Friday, May 25, 2012

ဟိုတယ် အခန်းခများ မြင့်မားနေခြင်းကို နည်းလမ်းနှစ်မျိုးဖြင့် ဖြေရှင်းနေ ဟုဆို

ဟိုတယ် အခန်းခများ မြင့်မားနေခြင်းကို နည်းလမ်းနှစ်မျိုးဖြင့် ဖြေရှင်းနေ ဟုဆိုရန်ကုန်မြို့ရှိ ဟိုတယ်အခန်းငှား ရမ်းခနှုန်းထားများ အခြားအိမ်နီး ချင်းနိုင်ငံများ ထက်ပင် မြင့် မားနေ ခြင်းကို နည်းလမ်းနှစ် သွယ်ဖြင့်ဖြေ ရှင်းဆောင်ရွက် လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေးဝန် ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦး တင့်ဆန်းကပြောကြားသည်။

"ဒါက ရေစီးကြောင်းတစ်ခု လိုဖြစ်သွားတာပါ။ ဒါကို နည်း လမ်းနှစ်သွယ်နဲ့ ဖြေရှင်းနေပါ တယ်"ဟု ယနေ့ ပြုလုပ်သော သတင်းထောက်များနှင့် တွေ့ဆုံပွဲ ၌ သတင်းထောက် တစ်ဦး၏ မေး မြန်းမှုကို ဝန်ကြီးဦးတင့်ဆန်းက အထက်ပါအတိုင်းဖြေဆိုရှင်းလင်း ခဲ့ခြင်းဖြစ်သည်။ ယင်း၏ရှင်းလင်း ချက်အရ ဟိုတယ်လုပ်ငန်းရှင်များ အားခေါ် ယူဆွေးနွေးခြင်းနှင့်နိုင်ငံ ခြားသားများ တည်းခိုနိုင်သည့် ဟိုတယ်ခန်းများ ထပ်မံတိုးချဲ့စေ ခြင်းများဖြစ်ကြောင်း သိရသည်။

တစ်ရက်လျှင်ခရီးသည်တစ် ထောင်ခန့် ဝင်ရောက်လျက်ရှိ သော ရန်ကုန်မြို့တွင် နိုင်ငံခြား သား တည်းခိုနိုင်သည့် ဟိုတယ် ခန်း ၃ဝ၀ဝ ရှိလျှင် လုံလောက် ကြောင်း၊ ခရီးသည် အများစု က သုံးရက်ခန့်သာလျှင် နေထိုင် ကြောင်း၊ အချို့သောဟိုတယ်များ ကိုလည်း နိုင်ငံခြားသားများတည်း ခိုနိုင်သည့် အခန်းများအဖြစ် အဆင့်မြှင့်တင်ရန် တွန်းအားပေး လျက်ရှိကြောင်း ဝန်ကြီး၏ ပြော ကြားချက်အရသိရသည်။ နာမည်ကြီးဟိုတယ်များ နိုင် ငံတော်အစိုးရထံသို့ ပေးရန်ကျန် ရှိသော အကြွေး များ ရှိနေသေး ကြောင်း၊ နိုင်ငံခြားသား ရင်းနှီးမြှုပ် နှံမှုဟိုတယ် ၁၅လုံး၊ ဝန်ကြီးဌာန နှင့်ဖက်စပ် ဆောင်ရွက်သော ဟို တယ်လေးလုံး၊ နိုင်ငံသားပိုင်ဟို တယ်တစ်လုံး စုစုပေါင်းဟိုတယ် အလုံး ၂၀ မှ ယခုနှစ် မတ်လအ ထိ မြေငှားရမ်းခကြွေးကျန် အမေ ရိကန်ဒေါ်လာ သန်းပေါင်း ၇၆ ဒသမ ၇၀ သန်းရှိခဲ့ပြီး လက်ရှိ တွင် ကြွေးကျန် ၃၉ ဒသမ ၈၀ သန်းသာ ကျန်ရှိတော့ကြောင်း လည်း အထက်ပါအစည်းအဝေးမှ သိရှိရသည်။

0 comments :

Post a Comment