လို့သိရပါတယ်။
Ref: OSEN

0 comments :
Post a Comment