Saturday, May 26, 2012

ရန်ရန်ချန်း ပြောတဲ့ လူငယ်အကြောင်း



သူတို့တုန်းကနဲ့ ဒီဘက်ပိုင်း လူငယ်တွေမှာ ပြောင်းပြန် ဖြစ်သွားပြီ လို့ပြောတဲ့ ရန်ရန်ချန်းက ”အရင်တုန်းက ဆို ဒီလောကထဲ ရောက်ပြီး ကြိုးစားရင်းနဲ့မှ အောင်မြင် လာတယ်။ အခုကျတော့ ပြောင်းပြန် ဖြစ်သွားပြီ။ ဒီလောကထဲ ကိုတော့ မစိမ်းတော့ဘူး။ ခေတ်နဲ့ပဲ ဆိုင်ပါတယ်။ သူတို့ ကြိုးစားတဲ့ အားကြောင့် သူတို့ အောင်မြင်တယ်။ အဲဒါလေးကို သူတို့ ရတယ်လို့ပဲ မြင်တယ်။ ကျွန်တော်တို့ တုန်းကလည်း အဲဒီလိုပဲ။ ငါတို့ဘယ်လို အောင်မြင်ရမယ်။ ဘယ်လောက် လူကြိုက်ရမယ် ဆိုပြီး လုပ်ခဲ့တာ မဟုတ်ဘူး။ အဲဒါကြောင့် ခု အောင်မြင်နေတဲ့ လူငယ်တွေလည်း သူတို့ ရိုးသားစွာ လုပ်ခဲ့တဲ့ အသီးအပွင့်ကို ရတယ် ထင်တာပဲ”လို့ ပြောပါတယ်။
ဒီဘက်ခေတ်က လူငယ်တွေက အနုပညာလောကထဲ ကို ရဲရဲတင်းတင်း ဝင်လာရဲ ကြတယ်ဆိုတဲ့ ရန်ရန်ချန်းချန်း ကခေတ်ကိုတော့ အမြဲတမ်း လိုက်ပြီး နှိုင်းယှဉ်နေလို့ မရဘူးလို့ ပြောပါတယ်။ ရက်ပါလူငယ် တော်တော်များများ ရဲ့ လေးစားမှုကို ခံရတဲ့ ရန်ရန်ချန်းက လူလေးစားအောင် ဆိုပြီး တမင်တကာ လုပ်ယူ နေတာမျိုး မရှိဘူး လို့ ပြောပါတယ်။ ရန်ရန်ချန်းက လက်ရှိမှာတော့ သီးသန့် အနေနဲ့ သီချင်းတွေတော့ မလုပ်ဖြစ်ဘဲ သူနဲ့နီးစပ်တဲ့ လူငယ်တွေရဲ့ အခွေတွေမှာတော့ ပါဝင်သီဆို ဖြစ်နေပြီး လက်ရှိ ထွက်ထားတဲ့ ကိကိနဲ့ ဘန်နီဖြိုး တို့ရဲ့ အခွေမှာ တစ်ပုဒ်စီ ပါဝင်ကူညီ သီဆို ပေးထားပါတယ်။ သူ့အနေနဲ့ ကတော့ လက်ရှိမှာ တခြား စီးပွားရေးဘက်ကို နည်းနည်း လှည့်နေရပေမယ့် အနုပညာ လောကနဲ့ အဝေးကြီးမှာတော့ သူမနေတတ်ပါဘူးလို့ ပြောပြခဲ့ပါတယ်။

ရဲရဲ

0 comments :

Post a Comment